ကလေးတစ်ဦးရဲ့ အပြုအမူတွေကို စိတ်ပညာအရ နားလည်ခြင်း

0
246

မိဘတစ်ဦးဖြစ်ရတာ တကယ်ကိုခက်ခဲပါတယ်။ ဒါ့အပြင် မိဘအများစုဟာ သားသမီးတွေရဲ့ အခြေခံစိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို နားမလည်တာကြောင့်မိဘအုပ်ထိန်းခြင်းဟာ ပိုမိုခက်ခဲသွားရတာလည်းဖြစ်ပါတယ်။ ကလေးတစ်ဦးရဲ့အပြုအမူတွေကို နားလည်ခြင်းဟာလည်း မိဘအုပ်ထိန်းခြင်းလိုပဲ အရေးကြီးပါတယ်။ သင့်ကလေးဟာ အခုချိန်မှာ ရရှိလာတဲ့နေ့ရက်တွေနဲ့ အတွေ့အကြုံတွေဟာ သူရဲ့ အနာဂတ်ကို ပုံဖော်သွားမှာပါ။ ဒါ့ကြောင့် မိဘတွေအနေနဲ့ ၎င်းတို့ကလေးဘဝကို အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒီကနေ့မှာတော့ ကလေးတွေရဲ့ အပြုအမူတွေကို စိတ်ပညာအရ နားလည်နိုင်ဖို့ အပြုအမူတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။

၁။ သင့်ကလေးက အမြဲစိတ်ဆိုးနေတဲ့အခါ

အခြေအနေတိုင်းဟာ မိဘတွေအတွက် အချက်ပြသတိပေးခေါင်းလောင်းသံတွေဖြစ်နိုင်ပါတယ်။ ကလေးတစ်ဦးဟာ တစ်စုံတရာအပေါ်မှာ အမြဲတမ်းလိုလိုစိတ်ဆိုးနေခြင်းဟာ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ သင့်အနေနဲ့ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ဆရာဝန်တစ်ဦးရဲ့ အကြံဉာဏ်ကို တောင်းနိုင်ပါတယ်။ ဒီလိုမဟုတ်ရင် အခြေအနေအစပိုင်းမှာ သင်ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းကြည့်ပါ။

သင့်ကလေးရဲ့ အပြုအမူအကြောင်းရင်းကို ရှာဖွေဖို့ ကြိုးစားပါ။ သူ့ကို စိတ်ဆိုးစေတဲ့ တိတိကျကျတစ်စုံတရာရှိရပါမယ်။ သင့်ကလေးနှင့် အမြဲတမ်းလိုလိုစကားပြောနိုင်ပေမယ့်လည်း သင့်ရဲ့စကားလုံးတွေကိုတော့ ဂရုစိုက်သင့်ပါတယ်။

ကလေးတွေဟာ ကျောင်းမှာ (သို့) တစ်စုံတစ်ရာက သူတို့ကို အနှောင့်အယှက်ပေးတဲ့အခါ တစ်ခြားနေရာမှာ ဝုန်းဒိုင်းကြဲနေတတ်ပါတယ်။ သင့်ကလေးကို ဒီလိုနေရာတွေကနေ ကာကွယ်ဖို့ ကလေးတွေရဲ့အဖြစ်အပျက်သေးသေးလေးတွေကအစ သိထားရပါမယ်။

၂။ သင့်ကလေးမှာ ပြဿနာအသေးစားတွေရှိနေတယ်

ကလေးတွေဟာ မကြာခဏဒီလိုလုပ်ကြတယ်။ သူတို့ရဲ့ ပြဿနာတွေကို သိမ်းထားမျိုးပါ။ ဒီအတွက်လည်း ဖြေရှင်းနည်းတစ်မျိုးပဲရှိပါတယ်။ သင့်ကလေးကို ပိုအာရုံစိုက်ဖို့လိုအပ်ပါတယ်။ ကျွန်မတို့ဟာ ကျွန်မတို့ပါတနာဆီက အာရုံစိုက်ခံရဖို့ လိုအပ်နေတဲ့အချိန်မျိုးမှာ လှည့်စားတတ်သလိုမျိုး ကလေးတွေဟာလည်း အတူတူပါပဲ။ ဒါ့ကြောင့် သင့်ကလေးဟာ အမြဲတမ်းတစ်ခုခုကို စိတ်အနှောင့်အယှက်ဖြစ်နေပြီး အမြဲတမ်းတစ်ခုခုကို ညည်းညူနေခဲ့မယ်ဆိုရင် လျစ်လျူမရှုပါနှင့်။ သူတို့ကို ပိုကူညီပေးပြီး၊ ပိုမိုထိတွေ့မှုပေးခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ တကယ်တော့ ဒီအချက်ဟာ တစ်ကြိမ်ကြိမ်ကြုံတွေ့ရနိုင်မယ့် ပြဿနာတစ်ခုကို သတိပေးနေတာလည်းဖြစ်နိုင်ပါတယ်။

၃။ သင့်ကလေးက အတန်းထဲမှာ ဘယ်တော့မှ ဂရုမစိုက်ဘူး

သူ့ရဲ့ အပြုအမူတွေအရ စာသင်ခန်းတွေတင်မကဘဲ ဘယ်လိုနေရာမှာမဆို ဂရုမစိုက်ဖြစ်နေတယ်ဆိုရင် သတိထားပါ။ သင့်ရဲ့ ပြုစုပျိုးထောင်နည်းတွေကိုလည်း စစ်ဆေးသင့်ပါတယ်။ သင့်ကလေးကို ပိုနားလည်ဖို့ကြိုးစားသင့်ပါတယ်။ ကလေးတွေဟာ များသောအားဖြင့် သူတို့မှာ ဗီတာမင် B 12 ချို့တဲ့နေတဲ့အခါ (သို့) ပတ်ဝန်းကျင်ကို ကြောက်လန့်နေမယ်ဆိုရင် သတိချို့တဲ့ခြင်း နှင့် အာရုံစိုက်မှုတွေပျောက်ဆုံးသွားတတ်ပါတယ်။ တစ်ချို့မိဘတွေဟာ တစ်ဦးနှင့် တစ်ဦးတိုက်ခိုက်နေခြင်း၊ အကြောင်းပြချက်မရှိဘဲ ကလေးတွေကို အော်ငေါက်ခြင်းတွေ ပြုလုပ်လေ့ရှိကြပါတယ်။ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခံရတဲ့ ကလေးတွေဟာ မိမိကိုယ်ကိုယ်ဂရုမစိုက်ခြင်းတွေနဲ့အတူ ယုံကြည်မှုကင်းမဲ့တာတွေဖြစ်သွားနိုင်ပါတယ်။

၄။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကင်းမဲ့လာတဲ့အခါ

ဒီပြဿနာက အမြဲတမ်းတိုက်ခိုက်နေတဲ့ မိဘတွေရဲ့ ရိုက်ခတ်မှုဂယက်ဖြစ်ပါတယ်။တစ်ဦးနဲ့ တစ်ဦး အမြဲရန်ငြိုးထားတဲ့ စုံတွဲတွေဟာ မိဘဆိုးတွေဖြစ်တယ်ဆိုတာ ကျွန်မတို့အမြဲသိထားဖို့ လိုအပ်ပါတယ်။ မိဘတွေကတော့ ဒီအချက်ကို သတိထားမိချင်မှ ထားမိပါလိမ့်မယ်။ ဒါပေမယ့် ကလေးတွေဟာ လေ့လာသူတွေပါ။ သူတို့ဟာ စူးစမ်းလေ့လာပြီး ဒီအရာတွေကို သူတို့ရဲ့ ကိုယ်ပိုင်စရိုက်တွေအဖြစ် ကျင့်သုံးကြပါတယ်။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကင်းမဲ့လာတဲ့အခါ အစကပဲ သင်စတင်သင့်ပါတယ်။ ဘဝမှာ ဖြစ်ပျက်နေတဲ့အရာသေးသေးလေးကအစ သူ့ကို အားပေးဖို့ ကြိုးစားပါ။ အကြောင်းပြချက်မရှိဘဲ သူတို့ကို ရိုင်းရိုင်းစိုင်းစိုင်းပြုမူခြင်းထက် သူတို့ကိုယ်တိုင်လေ့လာနိုင်ဖို့ ကူညီပါ။ အမှားအမှန်ကို သင့်ကလေးနားလည်စေဖို့ နည်းလမ်းထောင်ပေါင်းများစွာရှိပါတယ်။ သူတို့ရဲ့ ကျိုးကြောင်းဆင်ခြင်ဉာဏ်တွေကို တည်ဆောက်နေဆဲကာလတွေမှာ တွန်းအားတွေမပေးပါနဲ့။

၅။ သင့်ကလေးရဲ့ အတွေးဖြစ်စဥ်နှင့် ဘယ်လိုနားလည်ရမလဲ

သင့်ကလေးကို နားလည်ခြင်းဟာ မိဘအုပ်ထိန်းနေစဥ် လုပ်ဆောင်ဖို့ အရေးအကြီးဆုံးအရာဖြစ်ပါတယ်။ တစ်ခါတရံမှာ ကျွန်မတို့ကလေးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပေမယ့်လည်း ကျွန်မတို့ဟာ မိဘဆိုးတွေလို့ မဆိုလိုပါဘူး။ အဓိကက ကလေးဟာ မိဘတွေကို ရင်းနှီးပြီး သူတို့ပြောချင်တဲ့အရာတွေကို ကျွန်မတို့ ခံစားရဖို့လိုပါတယ်။ ကလေးတဖြည်းဖြည်းကြီးလာတဲ့အခါ နှောင်ကြိုးတွေဟာ အားနည်းလာတတ်ပါတယ်။ သင့်ကလေးက ယခုအချိန်မှာ ကျိုးကြောင်းဆင်ခြင်မှုနှင့် ကမ္ဘာကြီးဘယ်လိုအလုပ်လုပ်တယ်ဆိုတာ နားလည်ဖို့ ကြိုးစားနေတာကြောင့်ပါ။ ဒါ့ကြောင့် မစိုးရိမ်ပါနဲ့။

ဒီအရွယ်ရောက်လာပြီဆိုရင် သင့်ကလေးရဲ့ လိုအပ်ချက်နှင့် လိုအင်ဆန္ဒတွေကို နားလည်ဖို့ ကြိုးစားသင့်ပါတယ်။ သင့်ကလေးဟာ အလုပ်တစ်ခုလုပ်တဲ့အခါ ဘာကြောင့်လုပ်တယ်ဆိုတာ သိနိုင်ဖို့၊ အကျိုးကျေးဇူးတွေ၊ နောက်ဆက်တွဲဆိုးကျိုးတွေကို ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ အရင်စဥ်းစားတတ်ဖို့ သင်ကြားပါ။ သူတို့အနေနဲ့ သူတို့ရဲ့ စဥ်းစားတွေးခေါ်ပုံနှင့် သူတို့ဘဝရဲ့ယုံကြည်မှုတွေဟာ ဘယ်လောက်အထိဆက်စပ်နေတယ်ဆိုတာ မျှဝေပါ။ ဒါတွေအားလုံးကို သင့်ကလေးကို ဂရုစိုက်မှု၊ ချစ်ခြင်းမေတ္တာတို့နှင့်အတူ လုပ်ပေးမယ်ဆိုရင် သင့်ကလေးအတွက် အကူအညီမြောက်များစွာဖြစ်စေနိုင်ပါတယ်။

Chit_May_May

Nyein_Thu

Ref- themindjournal

LEAVE A REPLY

Please enter your comment!
Please enter your name here