မေမေတို့ရဲ့ ကလေးကို Self- control နှင့် စိတ်ရှည်သည်းခံတတ်စေဖို့ ဘယ်လိုသင်ကြားမလဲ

0
2

ကလေးတွေဟာ သည်းခံနိုင်ခြင်းနဲ့ ပတ်သက်ပြီး နာမည်ဆိုးနဲ့သာ ကျော်ကြားကြသူတွေပါ။ စိတ်ရှည်သည်းခံခြင်းဟာ အရာအားလုံးကို လိုချင်နေသော ကလေးငယ်တွေအတွက် အလွယ်တကူဖြစ်နိုင်မှာတော့ မဟုတ်ပါဘူး။ နည်းပညာအသစ်တွေကြောင့် ကလေးတွေဟာ လိုအင်ဆန္ဒတွေကို အလွယ်တကူရရှိနိုင်တာကြောင့် မှီခိုလွယ်သူတွေဖြစ်လာကြပါတယ်။ ဒါ့အပြင် အရာရာကို လိုချင်နေတဲ့ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်ဖို့လည်း အင်မတန်ခက်ခဲပါတယ်။ ဒါ့ကြောင့် ဒီကနေ့မှာ ကလေးငယ်တွေ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်ဖို့နှင့် စိတ်ရှည်သည်းခံတတ်ဖို့ ဘယ်လိုအချက်လေးတွေနဲ့ ပျိုးထောင်ရမယ်ဆိုတာ မျှဝေချင်ပါတယ်။

၁။ လွတ်လွတ်လပ်လပ်ကစားခွင့်ပြုပါ

ကစားတယ်ဆိုတာ ဘဝရဲ့ အလုပ်တစ်ခုဖြစ်ပါတယ်

သင့်ကလေးဟာ ဘယ်လိုအချိန်မှာပဲ ကစားနေပါစေ ကစားနေတယ်ဆိုရင် ပြဿနာဖြေရှင်းခြင်းနှင့် ဝေဖန်စဉ်းစားခြင်းစွမ်းရည်တွေအတွက် သူ့ရဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို တက်ကြွစွာလုပ်ဆောင်စေပါတယ်။ တစ်ခြားကလေးတွေနှင့် ကစားတဲ့အခါတိုင်း ကစားစရာတွေဝေမျှခြင်းနှင့် ကစားခြင်းဆိုရင် ဆုံးဖြတ်ချက်ချတာတွေကို အတူတကွလုပ်ဆောင်နိုင်လာပြီး ကိုယ့်ကိုယ်ကိုယ်ချုပ်တည်းနိုင်လာပါလိမ့်မယ်။ ကစားတယ်ဆိုတာ TV ကြည့်နေသလိုမျိုး အထီးကျန်မနေပါဘူး။ TV ကြည့်ရတာဟာ ချက်ချင်းတော့ ကျေနပ်စရာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖျော်ဖြေရေးသီးသန့်မို့ပါ။ ဘာတစ်ခုမှ မလုပ်ရပါဘူး။ ကစားခြင်းမှာတော့ ကလေးရဲ့ စိတ်လှုပ်ရှားမှုနှင့် စိတ်ကျေနပ်မှုအတွက် အလုပ်လုပ်ရပါတယ်။

တကယ်လို့ မေမေတို့အနေနဲ့ မေမေတို့ကလေးကို Self-control တိုးတက်စေနိုင်ပြီး စိတ်ရှည်သည်းခံတတ်စေချင်တယ်ဆိုရင် ဖျော်ဖြေရေးထက် ကစားချိန်က အချိန်ပိုလိုအပ်ပါတယ်။

၂။ ‘No’ လို့ပြောပါ

မိဘတိုင်းဟာ ကလေးတွေကို ပျော်ရွှင်စေချင်ကြပါတယ်။ သူတို့လိုချင်တာ အားလုံးကိုလည်း ပေးချင်ကြပြန်ပါတယ်။ ဒါပေမယ့် ကံမကောင်းတာက ကလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ အကောင်းဆုံးနည်းလမ်းတစ်ခုက သူတို့လိုချင်တာအားလုံးကို မပေးဖို့ပါပဲ။ သူတို့အမှန်တကယ်လိုချင်တဲ့အရာကို အားထုတ်မှုမရှိဘဲ ရယူပိုင်ဆိုင်နိုင်တယ်လို့ တွေးတာက အဆိုးရွားဆုံးပါပဲ။ ကလေးတွေကို ‘ဖြစ်ကောင်းဖြစ်နိုင်ပါတယ်’ (သို့) ‘နောက်မှ’ လို့ ပြောပေးပါ။ အဓိကကလေးတွေမကြားချင်ဆုံးစကားလုံးက ‘မဝယ်ပေးနိုင်ဘူး၊ မလုပ်ပေးနိုင်ဘူး’ဆိုတဲ့ စကားလုံးတွေပါ။ အချိန်တွေကြာလာတာနဲ့အမျှ သူတို့ဟာ သူတို့လိုချင်တဲ့အရာတွေအတွက် အားထုတ်မှုလိုအပ်ကြောင်း နားလည်လာပါလိမ့်မယ်။

၃။ စည်းကမ်းတွေကို စာရင်းလုပ်ထားပါ

ကုန်စုံဆိုင်တွေသွားတဲ့အခါ စျေးစာရင်းယူသွားမယ်ဆိုရင် ကိုယ်အမှန်တကယ်လိုအပ်တာတွေလည်း ဝယ်ယူဖြစ်သလို မလိုအပ်တာတွေကို လျော့ဝယ်ဖြစ်သွားပါလိမ့်မယ်။ ထို့အတူပါပဲ ကလေးဟာ စည်းမျဉ်းတွေကို သိတယ်ဆိုရင် ဝုန်းဒိုင်းကြဲတာတွေ၊ စိတ်ဆိုးစိတ်ကောက်တာတွေ နည်းသွားပါလိမ့်မယ်။ စည်းကမ်းစာရင်းမှာပါဝင်တဲ့ စိတ်ဝင်စားဖွယ်ရာတွေကိုလည်း ကောင်းကောင်းလုပ်ဆောင်နိုင်ပြီး သူတို့ရဲ့ ကမူးရှူးထိုးခံစားချက်တွေကိုလည်း ထိန်းနိုင်သွားပါလိမ့်မယ်။

Chit_May_May

Nyein_Thu

ref-ourdailymess

LEAVE A REPLY

Please enter your comment!
Please enter your name here