မမွေးသေးတဲ့ ကလေးလေးရဲ့အသွင်အပြင်ကို လွှမ်းမိုးလိမ့်မယ့်အရာ (၈)ခု

0
610

ကလေးရတော့မှာဖြစ်တဲ့ မိခင်တစ်ယောက်ရဲ့စိတ်ထဲမှာ ထိပ်ဆုံးမေးခွန်းတစ်ခုက “သူမမွေးလာမယ့်ကလေးက ဘယ်လိုလေးဖြစ်မလဲ? “ဆိုတဲ့မေးခွန်းဖြစ်မှာပါ။ ကလေးရဲ့အသွင်အပြင်သက်ရောက်မှုက DNA ထက် အခြားအရာတွေပေါ်မှာလည်း မူတည်ပါတယ်။ ကလေးရတော့မယ့် မိခင်တစ်ယောက်အနေနဲ့ ကိုယ်လုပ်သမျှက ကလေးရဲ့ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်တယ်ဆိုတာကို သဘောပေါက်ရပါလိမ့်မယ်။ သူရဲ့အသွင်အပြင်မှာလည်း အတူတူပါပဲ။ ကလေးငယ်ရဲ့ ပုံပန်းသဏ္ဍာန်ဟာ သင်ရွေးချယ်တဲ့ လုပ်ဖော်ကိုင်ဖက်အပေါ်သာမက သင်နေထိုင်သော ပတ်ဝန်းကျင်၊ သင်စားသောက်တဲ့ အစားအစာ စသည်တို့အပေါ်မှာ မူတည်ပါတယ်။

၁။ DNA game

ကလေးရဲ့အသွင်အပြင်ကို ဆုံးဖြတ်ရာမှာ DNAက အဓိကအခန်းကဏ္ဍမှ ပါဝင်တာကို လူတိုင်းသိကြပါတယ်။ မိဘတွေရဲ့ မျိုးရိုးဗီဇနှစ်ခုလုံးက အထောက်အကူပြုသော်လည်း ၎င်းမိုးရိုးဗီဇအားလုံးကို ကလေးက လက်ခံမှာမဟုတ်ပါဘူး။ အခြေခံအားဖြင့် သင့်ကလေးဟာ သင်နှင့် သင့်လက်တွဲဖော်ရဲ့ DNA နှစ်မျိုးစလုံး ပေါင်းစပ်ထားပါလိမ့်မယ်။

၂။ ကိုယ်ဝန်ဆောင်နှင့်အရက်

ကိုယ်ဝန်ဆောင်စဉ်မှာ အရက်ရဲ့ကြီးမားသော သက်ရောက်မှုတွေကို စဉ်းစားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဟာ အရက်အလွန်အကျွံသောက်ပါက fetal alcohol syndrome ကိုခံစားရနိုင်ပါတယ်။ ဒီအရာက ကလေးငယ်ကို ထူးခြားသောမျက်နှာအသွင်အပြင်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် မျက်လုံးအရမ်းသေးငယ်တာမျိုး (သို့) နှုတ်ခမ်းပါးလွှာတာမျိုးဖြစ်ပါတယ်။

၃။ ကလေးတွေရဲ့ ကြီးထွားမှုအတွက် အတားအဆီးများ

ဖောလစ်အက်စစ်က ကလေးရဲ့ကျောရိုးဖွဲ့စည်းဖို့ ကူညီပေးတာကြောင့် ကိုယ်ဝန်ဆောင်စဉ်မှာ အရေးကြီးတယ်လို့ မှတ်ယူပါတယ်။ ဖော်လစ်အက်စစ်ကင်းမဲခြင်းက spina bifida (ကျောရိုးအာရုံကြောမကြီး ဟနေခြင်း)ကို ဖြစ်ပေါ်စေပါတယ်။ ထို့ကြောင့် ဆရာဝန်အများစုက ဖောလိတ်ဖြည့်စွက်ဆေးသောက်ဖို့ တွန်းအားပေးပါလိမ့်မယ်။

၄။ ပုံမှန်ခရီးသွားခြင်း

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ခရီးသွားတဲ့အလေ့အကျင့်က ကလေးရဲ့အသွင်အပြင်ကို အကျိုးသက်ရောက်နိုင်ပါတယ်၊ မကြာခဏ လေယာဉ်စီးခြင်းက ဖွံ့ဖြိုးဆဲသန္ဓေသားအား radiation ထိတွေ့စေနိုင်ပါတယ်၊ ၎င်းက ကလေးငယ်ကို အန္တရာယ်ဖြစ်စေနိုင်သောအရာဖြစ်ပါတယ်။ ထို့အပြင် သူ့ရဲ့အသွင်အပြင်ကိုလည်း သက်ရောက်စေနိုင်ပါတယ်။ သင်ကိုယ်ဝန်ဆောင်စဉ် ခရီးသွားလာဖို့ လိုအပ်ရင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

၅။ အသားအရေမျိုးဗီဇ

သင်နှင့် သင့်လက်တွဲဖော်ဟာ အသားအရောင်မတူပါက သင့်ကလေးငယ်ဟာ မတူညီတဲ့ အသားအရောင်ဖြင့် မွေးဖွားလာနိုင်ပါတယ်။ ယေဘုယျအားဖြင့် အသားဖြူတဲ့မိဘတွေမှာ အသားဖြူတဲ့ကလေးရှိပြီး အသားမည်းတဲ့မိဘတွေမှာ အသားမည်းတဲ့ကလေးရှိပါတယ်။ ဒါက တိုက်ဆိုင်မှုမဟုတ်ပါဘူး။ သို့သော် ၎င်းဟာ မျိုးရိုးဗီဇတစ်ခုမျှသာမဟုတ်ဘဲ ကလေးရဲ့အသားရောင်ကို လွှမ်းမိုးစေသော ကွဲပြားခြားနားတဲ့ မျိုးရိုးဗီဇပေါင်းစပ်မှုကြောင့် ဖြစ်ပါတယ်။

၆။ ကိုယ်လက်ကြံ့ခိုင်မှုကိစ္စရပ်များ

ကျန်းမာတဲ့ အလေ့အကျင့်ရော ကျန်းမာရေးနှင့် မညီညွတ်တဲ့ အလေ့အကျင့်တွေကပါ ကလေးကို လွှမ်းမိုးနိုင်ပါတယ်။ သင့်ရဲ့ကာယပိုင်းဆိုင်ရာနှင့် အစားအစာ အလေ့အထတွေက ကလေးရဲ့အသွင်အပြင်ကို ပြောင်းလဲစေနိုင်ပါတယ်၊ ဥပမာ မကြာခင် မိခင်လောင်းက အဝလွန်လျှင် သူမရဲ့ ကလေးဟာလည်း အဝလွန်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကိုယ်အလေးချိန်ကို လျှော့ချနိုင်ပါတယ်။

၇။ ကဖိန်းဓါတ် ကိုပြန်ထိန်းထားပါ

တကယ်လို့ သင်ဟာ ကော်ဖီနှစ်သက်သော မိခင်လောင်းတစ်ယောက်ဖြစ်ပါက ကိုယ်ဝန်ဆောင်စဉ်မှာ ဒီအလေ့အထကို ရှောင်ကြဉ်ပါ။ ကဖိန်းဓါတ်က မွေးဖွားချိန်မှာ ကလေးရဲ့အရွယ်အစားကို သက်ရောက်မှုရှိနိုင်ပါတယ်။ ကလေငယ်ဟာ ပုံမှန်ထက် သေးငယ်တာမျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်စဉ်မှာ ဒီစွဲလမ်းမှုကို ပြန်ထိန်းထားဖို့ ကြိုးစားပါ။

၈။ နေရောင်ခြည်ပိုပေးပါ

နေရောင်ခြည်နဲ့ ဗီတာမင်ဒီရဲ့အရေးပါပုံကို အားလုံးနားလည်ကြပါတယ်။ နေရောင်ခြည် အလုံအလောက်မရရင် ပေါင်ချိန်မပြည့်တဲ့ ကလေးငယ်တစ်ဦးကို မွေးဖွားလာနိုင်ပါတယ်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ ဒီအာဟာရအလုံအလောက်ရရှိဖို့ ကြိုးစားပါ။ မနက်အစောပိုင်း နေရောင်ခြည်နုနုလေးကို ခံပေးခြင်းက ထိခိုက်စေမှာမဟုတ်ပါဘူး။

Chit_MayMay

LM_Nandar

Source-mom

LEAVE A REPLY

Please enter your comment!
Please enter your name here