ငယ်ရွယ်တဲ့ ကလေးတွေအတွက် အနမ်းဆိုတာ ချစ်ခင်တွယ်တာမှုရဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မိဘတွေ၊ မောင်နှမတွေ၊ အဘိုးအဘွားတွေကို နမ်းတာက သူတို့ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ သူစိမ်းတစ်ယောက်ဆိုရင် သူတို့အတွက် စိတ်မသက်မသာ ဖြစ်စေနိုင်ပါတယ်။ သူတို့ဟာ အဲ့ဒီလိုလုပ်ဖို့ ငြင်းဆန်ပါလိမ့်မယ်။ ဒါ့ကြောင့် သူစိမ်းတွေနဲ့ မိတ်ဆက်တဲ့အခါ အနမ်းပေးဖို့ ကလေးကို အတင်းအကျပ် မခိုင်းသင့်ပါဘူး။ အဲ့ဒီလိုမလုပ်ခင်မှာ သူတို့ိုကို အရင်မေးသင့်ပါတယ်။ ဘယ်လိုနှုတ်ဆက်ရမလဲဆိုတာ သင့်ကလေးကို ရွေးချယ်ခွင့်ပေးသင့်ပါတယ်။ နည်းနည်းသိတတ်တဲ့အရွယ်ရောက်လာရင် ကလေးတချို့က ငယ်ငယ်တုန်းကလို အနမ်းမပေးတော့တာ၊ အရင်ကထက်နည်းသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါက သူတို့စိတ်ထဲမှာ မလုပ်ချင်တာကြောင့်၊ သူတို့မနှစ်သက်တဲ့သူဖြစ်တာကြောင့် ရှက်ကြောက်စိတ် ဖြစ်လာတာ ဖြစ်ပါတယ်။

သင့်ကလေးက ချစ်ခင်မှုကို မပြသချင်ဘူးဆိုရင် သင်အပြင်းအထန်တောင်းဆိုသင့်သလား?
ကလေးကို နမ်းဖို့ အတင်းအကျပ်မခိုင်းသင့်ပါဘူး။ သူတို့နေရာမှာ ကိုယ့်ကိုယ်ကိုထားပြီး သင်မနမ်းချင်တဲ့သူကို နမ်းရတဲ့အခါ ဘယ်လိုခံစားရလဲဆိုတာ စိတ်ကူးကြည့်ပါ။အနမ်းဟာ အမူအကျင့်ကောင်းရဲ့လက္ခဏာ တစ်ခုမဖြစ်သင့်ပါဘူး။အနောက်တိုင်းယဉ်ကျေးမှုမှာ အနမ်းပေးတာက အရွယ်ရောက်သူတွေအတွက် တစ်ယောက်ယောက်ကို နှုတ်ဆက်တဲ့နည်းဖြစ်ပေမယ့် ကလေးတွေအတွက်တော့ အနမ်းတစ်ခုက သူတို့ချစ်တဲ့သူတွေကို ချစ်ခြင်းမေတ္တာ ဖော်ပြခြင်းရဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။

သင့်ကလေးကို အပြုအမူနှင့် ယဉ်ကျေးမှု စည်းမျဉ်းစည်းကမ်းတွေသာ သင်ပေးသင့်ပါတယ်။ အနမ်းပေးဖို့ အတင်းအကျပ်ခိုင်းမယ့်အစား ကောင်းသောနံနက်ခင်းပါ၊ မင်္ဂလာပါ စသဖြင့် ပြောခြင်းကို အစားထိုးသင်ပေးလိုက်ပါ။ ကလေးတွေ မလုပ်ချင်တဲ့အရာတွေကို အတင်းမလုပ်ခိုင်းသင့်ပါဘူး။ တခါတရံမှာ ကလေးတွေဟာ တဆင့်ပြီးတဆင့်သွားပါတယ်။ သူတို့ဟာ မိဘတွေ ၊ဆွေမျိုးသားချင်းတွေကို တောင် အနမ်းပေးဖို့ ငြင်းဆန်ပါလိမ့်မယ်။ ဒါက သူတို့ခံစားချက်နဲ့ ပတ်သတ်ပြီး ရင်းနှီးမှုမရှိတာ မဟုတ်ပါဘူး။ သူတို့တကယ်ပေးချင်တဲ့အခါမှသာ သင့်ကို အနမ်းပေးပါလိမ့်မယ်။ ကလေးကို အနမ်းပေးဖို့ အတင်းအကျပ်ခိုင်းရင် သူတို့ဟာ သင်နဲ့ခပ်ခွာခွာသာ နေချင်ပါလိမ့်မယ်။

သူတို့ဟာ abuse လုပ်ဖို့ အားနည်းချက်ပိုဖြစ်လာနိုင်ပါတယ်။
ဒါကချဲ့ကားပြောတယ်လို့ ထင်ရပေမယ့် ကလေးတစ်ယောက်ကို သူတို့ဆန္ဒမရှိတဲ့အချိန်မှာ အနမ်းပေးဖို့ ဖိအားပေးရင် သူစိမ်းတွေ ချဉ်းကပ်ဖို့ ပိုလွယ်ကူနိုင်ဖွယ်ရှိပါတယ်။ သူတို့အနေနဲ့ အစောပိုင်းအသက်အရွယ်မှာ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကို ငြင်းဆန်ဖို့ သင်ယူသင့်တာ ဒီ့အတွက်ကြောင့်ပါပဲ။
Lifestyle_Myanmar
LM_Nandar
Source-steptohealth
Zawgyi Font
ကေလးကို အနမ္းေပးဖို႔ ဖိအားေပးသင့္ပါသလား?

ငယ္ရြယ္တဲ့ ကေလးေတြအတြက္ အနမ္းဆိုတာ ခ်စ္ခင္တြယ္တာမႈရဲ႕လကၡဏာတစ္ခုျဖစ္ပါတယ္။ ပံုမွန္အားျဖင့္ မိဘေတြ၊ ေမာင္ႏွမေတြ၊ အဘုိးအဘြားေတြကို နမ္းတာက သူတို႔ခ်စ္ျခင္းေမတၱာကို ေဖာ္ျပဖို႔ ျဖစ္ပါတယ္။ ဒီလုပ္ေဆာင္ခ်က္ဟာ သူစိမ္းတစ္ေယာက္ဆိုရင္ သူတို႔အတြက္ စိတ္မသက္မသာ ျဖစ္ေစႏိုင္ပါတယ္။ သူတို႔ဟာ အဲ့ဒီလိုလုပ္ဖို႔ ျငင္းဆန္ပါလိမ့္မယ္။ ဒါ့ေၾကာင့္ သူစိမ္းေတြနဲ႔ မိတ္ဆက္တဲ့အခါ အနမ္းေပးဖို႔ ကေလးကို အတင္းအက်ပ္ မခိုင္းသင့္ပါဘူး။အဲ့ဒီလိုမလုပ္ခင္မွာ သူတို႔ိုကို အရင္ေမးသင့္ပါတယ္။ ဘယ္လိုႏႈတ္ဆက္ရမလဲဆိုတာ သင့္ကေလးကို ေရြးခ်ယ္ခြင့္ေပးသင့္ပါတယ္။ နည္းနည္းသိတတ္တဲ့အရြယ္ေရာက္လာရင္ ကေလးတခ်ိဳ႕က ငယ္ငယ္တုန္းကလို အနမ္းမေပးေတာ့တာ၊ အရင္ကထက္နည္းသြားတာေတြ ျဖစ္ႏိုင္ပါတယ္။ ဒါက သူတို႔စိတ္ထဲမွာ မလုပ္ခ်င္တာေၾကာင့္၊ သူတို႔မႏွစ္သက္တဲ့သူျဖစ္တာေၾကာင့္ ရွက္ေၾကာက္စိတ္ ျဖစ္လာတာ ျဖစ္ပါတယ္။

သင့္ကေလးက ခ်စ္ခင္မႈကို မျပသခ်င္ဘူးဆိုရင္ သင္အျပင္းအထန္ေတာင္းဆိုသင့္သလား?
ကေလးကို နမ္းဖို႔ အတင္းအက်ပ္မခိုင္းသင့္ပါဘူး။ သူတို႔ေနရာမွာ ကိုယ့္ကိုယ္ကိုထားၿပီး သင္မနမ္းခ်င္တဲ့သူကို နမ္းရတဲ့အခါ ဘယ္လိုခံစားရလဲဆိုတာ စိတ္ကူးၾကည့္ပါ။ အနမ္းဟာ အမူအက်င့္ေကာင္းရဲ႕လကၡဏာ တစ္ခုမျဖစ္သင့္ပါဘူး။ အေနာက္တုိင္းယဥ္ေက်းမႈမွာ အနမ္းေပးတာက အရြယ္ေရာက္သူေတြအတြက္ တစ္ေယာက္ေယာက္ကို ႏႈတ္ဆက္တဲ့နည္းျဖစ္ေပမယ့္ ကေလးေတြအတြက္ေတာ့ အနမ္းတစ္ခုက သူတို႔ခ်စ္တဲ့သူေတြကို ခ်စ္ျခင္းေမတၱာ ေဖာ္ျပျခင္းရဲ႕နည္းလမ္းတစ္ခုျဖစ္ပါတယ္။

သင့္ကေလးကို အျပဳအမူႏွင့္ ယဥ္ေက်းမႈ စည္းမ်ဥ္းစည္းကမ္းေတြသာ သင္ေပးသင့္ပါတယ္။ အနမ္းေပးဖို႔ အတင္းအက်ပ္ခုိင္းမယ့္အစား ေကာင္းေသာနံနက္ခင္းပါ၊ မဂၤလာပါ စသျဖင့္ ေျပာျခင္းကို အစားထိုးသင္ေပးလိုက္ပါ။ ကေလးေတြ မလုပ္ခ်င္တဲ့အရာေတြကို အတင္းမလုပ္ခိုင္းသင့္ပါဘူး။ တခါတရံမွာ ကေလးေတြဟာ တဆင့္ၿပီးတဆင့္သြားပါတယ္။ သူတို႔ဟာ မိဘေတြ ၊ေဆြမ်ိဳးသားခ်င္းေတြကို ေတာင္ အနမ္းေပးဖို႔ ျငင္းဆန္ပါလိမ့္မယ္။ ဒါက သူတို႔ခံစားခ်က္နဲ႔ ပတ္သတ္ၿပီး ရင္းႏွီးမႈမရွိတာ မဟုတ္ပါဘူး။ သူတို႔တကယ္ေပးခ်င္တဲ့အခါမွသာ သင့္ကို အနမ္းေပးပါလိမ့္မယ္။ ကေလးကို အနမ္းေပးဖို႔ အတင္းအက်ပ္ခိုင္းရင္ သူတို႔ဟာ သင္နဲ႔ခပ္ခြာခြာသာ ေနခ်င္ပါလိမ့္မယ္။

သူတို႔ဟာ abuse လုပ္ဖို႔ အားနည္းခ်က္ပိုျဖစ္လာႏိုင္ပါတယ္။
ဒါကခ်ဲ႕ကားေျပာတယ္လို႔ ထင္ရေပမယ့္ ကေလးတစ္ေယာက္ကို သူတို႔ဆႏၵမရွိတဲ့အခ်ိန္မွာ အနမ္းေပးဖို႔ ဖိအားေပးရင္ သူစိမ္းေတြ ခ်ဥ္းကပ္ဖို႔ ပိုလြယ္ကူႏိုင္ဖြယ္ရွိပါတယ္။ သူတို႔အေနနဲ႔ အေစာပိုင္းအသက္အ၇ြယ္မွာ ရုပ္ပိုင္းဆိုင္ရာထိေတြ႕မႈကို ျငင္းဆန္ဖို႔ သင္ယူသင့္တာ ဒီ့အတြက္ေၾကာင့္ပါပဲ။
Lifestyle_Myanmar
LM_Nandar
Source-steptohealth