မိဘတိုင်းသိထားသင့်တဲ့ သားယောကျ်ားလေးတွေရဲ့ ဖွံ့ဖြိုးတိုးတတ်မှု အဆင့် (၃)ဆင့်

0
25205

မိဘအုပ်ထိန်းခြင်းက ကစားရလွယ်တဲ့ ဂိမ်းတစ်ခုမဟုတ်ပါဘူး။ ကလေးရဲ့ စား၊ဝတ်၊နေရေးကို ဂရုစိုက်ရုံထက်ပိုပါတယ်။မိန်းကလေးတွေနဲ့ ယောကျ်ားလေးတွေဟာ အရမ်းတိကျတဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ်များရှိပါတယ်။ ဒါပေမယ့် သားယောကျ်ားလေးတွေကို ပိုဂရုစိုက်ရပါမယ်။ စိတ်ပညာရှင်နှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ပညာရှင်များက ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရာမှာ ထည့်သွင်းစဉ်းစားရမယ့် သားယောကျ်ားလေးတွေရဲ့ ဖွံ့ဖြိုးတိုးတတ်မှု အဓိက အဆင့် (၃)ဆင့်ကို ခွဲခြားထားပါတယ်။ ဒါ့ကြောင့် သားယောကျ်ားလေးမွေးထားတဲ့ မိဘတွေအတွက် အထောက်အကူဖြစ်စေမယ့်ဆောင်းပါးတစ်ပုဒ်ကို မျှဝေပေးလိုက်ပါတယ်။

အဆင့်၁ – မွေးဖွားချိန်မှ ၆နှစ်အထိ

ဒီအရွယ်ကလေးတွေဟာ gender နှင့်မသက်ဆိုင်သေးဘဲ ကလေးငယ်တွေသာ ဖြစ်ပါတယ်။ သူတို့ကို ချီထားရင်၊ စကားပြောပေးရင်၊ သူတို့နဲ့ ကစားပေးရင် သဘောကျကြပါတယ်။ သားလေးတွေ ကြီးပြင်းလာတဲ့အခါမှာ မတူညီသော လုပ်ဆောင်မှုများမှတဆင့် သူတို့ဝန်းကျင်က လောကကြီးကို ရှာဖွေတွေ့ရှိလာပါတယ်။ ဒီအချိန်မှာ သူတို့ကို ကူညီပေးဖို့ အရေးကြီးပါတယ်၊ လူမှုရေးစိတ်ပညာရှင် အဲရစ်ချ်ဖရန့်က သားယောကျ်ားလေးတွေရဲ့ အစောပိုင်းဖွံ့ဖြိုးတိုးတတ်မှုမှာ မိဘတွေရဲ့ အခန်းကဏ္ဍနှင့် ပတ်သတ်ပြီး မကြာခဏထောက်ပြပါတယ်။

  • ချစ်ခြင်းမေတ္တာက မိခင်ကနေ ကလေးဆီကို ကူးပြောင်းတာကြောင့် မိခင်တစ်ယောက်ဟာ စိတ်ကျဝေဒနာခံစားနေရရင် ကလေးကိုလည်း အကျိုးသက်ရောက်ပါလိမ့်မယ်။
  • သားယောကျ်ားလေးတွေအတွက် မိဘ ပါဝင်မှု လိုအပ်ပါတယ်။ မိခင်တွေဟာ အများအားဖြင့် မေတ္တာပေးနိုင်သော၊ ဂရုစိုက်တတ်သောမိဘ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ဒီအရာက အရမ်းအရေးကြီးပါတယ်။ အကြောင်းကတော့ ကလေးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာ ခံစားရဖို့ လိုအပ်တာကြောင့် ဖြစ်ပါတယ်။
  • ဖခင်တွေရဲ့ အခန်းကဏ္ဍက သူ့သားအတွက် သြဇာအာဏာရှိဖို့ ဖြစ်ပါတယ်။ ဖခင်ဆီကနေ ဘယ်အရာကကောင်းသလဲ? ဘယ်အရာက မကောင်းဘူးလဲဆိုတာကို သင်ယူပါလိမ့်မယ်။ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာက ခြွင်းချက်မရှိပါဘူး။ မိခင်တွေဟာ ဝမ်းနဲ့လွယ်မွေးထားတာကြောင့် ကိုယ့်ကလေးကို အသက်တမျှ ချစ်ကြပေမယ့် ဖခင်ရဲ့ ချစ်မေတ္တာနဲ့တော့ မတူပါဘူး။ ကောင်းတာပြုလုပ်ဖို့ ၊ နည်းမှန် လမ်းမှန်စေဖို့ သွင်သင်ပေးသင့်ပါတယ်။ ဒီနည်းဖြင့် ကလေးတစ်ယောက်ဟာ ကိုယ်ကျင့်တရားနှင့် အခြေခံစည်းမျဉ်းများအကြောင်း သိရှိလာပါတယ်။ ဒီဟန်ချက်ညီမှုကို ထိန်းမထားနိုင်ဘူးဆိုရင် သားယောကျ်ားလေးဟာ အတ္တကြီးသူတစ်ယောက် (သို့) အကြင်နာမဲ့သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။
  • သို့သော် ၂နှစ်အရွယ်ကစပြီး မသိစိတ်ကြောင့်ဖြစ်တဲ့ ရာဂစိတ် Oedipus complex ဖွံ့ဖြိုးမှုကို ရှောင်ရှားဖို့ သားဖြစ်သူနှင့် မိခင်ရဲ့ ဆက်ဆံရေးမှာ နယ်နိမိတ် အခြေခိုင်စေဖို့ မိခင်တစ်ယောက်အတွက် အဆုံးစွန်အရေးကြီးပါတယ်။

အဆင့် ၂ – အသက် ၆နှစ်မှ ၁၃နှစ်ထိ

ဒီအသက်အရွယ် သားယောကျ်ားလေးတွေဟာ သူတို့ရဲ့ ကျားမရေးရာ အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်းနားလည်လာပြီး ယောကျ်ားလေးနဲ့ဆိုင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်လာတဲ့ အချိန်ဖြစ်ပါတယ်။ Peggy Drexler, Ph.D နဲ့ သုတေသန စိတ်ပညာရှင်က အောက်ပါအချက်တွေဟာ ဒီအရွယ်ယောကျ်ားလေးတစ်ယောက်ကို ပျိုးထောင်ရာမှာ အရေးပါဆုံးဖြစ်တယ်လို့ မှတ်ယူပါတယ်။

  • သူတို့ ယောကျ်ားလေးဖြစ်တယ် ဆိုတာကို သဘောပေါက်လာပါတယ်။ ဒီအချက်က သင့်ကလေးကို ဖိုသဘာဝ စဉ်းစားနိုင်တာတွေကို ကာကွယ်ဖို့ ကြိုးစားရမှာ မဟုတ်ပါဘူ။ ကြီးပြင်းမှု၊ လွတ်လပ်မှုနှင့် စွန့်စားမှု သဘောတစ်ခုကို အားပေးခြင်းဖြင့် သားဖြစ်သူရဲ့ ရဲရင့်မှုကို တန်ဖိုးထားပါ။ တကယ်လို့ သူက ကစားစရာသေနတ်ဖြင့် ကစားလိုရင် (သို့) အကြမ်းဖက်ဗီဒီယိုဂိမ်း ကစားလိုပါက မိဘက ကန့်သတ်ထားပေမယ့်လည်း သူနည်းလမ်းတစ်ခုရှာပါလိမ့်မယ်။
  • ယောကျ်ားလေးမှာ အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိတာကြောင့် သူ့ရဲ့individuality ကိုလေးစားပါ။ ဖိုသဘာဝကို ဖော်ပြဖို့ မတူညီတဲ့ အမူအရာတွေ ရှိပါတယ်။ ဒီအသက်အရွယ်မှာ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတာကတော့ သဘာဝဖြစ်ပါတယ်။
  • မတူညီတဲ့ စိတ်ဝင်စားမှုတွေကို အားပေးပါ။ မိဘအများစုရဲ့ ပြဿနာက ကိုယ့်ကလေးကို ကိုယ်ကြိုက်တဲ့အရာတွေမှာ စိတ်ဝင်စားစေချင်ကြတာ ဖြစ်ပါတယ်။ သို့သော် သားဖြစ်သူကို လုပ်ဆောင်မှုအမျိုးမျိုးမှာ ပါဝင်ဖို့ အားပေးခြင်းဖြင့် သူ့ဘဝကို ပိုကောင်းမွန်စေပြီး လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို တန်ဖိုးထားတတ်အောင် ကူညီပေးရပါမယ်။
  • Peggy Drexler က သူမရဲ့လေ့လာတွေ့ရှိချက်အရ ကျားမအခန်းကဏ္ဍမှာ အနှောင်အဖွဲ့မရှိတဲ့ ယောကျ်ားလေးတွေဟာ သူတို့ရွယ်တူတွေထက် လိင်ပိုင်းဆိုင်ရာ သည်းခံမှုပိုရှိကြောင်း၊ ပိုပြီးပွင့်လင်းတဲ့ စိတ်ရှိကြောင်းနှင့် လွတ်လပ်မှုပိုရှိကြောင်း ပြောပါတယ်။
  • သားယောက်ျားလေးကို ဝေဖန်မှုနှင့်အတူ ဖြေရှင်းတတ်ဖို့ သင်ပေးပါ။ အလွန်အမင်း ရန်လိုခြင်း မရှိဘဲ သူဘယ်လို ရပ်တည်နိုင်ကြောင်း ပြသပါ။

အဆင့် ၃- ၁၄နှစ်နောက်ပိုင်း

ဒီအဆင့်က သားယောကျ်ားလေးတွေ ဆယ်ကျော်သက်အရွယ်ရောက်တဲ့ အချိန်ပါ။ ဟော်မုန်းလှုပ်ရှားမှုက ယောကျ်ားလေးတွေကို ဒေါသထွက်စေပြီး ရန်လိုမှုဖြစ်စေတဲ့အတွက် ဒီအချိန်က ခက်ခဲပါတယ်။ ဒီကနေ ရုန်းထွက်ဖို့ နည်းလမ်းက ဒီစွမ်းအင်ကို လမ်းကြောင်းမှန်သို့ ပို့ဆောင်ပေးဖို့ ဖြစ်ပါတယ်။

  • သားဖြစ်သူကို သူ့ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူတတ်သူဖြစ်လာစေဖို့ ကူညီပေးရပါမယ်။ ဘာလို့လဲဆိုတော့ တာဝန်ယူမှုဆိုတာ သဘာဝအတိုင်းဖြစ်မလာတာကြောင့်ပါ။ ဒါကို သင်ပေးသင့်ပါတယ်။ စိတ်ပညာရှင် စတီဗင်စတိုနီ ပြောကြားထားသည်မှာ တာဝန်ယူမှုကို သင်ကြားပေးရခြင်းရဲ့ အဓိကအကြောင်းရင်းက အာဏာ၊ အခွင့်ထူးနှင့် တာဝန်ကို ခွဲခြားနားလည်စေဖို့ ဖြစ်ပါတယ်။
  • တစ်ချိန်တည်းမှာပဲ သူ့ပင်ကိုလက္ခဏာကို အခြေခိုင်စေဖို့ အခွင့်အရေးပေးပါ။ ကလေးဖွံ့ဖြိုးတိုးတတ်မှုဆိုင်ရာ ပါမောက္ခ ဒေါက်တာ ဒေးဗစ်အဲလ်ကိုင်က တကယ်လို့ “မင်းရဲ့ ကလေးက မကောင်းတဲ့သူတွေနဲ့ ပေါင်းသင်းနေတာကို မမြင်ဘူးဆိုရင် သူ့ကို လွတ်လပ်မှု ပိုပေးသင့်တယ်”လို့ ယူဆပါတယ်။
  • စည်းကမ်းတွေကို ကြိုဆုံးဖြတ်ပါ။ ဒေါက်တာ Amy Bobrow နှင့် စိတ်ပညာရှင်ရဲ့အဆိုအရ “မိဘနှစ်ပါးစလုံးဟာ အကောင်အထည်ဖော်နိုင်ရမယ့် တင်းကြပ်သော ပြစ်ဒဏ် (သို့) ကလေးအား လုပ်ခွင့်ပြုတဲ့အရာများ ရှိသင့်တယ်”လို့ ဆိုပါတယ်။ ဒီလိုမှမဟုတ်ရင် ကလေးကို ရှင်းပြဖို့ ခဲယဉ်းပါလိမ့်မယ်။
  • ပြီးတော့ အရေးကြီးဆုံးစည်းမျဉ်းက ကိုယ်ကိုယ်တိုင်က စံပြဖြစ်နေဖို့ပါပဲ။ မိဘရဲ့ အပြုအမှုက ဆန့်ကျင်ဘက်ကို ပြနေရင် ကလေးကို သင်ပေးတဲ့အရာက အရေးမပါတော့ပါဘူး။ စံနမှုနာကောင်းတစ်ယောက်ဖြစ်ပေးပါ။ မိဘအုပ်ထိန်းမှုနှင့် ပတ်သတ်ပြီး ပြဿနာရှိတော့မှာ မဟုတ်ပါဘူး။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here