မမွေးသေးတဲ့ ဘေဘီလေး အခြေအနေမကောင်းရင် ပြလေ့ရှိတဲ့ လက္ခဏာ (၇)ချက်

0
1

မေမေတို့ဗိုက်ထဲမှာ ကြီးထွားလာနေတဲ့ ကလေးလေးဟာ အရမ်းနုနယ်လွန်းပြီး ဘယ်ရောဂါကိုမှ ကာကွယ်နိုင်သေးပါဘူး။ ဒါ့ကြောင့် မေမေတို့ရဲ့ ကိုယ်ခံအားစနစ်က ကောင်းနေမှ ရပါမယ်။ သူဗိုက်ထဲကနေ ထွက်မလာသေးခင် ကိုးလတာအတွင်းမှာ လိုအပ်တဲ့ အကာအကွယ်အားလုံးကို မေမေတို့ခန္ဓာကိုယ်ကပဲ ထောက်ပံ့ပေးရပါတယ်။ ဗိုက်ထဲက ကလေးလေး ဘာဖြစ်နေလဲဆိုတာ ကိုယ့်ဘာသာ စစ်ဆေးလို့ မရတာကြောင့် တကယ်တမ်း ပြဿနာတစ်ခုရှိလာရင် တွက်ဆဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ဗိုက်ထဲက ကလေးလေး တစ်ခုခုဖြစ်နေရင် ဒီလိုလက္ခဏာတွေ ပြတတ်တာကြောင့် မေမေတို့ သတိထားမိဖို့ လိုပါလိမ့်မယ်။

၁။ နှလုံးမခုန်ခြင်း

ကိုယ်ဝန် ၁၀ပတ်မြောက်ဆိုရင် ဘေဘီလေးရဲ့ နှလုံးခုန်းသံကို မေမေတို့ ကြားသင့်နေပါပြီ။ တကယ်တော့ နှလုံးက ၅ပတ်မြောက်ကနေ စခုန်ပေမယ့် ၅ပတ်နောက်ပိုင်းအထိ သင်မကြားနိုင်သေးပါဘူး။ နှလုံးမခုန်တာက စိတ်ဖိစီးမှု (သို့) ဗိုက်ထဲမှာ အဆင်ပြေမနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် နှလုံးခုန်သံမကြားရင် ဆရာဝန်နှင့် ချက်ချင်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

၂။ ဗိုက်အောင့်ခြင်း

ရာသီလာစဉ် ဗိုက်အောင့်တဲ့ ဝေဒနာမျိုးက ကိုယ်ဝန်ဆောင်နေချိန်မှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဗိုက်အောင့်တာက ကြာရှည်လွန်းပြီး မခံနိုင်လောက်အောင် ဖြစ်နေရင် ပြဿနာတစ်ခုရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ဗိုက်အောင့်ခြင်းက ခန္ဓာကိုယ်အတွင်း ရုတ်တရက် အပြောင်းအလဲတွေကြောင့် ဖြစ်နိုင်ပြီး များသောအားဖြင့် စိုးရိမ်စရာ အကြောင်းမရှိပါဘူး။ ဗိုက်အောင့်ခြင်းက ဒုတိယ (သို့) တတိယသုံးလပတ်မှာ ဖြစ်ပွားတတ်ပြီး စောစီးစွာ မီးဖွားခြင်း၊ ဖျားနာခြင်း (သို့) ကိုယ်ဝန်ပျက်ကျခြင်းကိုတောင် ညွှန်ပြနိုင်ပါတယ်။ သင်ခံစားရတဲ့ နာကျင်မှုကို ဆရာဝန်အားပြောပြဖို့ မကြောက်ပါနဲ့။

၃။ သွေးထွက်ခြင်း

ကိုယ်ဝန်ဆောင်နေစဉ် ဘယ်အချိန်မဆို သွေးထွက်ခြင်းက မကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။ အထူးသဖြင့် သွေးဆင်းခြင်းပါ။ တစ်ခါတစ်ရံမှာ ကိုယ်ဝန်ပျက်ကျခြင်းကိုတောင် ညွှန်ပြနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ဒါက ဟော်မုန်းမညီမျှမှုကြောင့် ဖြစ်ပါတယ်။ သတ်မှတ်ရက်ထက် စောမွေးရနိုင်တဲ့ အချင်းနှင့် ဆက်နွယ်နေသော ပြဿနာလည်း ဖြစ်နိုင်ပါတယ်။ ရက်မစေ့ဘဲ မွေးတဲ့ကလေးဟာ အရေးကြီးတဲ့ ပထမလအနည်းငယ်အတွင်းမှာ စိုးရိမ်စရာ ပြဿနာတစ်ချို့ ရှိနိုင်ပါတယ်။

၄။ နောက်ကျောအရမ်းနာခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ရဲ့အရှေ့ဝိတ်ကြောင့် ဆွဲငင်အားဗဟိုက ပြောင်းလဲသွားပါတယ်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းဟာ ခါးနာတာ၊ နောက်ကျောနာတာကို ခံစားကြရပါတယ်။ ဒီနာကျင်မှုက မထိန်းချုပ်နိုင်ဘူး၊ ကြာရှည်နာနေမယ်ဆိုရင် ကျောက်ကပ် (သို့) ဆီးအိမ်မှာ ပြဿနာရှိကြောင်း ညွှန်ပြနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ရောဂါပိုးဝင်ခြင်းက အဆိုးဆုံးအချိန်ကိုက်ဖြစ်နိုင်ပါတယ်။

၅။ ပုံမှန်မဟုတ်သော အဖြူဆင်းခြင်း

ပုံမှန်အဖြူဆင်းတာက အနံ့နဲ့ အရောင် မရှိတတ်ပါဘူး။ (သို့) အနည်းငယ်ဖြူပါတယ်။ အခြားအရာတစ်ခုခု သတိပြုမိရင် အထူးသဖြင့် သွေးဆင်းတာမျိုးဆိုရင် ကလေးမှာ ပြဿနာအချို့ရှိနိုင်ပါတယ်။ နာကျင်မှုပါ ပါလာပြီဆိုရင်တော့ ပွင့်သင့်တဲ့ အချိန်ထက် သားအိမ် စောပွင့်နေကြောင်း ညွှန်ပြနိုင်ပါတယ်။ အခြားအရာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုကြုံလာရင် ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။

၆။ IUGR

IUGR ဆိုတာက Intrauterine Growth Resistance ကိုဆိုလိုပါတယ်။ သားအိမ်ထဲမှာ ကလေးကြီးထွားမှုနည်းတဲ့ ပြဿနာဖြစ်ပါတယ်။ အရမ်းသေးလွန်းပါက မွေးလာပြီးရင် အသက်ရှူပြဿနာတွေ၊ ခန္ဓာကိုယ်အပူချိန်နှင့် သွေးပေါင်ချိန်ပြဿနာများ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ကို ပုံမှန်စစ်ဆေးတာမျိုး၊ ကလေးအရွယ်အစား စစ်ဆေးတာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။

၇။ လှုပ်ရှားမှု မရှိခြင်း

မေမေတို့ ကလေးဟာ ကိုယ်ခံပညာတတ်ထားသူတစ်ယောက်လို ကန်နေသင့်ပါတယ်။ ကိုယ်ဝန်ရက်သတ္တပတ် ၂၀ခန့်မှာ ကလေး လှုပ်ရှားမှုကို ခံစားရသင့်ပါတယ်။ ၁၈ပတ် ဝန်းကျင်မှာတောင် လှုပ်ရှားနိုင်ပါတယ်။ တကယ်လို့ ကလေးက များများ မကန်ဘူးဆိုရင် သူဒုက္ခရောက်နေတာ ဖြစ်နိုင်ပါတယ်။ ဒီအခါမှာ ဆရာဝန်နှင့် တိုင်ပင်ပြီး ကိုယ်ဝန်လမ်းကြောင်းမှန် /မမှန်ဆိုတာ စစ်ဆေးပါ။

ကိုယ်ဝန်ဆောင်နေချိန်မှာ ဒီလိုလက္ခဏာတွေ ကြုံတွေ့ခံစားရပါက စစ်ဆေးဖို့ ဆရာဝန်ဆီ ချက်ချင်းသွားပါ။ ကိုယ်ဝန်ဆောင်နေစဉ် ပုံမှန်စစ်ဆေးခြင်းက ဘာမှ မဖြစ်သွားအောင် တားဆီးပေးနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-momjunction

Chit Maymayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here