ကလေးကို ပထမဆုံးမြင်တဲ့အချိန် မိခင်တစ်ဦးမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်

0
48
- Advertisement -

မိခင်တစ်ယောက်ဖြစ်ခြင်းရဲ့ မှော်ဆန်မှုက ကလေးမွေးပြီးနောက် မြင်မြင်ချင်းချစ်တဲ့ အခိုက်အတန့်ကနေ စတင်ပါတယ်။ ထိုလှပသော အခိုက်အတန့်လေးက မိခင်ရဲ့ ရင်ဘတ်ပေါ် ကလေးကို တင်ပေးတဲ့အခါမှာ ရောက်ရှိလာပါတယ်။ အဲ့အချိန်မှာ မိခင်ဟာ ကလေးရဲ့ နှလုံးခုန်ခြင်း၊ ငိုခြင်းနှင့် နွေးထွေးခြင်းကို ခံစားရနိုင်ပါတယ်။ အမိဝမ်းထဲမှာ ဖြစ်ပေါ်လာတဲ့ ဒီချစ်စရာကောင်းတဲ့လူသားလေးကို ခံစားချက်ဖြစ်ခြင်းမှာ တန်ဖိုးသတ်မှတ်ချက်တွေမရှိသလို အဓိပ္ပာယ်သတ်မှတ်ချက်တွေလည်း မရှိပါဘူး။

ကလေးမွေးပြီးနောက် အခိုက်အတန့်

ကိုယ်ဝန်ဆောင်ခြင်းက အမျိုးသမီးတစ်ယောက်အား မိခင်တစ်ယောက် ဖြစ်လာစေဖို့ ပြင်ဆင်ကူညီပေးပါတယ်။ ၎င်းက စိတ်ဓါတ်များကို အပြောင်းအလဲဖြစ်စေပြီး ( မိခင်နို့ထုတ်လုပ်ရာမှာ တာဝန်ရှိသော prolactin ကဲ့သို့သော ) ဟော်မုန်းတွေကို လှုံ့ဆော်ပေးသော စိတ်ခံစားချက်တွေကို ဖြစ်ပေါ်စေပါတယ်။

- Advertisement -

ဒီကာလမှာ မမေ့နိုင်စရာလုပ်ဆောင်မှုတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် ကလေးအတွက် လိုအပ်မယ့် ပစ္စည်းလေးတွေဝယ်တာ၊ ပြင်ဆင်ပေးထားတာကလည်း အရမ်းစိတ်ဝင်စားစရာကောင်းတဲ့အရာဖြစ်ပါတယ်။ ပုခက်ထဲမှာ အိပ်စက်နေတဲ့ အဖိုးတန်လေးကို ဖန်ဆင်းရခြင်းက မယုံနိုင်လောက်တဲ့ ခံစားမှုတစ်ခု ဖြစ်စေပါတယ်။

မေမေတို့မှာ ကိုယ်ဝန်လရင့်လာတာနှင့်အမျှ စိုးရိမ်စိတ်တွေ ကြီးထွားလာပါတယ်၊ နာကျင်မှုက မျှော်လင့်ထားတဲ့ အခိုက်အတန့်ရောက်ရှိတော့မှာကို သတိပေးနေပါတယ်။ ကိုယ်ခန္ဓာက ဒုက္ခနှင့် ပျော်ရွှင်မှုနှစ်မျိုးစလုံးနဲ့ ပြည့်နေပါတယ်။

အချိန်တန်လာတဲ့အခါ ကလေးငယ်လေးရောက်လာပါပြီ။ မိခင်ဖြစ်သူဟာ ကလေးကို မြင်တာနဲ့ ချစ်မိသွားပါပြီ၊ သူမရဲ့မိခင်ဗီဇအားလုံးက ထိုမှော်ဆန်တဲ့အချိန်မှာ ပေါ်ပေါက်လာပါတယ်။

ဒီဆက်သွယ်မှုက ချက်ချင်းပဲဖြစ်ပြီး ကလေးက မိခင်ရဲ့ ရင်ငွေ့နဲ့အတူ အေးဆေးငြိမ်သက်သွားပါတယ်။ ဒီအချိန်မှာ မိခင်အနေနဲ့ ကလေးကို ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ ခံစားလာရပါတယ်။ ဒါက ဘဝမှာ ထူးခြားတဲ့အခိုက်အတန့်ပါပဲ။

ဒီအခိုက်အတန့်လေးက ခံစားရကျိုးနပ်ပါတယ်။ သင့်မှာ တခြားကလေးရှိရင်လည်း အခိုက်အတန့်တစ်ခုစီကို ကွဲပြားစွာ ခံစားရပါလိမ့်မယ်။ ပြင်းပြမှုနှင့် စိတ်လှုပ်ရှားမှုက တူညီပေမယ့် ယခင်ကနဲ့တော့ ကွဲပြားခြားနားမှာ ဖြစ်ပါတယ်။

မြင်မြင်ချင်းအချစ်က အမြဲတမ်းမဖြစ်ပါဘူး

ချက်ချင်းတွယ်တာတဲ့ ခံစားချက်က များသောအားဖြင့် အံ့သြဖွယ်ဖြစ်သော်လည်း အမြဲတမ်းတော့ ဖြစ်လေ့ဖြစ်ထမရှိပါဘူး။ အကြောင်းရင်းအမျိုးမျိုးကြောင့် ကလေးနဲ့ connection မခံစားရနိုင်တဲ့ မိခင်တွေရှိပါတယ်။ ဒီငြင်းပယ်မှု ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းတစ်ခုက အထူးသဖြင့် ပရိုဂျက်စတုန်း ဟော်မုန်းတွေကြောင့် ဖြစ်ပါတယ်။ ဒီဟော်မုန်းတိုးများလာခြင်းက မိခင်အနေနဲ့ ကလေးအား ငြင်းပယ်စေပါတယ်။

စိတ်ဖိစီးမှုတွေကို စီမံဖို့ တာဝန်ရှိသော Corticoprine အဆင့် သိသိသာသာ တိုးလာတာကို ခံစားရတဲ့ အမျိုးသမီးတွေဟာ များသောအားဖြင့် ကိုယ်ဝန်ဆောင်စိတ်ကျရောဂါကို ခံစားရပါတယ်။ ဒါက သူတို့စိတ်မှာ သိသိသာသာပြောင်းလဲမှုနှင့် ထူးဆန်းသော စိတ်ခံစားမှုတွေကို ဖြစ်ပေါ်စေပါတယ်။

ထို့အပြင် အိမ်ထောင်ရေး အဆင်မပြေခြင်း(သို့) ပြင်းထန်တဲ့ ဘဝအပြောင်းအလဲတွေကို ကြုံတွေ့ရခြင်းက ကလေးအပေါ် မိခင်ရဲ့တွယ်တာမှုက ပုံမှန်အတိုင်း လည်ပတ်မှုမရှိခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အချို့သောမိခင်တွေဟာ အထူးသဖြင့် သားဦးမိခင်တွေဟာ ငြင်းပယ်ခြင်းကို ကြုံတွေ့ရလေ့ရှိပါတယ်။ မိခင်နှင့် ကလေး တစ်ယောက်နဲ့တစ်ယောက် လိုက်လျာညီထွေဖြစ်နေစဉ်မှာ တွယ်တာမှုကို ပြန်လည်ထူထောင်ဖို့ အချိန်နည်းနည်းယူရနိုင်ပါတယ်။

အချိန်ကြာလာတာနှင့်အမျှ မိခင်နှင့်ကလေးအကြားက နှောင်ကြိုးဟာ ခိုင်မြဲလာပါတယ်။ ဒါက များသောအားဖြင့် ကလေးမွေးဖွားပြီးနောက်မှာ မပွင့်လန်းလာတဲ့ တွယ်တာမှုနှင့် တောင့်တခြင်းကို ပြန်လည်ထူထောင်ဖို့ အကောင်းဆုံးကုထုံးဖြစ်ပါတယ်။

မိခင်နို့တိုက်ကျွေးမှုက ကလေးငယ်ကို အစာတိုက်ကျွေးခြင်း၊ အာဟာရပေးစွမ်းခြင်းအပြင် မိခင်နှင့် ကလေးအကြားက ဆက်နွယ်မှုကို ချိတ်တွဲပေးပါတယ်။ ထို့ကြောင့် အားကောင်းတဲ့ ချစ်ခြင်းမေတ္တာစနစ်ဟာ စည်းရုံးမှုရဲ့ ပျော်ရွှင်မှုကို ရရှိစေပါတယ်။

ကလေးငယ်ဟာ မိခင်ရဲ့နို့သီးခေါင်းနဲ့ ထိတွေ့မိတာနဲ့ တပြိုင်နက်တည်း မိခင်နဲ့ ကလေးခန္ဓာကိုယ်နှစ်ခုလုံးဟာ မိခင်ဆီကနေ ထုတ်လွှတ်တဲ့ အန်ဒိုရာဖင်၊ prolactin နှင့် အောက်ဆီတိုဇင် ဟော်မုန်းတွေနဲ့ ပြည့်နှက်လာပါတယ်။ ဒါက အတိုင်းအဆမရှိသော ချစ်ခြင်းမေတ္တာရဲ့ ပြွန်တွေဖြစ်ပါတယ်။

မိခင်ဖြစ်သူအနေနဲ့ ယခု သူမမှာ တာဝန်ယူရမယ့် ဘဝသစ်တစ်ခု ရှိနေပြီဆိုတာကို နားလည်သွားပါတယ်။ ဂရုစိုက်မှု၊ ခြွင်းချက်မရှိသော ချစ်ခြင်းမေတ္တာတွေများစွာနဲ့ ဘေဘီလေး ပျော်ရွင်စေဖို့ အတတ်နိုင်ဆုံးကြိုးစားမှာ ဖြစ်ပါတယ်။

Chit_MayMay

LM_Nandar

Source-yourmom

LEAVE A REPLY

Please enter your comment!
Please enter your name here