ကလေးတွေကို ပြုစုပျိုးထောင်ရတဲ့ အလုပ်ကခက်ခဲပါတယ်။ မိဘတိုင်းက ကိုယ့်ရဲ့ကလေးကို အလေ့အကျင့်ကောင်းတွေ ကိန်းအောင်း စေချင်ကြပါတယ်။ ကလေးတွေကို ကောင်းစေချင်တဲ့အတွက် ဆုံးမသွန်သင်တာက မိဘအုပ်ထိန်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သလို မိဘတွေရဲ့ အရေးပါဆုံး တာဝန်တစ်ခုပါပဲ။
ဒီဆောင်းပါးမှာ ကလေးကို သွန်သင်ဆုံးမတဲ့အခါ မိဘတွေ ပြုလုပ်မိတတ်တဲ့ အမှားအများစုကို ဖော်ပြပေးထားပါတယ်။

ကလေးကို သွန်သင်ဆုံးမတဲ့နေရာမှာ ရှောင်ရှားရမယ့်အမှားများကတော့
၁။ ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို ကိုယ်ကိုယ်တိုင် မလိုက်နာခြင်း
ဥပမာ- ကလေးကို သင်က အိမ်စာမပြီးမချင်း တီဗီမကြည့်ရဘူးလို့ ပြောထားပါလိမ့်မယ်။ ဒါပေမယ့် သူတို့အိမ်စာမပြီးသေးခင်မှာ မိဘကိုယ်တိုင်ကလည်း တီဗီကြည့်ချင်တယ်။ သူတို့ကိုလည်း တီဗီပေးကြည့်တယ်ဆိုရင် စည်းကမ်းက အဓိပ္ပာယ် မရှိတော့ပါဘူး။
မိဘကိုယ်တိုင်က စည်းကမ်းကို လိုက်နာမှု မရှိတဲ့အခါ ကလေးက အာဏာနဲ့ပတ်သတ်ပြီး စိတ်ရှုပ်ထွေးစရာ ဖြစ်လာပါလိမ့်မယ်။ သင်ဟာ သူတို့ကို တသမတ်တည်းမဟုတ်တဲ့ သဘောထားကွဲလွဲတဲ့ မက်ဆေ့ချ်တွေ ပေးတာဖြစ်သွားပါလိမ့်မယ်။
၂။ ကလေးကို သူတို့အသက်အရွယ်နဲ့ မလိုက်အောင် ကြမ်းတမ်းစွာ သွန်သင်ဆုံးမခြင်း

သွန်သင်ဆုံးမမှုမလုပ်ခင်မှာ သူတို့အသက်အရွယ်ကို ထည့်သွင်းစဥ်းစားသင့်ပါတယ်။ ငါဒီလိုပြောလိုက်ရင် သူတို့နားလည်ပါ့မလား? ဒီအရွယ်ကို ဒီလိုပြောသင့်သလား?ဆိုတာ စဥ်းစားရပါမယ်၊ မတူညီတဲ့ အသက်အရွယ်မှာ ဆုံးမပဲ့ပြင်တဲ့ပုံစံ မတူဖို့ လိုအပ်ပါတယ်။ ကလေးကို ဆိုဆုံးမတဲ့သူဟာ ကလေးကို ဘယ်အချိန်မှာ ဘယ်လိုဆုံးမပဲ့ပြင်ရမလဲဆိုတာ ကောင်းကောင်း သိနားလည်ထားသင့်ပါတယ်။
ဆိုဆုံးမတဲ့ အသံနှုန်းနဲ့ အပြုအမှုဟာ ကလေးရဲ့အသက်အရွယ်ပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ ကလေးကို စည်းကမ်းရှိအောင် ဆုံးမရာမှာ ဆူပူခြင်းမျိုး မဟုတ်ဘဲ အပြုသဘောဆန်တဲ့ ဆုံးမခြင်းမျိုး ဖြစ်ရပါမယ်။
၃။ နည်းပေးလမ်းပြလုပ်တဲ့အခါ အော်ဟစ်ပြောဆိုခြင်း

အသံကျယ်ကျယ်နဲ့ အော်ပြောခြင်းက သင့်ကလေးကို သင်ဖြစ်စေချင်တာလုပ်ဖို့ သွန်သင်တဲ့ နည်းလမ်းကောင်း မဟုတ်ပါဘူး။ ဒီလိုပါပဲ။ အရွယ်ရောက်နေတဲ့ ကလေးတစ်ယောက်ကို သွန်သင်ဆုံးမတဲ့အခါမှာ အော်ဟစ်ပြီး ပြောမယ့်အစား သူတို့နားလည်အောင် ပြောပြပေးရပါမယ်။
၄။ သွန်သင်ဆုံးမနေစဥ် အချိန်ရပ်နားချိန် ကြာလွန်းခြင်း

သွန်သင်ဆုံးမနေစဥ် အချိန်ခဏရပ်နားခြင်းက လက်မခံနိုင်တဲ့ အပြုအမှုပေါ်မှာ ပြန်လှန်စဥ်းစား သုံးသပ်ပြီး တည်ငြိမ်သွားစေဖို့ သင့်ကလေးအတွက် အရမ်းထိရောက်ပါတယ်။ အမေပြောတာ မှန်လား/မှားလားဆိုတာ စဥ်းစားထား ခဏနေ ပြန်ဆွေးနွေးမယ်ဆိုတာမျိုး ဖြစ်သင့်ပါတယ်။
ဒါပေမယ့် ဒီနည်းလမ်းကို မကြာခဏ အသုံးပြုခြင်း၊ သူတို့ကို အချိန်ကာလကြာြမင့်စွာ စောင့်ဆိုင်းစေခြင်းက ထိရောက်မှု နည်းစေပါတယ်။ ကလေးက ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် စဥ်းစားချိန် ခဏရပ်နားမှုကို တစ်မိနစ်ထက်ပိုပြီး မကြာသင့်ပါဘူး။
၅။ တိတိကျကျ မဖြစ်ခြင်း
သင့်ကလေးက မတော်တလျော် ပြုမူတဲ့အခါ သူတို့ကို ဆူပူကျိန်းမောင်းတဲ့ စကားလုံးတွေနဲ့ပဲ ထပ်ခါထပ်ခါ မပြောသင့်ပါဘူး။ ဘာပြဿနာလဲဆိုတာ ရှင်းရှင်းလင်းလင်း ရှင်းပြပါ။ ကလေးတစ်ယောက်ကို ဆုံးမသွန်သင်ခြင်းရဲ့ ရည်ရွယ်ချက်က ဘာမလုပ်ရဘူးဆိုတာ သူတို့ နားလည်စေဖို့ ဖြစ်ပါတယ်။
၆။ ယခင်အမှားတွေကို ပြန်ပြောခြင်း
အခြေအနေတစ်ခုစီက မတူညီပါဘူး။ သင့်ကလေးကို ဆုံးမတဲ့အခါ ပစ္စုပ္ပန်ကာလမှာ ဖြစ်ပျက်နေတဲ့ အရာတွေကိုပဲ အာရုံစိုက်သင့်ပါတယ်။ ဘယ်တုန်းက ဘယ်လိုလုပ်ခဲ့တာ ဆိုတာကို ပြန်မပြောပါနဲ့တော့။
၇။ ပုဂ္ဂိုလ်ရေးတွေ ပါလွန်းခြင်း
ကလေးကို ဆုံးမသွန်သင်တဲ့အခါ တစ်ဦးချင်းစီရဲ့ အပြုအမှု ပေါ်မှာပဲ အာရုံစိုက်သင့်ပါတယ်။ အခြားသူတွေနဲ့ နှိုင်းယှဥ်ပြီး မသတ်မှတ်သင့်ပါဘူး။ ဥပမာ- နင်က သူ့လောက်တော်လို့လားတို့၊ သူက နင့်ထက်စည်းကမ်းရှိတာတို့ စတဲ့စကားလုံးတွေက ကလေးရဲ့အကောင်းမြင်စိတ်ကို ဖျက်စီးသလို ဖြစ်စေပါတယ်။ ဆုံးမသွန်သင်မှုလုပ်တဲ့အခါ ပုဂ္ဂိုလ်ရေး ဝေဖန်မှု ကင်းသင့်ပါတယ်။
၈။ သင်မမြင်လိုက်တဲ့အရာတစ်ခုခုအတွက် သူတို့ကို အပြစ်ပေးခြင်း
အထူးသဖြင့် မောင်နှမရန်ပွဲတွေမှာ အခြေအနေ အကုန်လုံးကို မသိဘဲ လွယ်လွယ်နဲ့ အပြစ်ပေး၊ အမိန့်ပေးတာ ဖြစ်ပါတယ်။ သင် ဘယ်လိုဖြေရှင်းရမလဲဆိုတာ မဆုံးဖြတ်ခင်မှာ ဇာတ်လမ်းတစ်ခုလုံးကို အသေအချာ သိဖို့လိုပါတယ်။
Chit_MayMay
LM_Nandar
ကေလးကို သြင္သင္ဆုံးမတဲ့အခါ မိဘေတြမွားတတ္ၾကတဲ့ အမွားအမ်ားစု
ကေလးေတြကို ျပဳစုပ်ိဳးေထာင္ရတဲ့ အလုပ္ကခက္ခဲပါတယ္။ မိဘတိုင္းက ကိုယ့္ရဲ႕ကေလးကို အေလ့အက်င့္ေကာင္းေတြ ကိန္းေအာင္း ေစခ်င္ၾကပါတယ္။ ကေလးေတြကို ေကာင္းေစခ်င္တဲ့အတြက္ ဆုံးမသြန္သင္တာက မိဘအုပ္ထိန္းမႈရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္သလို မိဘေတြရဲ႕ အေရးပါဆုံး တာဝန္တစ္ခုပါပဲ။
ဒီေဆာင္းပါးမွာ ကေလးကို သြန္သင္ဆုံးမတဲ့အခါ မိဘေတြ ျပဳလုပ္မိတတ္တဲ့ အမွားအမ်ားစုကို ေဖာ္ျပေပးထားပါတယ္။
ကေလးကို သြန္သင္ဆုံးမတဲ့ေနရာမွာ ေရွာင္ရွားရမယ့္အမွားမ်ားကေတာ့
၁။ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို ကိုယ္ကိုယ္တိုင္ မလိုက္နာျခင္း
ဥပမာ- ကေလးကို သင္က အိမ္စာမၿပီးမခ်င္း တီဗီမၾကည့္ရဘူးလို႔ ေျပာထားပါလိမ့္မယ္။ ဒါေပမယ့္ သူတို႔အိမ္စာမၿပီးေသးခင္မွာ မိဘကိုယ္တိုင္ကလည္း တီဗီၾကည့္ခ်င္တယ္။ သူတို႔ကိုလည္း တီဗီေပးၾကည့္တယ္ဆိုရင္ စည္းကမ္းက အဓိပၸာယ္ မရွိေတာ့ပါဘူး။
မိဘကိုယ္တိုင္က စည္းကမ္းကို လိုက္နာမႈ မရွိတဲ့အခါ ကေလးက အာဏာနဲ႔ပတ္သတ္ၿပီး စိတ္ရႈပ္ေထြးစရာ ျဖစ္လာပါလိမ့္မယ္။ သင္ဟာ သူတို႔ကို တသမတ္တည္းမဟုတ္တဲ့ သေဘာထားကြဲလြဲတဲ့ မက္ေဆ့ခ်္ေတြ ေပးတာျဖစ္သြားပါလိမ့္မယ္။
၂။ ကေလးကို သူတို႔အသက္အ႐ြယ္နဲ႔ မလိုက္ေအာင္ ၾကမ္းတမ္းစြာ သြန္သင္ဆုံးမျခင္း
သြန္သင္ဆုံးမမႈမလုပ္ခင္မွာ သူတို႔အသက္အ႐ြယ္ကို ထည့္သြင္းစဥ္းစားသင့္ပါတယ္။ ငါဒီလိုေျပာလိုက္ရင္ သူတို႔နားလည္ပါ့မလား? ဒီအ႐ြယ္ကို ဒီလိုေျပာသင့္သလား?ဆိုတာ စဥ္းစားရပါမယ္၊ မတူညီတဲ့ အသက္အ႐ြယ္မွာ ဆုံးမပဲ့ျပင္တဲ့ပုံစံ မတူဖို႔ လိုအပ္ပါတယ္။ ကေလးကို ဆိုဆုံးမတဲ့သူဟာ ကေလးကို ဘယ္အခ်ိန္မွာ ဘယ္လိုဆုံးမပဲ့ျပင္ရမလဲဆိုတာ ေကာင္းေကာင္း သိနားလည္ထားသင့္ပါတယ္။
ဆိုဆုံးမတဲ့ အသံႏႈန္းနဲ႔ အျပဳအမႈဟာ ကေလးရဲ႕အသက္အ႐ြယ္ေပၚ မူတည္ၿပီး အမ်ိဳးမ်ိဳး ကြဲျပားႏိုင္ပါတယ္။ ကေလးကို စည္းကမ္းရွိေအာင္ ဆုံးမရာမွာ ဆူပူျခင္းမ်ိဳး မဟုတ္ဘဲ အျပဳသေဘာဆန္တဲ့ ဆုံးမျခင္းမ်ိဳး ျဖစ္ရပါမယ္။
၃။ နည္းေပးလမ္းျပလုပ္တဲ့အခါ ေအာ္ဟစ္ေျပာဆိုျခင္း
အသံက်ယ္က်ယ္နဲ႔ ေအာ္ေျပာျခင္းက သင့္ကေလးကို သင္ျဖစ္ေစခ်င္တာလုပ္ဖို႔ သြန္သင္တဲ့ နည္းလမ္းေကာင္း မဟုတ္ပါဘူး။ ဒီလိုပါပဲ။ အ႐ြယ္ေရာက္ေနတဲ့ ကေလးတစ္ေယာက္ကို သြန္သင္ဆုံးမတဲ့အခါမွာ ေအာ္ဟစ္ၿပီး ေျပာမယ့္အစား သူတို႔နားလည္ေအာင္ ေျပာျပေပးရပါမယ္။
၄။ သြန္သင္ဆုံးမေနစဥ္ အခ်ိန္ရပ္နားခ်ိန္ ၾကာလြန္းျခင္း
သြန္သင္ဆုံးမေနစဥ္ အခ်ိန္ခဏရပ္နားျခင္းက လက္မခံႏိုင္တဲ့ အျပဳအမႈေပၚမွာ ျပန္လွန္စဥ္းစား သုံးသပ္ၿပီး တည္ၿငိမ္သြားေစဖို႔ သင့္ကေလးအတြက္ အရမ္းထိေရာက္ပါတယ္။ အေမေျပာတာ မွန္လား/မွားလားဆိုတာ စဥ္းစားထား ခဏေန ျပန္ေဆြးေႏြးမယ္ဆိုတာမ်ိဳး ျဖစ္သင့္ပါတယ္။
ဒါေပမယ့္ ဒီနည္းလမ္းကို မၾကာခဏ အသုံးျပဳျခင္း၊ သူတို႔ကို အခ်ိန္ကာလၾကာျမင့္စြာ ေစာင့္ဆိုင္းေစျခင္းက ထိေရာက္မႈ နည္းေစပါတယ္။ ကေလးက ဘယ္အသက္အ႐ြယ္ပဲျဖစ္ျဖစ္ စဥ္းစားခ်ိန္ ခဏရပ္နားမႈကို တစ္မိနစ္ထက္ပိုၿပီး မၾကာသင့္ပါဘူး။
၅။ တိတိက်က် မျဖစ္ျခင္း
သင့္ကေလးက မေတာ္တေလ်ာ္ ျပဳမူတဲ့အခါ သူတို႔ကို ဆူပူက်ိန္းေမာင္းတဲ့ စကားလုံးေတြနဲ႔ပဲ ထပ္ခါထပ္ခါ မေျပာသင့္ပါဘူး။ ဘာျပႆနာလဲဆိုတာ ရွင္းရွင္းလင္းလင္း ရွင္းျပပါ။ ကေလးတစ္ေယာက္ကို ဆုံးမသြန္သင္ျခင္းရဲ႕ ရည္႐ြယ္ခ်က္က ဘာမလုပ္ရဘူးဆိုတာ သူတို႔ နားလည္ေစဖို႔ ျဖစ္ပါတယ္။
၆။ ယခင္အမွားေတြကို ျပန္ေျပာျခင္း
အေျခအေနတစ္ခုစီက မတူညီပါဘူး။ သင့္ကေလးကို ဆုံးမတဲ့အခါ ပစၥဳပၸန္ကာလမွာ ျဖစ္ပ်က္ေနတဲ့ အရာေတြကိုပဲ အာ႐ုံစိုက္သင့္ပါတယ္။ ဘယ္တုန္းက ဘယ္လိုလုပ္ခဲ့တာ ဆိုတာကို ျပန္မေျပာပါနဲ႔ေတာ့။
၇။ ပုဂၢိဳလ္ေရးေတြ ပါလြန္းျခင္း
ကေလးကို ဆုံးမသြန္သင္တဲ့အခါ တစ္ဦးခ်င္းစီရဲ႕ အျပဳအမႈ ေပၚမွာပဲ အာ႐ုံစိုက္သင့္ပါတယ္။ အျခားသူေတြနဲ႔ ႏႈိင္းယွဥ္ၿပီး မသတ္မွတ္သင့္ပါဘူး။ ဥပမာ- နင္က သူ႔ေလာက္ေတာ္လို႔လားတို႔၊ သူက နင့္ထက္စည္းကမ္းရွိတာတို႔ စတဲ့စကားလုံးေတြက ကေလးရဲ႕အေကာင္းျမင္စိတ္ကို ဖ်က္စီးသလို ျဖစ္ေစပါတယ္။ ဆုံးမသြန္သင္မႈလုပ္တဲ့အခါ ပုဂၢိဳလ္ေရး ေဝဖန္မႈ ကင္းသင့္ပါတယ္။
၈။ သင္မျမင္လိုက္တဲ့အရာတစ္ခုခုအတြက္ သူတို႔ကို အျပစ္ေပးျခင္း
အထူးသျဖင့္ ေမာင္ႏွမရန္ပြဲေတြမွာ အေျခအေန အကုန္လုံးကို မသိဘဲ လြယ္လြယ္နဲ႔ အျပစ္ေပး၊ အမိန္႔ေပးတာ ျဖစ္ပါတယ္။ သင္ ဘယ္လိုေျဖရွင္းရမလဲဆိုတာ မဆုံးျဖတ္ခင္မွာ ဇာတ္လမ္းတစ္ခုလုံးကို အေသအခ်ာ သိဖို႔လိုပါတယ္။