သားသားမီးမီးတို့ ဖျားနာနေတဲ့အချိန်မှာ ကျွေးမွေးသင့်တဲ့အစားအသောက်များ

0
1

သားသားမီးမီးလေးတွေ ဖျားနာပြီဆိုရင် ချစ်မေမေတို့ခမျာ အင်မတန်မှ စိတ်ပင်ပန်းရရှာပါတယ်။ နေ့နေ့ညည သားသားမီးမီးတို့ကို အရိပ်တကြည့်ကြည့်နဲ့ ချွေးထွက်လား၊ ကိုယ်အပူချိန်တက်လားဆိုပြီး စောင့်ကြည့်ရင်း စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ရတာပါ။ အဲ့ဒါကြောင့် ချစ်မေမေတို့ကို တစ်ဖက်တစ်လမ်းက ကူညီချင်တဲ့စေတနာနဲ့ သားသားမီးမီးလေးတွေ နာမကျန်းဖြစ်နေတဲ့အချိန်မှာ ကျွေးမွေးသင့်တဲ့အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကြက်စွပ်ပြုတ်။

ကြက်စွပ်ပြုတ်က ဖျားနာတာအတွက် အကောင်းဆုံးဆေးကောင်းတစ်ခွက်ပါပဲ။ ကြက်စွပ်ပြုတ်မှာ အာဟာရဓာတ်ပြည့်ဝစွာပါဝင်ပြီး ရောဂါပိုးမွှားတွေကို တိုက်ဖျက်နိုင်သလို ခွန်အားအသစ်တွေကိုလည်း ပြန်လည်ပေးစွမ်းနိုင်ပါတယ်။

၂။ အရွက်ပြုတ်ရည်။

သားသားမီးမီးလေးတွေဖျားနေချိန်မှာ ပုံမှန်အတိုင်း ကျွေးတဲ့အစားအသောက်အချို့က အစာကြေဖို့ခက်ခဲတာကြောင့် အရွက်လိုမျိုးအရာတွေကို သေချာလေးပြုတ်ပြီး အဲ့ဒီတစ်ဆင့်ကရလာတဲ့အရည်ကို တိုက်ကျွေးနိုင်ပါတယ်။

၃။ သစ်သီးများ။

လိမ္မော်သီး၊ ပန်းသီးနဲ့ငှက်ပျောသီးတို့က ဗီတာမင်စီဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် သားသားမီးမီးတို့ရဲ့ ကိုယ်ခံအားစနစ်ကို တိုးတက်စေပါလိမ့်မယ်။

၄။ ကွေကာအုပ်။

ကွေကာအုပ်မှာ အာဟာရဓာတ်ကြွယ်ဝစွာပါဝင်ပြီး လွယ်လွယ်ကူကူနဲ့ အစာကြေနိုင်တာကြောင့် ဖျားနာနေတဲ့ သားသားမီးမီးလေးတို့ကို အလွယ်တကူနဲ့ တိုက်ကျွေးနိုင်ပါတယ်။

၅။ ကြက်ဥပြုတ်။

ကြက်ဥပြုတ်မှာ ပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် သားသားမီးမီးတို့အတွက် လိုအပ်နေတဲ့အင်အားတွေကို ပေးစွမ်းနိုင်ပါတယ်။

၆။ အရည်။

အဖျားရှိလို့ မလန်းမဆန်းဖြစ်နေတဲ့ သားသားမီးမီးတို့ကို ဓာတ်ဆားရည်အပြင် အခြားသော ဖျော်ရည်များလည်း တိုက်ကျွေးနိုင်ပါတယ်။ ဒီလိုတိုက်ကျွေးတဲ့နေရာမှာ ရေခဲထည့်တာ၊ သကြားထည့်တာမျိုးတွေတော့ မလုပ်သင့်ပါဘူး။ ဒါ့အပြင် ရေလည်း များများတိုက်ပါ။ အဲ့ဒါမှသာ သားသားမီးမီးလေးတို့ ရေဓာတ်ပြည့်ဝနေမှာဖြစ်ပါတယ်။ ဒါ့အပြင် မအိပ်ခင်နာရီဝက်အလိုမှာလည်း သူတို့လေးတွေကို အရည်ကောင်းကောင်းတိုက်ကျွေးဖို့လိုအပ်ပါတယ်။

၇။ မိခင်နို့ရည်။

နို့ပြတ်ခါစ သားသားမီးမီးလေးတို့ နေမကောင်းဖြစ်တယ်ဆိုရင်လည်း မိခင်နို့ပြန်လည်တိုက်ကျွေးနိုင်ပါတယ်။ သူတို့ကသာ နို့စို့ချင်စိတ်ရှိတယ်ဆိုရင် ဘာမှမစိုးရိမ်ပါနဲ့ မိခင်နို့တိုက်လို့ရပါတယ်။ မိခင်နို့ရည်က အခြားဘာနဲ့မှမတူဘဲ သားသားမီးမီးတို့အတွက် မြင့်မားတဲ့အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် မိခင်နို့မှာပါဝင်တဲ့ဓာတ်တွေက သားသားမီးမီးတို့ရဲ့ ကိုယ်ခံစွမ်းအားကို မြင့်တက်စေပြီး ရောဂါပိုးမွှားတွေကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။

၈။ ဂျင်းပြုတ်ရည်။

ဂျင်းပြုတ်ရည်က တော်တော်လေးအဝင်ဆိုးတာကြောင့် တိုက်ရခက်တယ်ဆိုပေမယ့် ဒီအရာက သားသားမီးမီးတို့ရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တာကြောင့် ရသလောက်တိုက်ကျွေးသင့်ပါတယ်။ ဂျင်းမှာ Antioxidant ပါဝင်မှုမြင့်မားတာကြောင့်လည်း သားသားမီးမီးလေးတို့ကို အစာကြေရင်ချောင်စေပါတယ်။

#HM

#ChitMayMay

Source: parenting, parentune

LEAVE A REPLY

Please enter your comment!
Please enter your name here