ကလေးကိုအလုံးစုံအန္တရာယ် ကင်းစေဖို့အတွက် မိဘတိုင်း သိထားသင့်တဲ့ အဓိကအချက်များ

0
119
- Advertisement -

ကလေးရှိတဲ့ မိဘတွေတိုင်း စိတ်ပူရတဲ့ အရာတစ်ခုက မိမိတို့ရဲ့ကလေး ပတ်ဝန်းကျင်မှာ တစ်စုံတစ်ခုနဲ့ အန္တရာယ်ကြုံနေမှာကို။ အထူးသဖြင့် မွေးကင်းစအရွယ်နဲ့ တွားသွားအရွယ်မှာ မိဘတွေအနေနဲ့ အထူးဂရုစိုက်ဖို့လိုအပ်ပြီး မတော်တဆအန္တရာယ်တွေမဖြစ်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

၁။ အန္တရာယ်ကင်းစွာအိပ်ခြင်း
ကလေးတစ်ယောက် အိပ်တဲ့အခါ လည်စည်း၊ ဦးထုပ်၊ ကစားစရာများ၊ အဝတ်များ၊ ကြိုးများစတဲ့အရာတွေနဲ့ ကင်းဝေးနေဖို့လိုပါတယ်။ ဂွမ်းစောင်ခြုံပေးထားတဲ့ အချိန်မှာလည်း ကလေးရဲ့မျက်နှာမအုပ်မိစေဖို့ မရစ်ပတ်မိစေဖို့ အထူးသတိထားပေးပါ။ ကလေးကို အသက်ရှုကျပ်တတ်ပါတယ်။ မွေးကင်းစကလေးတွေဟာ ပက်လက်အနေအထားနဲ့ပဲ အိပ်စေဖို့သင့်တော်ပါတယ်။

၂။ ချော်လဲခြင်းနဲ့ ဒါဏ်ရာရခြင်း အန္တရာယ်
သင့်ကလေး ချော်လဲစေနိုင်တဲ့ နေရာတွေကလေးအတွက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ပရိဘောဂတွေကို အသေအချာဂရုစိုက်ပြီး ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။ အထူးသဖြင့် အမြင့်တွေနဲ့ လှေကားတွေကို သေချာဂရုစိုက်ပါ။ ကလေးလမ်းလျှောက်ကျင့်တဲ့ အရုပ်ကိုအသုံးပြုနေပါက ပူတတ်တဲ့အရာတွေ လက်နဲ့မှီတဲ့ဝါယာကြိုးတွေ လှေကားတွေကို သေချာဂရုစိုက်ပေးပါ။

- Advertisement -

၃။ အသက်ရှုကျပ်ခြင်းကို ကာကွယ်နိုင်ဖို့အတွက်
သင့်ကလေးမျိုချနိုင်တဲ့ပစ္စည်းတွေ ကစားစရာအသေးလေးတွေဟာ အသက်ရှုကျပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အသက်ငါးနှစ်နဲ့ ငါးနှစ်အောက်ကလေးတွေကို လှီးထားတဲ့ ဟော့ဒေါ့၊ အခွံမာသီးအဆံ၊ သကြားလုံး၊ စပျစ်သီး နဲ့ ပြောင်းဖူးလို့စားစရာတွေကို မကျွေးပါနဲ့။ ကလေးလည်ချောင်မှာနင်တတ်ပြီး အန္တရာယ်များပါတယ်။ သူတို့ပါးစပ်ထဲကောက်ပြီး မထည့်မိစေဖို့ သေးငယ်တဲ့အရာတွေ အမှိုက်တွေကို သေချာရှင်းလင်းထားပါ။ အရေးပေါ်အသက်ကယ်နည်း CPR ကိုသေချာလေ့ကျင့်ထားပါ။

၄။ မီးအန္တရာယ်
မီးအချက်ပြ alarm ကိုသင်အိမ်မှာတပ်ထားရင် ပိုကောင်းပါတယ်။ သင့်ကလေးကို ဘယ်တော့မှမီးဖိုနားမသွားမိအောင် ဂရုစိုက်ပါ။ ဖြစ်နိုင်ရင် မီးဖိုပတ်လည်ကိုအကာအကွယ်ထားပါ။ကလေးလက်လှမ်းမှီလောက်တဲ့နေရာမှာ ထမင်းဟင်းအိုးတွေကို ပန်းကန်တွေကို မထားမိပါစေနဲ့။
မီးပူနဲ့ dryer တွေကိုသုံးပြီးရင် ပလပ်ဖြုတ်ပြီး ကလေးနဲ့ ဝေးတဲ့နေရာမှာထားပါ။ ကလေးကိုချီလျှက်သားနဲ့ ဘယ်တော့မှဟင်းမချက်ပါနဲ့။ ကလေးလက်လှမ်းမှီတဲ့နေရာမှာ မီးခြစ်ကိုမထားပါနဲ့။

၅။ အဆိပ်အန္တရာယ်
တကယ်လို့သင့်ကလေးက အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့အရာတစ်ခုခုကို မျိုချလိုက်ရင် ဆရာဝန်နဲ့မတိုင်ပင်ပဲ အန်အောင်လုပ်တာတွေ ဝမ်းချူတာတွေမလုပ်ပါနဲ့။ ဆေးဝါးတွေကို မတော်တဆမစားးမိအောင် အထားအသိုဂရုစိုက်ပါ။ ဗီရိုထဲမှာသော့ခတ်ထာရင် ပိုကောင်းပါတယ်. lithium ဘတ္တရီပါတဲ့ နှိုးစက်တွေ၊ ဓါတ်မီး၊ နာရီ၊ ရီမုတ် စတဲ့ စက်ပစ္စည်းတွေကို ကလေးနဲ့ဝေးရာမှာထားပါ။ ဆရာဝန်ရဲ့ဖုန်းနံပါတ်နဲ့ ဆေးရုံဖုန်းနံပါတ်ကို ဖုန်းထဲမှာအသေအချာမှတ်ထားပေးပါ။ လိုအပ်တဲ့အချိန် ဆက်သွယ်ပြီးမေးမြန်းပါ။

၆။ ရေအန္တရာယ်
အိမ်သာအဖုံကို သေချာစွာပိတ်ထားပြီး တံခါးကိုလည်းပိတ်ထားပါ။ ရေချိုးခန်းအတွင်း ကလေးရေချိုးပြီးတာနဲ့ ရေတွေကိုသွန်ပစ်ပါ။ ရေချိုးဇလုံမှာ ရေမရှိနေပါစေနဲ့။ တချို့မိဘတွေက ကလေးငယ်တွေကို ရေကူးသင်ပေးပြီး လွှတ်ထားတတ်ကြပါတယ်။ သုတေသနစာရင်းအရ အသက် ၁၀ နှစ်ကနေ ၁၇ နှစ်အထိ ကလေး ၄၇ ရာခိုင်နှုန်းဟာ ရေကူးကျွမ်းကျင်ပေမယ့် ရေနစ်ကြကြောင်း သိရှိရပါတယ်။ ကမ်းခြေတွေရေကူးကန်တွေကိုသွားတဲ့အခါ သင့်ကလေးကိုမျက်ခြေပြတ်မခံပါနဲ့။

၇။ W ပုံစံထိုင်ခြင်းအန္တရာယ်
W ပုံစံထိုင်ခြင်းဟာ ကလေးကို သက်တောင့်သက်သာဖြစ်စေပေမယ့် အရိုးပြဿနာ၊ ဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ ကိုယ်နေဟန်ထားနဲ့ များစွာသော ကျန်းမာရေးပြဿနာတွေကို ကြုံတွေ့ရတတ်ပါတယ်။ သင့်ကလေးကို ဘယ်တော့မှ W ပုံစံမထိုင်ခိုင်ပါနဲ့။ ခြေထောက်နှစ်ချောင်းကို ရှေ့မှာကွေးထားတဲ့ ပုံစံမျိုးပဲ ထိုင်ခိုင်းပါ။

၈။ စက်ဘီးစီးတဲ့အခါ
သင့်ကလေးစက်ဘီးတဲ့အခါတိုင်း ဦးနှောက်ထိခိုက်မှု အန္တရာယ်ကို ကာကွယ်ဖို့ အကာအကွယ် ဦးထုပ်ဆောင်းခိုင်းပါ။ ကလေးစက်ဘီးရဲ့ရှေ့နောက် မီးသီး မီးခြောက်၊အလင်းပြန်စတေကာစတဲ့အရာတွေ ရှိပါစေ။ ဘရိတ်နဲ့ ဂီယာ၊ ဘီးတွေကို သေချာစစ်ဆေးပါ။ အန္တရာယ်ကင်းကင်းနဲ့သတိရှိရှိစီးနိုင်ဖို့ သေချာသင်ကြားထားပေးပါ။

LM_Naung_Naung
Lifestyel_Myanmar

Zawgyi font

ကေလးကိုအလုံးစုံအႏၲရာယ္ ကင္းေစဖို႔အတြက္ မိဘတိုင္း သိထားသင့္တဲ့ အဓိကအခ်က္မ်ား

ကေလးရွိတဲ့ မိဘေတြတိုင္း စိတ္ပူရတဲ့ အရာတစ္ခုက မိမိတို႔ရဲ႕ကေလး ပတ္ဝန္းက်င္မွာ တစ္စုံတစ္ခုနဲ႔ အႏၲရာယ္ႀကဳံေနမွာကို။ အထူးသျဖင့္ ေမြးကင္းစအ႐ြယ္နဲ႔ တြားသြားအ႐ြယ္မွာ မိဘေတြအေနနဲ႔ အထူးဂ႐ုစိုက္ဖို႔လိုအပ္ၿပီး မေတာ္တဆအႏၲရာယ္ေတြမျဖစ္ဖို႔ ႀကိဳတင္ျပင္ဆင္ထားသင့္ပါတယ္။

၁။ အႏၲရာယ္ကင္းစြာအိပ္ျခင္း
ကေလးတစ္ေယာက္ အိပ္တဲ့အခါ လည္စည္း၊ ဦးထုပ္၊ ကစားစရာမ်ား၊ အဝတ္မ်ား၊ ႀကိဳးမ်ားစတဲ့အရာေတြနဲ႔ ကင္းေဝးေနဖို႔လိုပါတယ္။ ဂြမ္းေစာင္ၿခဳံေပးထားတဲ့ အခ်ိန္မွာလည္း ကေလးရဲ႕မ်က္ႏွာမအုပ္မိေစဖို႔ မရစ္ပတ္မိေစဖို႔ အထူးသတိထားေပးပါ။ ကေလးကို အသက္ရႈက်ပ္တတ္ပါတယ္။ ေမြးကင္းစကေလးေတြဟာ ပက္လက္အေနအထားနဲ႔ပဲ အိပ္ေစဖို႔သင့္ေတာ္ပါတယ္။

၂။ ေခ်ာ္လဲျခင္းနဲ႔ ဒါဏ္ရာရျခင္း အႏၲရာယ္
သင့္ကေလး ေခ်ာ္လဲေစႏိုင္တဲ့ ေနရာေတြကေလးအတြက္အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ ပရိေဘာဂေတြကို အေသအခ်ာဂ႐ုစိုက္ၿပီး ျပဳျပင္ေျပာင္းလဲဖို႔လိုပါတယ္။ အထူးသျဖင့္ အျမင့္ေတြနဲ႔ ေလွကားေတြကို ေသခ်ာဂ႐ုစိုက္ပါ။ ကေလးလမ္းေလွ်ာက္က်င့္တဲ့ အ႐ုပ္ကိုအသုံးျပဳေနပါက ပူတတ္တဲ့အရာေတြ လက္နဲ႔မွီတဲ့ဝါယာႀကိဳးေတြ ေလွကားေတြကို ေသခ်ာဂ႐ုစိုက္ေပးပါ။

၃။ အသက္ရႈက်ပ္ျခင္းကို ကာကြယ္ႏိုင္ဖို႔အတြက္
သင့္ကေလးမ်ိဳခ်ႏိုင္တဲ့ပစၥည္းေတြ ကစားစရာအေသးေလးေတြဟာ အသက္ရႈက်ပ္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ အသက္ငါးႏွစ္နဲ႔ ငါးႏွစ္ေအာက္ကေလးေတြကို လွီးထားတဲ့ ေဟာ့ေဒါ့၊ အခြံမာသီးအဆံ၊ သၾကားလုံး၊ စပ်စ္သီး နဲ႔ ေျပာင္းဖူးလို႔စားစရာေတြကို မေကြၽးပါနဲ႔။ ကေလးလည္ေခ်ာင္မွာနင္တတ္ၿပီး အႏၲရာယ္မ်ားပါတယ္။ သူတို႔ပါးစပ္ထဲေကာက္ၿပီး မထည့္မိေစဖို႔ ေသးငယ္တဲ့အရာေတြ အမႈိက္ေတြကို ေသခ်ာရွင္းလင္းထားပါ။ အေရးေပၚအသက္ကယ္နည္း CPR ကိုေသခ်ာေလ့က်င့္ထားပါ။

၄။ မီးအႏၲရာယ္
မီးအခ်က္ျပ alarm ကိုသင္အိမ္မွာတပ္ထားရင္ ပိုေကာင္းပါတယ္။ သင့္ကေလးကို ဘယ္ေတာ့မွမီးဖိုနားမသြားမိေအာင္ ဂ႐ုစိုက္ပါ။ ျဖစ္ႏိုင္ရင္ မီးဖိုပတ္လည္ကိုအကာအကြယ္ထားပါ။ကေလးလက္လွမ္းမွီေလာက္တဲ့ေနရာမွာ ထမင္းဟင္းအိုးေတြကို ပန္းကန္ေတြကို မထားမိပါေစနဲ႔။
မီးပူနဲ႔ dryer ေတြကိုသုံးၿပီးရင္ ပလပ္ျဖဳတ္ၿပီး ကေလးနဲ႔ ေဝးတဲ့ေနရာမွာထားပါ။ ကေလးကိုခ်ီလွ်က္သားနဲ႔ ဘယ္ေတာ့မွဟင္းမခ်က္ပါနဲ႔။ ကေလးလက္လွမ္းမွီတဲ့ေနရာမွာ မီးျခစ္ကိုမထားပါနဲ႔။

၅။ အဆိပ္အႏၲရာယ္
တကယ္လို႔သင့္ကေလးက အႏၲရာယ္ရွိတယ္လို႔ ယူဆရတဲ့အရာတစ္ခုခုကို မ်ိဳခ်လိုက္ရင္ ဆရာဝန္နဲ႔မတိုင္ပင္ပဲ အန္ေအာင္လုပ္တာေတြ ဝမ္းခ်ဴတာေတြမလုပ္ပါနဲ႔။ ေဆးဝါးေတြကို မေတာ္တဆမစားးမိေအာင္ အထားအသိုဂ႐ုစိုက္ပါ။ ဗီ႐ိုထဲမွာေသာ့ခတ္ထာရင္ ပိုေကာင္းပါတယ္. lithium ဘတၱရီပါတဲ့ ႏႈိးစက္ေတြ၊ ဓါတ္မီး၊ နာရီ၊ ရီမုတ္ စတဲ့ စက္ပစၥည္းေတြကို ကေလးနဲ႔ေဝးရာမွာထားပါ။ ဆရာဝန္ရဲ႕ဖုန္းနံပါတ္နဲ႔ ေဆး႐ုံဖုန္းနံပါတ္ကို ဖုန္းထဲမွာအေသအခ်ာမွတ္ထားေပးပါ။ လိုအပ္တဲ့အခ်ိန္ ဆက္သြယ္ၿပီးေမးျမန္းပါ။

၆။ ေရအႏၲရာယ္
အိမ္သာအဖုံကို ေသခ်ာစြာပိတ္ထားၿပီး တံခါးကိုလည္းပိတ္ထားပါ။ ေရခ်ိဳးခန္းအတြင္း ကေလးေရခ်ိဳးၿပီးတာနဲ႔ ေရေတြကိုသြန္ပစ္ပါ။ ေရခ်ိဳးဇလုံမွာ ေရမရွိေနပါေစနဲ႔။ တခ်ိဳ႕မိဘေတြက ကေလးငယ္ေတြကို ေရကူးသင္ေပးၿပီး လႊတ္ထားတတ္ၾကပါတယ္။ သုေတသနစာရင္းအရ အသက္ ၁၀ ႏွစ္ကေန ၁၇ ႏွစ္အထိ ကေလး ၄၇ ရာခိုင္ႏႈန္းဟာ ေရကူးကြၽမ္းက်င္ေပမယ့္ ေရနစ္ၾကေၾကာင္း သိရွိရပါတယ္။ ကမ္းေျခေတြေရကူးကန္ေတြကိုသြားတဲ့အခါ သင့္ကေလးကိုမ်က္ေျချပတ္မခံပါနဲ႔။

၇။ W ပုံစံထိုင္ျခင္းအႏၲရာယ္
W ပုံစံထိုင္ျခင္းဟာ ကေလးကို သက္ေတာင့္သက္သာျဖစ္ေစေပမယ့္ အ႐ိုးျပႆနာ၊ ဖြံ႕ၿဖိဳးမႈေႏွးေကြးျခင္း၊ ကိုယ္ေနဟန္ထားနဲ႔ မ်ားစြာေသာ က်န္းမာေရးျပႆနာေတြကို ႀကဳံေတြ႕ရတတ္ပါတယ္။ သင့္ကေလးကို ဘယ္ေတာ့မွ W ပုံစံမထိုင္ခိုင္ပါနဲ႔။ ေျခေထာက္ႏွစ္ေခ်ာင္းကို ေရွ႕မွာေကြးထားတဲ့ ပုံစံမ်ိဳးပဲ ထိုင္ခိုင္းပါ။

၈။ စက္ဘီးစီးတဲ့အခါ
သင့္ကေလးစက္ဘီးတဲ့အခါတိုင္း ဦးေႏွာက္ထိခိုက္မႈ အႏၲရာယ္ကို ကာကြယ္ဖို႔ အကာအကြယ္ ဦးထုပ္ေဆာင္းခိုင္းပါ။ ကေလးစက္ဘီးရဲ႕ေရွ႕ေနာက္ မီးသီး မီးေျခာက္၊အလင္းျပန္စေတကာစတဲ့အရာေတြ ရွိပါေစ။ ဘရိတ္နဲ႔ ဂီယာ၊ ဘီးေတြကို ေသခ်ာစစ္ေဆးပါ။ အႏၲရာယ္ကင္းကင္းနဲ႔သတိရွိရွိစီးႏိုင္ဖို႔ ေသခ်ာသင္ၾကားထားေပးပါ။

LM_Naung_Naung
Lifestyel_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here