Home Parenting Parent Guide ကတ်ကတ်လန် ကြမ်တမ်းစွာ တုန့်ပြန်တတ်သော ကလေးတွေအတွက် ပျိုးထောင်နည်း (၄) မျိုး

ကတ်ကတ်လန် ကြမ်တမ်းစွာ တုန့်ပြန်တတ်သော ကလေးတွေအတွက် ပျိုးထောင်နည်း (၄) မျိုး

0
2080

မေမေတို့ရဲ့ ကလေးတွေဟာ အပြုသဘောဆောင်တဲ့ အပြုအမူတွေကနေ သွေဖယ်ပြီး မှားယွင်းသောာအပြုအမူတွေဖြစ်လာနေတဲ့အခါ တစ်ခါတလေမှာ မေမေတို့ကိုယ်တိုင်ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်တတ်ပါတယ်။ မေမေတို့ပြောသမျှကို တစ်ခွန်းမကျန် ပြန်ခံပြောနေပြီဆိုရင် အရင်ဆုံး စိတ်အေးအေးထားပါ။ ဒီနည်းလမ်းလေးတွေနဲ့ တဖြည်းဖြည်းပြန်လည် ပုံသွင်းကြည့်ပါ။

၁။ အပြုသဘောဆောင်သော ချီးကျူးခြင်းမျိုး လုပ်ပေးပါ

အပျက်သဘောဆောင်သော စကားလုံးတွေကို ပြောဖို့က အင်မတန်လွယ်ကူပါတယ်။ ဒါပေမယ့် အပြုသဘောဆောင်သော အပြုအမူတွေအတွက် သင့်မိသားစုကို ချီးကျူးဖို့အတွက်တော့ မေ့နေတတ်ပါတယ်။ကလေးရဲ့ ကြမ်းတမ်းသောအပြုအမူတွေကို ထောက်ပံ့နေတာဟာ အပျက်သဘောဆောင်သော အခြေအနေတွေအပေါ်မှာ လူကြီးတွေရဲ့ တုန့်ပြန်ပုံတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးကို နူးညံ့သိမ်မွေ့သော အပြုအမူတွေနဲ့ ယဉ်ကျေးသော ကလေးဖြစ်လာဖို့ဆိုရင် ကောင်းမွန်တဲ့အရာတွေကို ရှာဖွေပြီး ချီးကျူးပေးဖို့ လိုအပ်ပါလိမ့်မယ်။ ကလေးတွေအပေါ် ရိုးရှင်းသော အပြုံးနှင့် ကျေးဇူးတင်စကားကို ပြသခြင်းက ကလေးတွေလိမ္မာယဉ်ကျေးခြင်းအတွက် အံ့ဩဖွယ်ရာနည်းဗျူဟာတစ်ခုဖြစ်ပါတယ်။

၂။ နောက်ကြောင်းပြန် အပြစ်တင်တာမျိုး ရှောင်ပါ

အပျက်သဘောဆောင်သော နောက်ကြောင်းပြန်ခြင်းဟာ အင်မတန်ဆိုးရွားသော လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ဒီအရာက ပြဿနာတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ရိုင်းစိုင်းသော ပြန်ပြောခြင်းက အမှန်တကယ်တော့ အာဏာလွန်ဆွဲခြင်းမျိုးဖြစ်လာစေနိုင်ပြီး အပြန်အလှန်တင်းမာမှုတွေနဲ့ နောက်ဆုံးမှာ အကြမ်းဖက်တွေသည်အထိလည်း ဖြစ်လာနိုင်ပါတယ်။ ကလေးကို ကြမ်းတမ်းသောတုံ့ပြန်မှုကနေ ဆွဲထုတ်ပြီး အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ တည်ငြိမ်အေးဆေးသော နည်းမျိုးကို ရွေးချယ်ပါ။ တင်းမာမှုတွေကို သိမ်မွေ့သောနည်းဖြင့် ဖြေရှင်းပါ။

၃။ စည်းကမ်းတွေ သတ်မှတ်ပါ၊ သင့်ရဲ့ အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းပါ

ကလေးဒေါသထွက်လာတာနဲ့တစ်ပြိုင်နက် ရိုင်းစိုင်းသော တုံ့ပြန်မှုတွေကို သည်းခံနိုင်မှာမဟုတ်ကြောင်း ရိုးရှင်းသောရှင်းလင်းချက်တွေနဲ့ ပြဿနာကို ချက်ချင်းဖြေရှင်းပါ။ သူတို့ရဲ့ ဒေါသ (သို့) စိတ်ပျက်အားငယ်မှုတွေကို ဖော်ပြဖို့ နည်းလမ်းတစ်ခုပေးပါ။ သူတို့ရဲ့ ခံစားချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ကြောင်း ဥပမာတစ်ခုပေးပါ(စိတ်ခံစားချက်တွေကို ကိုင်တွယ်ဖြေရှင်းခြင်းနဲ့ပတ်သက်ပြီး ချစ်မေမေပေ့ချ်မှာပဲ တင်ထားတာတွေရှိပါတယ်)။ နောက်ဆုံးမှာ ကိုယ့်စိတ်ကိုယ်အေးချမ်းအောင်ထားဖို့ သတိရပါ။ ကလေးနဲ့ အပြန်အလှန်တိုက်ခိုက်ချင်စိတ်ကို အတတ်နိုင်ဆုံးချိုးနှိမ်ထားပါ။

၄။ နောက်ထပ်အခွင့်အရေးဆိုတာ မရှိဘူး

မိဘတွေက စည်းကမ်းတွေမချမှတ်ခင်မှာ သတိပေးချက်တွေဟာ မကြာခဏထုတ်လေ့ရှိပါတယ်။ သင်ပြောမိတဲ့ စကားတစ်ခွန်းအတွက် ကတိတည်ပါ။ လက်တွေ့လုပ်ဆောင်နိုင်မယ့် ပြစ်ဒဏ်မျိုး၊ ကတိမျိုးကိုသာ ပေးပါ။ ဒီအရာက ကလေးရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို တိုးတက်လာစေနိုင်ပြီး သူတို့အတွက် အလုပ်လုပ်ပုံကိုလည်း ပိုလက်ခံလာနိုင်ပါလိမ့်မယ်။ မျှတမှုတော့ ရှိပါစေ။

Chit_May_May

Nyein_Thu

ref-blessedbeyondadoubt

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here