ကလေးတွေမှာ အလွန်အကျွံချွေးထွက်ခြင်း (Hyperhidrosis) ဖြစ်ရတဲ့ အကြောင်းရင်းများ

0
72

အလွန်အကျွံချွေးထွက်ခြင်းကို hyperhidrosis လို့ခေါ်ပြီး အပူ(သို့) ကာယပိုင်းဆိုင်ရာ လှုပ်ရှားမှုနှင့် မပတ်သတ်ပါဘူး။ ဒီအခြေအနေက အဝတ်တွေနဲ့ လက်ဖဝါးတွေ စိုစွတ်နေတာကြောင့် သင့်ကလေးရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ ချွေးထွက်ခြင်းကြောင့် ကလေးတွေဟာ လူမှုရေးစိုးရိမ်မှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

Hyperhidrosis က ဘယ်အသက်အရွယ်မှာမဆို ဖြစ်ပွားနိုင်ပါတယ်။ သို့သော် ၎င်းက ဆယ်ကျော်သက်အရွယ်တွေမှာ အများဆုံး ဖြစ်တတ်ပါတယ်။ ချွေးအထွက်များခြင်းက အရေပြားရောဂါများနှင့် ရေဓါတ်ခန်းခြောက်ခြင်းကဲ့သို့သော ပြဿနာများကို ဦးတည်စေနိုင်တဲ့အချို့သော ကျန်းမာရေးအခြေအနေများကြောင့်လည်း ဖြစ်နိုင်လို့ ဆေးကုသမှု ခံယူနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးတွေမှာ hyperhidrosis ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းတွေ၊ ရောဂါလက္ခဏာတွေကို ချစ်မေမေတို့ သိထားရအောင် မျှဝေပေးလိုက်ပါတယ်။

ကလေးတွေမှာ Hyperhidrosis အမျိုးအစားများ

Hyperhidrosis ကိုအမျိုးအစား နှစ်မျိုးခွဲခြားနိုင်ပါတယ်။

  • Primary focal hyperhidrosis: ဒီအလွန်အကျွံချွေးထွက်ခြင်း အမျိုးအစားက လက်ဝါး၊ ချိုင်းကြား၊ ခြေထောက်စတဲ့ ခန္ဓာကိုယ်ရဲ့ အချို့သော အစိတ်အပိုင်းတွေမှာ ပိုပြီးဖြစ်ပါတယ်။ Primary hyperhidrosis က ကလေးဘဝ (သို့) ဆယ်ကျော်သက်အတွင်းမှာ မကြောခဏ စတင်ဖြစ်ပွားပြီး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခု (သို့) တစ်ခုထက်ပိုပြီး သက်ရောက်မှုရှိနိုင်ပါတယ်။
  • Secondary generalized hyperhidrosis: ဒီချွေးအလွန်အကျွံထွက်ခြင်းအမျိုးအစားက ဆေးဘက်ဆိုင်ရာအခြေအနေများ (သို့) အချို့သော ဆေးဝါးတွေကြောင့် ဖြစ်ပေါ်ပါတယ်။

ဘယ်အရာက ကလေးတစ်ယောက်ကို ချွေးအလွန်အကျွံထွက်စေသလဲ

primary focal hyperhidrosis ဖြစ်ရတဲ့အကြောင်းရင်းကို အတိအကျ မသိကြပါဘူး။ ချွေးထွက်အလွန်များခြင်းက ချွေးဂလင်းတွေ လွန်ကဲစွာ လုပ်ဆောင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အချို့ကလေးတွေဟာ မြီးကောင်ပေါက်အရွယ် ကျော်လွန်သွားရင် hyperhidrosis မခံစားရနိုင်တော့ပါဘူး။ တခြားသူတွေကတော့ လူကြီးဘဝမှာလည်း ချွေးအလွန်အကျွံထွက်တာ ဖြစ်နိုင်ပါတယ်။ Hyperhidrosis က ယောကျ်ားလေးကော ၊မိန်းကလေးပါ တူညီစွာ သက်ရောက်နိုင်ပါတယ်။

Secondary general hyperhidrosis ကအမျိုးမျိုးသော ဆေးဘက်ဆိုင်ရာ အခြေအနေများကြောင့် ဖြစ်နိုင်ပါတယ်။

  • သိုင်းရွိုက်လုပ်ဆောင်မှု မညီမျှခြင်း
  • pituitary gland လုပ်ဆောင်မှု ချို့ယွင်းခြင်း
  • ကူးစက်ရောဂါများ
  • ဆီးချိုရောဂါ
  • ဂေါက်ရောဂါ
  • အကျိတ်
  • aspirin, antidepressants စတဲ့ဆေးဝါးများကြောင့်
  • စိုးရိမ်ပူပန်မှု

အကြောင်းရင်းပေါ် မူတည်ပြီး secondary hyperhidrosis က ပြင်းထန်နိုင်ပါတယ်။ သင့်ကလေးရဲ့ ကျန်းမာရေးကို အသေးစိတ်သိဖို့ ကလေးအထူးကုဆရာဝန်နှင့် တိုင်ပင်နိုင်ပါတယ်။

ဆယ်ကျော်သက်တွေမှာ ခန္ဓာကိုယ်အနံ့ဆိုးထွက်ခြင်းကို ဖယ်ရှားဖို့ သိကောင်းစရာများ

ကလေးတွေမှာ အလွန်အကျွံချွေးထွက်ခြင်း လက္ခဏာများ

  • primary hyperhidrosis ဖြစ်ရင် လက်ဖဝါးတို့၊ ချိုင်းကြားတို့မှာသာ ချွေးအဆက်မပြတ်ထွက်တာ ဖြစ်ပေါ်စေပါတယ်။
  • ပူပြင်းသော ပတ်ဝန်းကျင်နှင့် စိတ်ဖိစီးမှု အခြေအနေတွေမှာ ချွေးပိုထွက်ခြင်း
  • သို့သော် ရာသီဥတု (သို့) အခြေအနေနှင့် မသက်ဆိုင်ဘဲ ချွေးအလွန်အကျွံထွက်တာ ကြုံရနိုင်ပါတယ်။

သင့်ကလေးဟာ အလွန်အမင်းချွေးထွက်ခြင်းကြောင့် အောက်ပါအခက်အခဲတွေ ကြုံတွေ့ရနိုင်ပါတယ်။

  • ရေးသားနိုင်စွမ်းကို အနှောက်အယှက်ဖြစ်စေပါတယ်။
  • ချွေးတွေ စိုစွတ်နေနိုင်တာကြောင့် စာရွက်တွေ ကိုင်လို့မရနိုင်ပါဘူး။
  • touch screen နှင့် တခြားအရာဝတ္တုတွေကို အသုံးပြုဖို့ ခက်ခဲပါတယ်။
  • ပုံမှန်လှုပ်ရှားမှုတွေမှာ အနှောက်အယှက်ဖြစ်စေပါတယ်။

အလွန်အကျွံချွေးထွက်ခြင်းက ကလေးရဲ့ နေ့စဉ်လှုပ်ရှားမှုများနှင့် စိတ်အခြေအနေကို ဆိုးကျိုးသက်ရောက်စေနိုင်တာကြောင့် ဒီအခြေအနေကို စီမံဖို့ ကုသမှု လိုအပ်နို်ငပါတယ်။ ယေဘုယျအားဖြင့် hyperhidrosis (secondary) မှာ နောက်ခံရောဂါလက္ခဏာတွေ ရှိမရှိဆိုတာကို သတိပြုမိပါလိမ့်မယ်။

ကလေးတစ်ယောက် အိပ်နေစဉ် ချွေးထွက်တာက ပုံမှန်လား?

primary hyperhidrosis မှာဆိုရင် ချွေးထွက်ခြင်းက အိပ်နေစဉ်အတွင်း ရပ်တန့်သွားနိုင်ပါတယ်။ သို့သော် နောက်ခံအခြေအနေများကြောင့် ညဘက်ချွေးထွက်တာကို secondary hyperhidrosis မှာ တွေ့နိုင်ပါတယ်။ ဒါတွေက ညအချိန် ချွေးထွက်ရခြင်း အကြောင်းရင်းတွေ ဖြစ်နိုင်ပါတယ်။

  • သိုင်းရွိုက်ဟော်မုန်းများခြင်း
  • နှလုံးအဆို့ရှင် ရောဂါကူးစက်မှုနှင့် တီဘီ၊ အိတ်ချ်အိုင်ဗွီ ကဲ့သို့သော ကူးစက်ရောဂါများ
  • Hodgkin lymphoma နဲ့ leukemia ကင်ဆာ

ညအချိန်ချွေးထွက်တာက ပတ်ဝန်းကျင်အပူချိန်၊ စောင်တွေ အသုံးပြုခြင်းနှင့် အခြားအဝတ်အစားတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ချွေးထွက်များခြင်းကြောင့် ကလေးတွေဟာ Skin infection ဖြစ်နိုင်သလို ရေဓါတ်ခန်းခြောက်တာတွေ ဖြစ်လာနိုင်ပါတယ်။ အဝတ်တွေ ၊လက်တွေစိုစွတ်နေတတ်တာကြောင့် လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနို်ငပါတယ်။ ဒါ့ကြောင့် သင့်ကလေး ဒီလိုအခြေအနေတွေနဲ့ ကြုံနေရရင် အကြောင်းရင်းအတိအကျသိရအောင် အစောပိုင်းကုသမှုစတင်ဖို့ ဆရာဝန်နှင့် တိုင်ပင်နိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-momjunction.

LEAVE A REPLY

Please enter your comment!
Please enter your name here