ကလေးငယ်တွေအတွက် အားစိုက်ရတဲ့ Gross Moter (ကြွက်သားအကြီး) လှုပ်ရှားမှု (၅)မျိုး

0
2

တစ်နှစ်ဆိုရင် ကလေးအများစုက ပံ့ပိုးမှုနဲ့ လမ်းလျှောက်နိုင်ကြ၊ သူ့ဘာသာသူ မတ်တပ်ရပ်နိုင်ကြပါပြီ။ တစ်နည်းအားဖြင့် သူတို့မှာ ကြွက်သားကြီးတွေ (သို့) ကိုယ်ခန္ဓာတစ်ခုလုံးကို အသုံးပြုခြင်း ပါဝင်သော gross motor skills ဖွံ့ဖြိုးလာပါပြီ။ သူတို့ရဲ့ကြွက်သားကို လေ့ကျင့်ပေးဖို့နှင့် သူတို့ရဲ့ဖွံ့ဖြိုးမှုကို အကူအညီဖြစ်စေဖို့ အကောင်းဆုံးနည်းလမ်းက gross motor လှုပ်ရှားမှုတွေမှာ သူတို့ကို ပါဝင်စေဖို့ပါ။ ဒီဆောင်းပါးမှာ ကလေးငယ်တွေအတွက် gross motor လှုပ်ရှားမှု ၅မျိုးကို မျှဝေပေးချင်ပါတယ်။

Gross Motor Skills ဆိုတာဘာလဲ?

Gross Motor Skills ဆိုတာ လက်မောင်းနှင့် ခြေထောက်ရဲ့ ကြွက်သားကြီးတွေနဲ့ ပြုလုပ်ရတဲ့ လှုပ်ရှားမှုများဖြစ်ပါတယ်။ ဒီကျွမ်းကျင်မှုတွေက ကလေးငယ်အား အရာဝတ္တုတစ်ခုကို ပစ်ထုတ်ဖို့၊ ခုန်ဖို့၊ ပြေးဖို့ ၊လမ်းလျှောက်ဖို့ ကူညီပေးပါတယ်။ gross motor လှုပ်ရှားမှုက ဒီကျွမ်းကျင်မှုတွေကို တိုးတတ်စေဖို့ ရည်ရွယ်ထားပြီး နောက်ဆက်တွဲဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပါတယ်။

၁။ အခန်းကို သန့်ရှင်းရေးလုပ်ခိုင်းခြင်း

မေမေတို့ရေ့.. အခန်းသန့်ရေးလုပ်တာက ကလေးငယ်တွေအတွက် gross motor skill နှင့် fine motor skill လုပ်ဆောင်မှု ကောင်းစေနိုင်ပါတယ်။

ကလေးငယ်ရဲ့ ကစားစရာတွေကို ကြမ်းပြင်ပေါ်မှာ ကြဲဖြန့်ထားပါ။ ကစားစရာတွေကို အဝတ်တောင်းထဲသို့ ကောက်ထည့်ခိုင်းပါ။ သူ့ကို လမ်းလျှောက်စေအောင် အဝတ်တောင်းနဲ့ ကစားစရာတွေက နည်းနည်းအလှမ်းဝေးရင် ပိုကောင်းပါတယ်။ မတ်တပ်ရပ်လိုက်၊ လမ်းလျှောက်လိုက်ဖြစ်တဲ့အတွက် Gross motor skills ကိုဖွံ့ဖြိုးစေပါတယ်။

၂။ လိုင်းအတိုင်း လမ်းလျှောက်စေခြင်း

ဒီ indoor motor activity နှင့်အတူ ကလေးငယ်ကို လမ်းလျှောက်ခြင်းကျွမ်းကျင်မှု တိုးတတ်စေပါ။

ကြမ်းပြင်ပေါ်မှာ မျဉ်းဖြောင့်ဆွဲပြီး ကလေးငယ်ကို လိုင်းတွေပေါ်မှာ လမ်းလျှောက်ခိုင်းလို့ရသလို ကလေးအုပ်စုနဲ့ မီးရထားတွဲ ကစားနည်းကို ကစားပေးနုိင်ပါတယ်။ လမ်းလျှောက်နေစဉ်အတွင်း ခန္ဓာကိုယ် ဟန်ချက်ညီခြင်းက Gross motor skills ကိုဖွံ့ဖြိုးစေပါတယ်။

၃။ ကစားစရာတွေကို တွန်းခြင်း

ကား (သို့) လှည်းကဲ့သို့သော တွန်းလို့ရတဲ့ကစားစရာက သင့်ကလေးရဲ့ gross motor skills ကိုအရောင်တင်ဖို့ အလွယ်ဆုံးကိရိယာဖြစ်ပါတယ်။ မတ်မတ်ရပ်ဖို့ သင်ယူနေတဲ့ ကလေးငယ်တွေ၊ ပထမဆုံးခြေလှမ်းစလှမ်းနေတဲ့ ကလေးငယ်တွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။

လက်ကိုင်နဲ့ တွန်းလို့ရမယ့် ကား (သို့) ဘီးတွေပါတဲ့ တွန်းလှည်းလိုအပ်ပါတယ်။ ကလေးငယ်ကို ဘယ်လိုတွန်းရသလဲဆိုတာ အရင်သင်ပေးပါ၊ ဟန်ချက်မပျက်အောင် ကလေးငယ်နောက်ကနေ လိုက်ပေးနိုင်ပါတယ်။ ကလေးငယ်ဟာ လမ်းလျှောက်နိုင်တဲ့ အစ်ကို၊ အစ်မတွေနဲ့လည်း ဒီဂိမ်းကို ကစားနိုင်ပါတယ်။ ပံ့ပိုးမှုနှင့်အတူ လမ်းလျှောက်ခြင်း၊ လမ်းလျှောက်နေစဉ် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင်ထိန်းပေးခြင်းက Gross motor skills ကိုတိုးတတ်လာစေပါတယ်။

၄။ ဘောလုံးလှိမ့်ကစားခြင်း

အိမ်ပတ်ပတ်လည်မှာ ဘောလုံးလှိမ့်ခြင်းက လမ်းလျှောက်တတ်လာတဲ့ ကလေးငယ်အတွက် ပျော်စရာကောင်းနိုင်ပါတယ်။ဒီကစားနည်းကစားဖို့ ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်တဲ့ ဘောလုံးကြီးကြီးလိုပါလိမ့်မယ်။

ကလေးကို ဘောလုံးပေးထားပြီး တစ်အိမ်လုံးမှာ လျှောက်တွန်းခိုင်းပါ။ဒီ gross motor လှုပ်ရှားမှုတွေက ကလေးငယ်ကို ပျော်ရွှင်စေရုံသာမက တတ်ကြွနေဖို့လည်း ကူညီပေးါပတယ်။ ကစားခြင်း၊ ဂိမ်းကစားခြင်းမှတဆင့် လေ့ကျင့်ခန်းလုပ်ခြင်းက ကြွက်သားတွေကို သန်စွမ်းစေပြီး နောက်ဆက်တွဲဖွံ့ဖြိုးတိုးတတ်မှုအတွက် ဖြည့်စွက်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

၅။ Dance and stop

အကသည် ကိုယ်ခန္ဓာကို လေ့ကျင့်ပေးဖို့ အမြဲတမ်းကောင်းပြီး gross motor တုံ့ပြန်မှုကို အရောင်တင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

တေးဂီတဖွင့်ပြီး ကလေးငယ်တွေကို သူတို့ကြိုက်တဲ့နည်းလမ်းနဲ့ ကခုန်စေပါ။ သီချင်းတွေကို ပြောင်းပါ၊ သီချင်းပြောင်းတဲ့အခါတိုင်း ကလေးငယ်တွေဟာ သူတို့ရဲ့ အကစတိုင်ပြောင်းဖို့ လိုအပ်ပါတယ်။ ထူးထူးခြားခြားစတိုင်နဲ့ ကတဲ့ကလေးဟာ ဂိမ်းမှာအနိုင်ရရှိပါမယ်။

Chit_MayMay

LM_Nandar

Source-momjunction

Chit MayMay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here