ကစားစရာတွေမှာ စွဲကပ်နေနိုင်တဲ့ မှိုကြောင့် သင့်ကလေးကို ဒုက္ခမရောက်စေဖို့

0
19

ကလေးတွေကို ရေချိုးပေးရတာ၊ ရေချိုးဖို့ပြောရတာ ဘယ်လောက်တောင် ခက်ခဲသလဲဆိုတာကို မိဘတွေအသိဆုံးပါ။ ဒါပေမယ့် ဒီလိုရေချိုးဖို့ မနည်းပြောယူရတဲ့ ကလေးတွေကို ရေချိုးကန်ထဲ အရောက်ပို့ပေးနိုင်တာက တခြားမဟုတ်ဘဲ ကစားစရာလေးတွေသာဖြစ်ပါတယ်။ ကလေးတွေရေချိုးရင်း ထည့်သွင်းဆော့ကစားလေ့ရှိတဲ့ ကစားစရာတွေကို ညှစ်လိုက်တဲ့အချိန် အထဲကနေ မည်းညစ်ညစ်ရေတွေထွက်လာပြီး ရေတွေကလည်း အကျိအချွဲတွေဖြစ်နေမယ်ဆိုရင်တော့ အတွင်းမှာ မှိုတွေစွဲကပ်နေတာသေချာပါပြီ။ အခုလို မှိုတွေက ဘယ်လောက်တောင် အန္တရာယ်ဖြစ်လာစေနိုင်မလဲဆိုတာကို ဗဟုသုတအနေနဲ့ အဆုံးထိဖတ်ကြည့်လိုက်ရအောင်ပါ။

မှိုတွေက ဘယ်နေရာမှာပေါက်ဖွားလဲ

စိုစွတ်တဲ့နေရာတွေမှာဆိုရင် မှိုတွေကဖြစ်တည်လာနိုင်တာကြောင့် ရေချိုးခန်းကစားစရာပစ္စည်းတွေကတော့ ရာနှုန်းပြည့်ပါဝင်နေပါတယ်။

ဘယ်လောက်ထိ အန္တရာယ်များလဲ

မှိုတွေကအင်မတန်ကြည့်ရဆိုးနိုင်သော်ငြားလည်း ခြုံငုံပြောရမယ်ဆိုရင်တော့ သိပ်ပြီးအန္တရာယ်မရှိနိုင်ပါဘူး။ အထူးသဖြင့် အရွယ်အစားသေးသေးလေးပဲ ရှိတဲ့အချိန်ဆိုရင်ပါ။ အကယ်လို့ သင့်ကလေးက မှိုနည်းနည်းလောက် ပါးစပ်ထဲဝင်သွားပြီဆိုရင် သိပ်ပြီးပျာယာခတ်မနေပါနဲ့။ ခန္ဓာကိုယ်ကအစာချေဖျက်ပြီး ပြန်လည်စွန့်ထုတ်လိုက်ပါလိမ့်မယ်။

သင့်ကလေးမှာ ကိုယ်ခံအားပြဿနာတွေ မရှိသေးသရွေ့ ရေချိုးခန်းကစားစရာပစ္စည်းတွေကနေ မှိုလေးနည်းနည်း ပါးစပ်ထဲဝင်သွားလို့ သိပ်ပြီးစိတ်ပူစရာမလိုပါဘူး။ ဒီလိုအခြေအနေကြောင့် ဖျားနာမှုဖြစ်နိုင်တဲ့ ရာခိုင်နှုန်းက အင်မတန်နည်းပါးလှပါတယ်။ သို့သော်လည်း သင့်ကလေးက မှိုနဲ့ဓာတ်မတည့်မှုရှိတယ်ဆိုရင်တော့ သတိရှိရပါတော့မယ်။ မှိုတွေကြောင့် မျက်လုံးတွေယားခြင်း၊ အသားအရေတွေနီရဲခြင်းတို့ကို ကြုံတွေ့လာနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ကလေးရဲ့ကစားစရာတွေမှာ မှိုတွေရှိမရှိ ဘယ်လိုသိနိုင်မလဲ

ကစားစရာအပြင်ဖက်အခြမ်းကတော့ သန့်ရှင်းပြောင်လက်နေနိုင်ပေမယ့်လည်း အတွင်းမှာစုဝေးနေတဲ့ မှိုတွေကိုတော့ မြင်နိုင်ဖို့ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် မှိုတွေရှိမရှိ စမ်းသပ်စစ်ဆေးနိုင်ဖို့အတွက် အရုပ်တွေမှာပါတဲ့အပေါက်မှတဆင့် ရေတွေဖြည့်ပြီး ပြန်ညှစ်ထုတ်လိုက်ပါ။ ရေညစ်ညစ်တွေထွက်လာရင်တော့ အထဲမှာ မှိုတွေရှိနေနိုင်ပါတယ်။

ဒီလိုမှိုတွေကို ဘယ်လိုဖယ်ရှားရှင်းထုတ်ပစ်ရမလဲ

သင့်ကလေးရဲ့ကစားစရာတွေ သို့မဟုတ် နို့သီးခေါင်းပါဘူးတွေ၊ ခွက်တွေမှာ မှိုရှိနေပြီလို့ သံသယစိတ်ဝင်လာတာနဲ့ ဆက်အသုံးပြုမနေဘဲ လွှင့်ပစ်လိုက်ပါတော့။ မှိုတွေက ဖယ်ရှားရ အင်မတန်လက်ပေါက်ကပ်နိုင်တာကြောင့် ထိုပစ္စည်းတွေနေရာမှာ အသစ်တစ်ခုကို အစားထိုးပြီး အသုံးပြုပေးလိုက်ပါ။ တစ်ခုရှိတာက အရွယ်အစားကြီးတဲ့အရုပ်တွေဆိုရင်တော့ ချွတ်ဆေး ခွက် ¾ ကို ရေတစ်ဂါလံနဲ့တစ်ညရေစိမ်ထားပြီး ဆေးကြောသန့်စင်နိုင်ပါတယ်။

Chit_MayMay

Thinzar

Ref-parenting firstcry

Zawgyi

ကစားစရာေတြမွာ စြဲကပ္ေနႏိုင္တဲ့ မႈိေၾကာင့္ သင့္ကေလးကို ဒုကၡမေရာက္ေစဖို႔

ကေလးေတြကို ေရခ်ိဳးေပးရတာ၊ ေရခ်ိဳးဖို႔ေျပာရတာ ဘယ္ေလာက္ေတာင္ ခက္ခဲသလဲဆိုတာကို မိဘေတြအသိဆုံးပါ။ ဒါေပမယ့္ ဒီလိုေရခ်ိဳးဖို႔ မနည္းေျပာယူရတဲ့ ကေလးေတြကို ေရခ်ိဳးကန္ထဲ အေရာက္ပို႔ေပးႏိုင္တာက တျခားမဟုတ္ဘဲ ကစားစရာေလးေတြသာျဖစ္ပါတယ္။ ကေလးေတြေရခ်ိဳးရင္း ထည့္သြင္းေဆာ့ကစားေလ့ရွိတဲ့ ကစားစရာေတြကို ညႇစ္လိုက္တဲ့အခ်ိန္ အထဲကေန မည္းညစ္ညစ္ေရေတြထြက္လာၿပီး ေရေတြကလည္း အက်ိအခြၽဲေတြျဖစ္ေနမယ္ဆိုရင္ေတာ့ အတြင္းမွာ မႈိေတြစြဲကပ္ေနတာေသခ်ာပါၿပီ။ အခုလို မႈိေတြက ဘယ္ေလာက္ေတာင္ အႏၲရာယ္ျဖစ္လာေစႏိုင္မလဲဆိုတာကို ဗဟုသုတအေနနဲ႔ အဆုံးထိဖတ္ၾကည့္လိုက္ရေအာင္ပါ။

မႈိေတြက ဘယ္ေနရာမွာေပါက္ဖြားလဲ

စိုစြတ္တဲ့ေနရာေတြမွာဆိုရင္ မႈိေတြကျဖစ္တည္လာႏိုင္တာေၾကာင့္ ေရခ်ိဳးခန္းကစားစရာပစၥည္းေတြကေတာ့ ရာႏႈန္းျပည့္ပါဝင္ေနပါတယ္။

ဘယ္ေလာက္ထိ အႏၲရာယ္မ်ားလဲ

မႈိေတြကအင္မတန္ၾကည့္ရဆိုးႏိုင္ေသာ္ျငားလည္း ၿခဳံငုံေျပာရမယ္ဆိုရင္ေတာ့ သိပ္ၿပီးအႏၲရာယ္မရွိႏိုင္ပါဘူး။ အထူးသျဖင့္ အ႐ြယ္အစားေသးေသးေလးပဲ ရွိတဲ့အခ်ိန္ဆိုရင္ပါ။ အကယ္လို႔ သင့္ကေလးက မႈိနည္းနည္းေလာက္ ပါးစပ္ထဲဝင္သြားၿပီဆိုရင္ သိပ္ၿပီးပ်ာယာခတ္မေနပါနဲ႔။ ခႏၶာကိုယ္ကအစာေခ်ဖ်က္ၿပီး ျပန္လည္စြန႔္ထုတ္လိုက္ပါလိမ့္မယ္။

သင့္ကေလးမွာ ကိုယ္ခံအားျပႆနာေတြ မရွိေသးသေ႐ြ႕ ေရခ်ိဳးခန္းကစားစရာပစၥည္းေတြကေန မႈိေလးနည္းနည္း ပါးစပ္ထဲဝင္သြားလို႔ သိပ္ၿပီးစိတ္ပူစရာမလိုပါဘူး။ ဒီလိုအေျခအေနေၾကာင့္ ဖ်ားနာမႈျဖစ္ႏိုင္တဲ့ ရာခိုင္ႏႈန္းက အင္မတန္နည္းပါးလွပါတယ္။ သို႔ေသာ္လည္း သင့္ကေလးက မႈိနဲ႔ဓာတ္မတည့္မႈရွိတယ္ဆိုရင္ေတာ့ သတိရွိရပါေတာ့မယ္။ မႈိေတြေၾကာင့္ မ်က္လုံးေတြယားျခင္း၊ အသားအေရေတြနီရဲျခင္းတို႔ကို ႀကဳံေတြ႕လာႏိုင္တဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။

ကေလးရဲ႕ကစားစရာေတြမွာ မႈိေတြရွိမရွိ ဘယ္လိုသိႏိုင္မလဲ

ကစားစရာအျပင္ဖက္အျခမ္းကေတာ့ သန႔္ရွင္းေျပာင္လက္ေနႏိုင္ေပမယ့္လည္း အတြင္းမွာစုေဝးေနတဲ့ မႈိေတြကိုေတာ့ ျမင္ႏိုင္ဖို႔ခက္ခဲႏိုင္ပါတယ္။ ဒါေၾကာင့္ မႈိေတြရွိမရွိ စမ္းသပ္စစ္ေဆးႏိုင္ဖို႔အတြက္ အ႐ုပ္ေတြမွာပါတဲ့အေပါက္မွတဆင့္ ေရေတြျဖည့္ၿပီး ျပန္ညႇစ္ထုတ္လိုက္ပါ။ ေရညစ္ညစ္ေတြထြက္လာရင္ေတာ့ အထဲမွာ မႈိေတြရွိေနႏိုင္ပါတယ္။

ဒီလိုမႈိေတြကို ဘယ္လိုဖယ္ရွားရွင္းထုတ္ပစ္ရမလဲ

သင့္ကေလးရဲ႕ကစားစရာေတြ သို႔မဟုတ္ ႏို႔သီးေခါင္းပါဘူးေတြ၊ ခြက္ေတြမွာ မႈိရွိေနၿပီလို႔ သံသယစိတ္ဝင္လာတာနဲ႔ ဆက္အသုံးျပဳမေနဘဲ လႊင့္ပစ္လိုက္ပါေတာ့။ မႈိေတြက ဖယ္ရွားရ အင္မတန္လက္ေပါက္ကပ္ႏိုင္တာေၾကာင့္ ထိုပစၥည္းေတြေနရာမွာ အသစ္တစ္ခုကို အစားထိုးၿပီး အသုံးျပဳေပးလိုက္ပါ။ တစ္ခုရွိတာက အ႐ြယ္အစားႀကီးတဲ့အ႐ုပ္ေတြဆိုရင္ေတာ့ ခြၽတ္ေဆး ခြက္ ¾ ကို ေရတစ္ဂါလံနဲ႔တစ္ညေရစိမ္ထားၿပီး ေဆးေၾကာသန႔္စင္ႏိုင္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here