Home Parenting Child Care ကလေးက အပြုအမှုဆိုးလာတဲ့အခါ ဘာလုပ်မလဲ?

ကလေးက အပြုအမှုဆိုးလာတဲ့အခါ ဘာလုပ်မလဲ?

0
149

ကလေးတွေ အကျင့်ပျက်လာတဲ့အခါ မိဘတွေအနေနဲ့ စိတ်ရှည်သည်းခံနိုင်မှု ပျောက်ဆုံးသွားပြီး အာဏာလွန်ဆွဲတာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ မိဘတစ်ဦးအနေဖြင့် လုပ်ရမှာက ကလေး အပြုအမှုဆိုးရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ အပြုအမှုဆိုးတယ်ဆိုတာ ဝုန်းဒိုင်းကြဲခြင်း၊ ဒေါသဖြစ်ခြင်း (သို့) အရုပ်တွေ ၊ တခြားအရာဝတ္တုတွေကို ရိုက်ချိုးခြင်းတို့ကို ဆိုလိုခြင်းဖြစ်ပါတယ်။ တစ်ချို့ကလေးတွေဆိုရင် ဆီး၊ ဝမ်းသွားချင်ရင် ကိုယ့်ဘာသာသွားတတ်အောင် လေ့ကျင့်ပေးပြီးသားဖြစ်ပေမယ့် သူ့တို့ဘာသာ မသွားတော့ဘဲ မိဘကိုအားကိုးတာမျိုးပါ။ တစ်ချို့ကလေးတွေဆိုရင် အမိန့်တွေကို လျစ်လျူရှုခြင်း၊ အော်ဟစ်ခြင်းတို့ကို လုပ်ဆောင်ကြပါတယ်။

ကလေးတွေ ဘာ့ကြောင့် အပြုအမှုဆိုးရသလဲ?

၁။ ကလေးတွေ ဒီလိုလုပ်ရတဲ့ အဓိကအကြောင်းရင်းတွေထဲမှ တစ်ခုက မိဘတွေရဲ့ အာရုံစိုက်မှုကို ရရှိဖို့ပါ။ ကလေးက မိဘတွေနဲ့ ပတ်ဝန်းကျင်ရှိ လူကြီးတွေဆီမှ အာရုံစူးစိုက်မှုကို ရရှိဖို့အတွက် မသင့်လျော်စွာ ပြုမှုလေ့ရှိကြပါတယ်။ မိဘတွေနဲ့ လူကြီးတွေက ကလေးရဲ့ အပြုအမှုအကြောင်း စတင်ပြောဆိုလာတာကြောင့် များသောအားဖြင့် သူတို့လိုချင်ရာကို ရလာကြပါတယ်။

၂။ ကလေးတစ်ယောက် အပြုအမှုဆိုးရတဲ့ နောက်အကြောင်းရင်းတစ်ခုကတော့ သူတို့အား လျစ်လျူရှုထားသလို ခံစားရလို့ပါ။ ဥပမာ- သင်စျေးဝယ်ထွက်တဲ့အချိန် ကလေးက ပင်ပန်းတယ်လို့ ပြောတဲ့အခါမှာ ဖြစ်ပျက်တတ်ပါတယ်။ မိဘဆီက တုံ့ပြန်မှု မရရှိတာကြောင့် ဝုန်းဒိုင်းကြဲပစ်လိုက်ကြပါတယ်။ ဒါက အလုပ်ဖြစ်တယ်ဆိုတာ၊ အာရုံစူးစိုက်မှုရရှိဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်ဆိုတာကို သိရှိလာတာကြောင့် နောက်တစ်ကြိမ်ထပ်လုပ်ဖို့ ကလေးအား တွန်းအားပေးပါတယ်။

၃။ ကလေးတစ်ယောက်ရဲ့ အပြုအမှုဆိုးရတဲ့ နောက်အကြောင်းရင်းတစ်ခုကတော့ မနာလိုခြင်းပါပဲ။ ကလေးက သူတို့ရဲ့ မွေးချင်းမောင်နှမတွေ၊ သူငယ်ချင်းတစ်ဦးနှင့် မိဘတစ်ဦးကိုတောင် မနာလိုဖြစ်နိုင်ပါတယ်။ အမှန်ကတော့ ကလေးတွေဟာ သူတို့ဆိုးသွမ်းတဲ့ အပြုအမှုလုပ်တဲ့အခါ ဘယ်လိုအခြေအနေမျိုးမှာမဆို ခြယ်လှယ်နိုင်တယ်ဆိုတာကို သိလာကြတာကြောင့်ပါ။

၄။ ဒါ့အပြင် ချမှတ်ထားတဲ့ စည်းမျဉ်းတွေအကြား နယ်နိမိတ်ကင်းမဲ့ခြင်း (သို့) ကွဲလွဲမှုတွေရှိခြင်းက ကလေးငယ်တွေ ကို ဆိုးသွမ်းစွာ ပြုမှုစေတဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။ ဥပမာ- အမေက တစ်ခုခုကို တားမြစ်ပေမယ့် အဖေက ခွင့်ပြုတာပါ။

အမူအကျင့်ဆိုးခြင်းက စိတ်ပျက်မှုတွေကို သည်းမခံနိုင်ခြင်း၊ အငြိမ်မနေတတ်ခြင်း၊ လူမှုရေးစွမ်းရည်ညံ့ဖျင်းခြင်းကဲ့သို့သော ပြင်းထန်တဲ့ အပြုအမှုဆိုင်ရာ ပြဿနာတွေကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။ မဆီလျော်တဲ့ မိသားစုပတ်ဝန်းကျင်၊ အကာအကွယ်လွန်ကဲမှု၊ ကျောင်းပြဿနာများနှင့် အနိုင်ကျင့်မှုတွေကလည်း အမူအကျင့်ဆိုးစေတဲ့ အကြောင်းရင်းတွေဖြစ်ပါတယ်။

ကလေးက အမူအကျင့်ဆိုးနေတဲ့အခါ ဘာလုပ်မလဲ?

ကလေးရဲ့ အကျင့်ဆိုးကို ဆန်းစစ်ပြီး အကြောင်းတရားတွေကို ဆုံးဖြတ်ပြီးရင် ကလေးက ပြုမှုပုံမမှန်တဲ့အခါ သင်ဘယ်လိုပြုမှုလဲဆိုတာကို analyze လုပ်သင့်ပါတယ်။

၁။ စိတ်ရှည်ပြီး နားလည်ပေးပါ

သားသမီးတွေ အမူအကျင့်ဆိုးတဲ့အခါ မိဘတွေအနေနဲ့ အကျပ်အတည်းကြုံတွေ့ရပြီး စိတ်ပျက်လက်ပျက်ဖြစ်လာတတ်ပါတယ်။ ဒေါသမထွက်မိအောင်ကြိုးစားပါ။ ကလေးအား သူတို့ဘယ်လိုပြုမှုသင့်တယ်ဆိုတာကို ခိုင်မာစွာပြောပါ။ ဒေါသထွက်ခြင်းက သင်တို့နှစ်ဦးရဲ့ နယ်နိမိတ်တွေကို စမ်းသပ်မယ့် စွမ်းအားပြိုင်မှုကိုသာ ဖြစ်စေပါလိမ့်မယ်။

၂။ လူတွေပြောတဲ့စကားကြောင့် မတုန်လှုပ်ပါနဲ့

တခြားသူတွေရှေ့မှာ ဝုန်းဒိုင်းကြဲတာက မိဘတွေကို စိတ်မသက်မသာဖြစ်ရစေပါတယ်။ မိဘအနေနဲ့ ကလေးရဲ့ တောင်းဆိုချက်တွေကို စိတ်ဖြေလျှော့ပေးခြင်းဖြင့် အဆင်မပြေတဲ့ အခြေအနေကို ရှောင်ရှားတတ်ကြပါတယ်။
သူများတွေရဲ့ ထင်မြင်ယူဆချက်တွေနဲ့ သင့်ကိုမထိခိုက်ပါစေနဲ့။ ကလေးကို ပွေ့ဖက်ပေးခြင်းက ကောင်းမွန်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကလေးရဲ့ အသက်အရွယ်ပေါ်မူတည်ပြီး သူတို့လက်တွေကို ဆုပ်ကိုင်ထားကာ သူတို့လုပ်ဆောင်နေတာက မှားယွင်းနေကြောင်း ရှင်းပြနိုင်ပါတယ်။ ပြီးရင် သင်လုပ်နေတဲ့အရာကို ဆက်လုပ်ပါ။ ကလေး ငိုနေသေးတယ်ဆိုတဲ့ အချက်ကို လျစ်လျူရှုပါ။ ဒီလိုအခြေအနေမျိုးမှာ ကလေးကို attention မပေးတာက နောက်ပိုင်းမှာ ဝုန်းဒိုင်းကြဲတာကို တားဆီးပေးပါလိမ့်မယ်။

၃။ ကလေးကို မအော်ပါနဲ့ (သို့) သိမ်ငယ်အောင်မလုပ်ပါနဲ့

ကလေးတစ်ယောက်ဟာ သူတို့ရဲ့ အသက်အရွယ်ပေါ်မူတည်ပြီး အမူအကျင့်ဆိုးကို ပြုလုပ်တတ်ကြပါတယ်။ သူတို့က မိဘနဲ့ communicate လုပ်ဖို့ ကြိုးစားနေပေမယ့် ဘယ်လိုလုပ်ရမလဲဆိုတာ မသိကြလို့ပါ။ ကလေးတွေကို နမူနာယူ လေ့လာပါ။ ကလေးကို မအော်ဖို့ တောင်းဆိုပေမယ့် နောက်ဆုံးမှာ သင်က ဒေါသထွက်လာပြီး အော်ဟစ်မယ်ဆိုရင် ကလေးကို စိတ်ရှုပ်ထွေးသွားစေမှာ ဖြစ်ပါတယ်။ ကလေးကို သူတို့ မကောင်းကြောင်း၊ တခြားကလေးတွေက သူတို့ထက် ပိုကောင်းကြောင်း ပြောပြတာက ကောင်းတဲ့အကြံ မဟုတ်ပါဘူး။

၄။ အမူအကျင့်ကောင်းကို မြှင့်တင်ပါ

မိဘအများစုက သားသမီးတွေရဲ့ အပြုအမှုကောင်းကို မချီးမွမ်းကြပါဘူး။ “သားသားက ညီမလေးကို အရုပ်တွေ sharing လုပ်ပေးလို့ တော်လိုက်တာ” (သို့) ” အရုပ်တွေ၊ အဝတ်တွေကို ကောက်သိမ်းတဲ့အတွက် Thank you ပါ၊ သားသားက အရမ်းအားကိုးနေရပြီ” ဆိုတာမျိုးက သူတို့ကို ခံစားမှုကောင်းစေမှာ ဖြစ်ပါတယ်။

ကလေးတွေကို ဆုံးမတာက သူတို့ကို ထိန်းချုပ်တာမဟုတ်ပါဘူး။ ချုပ်တည်းမှုကို ထိန်းထားနိုင်အောင် ကူညီပေးတာလို့ ဆိုလိုတာပါ။ သူတို့ကို control လုပ်ရင် ကလေးမှာ မကျေနပ်မှု၊ မလုံခြုံမှုတွေနှင့်ပဲ အဆုံးသတ်သွားပါမယ်။ စိတ်ရှည်သည်းခံမှုနဲ့ ချစ်ခြင်းမေတ္တာကသာလျှင် အပြုအမှုဆိုးတွေကို ပြုပြင်ဖို့ သော့ချက်ဖြစ်ပါလိမ့်မယ်။

Chit_MayMay

Source-steptohealth

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here