ကမ္ဘာမြေကြီးကို ချစ်မြတ်နိုးတတ်စေဖို့ ကလေးတွေကို သင်ကြားပေးသင့်တဲ့ အချက်(၈)ခု

0
111
- Advertisement -

ကလေးဆိုတာ အလေ့အအကျင့်တွေကို မြန်မြန်သင်လွယ်၊ တတ်လွယ်ကြပါတယ်။ မိဘတွေအနေနဲ့ သူတို့လေးတွေကို သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်တဲ့ အလေ့အထလေးတွေ သင်ပေးရင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာမှာ ကြီးမားတဲ့ အခန်းကဏ္ဍမှ ပါဝင်နိုင်ပါတယ်။ ကျွန်တော်တို့ ကလေးတွေကို သဘာဝနှင့် ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်မှု ရှိစေနိုင်ဖို့နှင့် ကမ္ဘာမြေကြီးကို ကယ်တင်ခြင်းနှင့် ပတ်သတ်တဲ့ ပြောဆိုမှုတွေ သွက်လက်တတ်ကြွစွာ ပြုလုပ်နိုင်ဖို့ ထိုအလေ့အထလေးတွေ တည်ဆောက်ခြင်းဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို ပိုမိုသတိပြုမိစေမှာ ဖြစ်ပြီး အနာဂတ်မှာ ၎င်းတို့ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာမြေကြီးကို ကယ်တင်ဖို့ နည်းလမ်းတွေနှင့် ပတ်သတ်ပြီး ကလေးတွေကို သင်ကြားပေးနိုင်တဲ့ အချက်အနည်းငယ်ကို မျှဝေချင်ပါတယ်။

၁။ မော်တော်ယာဉ်တွေဟာ ကမ္ဘာကြီး ပူနွေးလာမှုရဲ့ ကြီးမားသော အကြောင်းတရားများဖြစ်ပြီး ဓါတ်ငွေ့ ထုတ်လွှတ်မှု အားလုံးရဲ့ ၅ပုံ ၁ပုံရှိတယ်ဆိုတာ ကလေးတွေကို သင်ကြားပေးနိုင်ပါတယ်။ သူတို့က ဒီအချက်အလက်တွေကို မှတ်ထားပြီး သူတို့ရဲ့ အနာဂတ်မှာ ကားဝယ်ယူမှုနှင့် ပတ်သတ်တဲ့ ဆုံးဖြတ်ချက်တွေအတွက် အသုံးချနိုင်ပါတယ်။ မော်တော်ကားတွေ လျော့ဝယ်ခြင်းဖြင့် ကမ္ဘာမြေကြီးကို ကောင်းကောင်း ဂရုစိုက်ပေးနိုင်တယ်ဆိုတာ သင်ပေးထားရပါမယ်။

လူတစ်ယောက်ချင်းစီရဲ့ မော်တော်ကားအရေအတွက်ကို အနိမ့်ဆုံး လျှော့ချခြင်းဟာ လေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့အပြင် ကမ္ဘာကြီး ပူနွေးလာမှုကို ဖြစ်စေသော ကာဗွန်ဓါတ်ငွေ့ ထုတ်လွှတ်မှုကို လျော့နည်းစေပါတယ်။ ဒါ့အပြင် လျှပ်စစ်ကားတွေနဲ့ လောင်စာဆီသုံးကားတွေ အသုံးပြုခြင်းဟာ ဇီးရိုး emissions ဖြစ်တာကြောင့် စွမ်းအင်ကို ပြန်လည် မြှင့်တင်နိုင်တယ်ဆိုတာ ကလေးတွေ သိထားသင့်ပါတယ်။

- Advertisement -

၂။ ရေကို ချွေတာခြင်းဖြင့် ရေထိန်းသိမ်းစောင့်ရှောက်ခြင်းရဲ့ အရေးကြီးမှုကို သင်ပေးပါ။ ရေပိုက်ခေါင်းတွေကို ပိတ်ထားခြင်း၊ လိုအပ်တဲ့ ရေပမဏကိုသာ သုံးစွဲခြင်းနှင့် မိုးရေ စုဆောင်း ထိန်းသိမ်းခြင်းတို့ဖြင့် ပြုလုပ်နိုင်ကြောင်း ကလေးတွေကို သင်ပေးရပါမယ်။

၃။ တောရိုင်းတိရိစ္ဆာန်အပါအဝင် သက်ရှိသတ္တဝါတွေအားလုံးကို ဂရုစိုက်သင့်ကြောင်း ကလေးတွေကို သင်ကြားပေးသင့်ပါတယ်၊ ဂေဟစနစ် မျှတစေဖို့ ၎င်းတို့ကို အစားအစာနှင့် ချစ်ခြင်းမေတ္တာပေးခြင်းဖြင့် ဂရုစိုက်ပေးသင့်ပါတယ်။ တိရိစ္ဆာန်အချင်းချင်း တိုက်ခိုင်းတဲ့ ဖျော်ဖြေပွဲတွေ၊ တိရစ္ဆာန်ဆပ်ကပ်လို ဖျော်ဖြေပွဲတွေကို ရှောင်ကြဉ်ခြင်းဖြင့် ကမ္ဘာမြေကြီးရှိ တိရိစ္ဆာန်များကို ကူညီနိုင်ကြောင်း သင်ပေးလို့ရပါတယ်။

၄။ ဆယ်စုနှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းသွားတဲ့ ပစ္စည်းမဟုတ်တာကြောင့် ကလေးတွေကို ပလပ်စတစ်ပုလင်းတွေနှင့် ကော်ဘူးတွေကို ပြန်လည် အသုံးပြုဖို့ အားပေးသင့်ပါတယ်။
ကမ္ဘာမြေကြီးနှင့် ပင်လယ်သတ္တဝါတွေကို ထိခိုက်စေတဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်း ညစ်ညမ်းမှုတွေကို ကာကွယ်ဖို့ သင်ပေးခြင်းဟာ ကမ္ဘာမြေကြီးကို ချစ်မြတ်နိုးတတ်စေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

၅။ အော်ဂဲနစ်အစားအစာတွေ ထုတ်လုပ်ခြင်းဟာ မြေဆီလွှာကို ထိခိုက်စေတဲ့ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးတွေကို မသုံးတာကြောင့် သမားရိုးကျ စိုက်ပျိုးရေးနည်းလမ်းများထက် သဘာဝပတ်ဝန်းကျင်ကို ပိုကောင်းစေပါတယ်။ ထုတ်လုပ်တဲ့ အစားတွေကလည်း ပိုကျန်းမာပြီး အာဟာရ ပိုပြည့်ဝပါတယ်။ အမှိုက်များတဲ့ အသင့်စား အစားအစာတွေ စားမယ့်အစား သစ်သီးတွေကို သရေစာအဖြစ် စားခြင်း၊ အဆီနည်းတဲ့ အစားအစာများကို စားခြင်းနှင့် ပေါင်မုန့်နှင့် အိမ်လုပ်မုန့်တွေကို စားခြင်းက သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း သင်ပေးရပါမယ်။

၆။ သစ်ပင်တွေက အနာဂတ်ဖြစ်ပါတယ်။ သစ်ပင်တွေကို တန်ဖိုးထားပြီး ကာကွယ်တတ်ဖို့ ကလေးတွေကို သင်ပေးထား သင့်ပါတယ်။ အပင်စိုက်ပျိုးခြင်းကို ယဉ်ကျေးမှုတစ်ခုအဖြစ် ဖန်တီးတာဟာ ကျွန်တာ်တို့ရဲ့ ဂေဟစနစ်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။
ပြောင်း၊ ဖရုံသီး၊ ခရမ်းချဉ်သီးနှင့် စတော်ဘယ်ရီလို အပင်လေးတွေ စိုက်ပါ။ လိပ်ပြာတွေ၊ ပျစားပိုး နှင့် တခြားစိတ်ဝင်စားဖို့ကောင်းသော အင်းဆက်တွေကို ဆွဲဆောင်သော ပန်းပင်လေးတွေ စိုက်ပျိုးပါ။ သားသားမီးမီးတွေကို ရုက္ခဗေဒ ဥယျာဉ်လို၊ ပန်းခြံလို နေရာမျိုးကို ခေါ်သွားပေးပါ။

၇။ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် ကလေးတွေကို သဘာဝ သယံဇာတ ရင်းမြစ်တွေကို ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာ နားလည်စေဖို့ သင်ပေးရပါမယ်။ ခရီးထွက်ခြင်းနှင့် ကမ်းခြေမှာ လမ်းလျှောက်ခြင်းကဲ့သို့သော ပြင်ပကမ္ဘာကို လေ့လာခြင်းဖြင့် စွမ်းအင်ချွေတာဖို့ သင်ပေးသင့်ပါတယ်။ အသုံးပြုပြီးပါက မီးတွေကို ပိတ်ထားခြင်းဟာ လျှပ်စစ်ဓါတ်အားနှင့် စွမ်းအင်ကို ဘယ်လိုချွေတာနိုင်ကြောင်း ငယ်စဉ်ကတည်းက ကလေးတွေကို သင်ကြားပေးထားရပါမယ်။

၈။ အမှိုက်ကောက်ခြင်းဖြင့် ပတ်ဝန်းကျင် သန့်ရှင်းရေးနေ့တွေမှာ ကလေးတွေကို ပါဝင်စေခြင်းဟာ ကမ္ဘာမြေကြီးကို ချစ်မြတ်နိုးတတ်လာစေပြီး အခြားသူတွေနဲ့ အပြန်အလှန် ဆက်သွယ်မှု ကောင်းလာစေပါတယ်။

ဒီအရာတွေက ကလေးတွေကို သင်ကြားပေးဖို့ လိုအပ်တယ်၊ အရေးကြီးတယ်လို့ သင်ထင်ပါသလား? မှတ်ချက်လေးတွေ မျှဝေပေးသွားပါဦးနော်။

Lifestyle_Myanmar

LM_Nandar

Source-brightside

Zawgyi

ကမာၻေျမႀကီးကို ခ်စ္ျမတ္ႏိုးတတ္ေစဖို႔ ကေလးေတြကို သင္ၾကားေပးသင့္တဲ့ အခ်က္(၈)ခု
ကေလးဆိုတာ အေလ့အအက်င့္ေတြကို ျမန္ျမန္သင္လြယ္၊ တတ္လြယ္ၾကပါတယ္။ မိဘေတြအေနနဲ႔ သူတို႔ေလးေတြကို သဘာဝပတ္ဝန္းက်င္ႏွင့္ သဟဇာတျဖစ္တဲ့ အေလ့အထေလးေတြ သင္ေပးရင္ သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းရာမွာ ႀကီးမားတဲ့ အခန္းက႑မွ ပါဝင္ႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ ကေလးေတြကို သဘာဝႏွင့္ ပိုမိုေကာင္းမြန္တဲ့ ဆက္သြယ္မႈ ရွိေစႏိုင္ဖို႔ႏွင့္ ကမာၻေျမႀကီးကို ကယ္တင္ျခင္းႏွင့္ ပတ္သတ္တဲ့ ေျပာဆိုမႈေတြ သြက္လက္တတ္ႂကြစြာ ျပဳလုပ္ႏိုင္ဖို႔ ထိုအေလ့အထေလးေတြ တည္ေဆာက္ျခင္းဟာ မရွိမျဖစ္ လိုအပ္ပါတယ္။ ပတ္ဝန္းက်င္ဆိုင္ရာ စိန္ေခၚမႈေတြကို ပိုမိုသတိျပဳမိေစမွာ ျဖစ္ၿပီး အနာဂတ္မွာ ၎တို႔ကို ေျဖရွင္းႏိုင္မယ့္ နည္းလမ္းေတြကို ေဆြးေႏြးႏိုင္မွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ဟာ ကမာၻေျမႀကီးကို ကယ္တင္ဖို႔ နည္းလမ္းေတြႏွင့္ ပတ္သတ္ၿပီး ကေလးေတြကို သင္ၾကားေပးႏိုင္တဲ့ အခ်က္အနည္းငယ္ကို မွ်ေဝခ်င္ပါတယ္။

၁။ ေမာ္ေတာ္ယာဥ္ေတြဟာ ကမာၻႀကီး ပူေႏြးလာမႈရဲ႕ ႀကီးမားေသာ အေၾကာင္းတရားမ်ားျဖစ္ၿပီး ဓါတ္ေငြ႕ ထုတ္လႊတ္မႈ အားလုံးရဲ႕ ၅ပုံ ၁ပုံရွိတယ္ဆိုတာ ကေလးေတြကို သင္ၾကားေပးႏိုင္ပါတယ္။ သူတို႔က ဒီအခ်က္အလက္ေတြကို မွတ္ထားၿပီး သူတို႔ရဲ႕ အနာဂတ္မွာ ကားဝယ္ယူမႈႏွင့္ ပတ္သတ္တဲ့ ဆုံးျဖတ္ခ်က္ေတြအတြက္ အသုံးခ်ႏိုင္ပါတယ္။ ေမာ္ေတာ္ကားေတြ ေလ်ာ့ဝယ္ျခင္းျဖင့္ ကမာၻေျမႀကီးကို ေကာင္းေကာင္း ဂ႐ုစိုက္ေပးႏိုင္တယ္ဆိုတာ သင္ေပးထားရပါမယ္။

လူတစ္ေယာက္ခ်င္းစီရဲ႕ ေမာ္ေတာ္ကားအေရအတြက္ကို အနိမ့္ဆုံး ေလွ်ာ့ခ်ျခင္းဟာ ေလထုညစ္ညမ္းမႈကို ျဖစ္ေစတဲ့အျပင္ ကမာၻႀကီး ပူေႏြးလာမႈကို ျဖစ္ေစေသာ ကာဗြန္ဓါတ္ေငြ႕ ထုတ္လႊတ္မႈကို ေလ်ာ့နည္းေစပါတယ္။ ဒါ့အျပင္ လွ်ပ္စစ္ကားေတြနဲ႔ ေလာင္စာဆီသုံးကားေတြ အသုံးျပဳျခင္းဟာ ဇီး႐ိုး emissions ျဖစ္တာေၾကာင့္ စြမ္းအင္ကို ျပန္လည္ ျမႇင့္တင္ႏိုင္တယ္ဆိုတာ ကေလးေတြ သိထားသင့္ပါတယ္။

၂။ ေရကို ေခြၽတာျခင္းျဖင့္ ေရထိန္းသိမ္းေစာင့္ေရွာက္ျခင္းရဲ႕ အေရးႀကီးမႈကို သင္ေပးပါ။ ေရပိုက္ေခါင္းေတြကို ပိတ္ထားျခင္း၊ လိုအပ္တဲ့ ေရပမဏကိုသာ သုံးစြဲျခင္းႏွင့္ မိုးေရ စုေဆာင္း ထိန္းသိမ္းျခင္းတို႔ျဖင့္ ျပဳလုပ္ႏိုင္ေၾကာင္း ကေလးေတြကို သင္ေပးရပါမယ္။

၃။ ေတာ႐ိုင္းတိရိစာၦန္အပါအဝင္ သက္ရွိသတၱဝါေတြအားလုံးကို ဂ႐ုစိုက္သင့္ေၾကာင္း ကေလးေတြကို သင္ၾကားေပးသင့္ပါတယ္၊ ေဂဟစနစ္ မွ်တေစဖို႔ ၎တို႔ကို အစားအစာႏွင့္ ခ်စ္ျခင္းေမတၱာေပးျခင္းျဖင့္ ဂ႐ုစိုက္ေပးသင့္ပါတယ္။ တိရိစာၦန္အခ်င္းခ်င္း တိုက္ခိုင္းတဲ့ ေဖ်ာ္ေျဖပြဲေတြ၊ တိရစာၦန္ဆပ္ကပ္လို ေဖ်ာ္ေျဖပြဲေတြကို ေရွာင္ၾကဥ္ျခင္းျဖင့္ ကမာၻေျမႀကီးရွိ တိရိစာၦန္မ်ားကို ကူညီႏိုင္ေၾကာင္း သင္ေပးလို႔ရပါတယ္။

၄။ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ပ်က္စီးယိုယြင္းသြားတဲ့ ပစၥည္းမဟုတ္တာေၾကာင့္ ကေလးေတြကို ပလပ္စတစ္ပုလင္းေတြႏွင့္ ေကာ္ဘူးေတြကို ျပန္လည္ အသုံးျပဳဖို႔ အားေပးသင့္ပါတယ္။
ကမာၻေျမႀကီးႏွင့္ ပင္လယ္သတၱဝါေတြကို ထိခိုက္ေစတဲ့ ပလတ္စတစ္ စြန္႔ပစ္ပစၥည္း ညစ္ညမ္းမႈေတြကို ကာကြယ္ဖို႔ သင္ေပးျခင္းဟာ ကမာၻေျမႀကီးကို ခ်စ္ျမတ္ႏိုးတတ္ေစဖို႔ အေကာင္းဆုံးနည္းလမ္းျဖစ္ပါတယ္။

၅။ ေအာ္ဂဲနစ္အစားအစာေတြ ထုတ္လုပ္ျခင္းဟာ ေျမဆီလႊာကို ထိခိုက္ေစတဲ့ ဓါတ္ေျမၾသဇာႏွင့္ ပိုးသတ္ေဆးေတြကို မသုံးတာေၾကာင့္ သမား႐ိုးက် စိုက္ပ်ိဳးေရးနည္းလမ္းမ်ားထက္ သဘာဝပတ္ဝန္းက်င္ကို ပိုေကာင္းေစပါတယ္။ ထုတ္လုပ္တဲ့ အစားေတြကလည္း ပိုက်န္းမာၿပီး အာဟာရ ပိုျပည့္ဝပါတယ္။ အမႈိက္မ်ားတဲ့ အသင့္စား အစားအစာေတြ စားမယ့္အစား သစ္သီးေတြကို သေရစာအျဖစ္ စားျခင္း၊ အဆီနည္းတဲ့ အစားအစာမ်ားကို စားျခင္းႏွင့္ ေပါင္မုန္႔ႏွင့္ အိမ္လုပ္မုန္႔ေတြကို စားျခင္းက သဘာဝပတ္ဝန္းက်င္ကို ကာကြယ္ဖို႔ အေကာင္းဆုံး နည္းလမ္းျဖစ္ေၾကာင္း သင္ေပးရပါမယ္။

၆။ သစ္ပင္ေတြက အနာဂတ္ျဖစ္ပါတယ္။ သစ္ပင္ေတြကို တန္ဖိုးထားၿပီး ကာကြယ္တတ္ဖို႔ ကေလးေတြကို သင္ေပးထား သင့္ပါတယ္။ အပင္စိုက္ပ်ိဳးျခင္းကို ယဥ္ေက်းမႈတစ္ခုအျဖစ္ ဖန္တီးတာဟာ ကြၽန္တာ္တို႔ရဲ႕ ေဂဟစနစ္အတြက္ မရွိမျဖစ္ လိုအပ္ပါတယ္။
ေျပာင္း၊ ဖ႐ုံသီး၊ ခရမ္းခ်ဥ္သီးႏွင့္ စေတာ္ဘယ္ရီလို အပင္ေလးေတြ စိုက္ပါ။ လိပ္ျပာေတြ၊ ပ်စားပိုး ႏွင့္ တျခားစိတ္ဝင္စားဖို႔ေကာင္းေသာ အင္းဆက္ေတြကို ဆြဲေဆာင္ေသာ ပန္းပင္ေလးေတြ စိုက္ပ်ိဳးပါ။ သားသားမီးမီးေတြကို ႐ုကၡေဗဒ ဥယ်ာဥ္လို၊ ပန္းၿခံလို ေနရာမ်ိဳးကို ေခၚသြားေပးပါ။

၇။ ဘယ္အသက္အ႐ြယ္မွာပဲျဖစ္ျဖစ္ ကေလးေတြကို သဘာဝ သယံဇာတ ရင္းျမစ္ေတြကို ဘယ္လိုထိန္းသိမ္းရမလဲ ဆိုတာ နားလည္ေစဖို႔ သင္ေပးရပါမယ္။ ခရီးထြက္ျခင္းႏွင့္ ကမ္းေျခမွာ လမ္းေလွ်ာက္ျခင္းကဲ့သို႔ေသာ ျပင္ပကမာၻကို ေလ့လာျခင္းျဖင့္ စြမ္းအင္ေခြၽတာဖို႔ သင္ေပးသင့္ပါတယ္။ အသုံးျပဳၿပီးပါက မီးေတြကို ပိတ္ထားျခင္းဟာ လွ်ပ္စစ္ဓါတ္အားႏွင့္ စြမ္းအင္ကို ဘယ္လိုေခြၽတာႏိုင္ေၾကာင္း ငယ္စဥ္ကတည္းက ကေလးေတြကို သင္ၾကားေပးထားရပါမယ္။

၈။ အမႈိက္ေကာက္ျခင္းျဖင့္ ပတ္ဝန္းက်င္ သန္႔ရွင္းေရးေန႔ေတြမွာ ကေလးေတြကို ပါဝင္ေစျခင္းဟာ ကမာၻေျမႀကီးကို ခ်စ္ျမတ္ႏိုးတတ္လာေစၿပီး အျခားသူေတြနဲ႔ အျပန္အလွန္ ဆက္သြယ္မႈ ေကာင္းလာေစပါတယ္။
ဒီအရာေတြက ကေလးေတြကို သင္ၾကားေပးဖို႔ လိုအပ္တယ္၊ အေရးႀကီးတယ္လို႔ သင္ထင္ပါသလား? မွတ္ခ်က္ေလးေတြ မွ်ေဝေပးသြားပါဦးေနာ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here