ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုများပြားပါက ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးများ

0
2

စိတ်ဖိစီးမှုဆိုတာဟာ ကျွန်ုပ်တို့ရဲ့ နေ့စဥ်ဘဝထဲက တစိတ်တပိုင်းဆိုတာကို မငြင်းဆန်နိုင်သလို ကိုယ်ဝန်ဆောင်ချိန်ဆိုရင်တောင် ဒီလိုအခြေအနေက ရှောင်ကြဥ်လို့မရပါဘူး။ မီးဖွားခါနီး ကိုယ်ဝန်ဆောင်သည်ကို စိတ်ဖိစီးစေခဲ့မယ်ဆိုရင် မွေးလာမယ့်ကလေးရဲ့ IQ နဲ့ ဖွံဖြိုးမှုတွေအပေါ် သက်ရောက်နိုင်ပြီး နောက်ပိုင်းမှာ တခြားပြဿနာတွေကိုလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုကြုံလာခဲ့ပါက ဘယ်လိုပြဿနာတွေကြုံလာရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ လမစေ့ခင်မွေးဖွားနိုင်ပြီး ပေါင်မပြည့်နိုင်ခြင်း

မွေးလာမယ့်ကလေးလေး အစစအရာရာ ကျန်းမာပြည့်စုံဖို့အတွက် မိခင်လောင်းတိုင်း မျှော်လင့်တောင့်တကြရတာက ထုံးစံဖြစ်ပြီး ဒီလိုမျှော်လင့်ချက်ကနေ စိတ်ဖိစီးမှုတွေအဖြစ် ပြောင်းသွားနိုင်ပါတယ်။ ဒါကြောင့် ကလေးကျန်းမာစေဖို့အတွက် ပထမဦးဆုံး လုပ်ရမယ့်အရာကတော့ စိတ်အေးအေးထားဖို့ပါပဲ။

၂။ ကလေးရဲ့ IQ နှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို လွှမ်းမိုးနိုင်ခြင်း

Cortisol ပမာဏမြင့်မားလာပါက ကလေးရဲ့ IQ ကို နိမ့်ကျစေနိုင်တယ်လို့ သိပ္ပံပညာရှင်များက ရှာတွေ့ထားပါတယ်။ ကိုယ်ဝန်ဆောင်နေစဥ်အတွင်း စိတ်ဖိစီးမှုကြုံခဲ့ရပါက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိနိုင်တယ်ဆိုတာကိုလည်း အတည်ပြုထားပါတယ်။

၃။ အိပ်စက်မှုဆိုင်ရာပြဿနာတွေဖြစ်လာစေနိုင်ခြင်း

အံ့အားသင့်စွာပဲ မိခင်ရဲ့စိတ်ခံစားချက်အခြေအနေက သန္ဓေသားဖွံ့ဖြိုးမှုအတွက်သာမက အိပ်စက်ခြင်းအပေါ်မှာပါ သက်ရောက်မှုရှိနိုင်ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ သုတေသနအရ မိခင်လောင်းရဲ့စိတ်ဖိစီးမှုတွေဟာ ကလေးရဲ့အိပ်စက်ချိန်တွေအပေါ် လွှမ်းမိုးမှုရှိနိုင်တယ်လို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

၄။ ကလေးကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြစ်လာစေနိုင်ခြင်း

၂၀၁၁ ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသနတွင် မိခင်ရဲ့စိတ်ဖိစီးမှုတွေဟာ ကလေးရဲ့ကျန်းမာရေးအပေါ် အလုံးစုံလွှမ်းမိုးမှုရှိတယ်လို့ အတည်ပြုထားခဲ့ပါတယ်။ မျက်လုံး၊ နားရွက်၊ အစာခြေဖျက်ခြင်း၊ အသက်ရှူခြင်း၊ အသားအရေ၊ သွေးလည်ပတ်မှု စတဲ့ အရာတွေနဲ့သက်ဆိုင်တဲ့ ပြဿနာတွေပေါ်ပေါက်လာနိုင်ပြီး ဓာတ်မတည့်ခြင်းတွေ၊ ပန်းနာရင်ကြပ်ရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။

၅။ ကလေးရဲ့အကြောက်တရားနဲ့ စိုးရိမ်စိတ်တွေကို တိုးမြင့်စေခြင်း

Denver တက္ကသိုလ်မှ ဒေါက်တာ Elysia Davis ဟာဆိုရင် ကိုယ်ဝန်ဆောင်သည်တွေဆီမှာ Cortisol ပမာဏမြင့်မားခြင်းဟာ မွေးဖွားလာမယ့်ကလေးရဲ့ အနာဂတ်မှာ စိတ်ဖိစီးမှုခံစားလာရနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ လမ်းလျှောက်ခါစ ကလေးငယ်တွေအနေနဲ့ လူစိမ်းတွေမြင်တဲ့အခါ အခန်းထဲသွားပုန်းတာမျိုး၊ ဘောလုံးပစ်လိုက်တာမျိုးတွေလို ကြောက်လန့်စိတ်တွေဖြစ်သွားတတ်တာကြောင့် ကိုယ်ဝန်ဆောင်ထားချိန်မှာ စိတ်ဖိစီးမှုမရှိအောင် အတတ်နိုင်ဆုံးရှောင်ကြဥ်ဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- momjunction

ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here