ကလန်ကဆန်လုပ်တတ်တဲ့ ဆယ်ကျော်သက်အရွယ်တွေကို ဘယ်လိုထိန်းကျောင်းမလဲ

0
185
- Advertisement -

ရိုသေလေးစားမှုမရှိတဲ့ ဆယ်ကျော်သက်အရွယ်တွေကို ထိန်းကျောင်းရတာမျိုးကမလွယ်ကူပါဘူး။ ဒီလိုအရွယ်မျိုးဟာ အရာရာကို ပုန်ကန်လိုစိတ်ရှိလာတဲ့အရွယ်တွေလို့ ပြောလို့ရပါတယ်။ ဒီလိုဆယ်ကျော်သက်အရွယ်တွေရဲ့ အမူအကျင့်တွေကို ပြုပြင်နိုင်ဖို့အတွက် အချက်အလက်အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

သင့်ရဲ့ ကလေးငယ်သည် ယခုအခါမှာ အသက်အရွယ်အရ အရွယ်ရောက်ခါနီးဖြစ်လာပါပြီဆိုတဲ့ အချက်ကို လက်ခံဖို့ လိုအပ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ရောက်လာပြီဆိုတာနဲ့ ကလေးငယ်တွေဟာ ဟော်မုန်းပြောင်းလဲမှုဆိုင်ရာဖြစ်စဉ်တွေနဲ့ စိတ်ခံစားမှုဆိုင်ရာတွေဟာ ရှုပ်ထွေးမှုတွေရှိလာပြီဘဲဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်တွေဟာ အရာရာကို အစွန်းရောက်ဆန့်ကျင်စေတဲ့ အမြင်မျိုးတွေဖြစ်လာစေပါတယ်။

ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံးကို ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ မေးခွန်းထုတ်ခြင်းများစတင်နေပြီဖြစ်တာကြောင့် သူတို့ရဲ့ အပြုအမူတွေဟာ မိသားစုနဲ့ ဆန့်ကျင်ဘက်ပုံသဏ္ဍာန်မျိုးတွေဖြစ်လာပါတယ်။ အမှန်တော့ ဒါဟာ ဆယ်ကျော်သက်အရွယ်ကလေးငယ်တိုင်းဖြစ်လာတတ်တဲ့ သဘောသဘာဝမျိုးဘဲဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးဟာ သူတို့ကိုယ်တိုင်အတွက်လည်း မလွယ်ကူတဲ့အနေအထားမျိုးဖြစ်တာကြောင့် ဒီလိုသဘောသဘာဝမျိုးကို အေးဆေးတည်ငြိမ်စွာကိုင်တွယ်ဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ကလေးငယ်ဟာ မိဘတွေရဲ့ သဘောထားနဲ့ ဆန့်ကျင်ဘက်တွေကိုဘဲ ပြုလုပ်ကောင်းပြုလုပ်နိုင်ပါတယ်။ ဒါကို ဒေါသတကြီး ပြစ်တင်ကြိမ်းမောင်းမဲ့အစား မိဘတွေရဲ့ အမူအကျင့်တွေကို ကလေးငယ်တွေက အတုယူနေတယ်ဆိုတာ သတိပြုဖို့လိုပါတယ်။ ကလေးငယ်တွေဟာ တွေ့ကြုံလာရတဲ့ အခြေအနေအမျိုးမျိုးကို ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာ မိဘတွေဆီက သင်ယူနေတာကိုလည်း မမေ့ဖို့လိုပါတယ်။

- Advertisement -

သူတို့ရဲ့ ဆန့်ကျင်ဘက်ပြုလုပ်တဲ့ပုံစံတွေ၊ စကားတွေနဲ့ အပြုအမူတွေကို အာရုံစိုက်ပြီး ပမာမခန့်လုပ်တယ်၊ မိဘကို နှုတ်လှန်ထိုးတယ်လို့အပြစ်မတင်ဘဲ သူတို့လုပ်လိုက်တဲ့အပြုအမူကြောင့် မိဘတွေစိတ်မကောင်းဖြစ်ရတယ်ဆိုတာမျိုးကို ပြောပြပေးပါ။ ဒါပေမယ့် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းတော့ အရေးယူသင့်တာမျိုးကိုတော့ အရေးယူရပါမယ်။ သို့ပေမယ့်လည်း အပြစ်ပေးတယ်ဆိုတာမျိုးကို ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတမှုရှိစေဖို့နဲ့ ရိုက်နှက်ခြင်းမပြုဖို့တော့ အထူးဂရုစိုက်ဖို့လိုပါတယ်။

ဆယ်ကျော်သက်ကလေးငယ်တွေဟာ ရိုင်းစိုင်းလိုတဲ့ ရည်ရွယ်ချက်ရှိချင်မှ ရှိပါလိမ့်မယ်။ မိဘတွေအနေနဲ့ ဒေါသကို ရှေ့ထားပြီး ပြစ်တင်ပြောဆို ဝေဖန်ကဲ့ရဲ့တာမျိုးကို တတ်နိုင်သမျှရှောင်ကြဉ်ပေးဖို့လိုပါတယ်။ မိမိရဲ့ သားသမီးနဲ့ နွေးနွေးထွေးထွေးရယ်မောစရာတွေကို ပြောဆိုတာမျိုးက ကြုံလာရနိုင်တဲ့ အကြပ်အတည်းတွေကို ချိုးဖျက်နိုင်ပါလိမ့်မယ်။ ဒါကြောင့်မို့ ဆယ်ကျော်သက်အရွယ် မိမိရဲ့ သားသမီးတွေကို အကောင်းဆုံးထိန်းကျောင်းနိုင်ဖို့ဆိုရင် တတ်နိုင်သမျှ အေးဆေးတည်ငြိမ်စွာ စကားပြောဆိုဖိုနဲ့ လူအများကြား ပြစ်တင်ကြိမ်းမောင်းခြင်း၊ လှောင်ပြောင်ကဲ့ရဲ့ခြင်းများကို အထူးရှောင်ကြဉ်ဖို့လိုပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- Momjuction

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here