အစာစားဖို့ငြင်းဆန်နေတဲ့ ကလေးငယ်တွေကို အစာပြန်စားလာစေဖို့အတွက် နည်းလမ်းများ

0
1

အစာစားဖို့ငြင်းဆန်နေတဲ့ ကလေးငယ်တွေကို အစာပြန်စားချင်စိတ်ဖြစ်ပေါ်လာစေမယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအချက်အလက်တွေကို သုံးသပ်ပြီး ကလေးငယ်ကို အစာပြန်စားချင်စိတ်ဖြစ်ပေါ်လာစေဖို့ ပြုလုပ်ပေးနိုင်ပါတယ်။

ကလေးအတွက် အစားအသောက်ကို မြင်လိုက်တာနဲ့ စိတ်ဝင်စားဖို့ကောင်းအောင်၊ စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ပေးဖို့လိုပါတယ်။ အရသာရှိပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာတွေလည်း ဖြစ်ရပါမယ်။ အစာစားနေချိန်မှာ ကလေးကို ဆူပူတာ၊ ကလေးနှင့်ပြိုင်ပြီး ငြင်းခုံတာတွေ မပြုလုပ်ပါနဲ့။

ကလေးရဲ့ ပုံမှန်အစာစားချိန်ကို သတ်မှတ်ပေးပါ။ ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာများ ရွေးချယ်စားဖို့ သင့်ကလေးကို အားပေးပါ။ ကလေးကို မနက်စာ၊ နေ့လယ်စာနှင့် ညစာအကြားမှာ သရေစာတခုခုကျွေးပါ။ ရုပ်ပိုင်းဆိုင်ရာ တတ်ကြွမှုရှိဖို့ အားကစားလုပ်ခိုင်းတာ၊ ပြေးလွှားဆော့ကစားခိုင်းမျိုးလုပ်ပေးပါ။ သူဗိုက်မဆာသေးလျှင် အစာစားဖို့ အတင်းမကျွေးပါနဲ့။ ဒါ့အပြင် သူ့ပန်းကန်ထဲက အစားအစာကို ကုန်အောင်စားခိုင်းတာက မကောင်းတဲ့ စိတ်ကူးဖြစ်ပါတယ်။

ကလေးမှာ အစာစားချင်စိတ် တိုးပွားလာအောင် ဘယ်လိုလုပ်မလဲ?

ကလေးရဲ့ အစာစားချင်စိတ်ကို တိုးလာစေဖို့ သဘာဝ နည်းလမ်းတစ်ချို့ရှိပါတယ်၊၊ ကလေးတွေဟာ မုန့်ပဲသရေစာတွေကို ကြိုက်ကြပါတယ်။ မေမေတို့က ကောင်းမွန်တဲ့ သရေစာတွေကိုသာ ကျွေးသင့်ပါတယ်။ ဥပမာ အာလူးကြော်အစား မြေပဲပြုတ်လိုမျိုး၊ ကွက်ကီးတွေအစား ဆန်းဒဝှစ် တို့လိုဟင်းသီးဟင်းရွက်ညှပ်ထားတာတွေကို ကျွေးသင့်ပါတယ်။

မြေပဲက ပရိုတိန်းဓါတ်တွေပါဝင်ပြီး ကလေးရဲ့ အစာစားချင်စိတ်ကို တိုးမြှင့်ပေးပါတယ်။ သင့်ကလေးရဲ့ အစားအစာထဲကို မြေပဲအခြေခံထားတဲ့ အစားအစာများ ပိုထည့်ကျွေးပါ။ အစာစားချင်စိတ် ဆုံးရှုံးတဲ့ ကလေးအများစုဟာ နွားနို့တွေမြင်ရင် ရွံကြပါတယ်။ကလေးဟာ နို့သောက်ဖို့ ငြင်းဆန်နေရင် ဒိန်ခဲ၊ ဒိန်ချဉ်နှင့် ခရမ်ပုံစံကဲ့သို့သော နို့ဖြည့်စွက်စာတွေကို ကျွေးပါ။ ဒါတွေကို သူကြိုက်နှစ်သက်လျှင် နို့ထွက်ပစ္စည်းမဟုတ်တဲ့ နို့ကိုလည်း အသုံးပြုနိုင်ပါတယ်၊

ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခြင်းက အစာစားချင်စိတ်ရှိစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စက်ဘီးစီးတာ၊ စကိတ်စီးတာ၊ တစ်ချို့အားကစားတွေမှာ ပါဝင်ကစားတာက သင့်ကလေးကို ကိုယ်ကာယ တတ်ကြွမှုရှိစေတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။သင့်ကလေးဟာ အစာစားချင်စိတ်နည်းနေလျှင် သူစားနိင်သလောက်ကို နည်းနည်းချင်းစီနှင့် ခဏခဏ ကျွေးပေးပါ။ အစာစားချင်စိတ်ကို ပိုတိုးစေပါတယ်။

သင့်ကလေးစားချင်တဲ့ အစားအစာ စာရင်းကို ပြုလုပ်ပါ။ အရသာလည်းရှိပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေ ဖြစ်ဖို့လိုပါတယ်။ သူအကြိုက်ဆုံးအစားအစာကို မြင်ရင် စားချင်စိတ်ရှိလာနိုင်ပါတယ်။ ကိုယ်အလေးချိန်တိုးမြှင့်ဖို့ ကယ်လိုရီသိပ်သည်းတဲ့ အစားအစာများကို ရွေးချယ်ပါ။

သင့်ကလေးကို အစာမစားခင် မိနစ်သုံးဆယ်မှာ ရေသောက်ခိုင်းပါ။ အစာစားချင်စိတ်ကို ဖြစ်စေတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေကိုသုံးပါ။ သံပုရာရည်၊ ဂျင်းနှင့် ရှာလကာရည်က အစာစားချင်စိတ်ကို လှုံ့ဆော်ပေးပါတယ်။ကလေးရဲ့ အစားအစာထဲမှာ အစိမ်းရောင်နှင့် တခြား ဟင်းသီးဟင်းရွက် အရောင်အမျိုးမျိုးကို ထည့်ပါ။ ရောင်စုံလေးဖြစ်နေတာက ကလေးအတွက် စားချင်စဖွယ်ဖြစ်စေပါတယ်။

စတော်ဘယ်ရီ၊ ပျားရည်၊ ငှက်ပျောသီး၊ ရေခဲနှင့် ဒိန်ချဥ်တို့ကို ဖျော်ရည်လုပ်ပေးပါ။ ကလေးရဲ့ အစာစားချင်စိတ်ကို တိုးစေဖို့ သဘာဝနည်းလမ်းအတော်များများရှိပါတယ်။ ဒါပေမယ့် တခါတရံမှာ အစာစားချင်စိတ်ကို ပိုပြီးဖြစ်စေတဲ့ အာဟာရဖြည့်စွက်စာ တိုက်ဖို့လိုအပ်နိုင်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- momjunction

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here