ကင်းထောက်လှုပ်ရှားမှုဆိုတာ သမိုင်းမှာ အကျော်ကြားဆုံးသော လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အားလုံးသိထားသင့်တဲ့အရာအားလုံးကို မျှ၀ေပေးပါ့မယ်။
Boy Scoutsရဲ့ စည်းလုံးညီညွှတ်မှု၊ အပြန်အလှန်ကူညီမှုနှင့် လေးစားမှုစတဲ့တန်ဖိုးတွေကို အခြေခံပြီးတော့ လူငယ်လှုပ်ရှားမှုကို အဓိကကစားသမားတွေဖြစ်ကြပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ လူငယ်တွေကိုသူတို့ရဲ့ကာယ၊ စိတ်ပိုင်းနှင့် ၀ိညာဥ်ရေးရာဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အထောက်အကူပြုရင်းနဲ့ သူတို့ရဲ့ အရည်အသွေးကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။ သင့်အနေနဲ့ သူတို့အကြောင်းသင်ဖူးပါသလား။
ကင်းထောက်လူငယ်တွေရဲ့ တန်ဖိုး
ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သဘာ၀ကိုလေးစားခြင်း
ဒီလှုပ်ရှားမှုက သဘာ၀လှုပ်ရှားမှုတွေနှင့် အသိညဏ်ပညာသင်ကြားခြင်း လေ့ကျင့်ခန်းတွေပေါ်မှာ အခြေခံပါတယ်။ ကင်းထောက်လှုပ်ရှားမှုက လူငယ်တွေကို တခြားသူတွေရဲ့ ၀န်ဆောင်မှုအတွက် ပိုမိုနက်ရှိုင်းတဲ့တန်ဖိုးထားလေးမြတ်မှုရရှိဖို့ အားပေးတယ်။ ၎င်းက ပုဂ္ဂိုလ်ရေးတာ၀န်၀တ္တရားတွေနှင့် မိမိကိုယ်ကိုလေးစားမှုတိုးပွားစေမယ့် လှုပ်ရှားမှုတွေကို အားပေးအားမြှောက်ပြုပါတယ်။

ကင်းထောက်လှုပ်ရှားမှုရဲ့ အဓိကရည်မှန်းချက်ကတော့ ကလေးတွေကို အဖွဲ့တစ်ဖွဲ့အတွင်းမှာရှိတဲ့လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ အသိညဏ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးစွမ်းရည်တွေတိုးတက်စေခြင်းကို ကူညီပေးနိုင်ဖို့ဖြစ်ပါတယ်။ ၎င်းတို့ရဲ့နောက်ထပ်ရည်မှန်းချက်က လူငယ်တွေကို၎င်းတို့ရဲ့ကတိက၀တ်တွေကို ဖြည့်ဆည်းခြင်းနှင့် ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိခြင်းတွေအပြင် လွတ်လပ်မှု၊ တာ၀န်ယူမှု၊ ဂရုစိုက်မှု၊ တက်ကြွမှု၊ အချိတ်အဆက်မိမှုနှင့် တစ်ခြားကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချမှတ်နိုင်တဲ့စွမ်းရည်တွေတိုးတက်လာစေဖို့ ဖြစ်ပါတယ်။
သင်ကြားမှုနိယာမက ကလေးတွေနှင့် ဆယ်ကျော်သက်တွေကို တာ၀န်ယူမှုရှိစေဖို့နှင့် ရွယ်တူချင်းတွေနဲ့ အတူနေထိုင်ပြီးတော့ လူ့အဖွဲ့အစည်းရဲ့ ပြဿနာတွေကို သတိပြုမိသော ဂရုစိုက်တတ်သောလူကြီးတွေဖြစ်လာစေဖို့ ရည်ရွယ်ဖြစ်ပါတယ်။
ကင်းထောက်လှုပ်ရှားမှုက ပညာရေးအနေနဲ့ ကစားခြင်း၊ ၀ိညာဏရှုထောင့်နှင့် ပတ်၀န်းကျင်ကို လေးစားခြင်းအပေါ်မှာ အခြေခံပါတယ်။

ကင်းထောက်လူငယ်ရဲ့သမိုင်း
ကင်းထောက်ကင်းမျှော်စင်ကို ၁၉၀၇ခုနှစ်၊ ဇူလိုင်လ၂၅ရက်နေ့မှာ စတင်ခဲ့ပါတယ်။ အဲ့ဒီ့အချိန်က မတူကွဲပြားတဲ့ ဆယ်ကျော်သက် ၂၁ကို ဦးဆောင်လာတဲ့ ဗြိတိသျှစစ်တပ်မှ အရာရှိLord Baden-Powellက အင်္ဂလန်နိုင်ငံ၊ Dorsetရှိတဲ့ Brownseaကျွန်းမှာ ၁၅ရက်ကြာစခန်းချနေချိန်မှာဖြစ်ပါတယ်။
အခြားသင်တန်းပို့ချသူတွေရဲ့ အကူအညီနဲ့ Baden-Powellက ကလေးတွေကို စခန်းချခြင်း၊ လေ့လာခြင်း၊ လက်မှုပညာ၊လှေစီးခြင်း၊ အသက်ကယ်ခြင်း၊ မျိုးချစ်စိတ်နှင့် ပြိုင်ဆိုင်မှုတွေကို သင်ကြားပေးခဲ့တယ်။ ကလေးတွေဟာ ဒီသင်ခန်းစာအမြောက်အများကို လူကြိုက်များတဲ့ဖန်တီးမှုဂိမ်းတွေကနေတဆင့်သင်ယူခဲ့ကြတာဖြစ်ပါတယ်။
သူ့ရဲ့စိတ်ကူးကတော့ ကလေးတွေကို ကင်းထောက်ချူပ်(Chief Scout)ရဲ့ ဦးဆောင်မှုနဲ့ ကလေးခြောက်ယောက်မှ ခုနှစ်ယောက်အထိ အုပ်စုငယ်တွေဖွဲ့ဖို့ဖြစ်တယ်။ အခြေခံအားဖြင့် လေ့ကျင့်ရေးမှာ ခြေရာခံခြင်းနှင့် အသိအမှတ်ပြုခြင်းကဲ့သို့သော လှုပ်ရှားမှုတွေပါ၀င်ပါတယ်။

စူးစမ်းရှာဖွေသူတွေဖြစ်လာဖို့အတွက် ကလေးတွေက မိမိတို့တိုင်းပြည်အပေါ်သစ္စာရှိကြောင်းကတိပေးပြီး တခြားသူတွေကို ကူညီဖို့နှင့် ယေဘုယျအားဖြင့် ကလေးတွေအတွက် အလွယ်တကူနားလည်နိုင်တဲ့ကျင့်၀တ်စည်းကမ်းဖြစ်တဲ့ ကင်းထောက်ဥပဒေကို လိုက်နာရမှာဖြစ်ပါတယ်။
Baden-Powellက ကလေးသူငယ်တွေအတွက် လေ့ကျင့်ရေးနည်းလမ်းကို အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ပါတယ်။ အံ့အားသင့်စွာနဲ့ပဲ ကလေးတွေဟာ ကမ္ဘာ့အကြီးဆုံး ဆန္ဒအလျောက်လူငယ်လှုပ်ရှားမှုတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။

ကင်းထောက်လူငယ်တွေရဲ့ ပန်းတိုင်နဲ့ အကျိုးကျေးဇူးများ
ကင်းထောက်လှုပ်ရှားမှုဟာ အခြားအပန်းဖြေလှုပ်ရှားမှုတွေနဲ့ မတူဘဲအလွန့်အလွန်ပညာရေးဆန်တဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ ကလေးတွေဟာကစားခြင်း၊ အသင်းအဖွဲ့ဖွဲ့စည်းခြင်းနှင့် သဘာ၀ကိုလေစားခြင်းအားဖြင့် ၎င်းတို့ဘ၀တစ်လျှောက်လုံးမှာ သူတို့ရဲ့အသိုင်းအ၀ိုင်းမှာ ဦးဆောင်မှုအခန်းကဏ္ဍကနေ ရရှိနိုင်တဲ့စွမ်းရည်တွေကို သင်ယူဖို့ ကြိုးစားအားထုတ်ကြတယ်။
ကင်းထောက်လှုပ်ရှားမှုရဲ့ ရည်မှန်းချက်က အဓိကအားဖြင့် လူတစ်ဦးချင်းစီကို ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပါတယ်။ အောက်ပါအချက်အလက်တွေအပါအ၀င်ပေါ့။
လေ့ကျင့်ရေး-အိမ်ပြင်မှာ အတူတကွနေထိုင်တတ်ဖို့နှင့် စခန်းများဘယ်လိုအလုပ်လုပ်တယ်ဆိုတာ သင်ကြားခြင်း၊ သဘာ၀ကိုလေ့လာခြင်းနှင့် ဂိမ်းများ……။
ကျန်းမာရေးနှင့်ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု-ကိုယ်ကာယလေ့ကျင့်ခန်းများ၊ သူတို့တစ်ဦးချင်းစီကို ဘာကြောင့် လုပ်သင့်တယ်၊ တစ်ကိုယ်ရေးသန့်ရှင်းရေး၊ ဂိမ်းများ၊ ရောဂါကာကွယ်တားဆီးရေးနှင့် မိမိကိုယ်ကိုထိန်းချုပ်နိုင်မှု…..။
ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်မှု- လက်စွဲဒဿနများ၊ စာအုပ်များနှင့် ကျွမ်းကျင်မှုများ၊ အထူးပြုအလုပ်များ…..။
အခြားသူတွေကို ၀န်ဆောင်မှုပေးခြင်း၊ အပြန်အလှန်ကူညီပေးခြင်း၊ ရှေးဦးသူနာပြုစုနည်းနှင့် ကယ်ဆယ်ရေးစိတ်ဓာတ်တွေဟာ ကင်းထောင်လူငယ်တွေရဲ့ ပန်းတိုင်တွေထဲမှာ ပါ၀င်ပါတယ်။
Chit_May_May
Nyein_Thu
source-Youaremom