ကလေးတစ်ယောက်ဟာ ၆နှစ်အထိ ပျမ်းမျှအားဖြင့် တစ်နေ့ကို အကြိမ် 300လောက် ရယ်မောနိုင်တယ်လို့ လေ့လာမှုများအရ သိရပါတယ်။ ကလေးတစ်ယောက်ရဲ့ ရယ်မောသံက ကြားရသူတိုင်းကို ပီတိဖြစ်စေတာကြောင့် tickling ကဲ့သို့ကလေးရယ်သံဂိမ်းတွေကို ထုတ်လုပ်လာခဲ့ကြပါတယ်။ မိခင်ဝမ်းထဲမှာနေကတည်းက ကလေးတွေဟာ ပြုံးကြပေမယ့် ဒါက သူတို့အတွက် ဟာသဖြစ်လို့၊ ရယ်စရာကောင်းလို့ဆိုတဲ့ အသိဖွံ့ဖြိုးလို့မဟုတ်ပါဘူး။ မိဘတွေ သူတို့ကိုပြသတဲ့ ချစ်ခြင်းမေတ္တာနဲ့မသက်ဆိုင်ဘဲ ကလေးတွေဟာ အသက်အရွယ်မရွေး ပြုံးတတ်ကြကြောင်း သုတေသနမှာ တွေ့ရှိခဲ့ပါတယ်။ ကလေးတွေဟာ ရယ်မောရတာကို နှစ်သက်ပါတယ်။

၁လသား
၁လသား ကလေးတွေဟာ အိပ်နေရင်းလည်း ပြုံးပါတယ်။ ထို့နည်းအတူ နူးညံ့သာယာတဲ့အသံနဲ့ ချော့မြူခံရစဉ်၊ ထိတွေ့မှုကဲ့သို့ လှုံ့ဆော်မှုတွေကို အပြုံးနဲ့ တုံ့ပြန်ပါတယ်။
၂လသား
2လအရွယ် ကလေးတွေဟာ မေမေ/ဖေဖေတို့ရဲ့မျက်နှာတွေကို မြင်ရတဲ့အခါ လက်လေးတွေ၊ ခြေထောက်လေးတွေ လှုပ်ပြီး အပြုံးနဲ့ တုံ့ပြန်တတ်နေပါပြီ။
၃လ-၄လသား
ဒီအဆင့်မှာ သူတို့နဲ့ကစားပေးတဲ့အခါ၊ ချော့မြူတဲ့အခါ ကလေးတွေမှာ အပြုံးတွေနဲ့ စကားပြောတဲ့ အနုပညာကျွမ်းကျင်မှုရှိလာပါပြီ။
၆လသား
၆လသားကလေးတွေဟာ ပိုပြီးရွေးချယ်တတ်လာကြပါပြီ။ သူယုံကြည်မှုရှိတဲ့ သူကိုပဲ ပြုံးပြပါလိမ့်မယ်။
ကလေးနဲ့ရယ်မောခြင်းရဲ့ဖွံ့ဖြိုးတိုးတတ်မှုအကြောင်းကို သိသွားပြီဖြစ်တာကြောင့် ကလေးကို ရယ်မောစေမယ့် နည်းလမ်းတွေကို ရှာဖွေဖို့ အများကြီးပိုလွယ်သွားပါပြီ။
ကလေးကိုရယ်မောအောင် ဘယ်လိုလုပ်မလဲ?
သင့်ရဲ့သားသား/မီးမီးကို ရယ်မောအောင် လုပ်ချင်ရင် မစိုးရိမ်ပါနဲ့။ ကလေးတွေဟာ များသောအားဖြင့် သူတို့ရဲ့ ပထမဆုံးအပြုံးက သူတို့မိဘတွေကို ရည်စူးပါတယ်။ သူတို့ကိုရယ်အောင်၊ ပြုံးအောင်ပြုလုပ်ဖို့ အဆင့်မြင့်နည်းစနစ်ပိုလိုအပ်ရင် အချို့သော အကြံပေးချက်လေးတွေကို အောက်မှာဖော်ပြပေးထားပါတယ်။
၁။ သူတို့ကိုယားအောင်ပြုလုပ်တာ

ကလေးကို ယားအောင်ပြုလုပ်တာက သူတို့ရယ်မောစေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။
ဘာ့ကြောင့်လဲ?
ထိတွေ့မှုက ကလေးရဲ့ပထမဆုံးအာရုံခံ သိမြင်ခံစားမှုဖြစ်တာကြောင့်ပါ။ အချို့သော အာရုံကြော points တွေက ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမှတစ်ဆင့် activatedဖြစ်တာကြောင့် ဒီသက်ရောက်မှုက သဘာဝဖြစ်ပါတယ်။ကလေးရဲ့အသားအရည်က အရမ်းနူးညံ့ပြီး တုံ့ပြန်မှုရှိတာကြောင့်လည်းဖြစ်ပါတယ်။ သူတို့ကိုယားယံစေအောင် ကလိထိုးတာ၊ ခြေဖဝါး၊လက်ဖဝါးလေးကို အသာအယာကုတ်ပေးတာက သူတို့ကိုရယ်မောစေဖို့ အလွယ်ကူဆုံးနည်းလမ်းပါ။
၂။ ရေချိုးပေးတာ

ကလေးတွေဟာ သက်တောင့်သက်သာဖြစ်တဲ့ ပတ်ဝန်းကျင်တစ်ခုမှာ relax ဖြစ်ပါတယ်။ ကလေးအများစုက သူတို့ငြိမ်နေတဲ့ အချိန်မှာ ပြုံးတာ၊ ရယ်မောတာ ပိုပြီးပြုလုပ်တတ်ကြပါတယ်။ ဥပမာ- ရေချိုးချိန်ဖြစ်ပါတယ်။ ကလေးအများစုဟာ ရေကြိုက်ကြတာကြောင့် ရေဇလုံထဲက ဘယ်တော့မှမထွက်ချင်ကြပါဘူး။ သူတို့ကို ရေချိုးပေးရင်း သူတို့နဲ့အတူ ကစားပေးသင့်ပါတယ်။ ဒါမှသာ နှစ်ယောက်စလုံး ပျော်ရွှင်စရာဖြစ်လာမှာပါ။
၃။ ကစားစရာများနှင့် အမွှေးပွရုပ်များ

အရာအားလုံးက ကလေးအတွက် အသစ်ဖြစ်ပြီး အံ့သြစရာတွေချည်းပါပဲ။ ကလေးတွေက ဒီလိုအရုပ်လေးတွေကို နှစ်သက်ကြပါတယ်။ ဒါ့ကြောင့် အမွှေးပွတိရိစ္ဆာန်အရုပ်လေးတွေ၊ ကစားစရာတွေနဲ့ သူတို့ကို နောင်ပြောင်တာ၊ ဟာသလုပ်ပြတာက သင့်ကလေးရယ်မောစေဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။
၄။ တူတူရေဝါးလုပ်ပြတာ

တူတူရေဝါးလုပ်ပြတာက ကလေးတွေ သဘောကျစေယုံသာမက သူတို့ရဲ့အသိဉာဏ်ဖွံ့ဖြိုးတိုးတတ်မှုကို ကူညီပေးတဲ့ အရိုးရှင်းဆုံးကစားနည်းဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ၈လသား ကလေးငယ်ကို ဒီကစားနည်း ကစားပေးနိုင်ပါတယ်။ သင့်မျက်နှာကိုလက်ဖဝါးနဲ့အုပ်ပြီး စက္ကန့်အနည်းငယ်လောက်မှ သင့်မျက်နှာကို ပြတာ၊ ရယ်စရာမျက်နှာပြုလုပ်ပြတာ၊ တူတူရေဝါးလို့ ပြောတာက သင့်ကလေးကို အံ့သြသွားစေပြီး ရယ်မောစေပါလိမ့်မယ်။ ဒါ့အပြင် ကလေးဟာ မတူညီတဲ့ စိတ်ပိုင်းဆိုင်ရာ မျက်နှာအမှုအရာတွေကို ခွဲခြားသိမြင်လာပါလိမ့်မယ်။ ခေါင်းအုံးနောက်မှာ အရာဝတ္တုတွေကို ဝှက်တာလည်း ပြုလုပ်နိုင်ပါတယ်။
၅။ ရယ်စရာကောင်းတဲ့ မျက်နှာလုပ်ပြတာ

ကလေးတွေဟာ မေမေ/ဖေဖေတို့ရဲ့မျက်နှာအမှုအရာကို လိုက်ကြည့်ပြီး အတုခိုးတတ်ပါတယ်။ ကလေးတွေကိုရယ်အောင်ပြုလုပ်ဖို့ အခြေခံနည်းလမ်းတစ်ခုက ရယ်စရာကောင်းတဲ့ မျက်နှာ၊ အပြုအမှု ပြုလုပ်ပြခြင်းဖြစ်ပါတယ်။ အစပိုင်းမှာတော့ ဒုက္ခနည်းနည်းရှိပါလိမ့်မယ်။ ဒါပေမယ့် အရှုံးမပေးပါနဲ့။ သူတို့မျက်နှာနားကပ်ပြီး ပြုံးပြခြင်းဖြင့် စတင်ပါ။ ဒီလေ့ကျင့်ခန်းက သင့်ကလေးကို မတူညီတဲ့ အမှုအရာများရဲ့အဓိပ္ပာယ်ကို အသိအမှတ်ပြုတတ်စေဖို့ကူညီပေးပြီး body language ကိုဖော်ပြဖို့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
အပြုံးနဲ့ ရယ်မောခြင်းက ကလေးရဲ့လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုကို တကယ်ကူညီပေးပါတယ်။ ကလေးနဲ့ မိဘအကြား relationship ကိုလည်း ပိုမိုခိုင်မာစေပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-steptohealth
Zawgyi Font
ကေလးကို ရယ္ေမာေအာင္ ဘယ္လိုလုပ္မလဲ?

ကေလးတစ္ေယာက္ဟာ ၆ႏွစ္အထိ ပ်မ္းမွ်အားျဖင့္ တစ္ေန႔ကို အႀကိမ္ 300ေလာက္ ရယ္ေမာႏိုင္တယ္လို႔ ေလ့လာမႈမ်ားအရ သိရပါတယ္။ ကေလးတစ္ေယာက္ရဲ႕ ရယ္ေမာသံက ၾကားရသူတိုင္းကို ပီတိျဖစ္ေစတာေၾကာင့္ tickling ကဲ့သို႔ကေလးရယ္သံဂိမ္းေတြကို ထုတ္လုပ္လာခဲ့ၾကပါတယ္။ မိခင္ဝမ္းထဲမွာေနကတည္းက ကေလးေတြဟာ ၿပဳံးၾကေပမယ့္ ဒါက သူတို႔အတြက္ ဟာသျဖစ္လို႔၊ ရယ္စရာေကာင္းလို႔ဆိုတဲ့ အသိဖြံ႕ၿဖိဳးလို႔မဟုတ္ပါဘူး။ မိဘေတြ သူတို႔ကိုျပသတဲ့ ခ်စ္ျခင္းေမတၱာနဲ႔မသက္ဆိုင္ဘဲ ကေလးေတြဟာ အသက္အ႐ြယ္မေ႐ြး ၿပဳံးတတ္ၾကေၾကာင္း သုေတသနမွာ ေတြ႕ရွိခဲ့ပါတယ္။ ကေလးေတြဟာ ရယ္ေမာရတာကို ႏွစ္သက္ပါတယ္။

၁လသား
၁လသား ကေလးေတြဟာ အိပ္ေနရင္းလည္း ၿပဳံးပါတယ္။ ထို႔နည္းအတူ ႏူးညံ့သာယာတဲ့အသံနဲ႔ ေခ်ာ့ျမဴခံရစဥ္၊ ထိေတြ႕မႈကဲ့သို႔ လႈံ႕ေဆာ္မႈေတြကို အၿပဳံးနဲ႔ တုံ႔ျပန္ပါတယ္။
၂လသား
2လအ႐ြယ္ ကေလးေတြဟာ ေမေမ/ေဖေဖတို႔ရဲ႕မ်က္ႏွာေတြကို ျမင္ရတဲ့အခါ လက္ေလးေတြ၊ ေျခေထာက္ေလးေတြ လႈပ္ၿပီး အၿပဳံးနဲ႔ တုံ႔ျပန္တတ္ေနပါၿပီ။
၃လ-၄လသား
ဒီအဆင့္မွာ သူတို႔နဲ႔ကစားေပးတဲ့အခါ၊ ေခ်ာ့ျမဴတဲ့အခါ ကေလးေတြမွာ အၿပဳံးေတြနဲ႔ စကားေျပာတဲ့ အႏုပညာကြၽမ္းက်င္မႈရွိလာပါၿပီ။
၆လသား
၆လသားကေလးေတြဟာ ပိုၿပီးေ႐ြးခ်ယ္တတ္လာၾကပါၿပီ။ သူယုံၾကည္မႈရွိတဲ့ သူကိုပဲ ၿပဳံးျပပါလိမ့္မယ္။
ကေလးနဲ႔ရယ္ေမာျခင္းရဲ႕ဖြံ႕ၿဖိဳးတိုးတတ္မႈအေၾကာင္းကို သိသြားၿပီျဖစ္တာေၾကာင့္ ကေလးကို ရယ္ေမာေစမယ့္ နည္းလမ္းေတြကို ရွာေဖြဖို႔ အမ်ားႀကီးပိုလြယ္သြားပါၿပီ။
ကေလးကိုရယ္ေမာေအာင္ ဘယ္လိုလုပ္မလဲ?
သင့္ရဲ႕သားသား/မီးမီးကို ရယ္ေမာေအာင္ လုပ္ခ်င္ရင္ မစိုးရိမ္ပါနဲ႔။ ကေလးေတြဟာ မ်ားေသာအားျဖင့္ သူတို႔ရဲ႕ ပထမဆုံးအၿပဳံးက သူတို႔မိဘေတြကို ရည္စူးပါတယ္။ သူတို႔ကိုရယ္ေအာင္၊ ၿပဳံးေအာင္ျပဳလုပ္ဖို႔ အဆင့္ျမင့္နည္းစနစ္ပိုလိုအပ္ရင္ အခ်ိဳ႕ေသာ အႀကံေပးခ်က္ေလးေတြကို ေအာက္မွာေဖာ္ျပေပးထားပါတယ္။
၁။ သူတို႔ကိုယားေအာင္ျပဳလုပ္တာ

ကေလးကို ယားေအာင္ျပဳလုပ္တာက သူတို႔ရယ္ေမာေစဖို႔ အေကာင္းဆုံးနည္းလမ္းတစ္ခု ျဖစ္ပါတယ္။
ဘာ့ေၾကာင့္လဲ?
ထိေတြ႕မႈက ကေလးရဲ႕ပထမဆုံးအာ႐ုံခံ သိျမင္ခံစားမႈျဖစ္တာေၾကာင့္ပါ။ အခ်ိဳ႕ေသာ အာ႐ုံေၾကာ points ေတြက ႐ုပ္ပိုင္းဆိုင္ရာ ထိေတြ႕မႈမွတစ္ဆင့္ activatedျဖစ္တာေၾကာင့္ ဒီသက္ေရာက္မႈက သဘာဝျဖစ္ပါတယ္။
ကေလးရဲ႕အသားအရည္က အရမ္းႏူးညံ့ၿပီး တုံ႔ျပန္မႈရွိတာေၾကာင့္လည္းျဖစ္ပါတယ္။ သူတို႔ကိုယားယံေစေအာင္ ကလိထိုးတာ၊ ေျခဖဝါး၊လက္ဖဝါးေလးကို အသာအယာကုတ္ေပးတာက သူတို႔ကိုရယ္ေမာေစဖို႔ အလြယ္ကူဆုံးနည္းလမ္းပါ။
၂။ ေရခ်ိဳးေပးတာ

ကေလးေတြဟာ သက္ေတာင့္သက္သာျဖစ္တဲ့ ပတ္ဝန္းက်င္တစ္ခုမွာ relax ျဖစ္ပါတယ္။ ကေလးအမ်ားစုက သူတို႔ၿငိမ္ေနတဲ့ အခ်ိန္မွာ ၿပဳံးတာ၊ ရယ္ေမာတာ ပိုၿပီးျပဳလုပ္တတ္ၾကပါတယ္။ ဥပမာ- ေရခ်ိဳးခ်ိန္ျဖစ္ပါတယ္။ ကေလးအမ်ားစုဟာ ေရႀကိဳက္ၾကတာေၾကာင့္ ေရဇလုံထဲက ဘယ္ေတာ့မွမထြက္ခ်င္ၾကပါဘူး။ သူတို႔ကို ေရခ်ိဳးေပးရင္း သူတို႔နဲ႔အတူ ကစားေပးသင့္ပါတယ္။ ဒါမွသာ ႏွစ္ေယာက္စလုံး ေပ်ာ္႐ႊင္စရာျဖစ္လာမွာပါ။
၃။ ကစားစရာမ်ားႏွင့္ အေမႊးပြ႐ုပ္မ်ား

အရာအားလုံးက ကေလးအတြက္ အသစ္ျဖစ္ၿပီး အံ့ၾသစရာေတြခ်ည္းပါပဲ။ ကေလးေတြက ဒီလိုအ႐ုပ္ေလးေတြကို ႏွစ္သက္ၾကပါတယ္။ ဒါ့ေၾကာင့္ အေမႊးပြတိရိစာၦန္အ႐ုပ္ေလးေတြ၊ ကစားစရာေတြနဲ႔ သူတို႔ကို ေနာင္ေျပာင္တာ၊ ဟာသလုပ္ျပတာက သင့္ကေလးရယ္ေမာေစဖို႔ အေကာင္းဆုံး နည္းလမ္းတစ္ခုျဖစ္ပါတယ္။
၄။ တူတူေရဝါးလုပ္ျပတာ

တူတူေရဝါးလုပ္ျပတာက ကေလးေတြ သေဘာက်ေစယုံသာမက သူတို႔ရဲ႕အသိဉာဏ္ဖြံ႕ၿဖိဳးတိုးတတ္မႈကို ကူညီေပးတဲ့ အ႐ိုးရွင္းဆုံးကစားနည္းျဖစ္ပါတယ္။ ေယဘုယ်အားျဖင့္ ၈လသား ကေလးငယ္ကို ဒီကစားနည္း ကစားေပးႏိုင္ပါတယ္။ သင့္မ်က္ႏွာကိုလက္ဖဝါးနဲ႔အုပ္ၿပီး စကၠန႔္အနည္းငယ္ေလာက္မွ သင့္မ်က္ႏွာကို ျပတာ၊ ရယ္စရာမ်က္ႏွာျပဳလုပ္ျပတာ၊ တူတူေရဝါးလို႔ ေျပာတာက သင့္ကေလးကို အံ့ၾသသြားေစၿပီး ရယ္ေမာေစပါလိမ့္မယ္။ ဒါ့အျပင္ ကေလးဟာ မတူညီတဲ့ စိတ္ပိုင္းဆိုင္ရာ မ်က္ႏွာအမႈအရာေတြကို ခြဲျခားသိျမင္လာပါလိမ့္မယ္။ ေခါင္းအုံးေနာက္မွာ အရာဝတၱဳေတြကို ဝွက္တာလည္း ျပဳလုပ္ႏိုင္ပါတယ္။
၅။ ရယ္စရာေကာင္းတဲ့ မ်က္ႏွာလုပ္ျပတာ

ကေလးေတြဟာ ေမေမ/ေဖေဖတို႔ရဲ႕မ်က္ႏွာအမႈအရာကို လိုက္ၾကည့္ၿပီး အတုခိုးတတ္ပါတယ္။ ကေလးေတြကိုရယ္ေအာင္ျပဳလုပ္ဖို႔ အေျခခံနည္းလမ္းတစ္ခုက ရယ္စရာေကာင္းတဲ့ မ်က္ႏွာ၊ အျပဳအမႈ ျပဳလုပ္ျပျခင္းျဖစ္ပါတယ္။ အစပိုင္းမွာေတာ့ ဒုကၡနည္းနည္းရွိပါလိမ့္မယ္။ ဒါေပမယ့္ အရႈံးမေပးပါနဲ႔။ သူတို႔မ်က္ႏွာနားကပ္ၿပီး ၿပဳံးျပျခင္းျဖင့္ စတင္ပါ။ ဒီေလ့က်င့္ခန္းက သင့္ကေလးကို မတူညီတဲ့ အမႈအရာမ်ားရဲ႕အဓိပၸာယ္ကို အသိအမွတ္ျပဳတတ္ေစဖို႔ကူညီေပးၿပီး body language ကိုေဖာ္ျပဖို႔ နည္းလမ္းတစ္ခုလည္း ျဖစ္ပါတယ္။
အၿပဳံးနဲ႔ ရယ္ေမာျခင္းက ကေလးရဲ႕လူမႈေရးႏွင့္ စိတ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတတ္မႈကို တကယ္ကူညီေပးပါတယ္။ ကေလးနဲ႔ မိဘအၾကား relationship ကိုလည္း ပိုမိုခိုင္မာေစပါတယ္။
Lifestyle_Myanmar
LM_Nandar
Source-steptohealth