ကလေးက အစားကောင်းကောင်းမစားလို့ စိတ်ညစ်နေရင် အသုံးဝင်လိမ့်မယ့် စိတ်ပိုင်းဆိုင်ရာ အကြံပြုချက်များ

0
190
- Advertisement -

ကလေးငယ်တွေကို အစားအသောက် ကျွေးလို့မရတာက ယနေ့ခေတ် မိဘတွေကြားမှာ အကြီးမားဆုံးသော ပူပန်မှုတစ်ခုဖြစ်မှာပါ။ မိဘတွေအနေဖြင့် ကလေးတွေကို အာဏာလွန်ဆွဲပွဲ မဖြစ်စေဘဲ အစားအစာမျိုးစုံကို စားစေချင်ကြပါတယ်။ ဒါပေမယ့် အချို့သော အစားအစာတွေကို စမ်းကြည့်ဖို့ ငြင်းဆန်တာ (သို့) မိဘတွေက လိုအပ်တယ်လို့ တွေးထားတဲ့ ပမာဏကို မစားဖို့ ငြင်းဆန်တာက ကလေးတွေမှာ သာမာန်ပဲ ဖြစ်ပါတယ်။

အများစုက တစ်နှစ်အရွယ်နဲ့ သုံးနှစ်အရွယ်အတွင်းမှာ အစာစားခြင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒီအချိန်ကာလအတွင်း ကလေးတွေရဲ့ အစာအိမ်က စွမ်းဆောင်ရည် လျော့ကျသွားတာကို သတိပြုဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် သူတို့လေးတွေကို လူကြီးတွေ (သို့) ကလေးကြီးတွေလောက် နီးပါးစားဖို့ မျှော်လင့်ထားလို့ မရပါဘူး။ ဒါက သူတို့ရဲ့ စွမ်းအင်နဲ့ အာဟာရလိုအပ်ချက်တွေ တိုးလာတဲ့ အသက် ငါးနှစ်ရောက်တဲ့အထိတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကောင်းကောင်းစားတာက ကလေးတွေ သင်ယူဆည်းပူးလို့ရတဲ့ အလေ့အထတစ်ခုဆိုတာကိုလည်း သတိပြုရပါမယ်။

လိုက်လျောညီထွေဖြစ်ဖို့ အချိန်လိုအပ်ပြီး မိဘတွေအနေနဲ့ စိတ်ရှည်ဖို့လည်း လိုအပ်ပါတယ်။ အစားအစာတွေရဲ့ အသွင်အပြင်၊ အနံ့၊ အရသာတွေက ကလေးတွေအတွက် အသစ်အဆန်းဖြစ်ပါတယ်။ သို့သော်ငြားလည်း သင့်ကလေးတွေ ကောင်းကောင်းစားနိုင်စေဖို့ ထည့်သွင်းနိုင်တဲ့ ဗျူဟာတစ်ချို့ရှိပါတယ်။

- Advertisement -

ကလေးတွေ ကောင်းစွာ စားနိုင်ဖို့ မိဘတွေ ဘာလုပ်နိုင်မလဲ?

  • သင့်ကလေးအား အစားအစာကို negative တစ်ခုခုအဖြစ် တွေးဆမိအောင် မလုပ်ပါနဲ့။ သင်ဟာ specific food နှင့်ပတ်သတ်ပြီး အရမ်းပြင်းပြနေတယ်ဆိုရင် သင့်ကလေးက သံသယဖြစ်လာပါလိမ့်မယ်။ ဥပမာ- ကလေးကို ထမင်း မဖြစ်မနေ ကျွေးရမှဆိုတာမျိုးပါ။ တစ်ချိန်တည်းမှာပဲ သင့်ကလေးတွေကို တစ်ခုခုကြိုးစားဖို့ ဆုပေးတာမျိုးကို ရှောင်ပါ။
  • အပြုသဘောဆောင်တဲ့ အပြုအမှုတွေပါ်မှာ အာရုံစိုက်ပါ။ သင့်ကလေး ကောင်းကောင်းစားတဲ့အခါ အပြုသဘောဆောင်တဲ့ အားဖြည့်မှုကို ပေးပြီး အပျက်သဘောဆောင်တဲ့ အပြုအမှုတွေကို လျစ်လျူရှုပါ။ ဒီအပြုအမှုတွေကို သင်ဂရုမစိုက်တာက သင့်ကလေးကို ရပ်တန့်သွားစေနိုင်ပါတယ်။
  • သားသမီးတွေကို ဖိအားမပေးပါနဲ့၊ သို့သော် အလျှော့မပေးပါနဲ့။ သင့်ရည်မှန်းချက်က အစာစားခြင်းက သဘာဝဖြစ်ကြောင်း နဲ့ နှစ်လိုစရာကောင်းတဲ့ အရာတစ်ခုဖြစ်ကြောင်း ကလေးတွေကို ပြသသင့်ပါတယ်။ ကလေးကို အစားကျွေးပြီး အချိန်အလုံအလောက်ကုန်သွားပြီးရင် စားပွဲကို ရှင်းလင်းပါ။ ကလေးတွေကို အစာစားဖို့ ဖိအားပေးခြင်း (သို့) ပဋိပက္ခ စတင်ခြင်းမျိုး မလုပ်ပါနဲ့။ တစ်ချိန်တည်းမှာပဲ သူတို့ကြိုက်တဲ့အရာကို ပြုလုပ်ပေးခြင်းဖြင့် အလျှော့မပေးပါနဲ့။
  • ကလေးတွေရဲ့ ထင်မြင်ယူဆချက်တွေကို မှတ်သားထားပါ။ သင့်ကလေးတွေကို ဘယ်အသီးအရွက်တွေ အကြိုက်ဆုံးလဲဆိုတာ ဆုံးဖြတ်ပါစေ၊ ဒါ့အပြင် သူတို့မစားတဲ့ specific food ကို ရွေးချယ်ခွင့်ပြုပါ။

ထမင်းစားချိန်

ထမင်းစားချိန်က မိနစ် ၂၀ ကနေ ၄၀ကြား ကြာမြင့်သင့်ပါတယ်။ အစာစားချိန် မြန်မြန်ကုန်ဆုံးပါက သင့်ကလေးအစားစားတာ အရမ်းမြန်တယ်လို့ ဆိုလိုခြင်းဖြစ်နိုင်ပါတယ်။ အစာမကြေတာမျိုး မဖြစ်အောင် ကလေးအား ဖြည်းဖြည်းစားဖို့ အားပေးပါ။ တစ်ချိန်တည်းမှာပဲ အစားစားချိန်က မိနစ် ၄၀ထက် ပိုကြာပါက ကလေးရဲ့နေ့ကို အနှောက်အယှက်ဖြစ်စေပါတယ်။

မိနစ် ၄၀ပြည့်တာနဲ့ စားပွဲကို ရှင်းလိုက်ပါ။ သင့်ကလေး စားမပြီးသည်ဖြစ်စေ၊ စားပြီးသည်ဖြစ်စေ နောက်တကြိမ်စားဖို့ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ junk foodနဲ့ အဆာပြေကျွေးတာမျိုးကို ရှောင်ပါ။ ထိုသို့ပြုလုပ်ခြင်းက အချိန်မှားပြီး အစာစားခြင်းအလေ့အထ (အချိန်မှန်မှာ မစားဘဲ)ကိုရှိစေမှာ ဖြစ်ပါတယ်။

မိသားစု ထမင်းစားချိန်

ထမင်းစားချိန်က သာယာပြီး အေးဆေးတဲ့ မိသားစုအတွေ့အကြုံဖြစ်သင့်ပါတယ်။ သားသမီးတွေရဲ့ စားသောက်ပုံကို မဝေဖန်ပါနဲ့။ မိသားစုလိုက် ပေါ့ပေါ့ပါးပါး စကားပြောပါ။ ဒါက အကောင်းဆုံးရွေးချယ်မှုပါ။

ကလေးတွေ ကောင်းမွန်စွာ စားနိုင်စေဖို့အတွက် Psychological အကြံပြုချက်များ

  • မိသားစုဝင်တစ်ဦးစီရဲ့ စိတ်ကြိုက်အစားအစာတွေကို ချက်ကျွေးတာထက် မိသားစုတစ်စုလုံးကို တူညီတဲ့ အစားအစာ ပေးဆောင်ဖို့လည်း အရေးကြီးပါတယ်။ ဒါက ကလေးတွေဟာ အစားသောက်နှင့်ပတ်သတ်လို့ အခြားသူတွေရဲ့ ဖော်ပြချက်တွေကို လေ့လာကြည့်ရှု့နိုင်စေပြီး၊ သူတို့ရဲ့ ကိုယ်ပိုင်လေ့လာချက်တွေကို မျှဝေဖို့ အခွင့်အရေးရစေမှာပါ။
  • ကလေးတွေက ထမင်းစားချိန်ကို မျှဝေတဲ့ အခိုက်အတန့်အဖြစ် ခံယူတဲ့အခါ အစားအသောက်အပေါ် ခံယူတဲ့ သဘောထားက ပိုကောင်းလာပါလိမ့်မယ်။

ကလေးတွေ အစားကောင်းကောင်းစားအောင် အစားအစာအသစ်တွေကို ဘယ်လိုပေးမလဲ?

  • မှန်ကန်တဲ့ အချိန်ကို ရွေးချယ်ပါ။ ကလေးက ငြိမ်သက်ပျော်ရွှင်နေပြီး ဆာလောင်နေတဲ့အချိန်ကို ရှာဖွေပါ။ ဒါမှ ကလေးက အသစ်အဆန်းတွေကို ကြိုးစားကြည့်ချင်လာပါလိမ့်မယ်။
  • အစားအစာအသစ်ကို အနည်းငယ်လောက်သာ ကမ်းလှမ်းပြီး ကလေးသိပြီးသား အစားအစာနဲ့ တွဲပေးပါ။
  • အစားအစာသစ်တွေကို သူတို့လက်နဲ့ စူးစမ်းကြည့်ဖို့ ကလေးအား လုပ်ပိုင်ခွင့်ပေးပါ။ ပါးစပ်ထဲ ဘယ်လောက်ထည့်ရမလဲဆိုတာ ဆုံးဖြတ်ပါစေ။ နည်းနည်းကြီးတဲ့ ကလေးတွေဆိုရင် အစားအစာအသစ်တွေကို သူတို့ရဲ့ ကိုယ်ပိုင်နှုန်းနဲ့ စားကြည့်နိုင်ပါတယ်။ ဒါက အစားအစာ အသစ်တွေကို လိုလိုလားလား လက်ခံနိုင်ခြေကို တိုးစေမှာ ဖြစ်ပါတယ်။

Chit_MayMay

Nandar

Source- youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here