ကစားပွဲမှာ သင့်ကလေးကို ဘာ့ကြောင့် အနိုင်ရခွင့်မပြုသင့်တာလဲ?

0
62
- Advertisement -

ဘယ်လုပ်ဆောင်မှုမှာမဆို အနိုင်ရခြင်းအတွေ့ကြုံက အရေးပါသလို ရှုံးနိမ့်ခြင်းအတွေ့အကြုံကလည်း ကျွန်မတို့ လူ့အဖွဲ့အစည်းအတွက် အရမ်းအရေးကြီးပါတယ်၊ ဒါက ကိုယ့်ရဲ့လုပ်ရပ်ကိုသာမက ရလဒ်ကို ရင်ဆိုင်ပုံနှင့် ကျွန်မတို့ ပါဝင်ပုံ နည်းလမ်းလည်းဖြစ်ပါတယ်။ ကျွန်မတို့ကလေးတွေကို အချိန်တိုင်း အနိုင်ရခွင့်၊ လိမ်လည်လှည့်စားခွင့် ပေးမယ်ဆိုရင် ကျွန်မတို့ဟာ သူတို့ဖြစ်ချင်တဲ့ နည်းလမ်းအတိုင်း မဖြစ်ခြင်းနှင့်အတူ သည်းခံဖို့ ဘယ်သောအခါမျှ ဆန္ဒမရှိသော အာဏာရှင်ဆန်မှုကို တည်ဆောက်မိပါလိမ့်မယ်။ သူတို့အတွက် အမှားထဲက သင်ခန်းစာ ယူတတ်မှာ မဟုတ်တာကြောင့် ထိုသို့ဖြစ်ပျက်နိုင်ပါတယ်။

ကျွန်မတို့ရဲ့ ကလေးတွေကို ဘဝရဲ့အောင်မြင်မှုနှင့် ရှုံးနိမ့်မှုတွေကို လက်ခံနိုင်စွမ်းရှိတဲ့ လူကြီးတွေဖြစ်အောင် မွေးမြူပေးရပါမယ်။ ကလေးတစ်ယောက်ကို အမြဲတမ်း (အကြံအဖန်ဖြင့်) အနိုင်ယူခွင့် မပြုသင့်ပါဘူး။ ဒါက ရိုးရှင်းသော ကဒ်ဂိမ်းမှာပဲဖြစ်စေ၊ အငြင်းပွားမှု (သို့) လေးနက်သော စကားလက်ဆုံ ပြောဆိုခြင်းမှာဖြစ်စေ ကျွန်မတို့ကလေးတွေကို အနိုင်ရခွင့်ပေးလိုက်ခြင်းဟာ သူမျှမျှတတ မကစားခဲ့ဘူးဆိုရင် ကောင်းကျိုးထက် ပိုအန္တရာယ်ရှိနိုင်ပါတယ်။

ထိန်းချုပ်မှုနှင့် စိုးရိမ်ပူပန်မှု

- Advertisement -

အပြစ်မဲ့လောက်မယ်ထင်ရတဲ့ အောင်ပွဲသေးသေးလေးတွေက ပျက်စီးစေတဲ့ ထုံးထမ်းစဉ်လာကို ဖြစ်ပေါ်စေပါတယ်။ သင့်ကလေးအတွက်သာမက သင်နှင့် သင့်ကလေးရဲ့ ဆက်ဆံရေးအတွက်ပါ ထိခိုက်စေပါတယ်။ ကလေးတစ်ယောက်ကို အနိုင်ရစေခြင်းက relationship တစ်ခုကို သိသိသာသာ သက်ရောက်မှုရှိပါတယ်။ ကလေးက သူတို့ကို ထိန်းချုပ်ထားတယ်လို့ ယုံကြည်တယ်ဆိုရင် ဒါက သူတို့ကို အရမ်းစိုးရိမ်သောက ရောက်စေပါတယ်။ မိဘတစ်ယောက်နေနဲ့ ကလေးတွေကို strong ဖြစ်ကြောင်း ၊ သူတို့ဘာသာ လုပ်နိုင်ကြောင်း သိစေဖို့လိုအပ်ပါတယ်။

ကလေးကို ကစားတဲ့နေရာမှာ အနိုင်မပေးသင့်သလို မကောင်းတဲ့အရှုံးသမားအဖြစ်လည်း မဖန်တီးသင့်ပါဘူး

အောင်မြင်မှု (သို့) ကျရှုံးမှုကို မကိုင်တွယ်နိုင်သူ တစ်ယောက်ကိုတွေ့ပြီဆိုရင် လူကြီးတစ်ယောက်အနေနဲ့ ” ဟင်. ဒီကောင် အောင်မြင်တဲ့ဒဏ်ကို မခံနိုင်ဘူး၊ ကျရှုံးမှုဒဏ်ကို မခံနိုင်ဘူးဆိုပြီး” နည်းနည်းတော့ နှာခေါင်းရှုံ့ ဝေဖန်မိမှာပါပဲ။ ရှုံးနိမ့်ခြင်းကို အထူးသဖြင့် အတွေ့အကြုံမရှိတဲ့ လူကြီးတွေတောင် ခံစားနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ဒီဆုံးရှုံးမှုကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် မဟာဗျူဟာတွေ ကလေးကို သင်ပေးခြင်းကလည်း အရမ်းအရေးကြီးပါတယ်။

ကလေးတစ်ယောက်နဲ့ ဂိမ်းကစားတဲ့အခါ အနိုင်ရခြင်း(သို့) ရှုံးနိမ့်ခြင်းအကြောင်းကိုသာ သင်ကြားပေးတာမဟုတ်ပါဘူး။ good winner, good loser တွေဖြစ်ဖို့ သင်ကြားပေးခြင်းလည်း ဖြစ်ပါတယ်။ သူတို့တစ်တွေ မသမာသောနည်းနဲ့ အနိုင်ရခဲ့တာကို သိရင် ဂုဏ်ယူမှုကို ဘယ်တော့မှ ခံစားရမှာ မဟုတ်ပါဘူး။ ဘယ်တော့မှ မရှုံးဖူးသော ကလေးတစ်ယောက်ဟာ ဘယ်အခါမှ အခက်အခဲတွေကို ရင်ဆိုင်ဖို့ မသင်ယူတတ်သော ကလေးတစ်ဦး ဖြစ်လာပါလိမ့်မယ်။

မိဘအုပ်ထိန်းမှုအတွက် ယနေ့အပြောင်းအလဲများ

ယနေ့ “စည်းစနစ်”ပညာရေးက “ထောက်ထားသက်ညှာတတ်သော” ပညာရေးအဖြစ်သို့ ပြောင်းလဲသွားပြီဆိုတဲ့အချက်က ကောင်းမွန်သောအရာ ဖြစ်လာတယ်လို့ ကျွန်မတို့ ပြောနိုင်ပါတယ်။သို့သော်လည်း အစွန်းမရောက်သွားစေဘူးဆိုတာ သေချာစေဖို့ လိုအပ်ပါတယ်။

တစ်ချို့မိဘတွေက သူတို့ရဲ့စဉ်းကမ်းထိန်းသိမ်းမှုဟာ အာဏာရှင်ဟောင်းပုံစံနဲ့ တူမှာကို ကြောက်ကြပါတယ်။ ယခုမိဘတွေက သူတို့ကလေးတွေနဲ့ အငြင်းပွားဖွယ်ရာဆက်ဆံရေးကို နည်းချင်ကြပါတယ်။ သို့သော် ကလေးနှင့်အတူ လူ့အဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေမှတဆင့် လုပ်ကိုင်ဖို့ အရေးကြီးပါတယ်။ အနိုင်ရခြင်း (သို့) ဆုံးရှုံးခြင်းက အဲဒီအရာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

အနိုင်ရဖို့၊ ရှုံးနိမ့်ဖို့ သင်ယူရန် သူတို့ကို ကူညီပေးပါ

မိုနိုပိုလီ၊ snake & Ladders လိုBoard gamesတွေက ကလေးတွေဖွံ့ဖြိုးတိုးတတ်မှုအတွက် အရမ်းကောင်းတဲ့ဂိမ်းတွေဖြစ်ကြပါတယ်။ ဒါ့ကြောင့် သူတို့ပါဝင်လာစေဖို့အတွက် သူတို့ဘာသာ အနိုင်ရနိုင်တဲ့ ဂိမ်းတိုတွေကို ရွေးချယ်ခြင်းဖြင့် စတင်သင့်ပါတယ်။ ကလေးတွေ သိပ်နားမလည်တဲ့ ဂိမ်းတွေကို ရှောင်တာ အကောင်းဆုံးဖြစ်ပါတယ်။
သူတို့ကို ပထမအကျော့၊ ဒုတိယအကျော့ အနိုင်ရခွင့်ပေးတာ အိုကေပါတယ်။ သူတို့ရဲ့ ပထမအကြိမ် ကြိုးစားမှုအနည်းငယ်ကို အရှုံးပေးလိုက်ရင် ကလေးတွေပျင်းလာပြီး စိတ်ဝင်စားမှုနည်းသွားပါမယ်။ ဒါ့ကြောင့် သူတို့ကို မျှမျှတတရှုံးခွင့်မပေးခင်မှာ အနိုင်ရခွင့်နှစ်ကြိမ်ပေးပါ။

ကျွန်မတို့က စံနမူနာကောင်းဖြစ်ရပါမယ်။ သင်ရှုံးရင် ရှုံးနိမ့်မှုနှင့်ပတ်သတ်ပြီး အကောင်းမြင်ဖို့ ကြိုးစားပါ။ ။ ” ဆိုးလိုက်တာ၊ ငါနောက်တကြိမ် ကြိုးစားရဦးမှာပဲ”၊ “နောက်တစ်ခေါက် ထပ်ဆော့ကြစို့၊ ဒီတစ်ခါ ပိုကောင်းအောင် ငါကြိုးစားမယ်”လို့ ရိုးရိုးလေးပြောနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-youaremom

Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here