သင်သိထားသင့်တဲ့ ကလေးတိုင်းအတွက် ဗီတာမင် စီ

0
29

မိခင်အများစုက ကလေးငယ်ရဲ့ ကျန်းမာရေးအတွက် အမြဲစိုးရိမ်နေတတ်ကြပါတယ်။ ကလေးအများစုအတွက် နို့ရည်က အာဟာရရဲ့ အဓိကအရင်းအမြစ်ဖြစ်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဒါက အများဆုံးမကြာခဏကလေးတွေအတွက် လုံလောက်ခဲ့ပါတယ်။ သို့ပေမယ့် သင့်ကလေးက နောက်ထပ်ဗီတာမင် စီလိုအပ်နေပါသလား။ ရှာကြရအာေင်

ကလေးတွေအတွက် ဗီတာမင်စီက ဘာကြောင့်အရေးကြီးတာလဲ။ သင့်ကလေးက ဘာကြောင့် ဗင်တာမင်စီဓာတ် လိုအပ်နေတာလဲ။ ဗီတာမင်စီက ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ လုပ်ဆောင်မှုများစွာကို ကူညီနိုင်ပါတယ်။

  • ကလေးငယ်တွေအတွက် ဗီတာမင်ရဲ့ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေထဲက တစ်ခုက ခန္ဓာကိုယ်က သွေးနီဥတွေ ထုတ်လုပ်ခြင်းနှင့်ပြုပြင်ခြင်းတွေကို ကူညီနိုင်ဖို့ဖြစ်ပါတယ်။
  • သင့်ကလေးရဲ့ သွားဖုံးတွေကို ကျန်းမာစေလိုတယ်ဆိုရင်တော့ ဗီတာမင်စီက အရေးကြီးပါတယ်။
  • ကလေးငယ်တွေက မတော်တဆနဲ့ ဒဏ်ရာတွေကို ခံရတတ်ကြပါတယ်။ ကျန်းမာသော ဗီတာမင်စီက သင့်ကလေးရဲ့သွေးကြောတွေကို အားဖြည့်ပေးနိုင်ပါတယ်
  • ကလေးငယ်တွေက ပျက်စီးလွယ်တဲ့ ကိုယ်ခံအားစနစ်တွေရှိပါတယ်။ သေးငယ်တဲ့ ကူးစက်မှုတွေက သင့်ကလေးရဲ့ ကျန်းမာရေးကို အကြီးအကျယ်ပျက်စီးစေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးရဲ့ ကိုယ်ခံအားကို မြှင့်တင်ဖို့ အရေးကြီးပါတယ်။ ဗီတာမင် စီက ခန္ဓာကိုယ် ခုခံအားစနစ်ကို အားကောင်းစေပြီးတော့ ရောဂါကူးစက်မှုကို တားဆီးပေးပါတယ်။
  • ကျန်းမာအောင်နေဖို့ သင့်ကလေးမှာ သံဓာတ်လိုအပ်ပါတယ်။ ဗီတာမင်စီက ခန္ဓာကိုယ်သံဓာတ်ကို ရယူနိုင်အောင် ကူညီပေးပါတယ်။

ကလေးတစ်ယောက်မှ ဗီတာမင် စီဘယ်လောက်လိုအပ်ပါသလဲ

အသက် ၁နှစ်မှ ၃ နှစ်အရွယ်ထိကလေးငယ်က ဗီတာမင်ရဲ့ ၁၅ mg လိုအပ်ပါတယ်။ ဒီထက်အသက်ပိုကြီးလာတဲ့ ကလေးတွေကတော့ နေ့စဥ် ၂၅ mg လိုအပ်ပါတယ်။

ဗီတာမင် စီ ချို့တဲ့မှုက ကလေးကို ဖွံ့ဖြိုးစေနိုင်သလား

သဘာဝမှာတင် ဗီတာမင်စီ ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်တာကြောင့် ကလေးငယ်တွေက ဗီတာမင်ချို့တဲ့ခြင်းကို ဖွံ့ဖြိုးဖို့ အလွန်ရှားပါးပါတယ်။ သို့ပေမယ့် ဖြစ်နိုင်ချေရှိပါတယ်။ ကလေးငယ်တွေကို ဗီတာမင်ချို့တဲ့ခြင်းတွေ ဖြစ်ပေါ်စေနိုင်တဲ့ အချက်များမှာ

Picky Eating- အချို့ကလေးတွေက အစားအသောက်ဇီဇာကြောင်တာကြောင့် ဗီတာမင်ချို့တဲ့တာဖြစ်ပါတယ်။ သူတို့က လုံလောက်တဲ့ အသီးနှင့် ဟင်းသီးဟင်းရွက်တွေကို မစားကြဘူး။ အဲဒါက သူတို့ခန္ဓာကိုယ်ထဲ ဗီတာမင်စီကို ချို့တဲ့နိုင်ပါတယ်။

Secondsmoker- ဆေးလိပ်သောက်သူတွေအနားမှာနေတဲ့ ကလေးတွေက ဆေးလိပ်နံ့တွေကို ရှူရှိုက်မိကြပြီးတော့ ပျက်စီးသွားတဲ့ တစ်သျူးတွေကို ပြန်လည်ပြုပြင်ဖို့ ဗီတာမင်စီ ထပ်တိုးဖို့လိုအပ်ပါတယ်။

ကလေးငယ်တွေအတွက် ဗီတာမင် ချို့တဲ့ခြင်း လက္ခဏာများ

ဗီတာမင်နည်းနေရင် Scurvy ကို ဖြစ်စေနိုင်ပါတယ်။ လက္ခဏာတွေကတော့

အားနည်းခြင်း- ခန္ဓာကိုယ်အထိမခံဘဲ နာကျင်ခြင်းနှင့် များသောအားဖြင့် အားနည်းပြီးတော့ ဝမ်းနည်းနာကျင်မှုတွေခံစားရလေ့ရှိပါတယ်။

သွေးထွကခြင်း – Scurvy က အရေပြား၊ သွားဖုံးနှင့် အဆစ်တွေကို သွေးထွက်လွယ်စေပါတယ်။

နာကျင်ခြင်း- အဆစ်တွေေ ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းတွေအပြင် အခြားလက္ခဏာတွေပါဝင်ပါတယ်။ များသောအားဖြင့် လမ်းမလျှောက်နိုင်တာမျိုးတွေအထိ ဖြစ်တတ်ပါတယ်။

အဖုအပိန့်များ- ဒီရောဂါက ခန္ဓာကိုယ်ပေါ်က အစက်အပြောက်တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

ကလေးက scurvy ရှိနေတယ်လို့ သံသယဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့ ဆက်သွယ်ပါ။ မကုသဘဲ ဒီတိုင်း လျစ်လျူရှုထားမယ်ဆိုရင် နောက်ဆုံးသေစေနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

ဗီတာမင်စီချို့တဲ့မှုကို ကုသဖို့တစ်ခုတည်းသော နည်းလမ်းကတော့ သင့်ကလေးကို အရေးကြီးသော အာဟာရတွေပြည့်ဝစွာ ရရှိစေဖို့ဖြစ်ပါတယ်။ အချို့သော အခြေအနေတွေမှာ သင့်ဆရာဝန်က ဗီတာမင်စီဖြည့်စွက်ဆေးတွေ ညွှန်းပေးပါလိမ့်မယ်။

ဗီတာမင်စီရဲ့ အဓိကအရင်းအမြစ်များ

ဦးဆုံးပြောချင်တာက ဘယ်လိုဓာတ်မတည့်မှုမျိုးကို မဆိုရှောင်ရှားဖို့ သင့်ကလေးကို အစားအစာအသစ်တွေကို မကျွေးခင်မှာ ဆရာဝန်နှင့် ဆွေးနွေးပါ

လိမ္မော်သီးဖျော်ရည်- အထူးသဖြင့် လိမ္မော်သီး၊ Citrus အသီးတွေက ဗီတာမင်စီပါဝင်ပြီးတော့ သင့်ကလေးကို လိမ္မော်သီးဖျော်ရည်အနည်းငယ် တိုက်ကျွေးပြီးတော့ ဗီတာမင် C ရဲ့ ကောင်းကျိုးတွေကို ခံစားပါစေ။

သင်္ဘောသီး- သင့်ကလေးရဲ့အစားအစာထဲမှာ ပါဝင်သင့်တဲ့ အာဟာရပြည့်ဝတဲ့ အသီးဖြစ်ပါတယ်။

စတော်ဘယ်ရီ- သင့်ကလေးက စတော်ဘယ်ရီသီးကို စားနေပါသလား။ သူမက ဒီအသီးက အရသာရှိတဲ့ ကောင်းမြတ်ခြင်းနှင့် သူမကို မိတ်ဆက်ပေးရမယ့်အချိန်ဖြစ်ပါတယ်။

သရက်သီး – သရက်သီးက အရသာရှိပြီးတော့ အာဟာရလည်းပါဝင်ပါတယ်။ 1/4 ခွက်က သင့်ကလေးကို ဗီတာမင် စီ ၁၁ မီလီဂရမ်ပေးပါလိမ့်မယ်။

ဟင်းနုနွယ်ရွက် – ၎င်းက ပြီးပြည့်စုံတဲ့ ကလေးအစားအစာဖြစ်တဲ့အပြင် ဗီတာမင်အေနှင့် ဗီတာမင် စီတို့ ပါဝင်ပါတယ်။

အာလူး- အားလူးတွေဟာ ဗီတာမင်စီရဲ့အရင်းအမြစ်ကောင်းတစ်ခုပါ။

ငှက်ပျောသီး – ကလေးဗီတာမင်စီကို ဒီအစားအစာထဲမှာ တွေ့နိုင်ပါတယ်။ ဒါ့ကြောင့် လူကြိုက်များတဲ့ ငှက်ပျောသီးဟာ ကလေးအားလုံးအတွက် မဖြစ်မနေလိုအပ်ပါတယ်။

ဗီတာမင် စီရဲ့ ဘေးထွက်ဆိုးကျိုးများ

များသောအားဖြင့် ဗီတာမင်ပိုလျှံမှုကို ဆီးကတစ်ဆင့် ခန္ဓာကိုယ်မှ ထုတ်ပစ်ပါတယ်။

Chit_May_May

Nyein_Thu

Ref-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here