ကိုယ်ဝန် (၅) လသားအရွယ်မှာ ဘယ်လိုအစားအသောက်တွေကို စားသောက်ရမလဲ

0
57

မိခင်တစ်ဦးဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ချစ်ခင်မြတ်နိုးရဆုံးကာလတွေဖြစ်ပါတယ်။ ပြီးတော့ ဒီအချက်ဟာ အမျိုးသမီးတိုင်းရဲ့ လိုအင်ဆန္ဒတွေ၊ တောင့်တမှုတွေဟာ အလှည့်အပြောင်းတစ်ခုဖြစ်သွားနိုင်ပါတယ်။ မိခင်တွေဟာ မိမိကိုယ်ကိုယ်ထိန်းသိမ်းဖို့နှင့် ကလေးရဲ့ ကျန်းမာရေးတွေကို ထိပ်တန်းအဆင့်မှာရှိနေစေဖို့အတွက် ကောင်းကောင်းမွန်မွန်စားသုံးပေးဖို့ လိုအပ်ပါတယ်။

အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန်ဒုတိယသုံးလပတ်အတွင်းဝင်လာတဲ့အခါ သူမရဲ့ ခန္ဓာကိုယ်က သိသိသာသာပြောင်းလဲလာပါတယ်။ ဟော်မုန်းတွေဟာ သူတို့ကိုယ်သူတို့ နေရာအပြောင်းအလဲလုပ်နေတာကြောင့် သူမဟာ အစားအသောက်တွေကို အလွန်အာသာပြင်းပြလာတယ်။ မိခင်ရဲ့ ပျော်ရွှင်မှုတွေဟာလည်း စိုးရိမ်ပူပန်မှုတွေနဲ့ ရောထွေးနေတဲ့ကာလတွေဖြစ်ပါတယ်။ ဒါ့ကြောင့် အာဟာရတွေဟာ ကလေးအတွက် အရမ်းအရေးကြီးပါတယ်။

သင်ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ အစားအသောက်တွေဟာ ပိုပြီးအရသာရှိလာတယ်။ ချောကလက်တွေ၊ ရေခဲမုန့်တွေ၊ ပီဇာတွေနှင့် အချဥ်တွေကို စားချင်စိတ်မျိုး ထူးဆန်းတဲ့လှုံ့ဆော်မှုတွေရလာပါလိမ့်မယ်။ သို့ပေမယ့် သင်နဲ့ သင့်ကလေးရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီနေ့မှာ Chit_May_May ကနေ ကိုယ်ဝန်ဒုတိယပတ်သုံးလပတ်မှာ စားသင့်တဲ့အစားအသောက်တွေနဲ့ ရှောင်ကြဥ်သင့်တဲ့ အစားအသောက်တွေကို မျှဝေပေးချင်ပါတယ်။

၁။ သင့်ရဲ့ ရေဓာတ်ကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားပါ

ယခုအချိန်မှာ သင့်အနေနဲ့ လူနှစ်ဦးကို ဂရုစိုက်နေရတယ်ဆိုတာ သတိရပါ။ ဝမ်းချုပ်ခြင်းကို ရှောင်ရှားဖို့ ရေများများသောက်ပါ။ ရေအပြင် သင့်ကို ကယ်လစီယမ်ထောက်ပံ့ပေးနိုင်ဖို့ နှင့် ကလေးရဲ့ အရိုးဖွံ့ဖြိုးတိုးတက်မှုနေ့စဥ်အနည်းဆုံး နွားနို့ဖန်ခွက် (၂) လုံးသောက်ပါ။

၂။ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေစားပါ

ပရိုတိန်းတွေဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ရဲ့ တည်ဆောက်ရာမှာ အုတ်မြစ်တစ်ခုဖြစ်ပါတယ်။ ပရိုတိန်းကြွယ်ဝတဲ့အာဟာရတွေဟာ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ မှန်မှန်ကန်ကန်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ကြွက်သား၊ အသားအရနှင့် ကိုယ်အင်္ဂါတွေမှာ ကြီးထွားဖွံ့ဖြိုးစေဖို့နှင့် ရှင်သန်ဖို့ ပရိုတိန်းလိုအပ်ပါတယ်။ သင်က သတ်သက်လွတ်စားသူဖြစ်တယ်ဆိုရင် တို့ဟူး၊ ဒိန်ခဲပျော့၊ ကုလားပဲ တို့ကို စားပေးနိုင်ပါတယ်။

၃။ အရွက်သုပ်တွေ များများစားပါ

ဂေါ်ဖီထုပ်၊ မုန်လဥ၊ လတ်ဆတ်တဲ့ ခရမ်းချဥ်သီး၊ beet root စတဲ့ ဟင်းသီးဟင်းရွက်ရဲ့ အသုပ်တွေဟာ သင့်ရဲ့ အစားအသောက်တွေထဲမှာ သတ္တုဓာတ်နှင့် အမျှင်ဓာတ်တွေကို ထည့်သွင်းနိုင်ဖို့ အကောင်းဆုံးအစားအသောက်တွေဖြစ်ပါတယ်။ အသုပ်သုတ်တဲ့အခါ ဆိုဒီယမ်ပါဝင်မှုများတဲ့ သံလွင်သီးတွေ ၊ capers သီးတွေလို Pickled veggies တွေကို ရှောင်ပါ။ ရေများများသောက်ဖြစ်တာ သေချာစေပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ တစ်ရက်လျှင် အမျှင်ဓာတ် ပျမ်းမျှ ၁ အောင်စရှိသင့်ပါတယ်။ သို့ပေမယ့် အမျှင်ဓာတ်များလွန်းရင်လည်း Haemorrhoids လို ရှုပ်ထွေးတဲ့ရလဒ်တွေကို ရလာနိုင်ပါတယ်။

၄။ တစ်ချို့အသီးတွေကို စားသုံးပါ

အသီးတွေဟာ ဗီတာမင်တွေ၊ ဓာတ်သတ္တုတွေနဲ့ ပြည့်နှက်နေပြီး ၎င်းတို့က အလွန်အရသာရှိပါတယ်။ အသီးတွေကို စားသုံးဖို့ ဘယ်တော့မှ မမေ့ပါနဲ့။ ရွေးချယ်စရာတွေကလည်း ဘယ်တော့မှ ကုန်သွားမှာမဟုတ်ပါဘူး။ ပန်းသီး၊ သစ်တော်သီး၊ ငှက်ပျောသီး၊ ကီဝီသီး၊ လိမ္မော်သီး၊ ဘယ်ရီသီးနှင့် စပျစ်သီးတွေကို ရွေးချယ်ပါ။ စတော်ဘယ်ရီနှင့် ဒိန်ချဥ်ရောစပ်ပြီး ကျန်းကျန်းမာမာချောချောမွေ့မွေ့ဖြစ်စေတယ်မဟုတ်လား?

၅။ သင့်ရဲ့ အစိမ်းရောင်အသီးအရွက်ကို စားသုံးပါ

အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေစားတာက ပျင်းစရာကောင်းပါလိမ့်မယ်။ သို့ပေမယ့် သင့်ရဲ့ ကလေးငယ် အကျိုးကျေးဇူးအတွက်မို့ စားသုံးသင့်ပါတယ်။ သံဓာတ်အတွက် ခန္ဓာကိုယ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ သင့်ရဲ့ အစားအစာမျာ ဟင်းနုနွယ်ရွက်၊ fenugreek နှင့် ပန်းဂေါ်ဖီစိမ်းတွေ ထပ်ဖြည့်ပါ။

၆။ အာဟာရပြည့်ဝတာကို စားပါ

သင့်ရဲ့အစားအစာမှာ ပေါင်မုန့်တွေ၊ အစေ့အဆန်တွေပါဝင်သင့်ပါတယ်။ ဂျုံ၊ ဆန်၊ ပြောင်းနှင့် အစေ့အဆန်တွေအားလုံးဟာ ဗီတာမင် E ၊ ဗီတာမင် B ၊ သံဓာတ်နှင့် မဂ္ဂနီဆီယမ်တို့ ကြွယ်ဝပြီး ကလေးငယ်ရဲ့ စွမ်းအင်နှင့် အာဟာရလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

Chit_May_May

Nyein_Thu

Ref- momjuntion

LEAVE A REPLY

Please enter your comment!
Please enter your name here