ကလေးက တစ်ယောက်တည်း ကစားရတာကို နှစ်သက်လို့ မေမေတို့ စိုးရိမ်သင့်သလား?

0
71
- Advertisement -

အမှီအခိုကင်းတဲ့ ကစားခြင်းက ကလေးတိုင်းရဲ့ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတတ်မှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်၊ ယေဘုယျအားဖြင့် အသက်သုံးနှစ်အရွယ်မှာ ကစားနည်းပြောင်းလဲမှုတွေ ပြောင်းလဲသွားပါတယ်။ ဒီသဘောမျိုးဖြင့် တစ်ယောက်တည်း ကစားခြင်းအပြင် ကလေးတွေဟာ အခြားသူတွေနဲ့ ကစားခြင်းကို စိတ်ဝင်စားမှု ပြကြပါတယ်။ မေမေတို့ကလေးသည် တစ်ယောက်တည်း ကစားလိုပါက ဘယ်အချိန်မှာ စိုးရိမ်သင့်သလဲဆိုတာကို ရှာဖွေဖို့ ဆက်ဖတ်ကြည့်ပါနော်။

“တစ်ယောက်တည်း ကစားခြင်းရဲ့ အကျိုးကျေးဇူးများ”

တစ်ဦးတည်းကစားသော ကလေးတွေဟာ တီထွင်ဖန်တီးမှုနှင့် စိတ်ကူးစိတ်သန်းများ ဖွံ့ဖြိုးလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က သူတို့ ကစားစရာတွေ (ဒါမှမဟုတ်) သူတို့ကိုယ်သူတို့ စွန့်စားမှုများစွာ ကြုံတွေ့ရတဲ့ ဇာတ်လမ်းတွေကို တီထွင်လေ့ရှိကြပါတယ်။

- Advertisement -

ထို့အပြင် တစ်ယောက်တည်း ကစားခြင်းဖြင့် ကလေးတွေဟာ သူတို့ကိုယ်သူတို့ သိကျွမ်းလာပြီး သူတို့ရဲ့ interest ကိုရှာဖွေတွေ့ရှိနိုင်ပါတယ်။ ထို့အပြင် သူတို့ဟာ နေ့တိုင်းပျော်ရွှင်ဖို့ ကျယ်ပြန့်ပြီး မတူကွဲပြားတဲ့ အတွင်းပိုင်းကမ္ဘာကြီးကို တည်ဆောက်ဖို့ သင်ယူကြပါတယ်။

ဒီဂိမ်းအမျိုးအစားရဲ့ နောက်ထပ်အားသာချက်တစ်ခုက ကလေးတွေဟာ autonomy နှင့် လွတ်လပ်မှုကို ပိုရရှိစေပါတယ်။ ဒါ့အပြင် ကိုယ့်ဘာသာ အမြဲတမ်း ဆုံးဖြတ်ချက်ချပြီး အကျိုးဆက်တွေကို တာဝန်ယူပါတယ်။ ဒီအရာအားလုံးက တာဝန်ယူမှုရဲ့ ဖွံ့ဖြိုးတိုးတတ်မှုနှင့် ပြဿနာဖြေရှင်းခြင်းအတွက် အရမ်းကောင်းပါတယ်။

အတိုချုပ်ပြောရရင် တစ်ဦးတည်းကစားချင်းက ကလေးဖွံ့ဖြိုးတိုးတတ်မှုအတွက် များစွာ အကျိုးရှိပါတယ်။ သို့သော် ၎င်းက ကလေးတွေ တစ်ချိန်လုံး ကစားသင့်တယ်လို့ မဆိုလိုပါဘူး။ ကျွန်မတို့ပြောခဲ့သလိုပဲ ဒီကစားနည်းက ကလေးငယ်တွေရဲ့ ကြီးထွားမှုနှင့် သင်ယူမှုအတွက် အခြေခံကျပါတယ်၊ သို့သော်ရွယ်တူကလေးတွေနဲ့ ပေါင်းသင်းခြင်းမှာလည်း အလားတူပဲဖြစ်ပါတယ်။ အကြောင်းက အခြားကလေးတွေနဲ့ ကစားခြင်းဟာ အခြားသူတွေကို စာနာခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းခြင်း ကဲ့သို့သော အချို့သော လူမှုရေးကျွမ်းကျင်မှုတွေနဲ့ တန်ဖိုးတွေကို ရရှိဖို့ အကောင်းဆုံးနည်းလမ်းဖြစ်လို့ပါ။

ကျွန်မကလေးက တစ်ယောက်တည်း ကစားရတာကို နှစ်သက်တယ်၊ ကျွန်မစိုးရိမ်သင့်သလား?

တကယ်လို့ မေမေတို့ကလေးက ရွယ်တူချင်းနဲ့ မကစားဘဲ တစ်ယောက်တည်း ကစားရတာကို နှစ်သက်ပါက အရမ်းစိုးရိမ်စရာမလိုပါဘူး၊ ဒါဟာ ရိုးရိုးအဆင့်သာ ဖြစ်နိုင်ပါတယ်။

ကလေးတိုင်းဟာ မတူကွဲပြားပြီး သူတို့အရှိန်အဟုန်ဖြင့်သူတို့ သွားတယ်ဆိုတာကို သတိရပါ၊ ယခုအချိန်မှာ မေမေတို့ကလေးက အခြားသူတွေနဲ့ ဆက်ဆံတာကို စိတ်အားထက်သန်မှာ မဟုတ်ပါဘူး။ အချိန်ကြာလာတာနှင့်အမျှ သူတို့ဟာ ပေါင်းသင်းဆက်ဆံရေးမှာ အခက်အခဲ ရှိလာမှာ မဟုတ်ပါဘူး။

သို့သော် ကလေးဟာ အနားယူချိန်၊ ပန်းခြံ၊ မွေးနေ့ပါတီပွဲစသဖြင့် အခြေအနေတွေမှာ အခြားကလေးတွေနဲ့ ကစားဖို့ အမြဲတမ်းတွန့်ဆုတ်နေရင် ပြဿနာအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒီကိစ္စတွေမှာ ကလေးဘာ့ကြောင့် ဒီလိုဖြစ်နေသလဲဆိုတာ ရှာဖွေဖို့အရေးကြီးပါတယ်။ သူတို့ရှက်နေတာလား၊ လူမှုရေးကျွမ်းကျင်မှု မရှိတာလား(သို့) ချက်ချင်းဖြေရှင်းဖို့ လိုအပ်တဲ့ အခြားလေးနက်တဲ့ အကြောင်းပြချက်တွေကြောင့်လားဆိုတာကို ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။

ကလေးက အခြားသူတွေနဲ့ ကစားခြင်းရဲ့ စိတ်ကူးအပေါ် မကောင်းတဲ့ အပြုအမှုတွေ မပြဘူး၊ သူတို့ well-balanced ဖြစ်နေသမျှ ကာလပတ်လုံး တစ်ယောက်တည်း ကစားရတာကို နှစ်သက်ရင် မေမေတို့ မစိုးရိမ်သင့်ပါဘူး။

“ဘဝမှာ အရေးကြီးဆုံးသော သင်ကြားမှုအားလုံးကို ကစားခြင်းဖြင့် သင်ယူတယ်” ဆိုတဲ့စကားအတိုင်း ကစားခြင်းမှတဆင့် ကလေးတွေဟာ ဘဝအတွက် အသုံးဝင်တဲ့ အရည်အချင်းတွေနဲ့ ကျွမ်းကျင်မှု မြောက်မြားစွာကို ရရှိပါတယ်။ မိခင် (သို့) ဖခင်အနေဖြင့် ဒီစကားကို အမြဲတမ်းစိတ်ထဲမှာထားပြီး ကလေးဟာ တစ်ဦးချင်း (သို့) အဖွဲ့လိုက်ကစားခြင်းနှစ်ခုလုံးကို နှစ်သက်ကြောင်း သေချာစေသင့်ပါတယ်။ ကစားနည်း နှစ်မျိးစလုံးကို အားပေးဖို့ အရေးကြီးပါတဘ်။ ဒီနည်းဖြင့် ကလေးဟာ သူတို့ရဲ့ မှန်ကန်တဲ့ သိမြင်မှု၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတတ်မှုတစ်ခုစီကို ပေးတဲ့ အားသာချက်တွေကနေ အကျိုးရရှိနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-youaremom

Chit MayMay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here