ကလေးငယ်ကို မိခင်နို့တစ်မျိုးတည်း အောင်အောင်မြင်မြင် တိုက်ကျွေးနိုင်ရေးအတွက် အဟန့်အတားဖြစ်နေသည့် လွဲမှားနေသည့် အယူအဆ ၅ချက်

0
7

ကလေးငယ်များကို မွေးကင်းစမှ ၆ လအတွင်းတွင် အခြားအစားအစာများ၊ ရေ သို့မဟုတ် နို့မှုန့်တိုက်ကျွေးခြင်းများ မလိုအပ်ဘဲ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းဖြင့် ကျန်းမာသန်စွမ်းပျော်ရွှင်ကာ ဉာဏ်ရည်ထက်မြက်သည့် ကလေးငယ်များဖြစ်လာအောင် ပျိုးထောင်နိုင်သည်ကို သိပ္ပံနည်းကျသက်သေထူနိုင်ခဲ့ပြီးဖြစ်ပါသည်။ မိခင်နို့တစ်မျိုးတည်းကသာလျှင် ကလေးငယ်တို့၏ ဘဝအစပထမ ၆လတွင် လိုအပ်သည့် အာဟာရပမာဏကို ပေးစွမ်းနိုင်ကြောင်း ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေးဆိုင်ရာ အသိအမှတ်ပြုအဖွဲ့အစည်းများမှ သဘောတူညီထားကြပြီး ဖြစ်ပါသည်။ မိခင်အသစ်များ၏ဘဝတွင် စိတ်ပျော်ရွှင်ကြည်နူးဖွယ်ရာများ သာမက စိုးရိမ်ကြောင့်ကြဖွယ် အခက်အခဲများစွာတို့ကိုပါ ကြုံတွေ့ကြရပါသည်။ ထိုကဲ့သို့ စိုးရိမ်ကြောင့်ကြဖွယ်ရာများ ကြုံတွေ့နေချိန်တွင် မှန်ကန်သည့် သတင်းအချက်အလက်နှင့် လုံလောက်သည့် ကူညီပံ့ပိုးမှုများ ရရှိနိုင်ပါက မိခင်များအနေဖြင့် စိတ်ဖိစီးမှုများမှ ကင်းဝေးနိုင်ကာ မိခင်နို့တစ်မျိုးတည်းကိုအောင်အောင်မြင်မြင်တိုက်ကျွေးနိုင်မည်ဖြစ်ပါသည်။
မိခင်နို့တိုက်ကျွေးခြင်းနှင့်ပတ်သတ်သည့် လွဲမှားနေသည့် အယူအဆများအကြောင်းကို လူအများ ပိုမိုသိရှိနိုင်စေရန်အတွက် အာဟာရသိပ္ပံပညာပါရဂူ/အာဟာရဗေဒပညာရှင်နှင့် မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြု အကြံပေးပညာရှင် ဖြစ်သူ အန်တီ သဲလ်မာထွန်းသိန်း နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။ အန်တီ သဲလ်မာထွန်းသိန်း၏ ဖြေကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

လွဲမှားနေသည့် အယူအဆ ၁ – မိခင်အများစုသည် လုံလောက်သည့် မိခင်နို့ကို ထုတ်လုပ်နိုင်ခြင်းမရှိ ဟူ၍ လူအများက ထင်မှတ်ထားကြပါသည်။ အမှန်တော့လုံလောက်တဲ့ မိခင်နို့ကို မထုတ်နိုင်တဲ့ မိခင်အရေအတွက်ဟာ လူအများထင်မှတ်ထားတဲ့ အရေအတွက်ထက်ပိုပြီးနည်းပါးပါတယ်။ ၁ ရာခိုင်နှုန်း ဒါမှမဟုတ်ရင်၂ ရာခိုင်နှုန်းလောက်ပဲရှိတာပါ။ ပြောရရင် မိခင်တချို့ဟာ မှန်ကန်တဲ့နည်းလမ်းကို မသိတာကြောင့် မိခင်နို့ထွက်ဖို့ အခက်အခဲတွေ တွေ့ကြုံရတာပဲ ဖြစ်ပါတယ်။ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရေးက စိန်ခေါ်မှုတစ်ခုလို ဖြစ်နိုင်ပါတယ်။
မိခင်တွေအတွက် မိခင်နို့ရည်နည်းပါးရခြင်းရဲ့ အဓိကကျတဲ့ အကြောင်းအရင်းကတော့ မိခင်နို့ရည်ထုတ်လုပ်တဲ့ မိခင်နို့မှာ လှုံ့ဆော်မှုအားနည်းတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေ ဖြစ်ရတာကတော့ မိခင်တွေဟာ ကလေးငယ်တွေကို လုံလောက်တဲ့ ပြုစုစောင့်ရှောက်မှုမရှိတာမျိုး ဒါမှမဟုတ် ကလေးငယ်က မိခင်နို့ကို ပုံမှန် မစို့တာတွေကြောင့်ပဲဖြစ်ပါတယ်။ ကျွန်မကတော့ အမြဲဆိုသလို မိခင်တွေနဲ့တွေ့တိုင်း မိခင်နို့တိုက်ကျွေးရာမှာ ကလေးငယ်တွေကို ဘယ်လိုမှန်ကန်တဲ့ ပွေ့ချီနည်းတွေနဲ့ ကိုင်တွယ်နိုင်ကြောင်းကို ပြပေးလေ့ရှိပါတယ်။ ဒါက သိပ်ကိုအရေးကြီးတယ်။
မိခင်တစ်ယောက်ရဲ့ မိခင်နို့တိုက်ကျွေးရေး ခရီးတစ်လျောက်မှာ အစတည်းက ကလေးငယ်ကို ကောင်းကောင်းမွန်မွန်နဲ့ မိခင်နို့ကို ရယူနိုင်အောင် ကူညီပေးခြင်းက မိခင်နို့ကောင်းကောင်း ထွက်နိုင်စေမှာဖြစ်ပါတယ်။ နောက်ပြီးတော့လည်း ကလေးငယ်ကို အချိန်ပိုပေးပြီး မိခင်နို့ကို ပုံမှန်တိုက်ကျွေးခြင်းဟာ မိခင်နို့ရည်ကို ထုတ်လုပ်ပေးနေတဲ့ မိခင်နို့ကို ပိုမိုလှုံ့ဆော်ပေးရာရောက်ပြီး နို့ရည်ပိုမိုထွက်ဖို့ကိုလည်း အထောက်အကူဖြစ်စေပါတယ်။ ကျွန်မနဲ့ တွေ့ဖြစ်နေတဲ့ မိခင်တစ်ယောက် ဖြစ်တဲ့ မနန်းအိမ်ညင်ဆိုရင်အရှေ့မှာပြောသွားတဲ့ နည်းလမ်းတွေကို အကုန်လုပ်ခဲ့တယ်။ ပြီးတော့ သူဟာ မိခင်နို့ကိုလည်း အောင်အောင်မြင်မြင်နဲ့ထုတ်လုပ်နိုင်တာကိုအံ့မခန်းတွေ့ရှိခဲ့ရပါတယ်။

လွဲမှားနေသည့် အယူအဆ ၂ – ကလေးငယ်များကို မိခင်နို့အပြင် ရေကိုပါ တိုက်ကျွေးဖို့ လိုအပ်သည်ဟူ၍ လူအများက ထင်မှတ်ထားကြပါသည်။ မိခင်နို့ရည်မှာ ကလေးငယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေပါဝင်ပြီး ရေပါဝင်မှုက ၈၀ ရာခိုင်နှုန်းရှိတာကို သိပ္ပံနည်းကျတွေ့ရှိထားပြီးဖြစ်ပါတယ်။
ဒါကြောင့် ပူအိုက်တဲ့ရာသီမှာတောင် မိခင်နို့ရည်က ကလေးငယ်အတွက်လိုအပ်တဲ့ အာဟာရနဲ့ ရေဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။ အခုချိန်မှာ ကလေးငယ်တွေကို ရေတိုက်ကျွေးမိရင်အန္တရာယ်ရှိတဲ့ ရောဂါပိုးမွှားတွေ ဝင်ရောက်ကာ ဝမ်းပျက်ဝမ်းလျှောနဲ့ အဖျားဝင်ဖို့အတွက် အခွင့်အလမ်း ပိုများနိုင်ပါတယ်။ နောက်ပြီး တစ်ဆက်တည်းမှာပဲ ကလေးငယ်ကို လျင်လျင်မြန်မြန် ဗိုက်ပြည့် သွားစေပြီး မိခင်နို့ကောင်းကောင်းတိုက်ကျွေးနိုင်ဖို့အဟန့်အတား ဖြစ်စေမှာ ဖြစ်ပါတယ်။

လွဲမှားနေသည့် အယူအဆ ၃ – မိခင်နို့တိုက်ကျွေးခြင်းအားဖြင့် ကလေးငယ်အတွက် လိုအပ်သည့် အာဟာရကို ဖြည်ဆည်းပေးဖို့အတွက် အချိန်ရှည်ကြာလွန်းသည်။
မိခင်နို့တိုက်ကျွေးနေစဉ်မှာ မိခင်နို့ကနေ နို့ရည်ကို အဆက်အပြတ် ထုတ်လုပ်ပေးပါတယ်။ ပြီးတော့လည်း ကလေးငယ်ကို မိခင်နို့ အချိန်မှန်တိုက်ကျွေးခြင်းအလေ့အထက မိခင်နို့ ပိုမိုထုတ်လုပ် နိုင်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ဒီအလေ့အကျင့်က မိခင်နို့တိုက်ကျွေးဖို့အတွက် မိခင်နို့ရည်ပြန်လည်ပြည့်တင်းချိန် အချိန်အပိုင်းအခြားတစ်ခုရယ်လို့ စောင့်ဆိုင်းနေစရာ မလိုအပ် ကြောင်းကို ပြနေပါတယ်။ မကြာခင်က တွေ့ဆုံဖြစ်ခဲ့တဲ့ အမေဖြစ်သူ မအေးအေးဇော် က သူ့ရဲ့ သမီးကလေးအတွက်မိခင်နို့ကိုအကြိမ်ရေများများ တိုက်ကျွေးဖြစ်ပြီး တစ်ရက်ကို၆၀၀ စီစီကနေ ၇၀၀ စီစီ ထွက်ပါတယ်လို့ ပြောပြပါတယ်။ ဒါကများပြားတဲ့ပမာဏတစ်ခုပါပဲ။ မှန်ကန်တဲ့
မိခင်နို့တိုက်ကျွေးနည်းလမ်းကို ကောင်းကောင်းမွန်မွန် သိရှိနားလည်ထားပြီး၊ အဘက်ဘက်ကနေ ကူညီပံ့ပိုးပေးတဲ့ လူမှုအသိုင်းအဝိုင်းနဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေ ရှိထားမယ်ဆိုရင် မိခင်တစ်ယောက်အတွက် စိတ်ဖိစီးမှုကင်းဝေးစေပြီး မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းကိုကောင်းကောင်းလုပ်နိုင်မှာ ဖြစ်ပါတယ်။

လွဲမှားနေသည့် အယူအဆ ၄ – မိခင်နို့ မကြာခဏ တိုက်ကျွေးခြင်းနှင့် ကလေးငယ်ကို အလွန်အကျွံချီပိုးခြင်းသည် ၎င်းကို မှီခိုတတ်သောသူဖြစ်စေသည်။ မွေးကင်းစကနေ ၆ လအထိ မကြာခဏ မိခင်နို့တိုက်ကျွေးခံရပြီး ချီပိုးခံရတဲ့ကလေးငယ်တွေဟာ သူတို့အတွက်လိုအပ်တဲ့ အကောင်းဆုံးအာဟာရကို ရရှိကြရုံသာမက စိတ်လုံခြုံမှုရရှိတတ်ကြကြောင်း လေ့လာဆန်းစစ်ချက်တွေအရသိရှိရပါတယ်။ အဲ့ဒီလိုကလေးငယ်တွေဟာ မိခင်တွေနဲ့ ပိုမိုကောင်းမွန်တဲ့ ရင်းနီးမှုတစ်ခုဖန်တီးနိုင်တာကြောင့် သူတို့ဘဝရဲ့ အနာဂတ်အတွက်ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးပုံစံတွေကိုပါ တည်ဆောက်သွားနိုင်စေပါတယ်။ ဒီလိုမျိုး ပိုမိုကောင်းမွန်တဲ့ ရင်းနီးမှုတစ်ခုကို ဖန်တီးနိုင်ခြင်းဟာ မိခင်တွေအတွက်မိခင်နို့တိုက်ကျွေးရာမှာ ပိုမိုလွယ်ကူစေသလို ကလေးရဲ့ လိုအပ်ချက်တွေကိုလည်း ပိုပြီးအလွယ်တကူ နားလည်နိုင်စေမှာဖြစ်ပါတယ်။
မိခင်နို့တိုက်ကျွေးခြင်းဟာ မိခင်နဲ့မွေးကင်းစကလေးငယ်တို့အကြား ပထမဦးဆုံးနဲ့ အားအကောင်းဆုံး ရင်းနှီးမှုတစ်ခုကို တည်ဆောက်နိုင်စေပါတယ်။ သေချာစဉ်းစားကြည့်ရင် အလွန့်အလွန်ကို ပီတိဖြစ်စရာပါပဲ။

လွဲမှားနေသည့် အယူအဆ ၅ – နို့တိုက်မိခင်များသည် အစားအစာ အလွန်ရွေးချယ်စားသုံးရမည်။ မိခင်တွေဟာ မိခင်နို့တိုက်ကျွေးနေချိန်မှာ အသား၊ ငါး၊ ကြက်သား၊ အသီးအနှံ၊ ဆန်အပါအဝင် သင့်တင့်မျှတတဲ့အစားအသောက်ပုံစံနဲ့စားသောက်ဖို့လိုအပ်ပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ လူနှစ်ဦးစာ စားရတာဖြစ်တာကြောင့် အစားအသောက်ပမာဏ သို့မဟုတ် အစားအသောက်အုပ်စုတွေကို ကန့်သတ်ထားခြင်းက မိခင်နို့ထွက်နည်းစေနိုင်ပါတယ်။ အဲဒီလိုကန့်သတ်ထားတာက မိခင်နို့ တိုက်ကျွေးနေချိန်မှာ မိခင်အနေနဲ့ အားအင်ပြန်လည်ဖြည့်ဆည်းနိုင်စွမ်းကိုလည်း ထိခိုက်စေပါတယ်။ ကျွန်မ ဆွေးနွေးပေးနေတဲ့ မိခင်တစ်ဦးဖြစ်တဲ့ မဇင်မာထွန်းဆိုရင်သိပ်ကိုအားကိုးရတဲ့ အမျိုးသားကို ပိုင်ဆိုင်ထားပါတယ်။ မိခင်နို့ထွက်ဖို့အတွက် သူအခက်အခဲရှိနေတယ်ဆိုရင် သူ့ခင်ပွန်းက နို့ထွက်ကောင်းစေမယ့် အစားအသောက်တွေအကြောင်း ရှာဖွေဖတ်ရှုပြီး ချက်ပြုတ်ကျွေးတတ်တယ်။ သိပ်ကို ချစ်ဖို့ကောင်းပါတယ်။ သူ့ခင်ပွန်းကိုယ်တိုင် ဈေးကိုသွား၊ ကျန်းမာရေးနဲ့ညီညွတ်မယ့် ချက်ပြုတ်စရာတွေကိုဝယ်ပြီး ချက်ပေးတတ်ပါတယ်။ ဖခင်တွေအနေနဲ့လည်း ကူညီပေးလို့ရပါတယ်။

အန်တီ သဲလ်မာထွန်းသိန်း အကြောင်း
အန်တီသဲလ်မာသည် ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများနှင့် ဆေးရုံများတွင် မိခင်များ၏ အာဟာရသိပ္ပံပညာပါရဂူ/အာဟာရဗေဒပညာရှင်နှင့် မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြု အကြံပေးပညာရှင်အဖြစ် နှစ်ပေါင်း ၄၀ ကျော်ကြာ တက်ကြွစွာ ဆောင်ရွက်ခဲ့သူဖြစ်ပါသည်။ သူမသည် မိခင်နှင့် ဖခင်တို့အတွက် အထောက်အကူပြုမည့်

မိခင်နို့တိုက်ကျွေးခြင်းနှင့် မွေးကင်းစ ကလေးငယ်အာဟာရဆိုင်ရာ အကြောင်းအရာများကို တင်ဆက်လျက်ရှိသည့် Maymay မိုလ်ဘိုင်းအက်ပလီကေးရှင်းတွင် အကြံပေးချက်များနှင့် ဆောင်းပါးများ နေ့စဉ်ရေးသားပေးလျက် ရှိသည်။ အန်တီသဲလ်မာသည် မကြာမီက မိတ်ဆက်ပေးခဲ့သည့် “မိခင်နို့မှတစ်ပါးအခြားမလို” ဆိုသည့် မိခင်နို့တိုက်ကျွေးရေးအတွက် အားပေးကူညီပံ့ပိုးရန်ရည်ရွယ်သည့် လူထုအသိပညာပေး လှုံ့ဆော်မှုအစီအစဉ်တွင် တစ်ဖက်တစ်လမ်းမှ ပါဝင်အားဖြည့်ထားပါသည်။ အဆိုပါ လှုံ့ဆော်မှု အစီအစဉ်အား Save the Children ၊ UNICEF ၊ Alive & Thrive ၊ GIZ ၊ 3MDG နှင့် LIFT တို့မှ ပူးပေါင်းအကောင်အထည်ဖော် စီစဉ်ခဲ့ပါသည်။

သားသားမီးမီးတွေကို စကားပြောမြှင့်တင်ပေးဖို့ မေမေတို့ လုပ်ဆောင်ပေးရမယ့် လေ့ကျင့်ခန်း (၅)ခု

Chit_May_May

Zawgyi Font

ကေလးငယ္ကို မိခင္ႏို႔တစ္မ်ိဳးတည္း ေအာင္ေအာင္ျမင္ျမင္ တိုက္ေကၽြးႏိုင္ေရးအတြက္ အဟန္႔အတားျဖစ္ေနသည့္ လြဲမွားေနသည့္ အယူအဆ ၅ခ်က္

ကေလးငယ္မ်ားကို ေမြးကင္းစမွ ၆ လအတြင္းတြင္ အျခားအစားအစာမ်ား၊ ေရ သို႔မဟုတ္ ႏို႔မႈန္႔တိုက္ေကၽြးျခင္းမ်ား မလိုအပ္ဘဲ မိခင္ႏို႔တစ္မ်ိဳးတည္းသာ တိုက္ေကၽြးျခင္းျဖင့္ က်န္းမာသန္စြမ္းေပ်ာ္ရႊင္ကာ ဥာဏ္ရည္ထက္ျမက္သည့္ ကေလးငယ္မ်ားျဖစ္လာေအာင္ ပ်ိဳးေထာင္ႏိုင္သည္ကို သိပၸံနည္းက်သက္ေသထူႏိုင္ခဲ့ၿပီးျဖစ္ပါသည္။ မိခင္ႏို႔တစ္မ်ိဳးတည္းကသာလွ်င္ ကေလးငယ္တို႔၏ ဘဝအစပထမ ၆လတြင္ လိုအပ္သည့္ အာဟာရပမာဏကို ေပးစြမ္းႏိုင္ေၾကာင္း ကမာၻတစ္ဝန္းရွိ က်န္းမာေရးဆိုင္ရာ အသိအမွတ္ျပဳအဖြဲ႔အစည္းမ်ားမွ သေဘာတူညီထားၾကၿပီး ျဖစ္ပါသည္။ မိခင္အသစ္မ်ား၏ဘဝတြင္ စိတ္ေပ်ာ္ရႊင္ၾကည္ႏူးဖြယ္ရာမ်ား သာမက စိုးရိမ္ေၾကာင့္ၾကဖြယ္ အခက္အခဲမ်ားစြာတို႔ကိုပါ ႀကံဳေတြ႔ၾကရပါသည္။ ထိုကဲ့သို႔ စိုးရိမ္ေၾကာင့္ၾကဖြယ္ရာမ်ား ႀကံဳေတြ႔ေနခ်ိန္တြင္ မွန္ကန္သည့္ သတင္းအခ်က္အလက္ႏွင့္ လံုေလာက္သည့္ ကူညီပံ့ပိုးမႈမ်ား ရရွိႏုိင္ပါက မိခင္မ်ားအေနျဖင့္ စိတ္ဖိစီးမႈမ်ားမွ ကင္းေဝးႏိုင္ကာ မိခင္ႏို႔တစ္မ်ိဳးတည္းကိုေအာင္ေအာင္ျမင္ျမင္တိုက္ေကၽြးႏိုင္မည္ျဖစ္ပါသည္။
မိခင္ႏို႔တိုက္ေကၽြးျခင္းႏွင့္ပတ္သတ္သည့္ လြဲမွားေနသည့္ အယူအဆမ်ားအေၾကာင္းကို လူအမ်ား ပိုမိုသိရွိႏိုင္ေစရန္အတြက္ အာဟာရသိပၸံပညာပါရဂူ/အာဟာရေဗဒပညာရွင္ႏွင့္ မိခင္ႏို႔တိုက္ေကၽြးျခင္းဆိုင္ရာ ႏုိင္ငံတကာအသိအမွတ္ျပဳ အႀကံေပးပညာရွင္ ျဖစ္သူ အန္တီ သဲလ္မာထြန္းသိန္း ႏွင့္ ေတြ႔ဆံုေမးျမန္းျဖစ္ခဲ့ပါသည္။ အန္တီ သဲလ္မာထြန္းသိန္း၏ ေျဖၾကားခ်က္မ်ားမွာ ေအာက္ပါအတုိင္းျဖစ္သည္။

လြဲမွားေနသည့္ အယူအဆ ၁ – မိခင္အမ်ားစုသည္ လံုေလာက္သည့္ မိခင္ႏို႔ကို္ ထုတ္လုပ္ႏိုင္ျခင္းမရွိ ဟူ၍ လူအမ်ားက ထင္မွတ္ထားၾကပါသည္။ အမွန္ေတာ့လံုေလာက္တဲ့ မိခင္ႏို႔ကို မထုတ္ႏိုင္တဲ့ မိခင္အေရအတြက္ဟာ လူအမ်ားထင္မွတ္ထားတဲ့ အေရအတြက္ထက္ပိုၿပီးနည္းပါးပါတယ္။ ၁ ရာခိုင္ႏႈန္း ဒါမွမဟုတ္ရင္၂ ရာခိုင္ႏႈန္းေလာက္ပဲရွိတာပါ။ ေျပာရရင္ မိခင္တခ်ိဳ႕ဟာ မွန္ကန္တဲ့နည္းလမ္းကို မသိတာေၾကာင့္ မိခင္ႏို႔ထြက္ဖို႔ အခက္အခဲေတြ ေတြ႔ႀကံဳရတာပဲ ျဖစ္ပါတယ္။ မိခင္ႏို႔တစ္မ်ိဳးတည္း တိုက္ေကၽြးေရးက စိန္ေခၚမႈတစ္ခုလို ျဖစ္ႏိုင္ပါတယ္။
မိခင္ေတြအတြက္ မိခင္ႏို႔ရည္နည္းပါးရျခင္းရဲ႕ အဓိကက်တဲ့ အေၾကာင္းအရင္းကေတာ့ မိခင္ႏို႔ရည္ထုတ္လုပ္တဲ့ မိခင္ႏို႔မွာ လႈ႔ံေဆာ္မႈအားနည္းတာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒီလိုအေျခအေန ျဖစ္ရတာကေတာ့ မိခင္ေတြဟာ ကေလးငယ္ေတြကို လံုေလာက္တဲ့ ျပဳစုေစာင့္ေရွာက္မႈမရွိတာမ်ိဳး ဒါမွမဟုတ္ ကေလးငယ္က မိခင္ႏို႔ကို ပံုမွန္ မစို႔တာေတြေၾကာင့္ပဲျဖစ္ပါတယ္။ ကၽြန္မကေတာ့ အၿမဲဆိုသလို မိခင္ေတြနဲ႔ေတြ႔တိုင္း မိခင္ႏို႔တိုက္ေကၽြးရာမွာ ကေလးငယ္ေတြကို ဘယ္လိုမွန္ကန္တဲ့ ေပြ႔ခ်ီနည္းေတြနဲ႔ ကိုင္တြယ္ႏိုင္ေၾကာင္းကို ျပေပးေလ့ရွိပါတယ္။ ဒါက သိပ္ကိုအေရးႀကီးတယ္။
မိခင္တစ္ေယာက္ရဲ႕ မိခင္ႏို႔တိုက္ေကၽြးေရး ခရီးတစ္ေလ်ာက္မွာ အစတည္းက ကေလးငယ္ကို ေကာင္းေကာင္းမြန္မြန္နဲ႔ မိခင္ႏို႔ကို ရယူႏိုင္ေအာင္ ကူညီေပးျခင္းက မိခင္ႏို႔ေကာင္းေကာင္း ထြက္ႏိုင္ေစမွာျဖစ္ပါတယ္။ ေနာက္ၿပီးေတာ့လည္း ကေလးငယ္ကို အခိ်န္ပိုေပးၿပီး မိခင္ႏို႔ကို ပံုမွန္တိုက္ေကၽြးျခင္းဟာ မိခင္ႏို႔ရည္ကို ထုတ္လုပ္ေပးေနတဲ့ မိခင္ႏို႔ကို ပုိမိုလႈံ႔ေဆာ္ေပးရာေရာက္ၿပီး ႏို႔ရည္ပိုမိုထြက္ဖို႔ကိုလည္း အေထာက္အကူျဖစ္ေစပါတယ္။ ကၽြန္မနဲ႔ ေတြ႔ျဖစ္ေနတဲ့ မိခင္တစ္ေယာက္ ျဖစ္တဲ့ မနန္းအိမ္ညင္ဆိုရင္အေရွ႕မွာေျပာသြားတဲ့ နည္းလမ္းေတြကို အကုန္လုပ္ခဲ့တယ္။ ၿပီးေတာ့ သူဟာ မိခင္ႏို႔ကိုလည္း ေအာင္ေအာင္ျမင္ျမင္နဲ႔ထုတ္လုပ္ႏိုင္တာကုိအံ့မခန္းေတြ႔ရွိခဲ့ရပါတယ္။

လြဲမွားေနသည့္ အယူအဆ ၂ – ကေလးငယ္မ်ားကို မိခင္ႏို႔အျပင္ ေရကိုပါ တိုက္ေကၽြးဖို႔ လိုအပ္သည္ဟူ၍ လူအမ်ားက ထင္မွတ္ထားၾကပါသည္။ မိခင္ႏို႔ရည္မွာ ကေလးငယ္အတြက္လိုအပ္တဲ့ အာဟာရဓာတ္ေတြ၊ ဗီတာမင္ေတြနဲ႔ သတၱဳဓာတ္ေတြပါဝင္ၿပီး ေရပါဝင္မႈက ၈၀ ရာခိုင္ႏႈန္းရွိတာကို သိပၸံနည္းက်ေတြ႔ရွိထားၿပီးျဖစ္ပါတယ္။
ဒါေၾကာင့္ ပူအိုက္တဲ့ရာသီမွာေတာင္ မိခင္ႏို႔ရည္က ကေလးငယ္အတြက္လိုအပ္တဲ့ အာဟာရနဲ႔ ေရဓာတ္ကို ေပးစြမ္းႏိုင္ပါတယ္။ အခုခ်ိန္မွာ ကေလးငယ္ေတြကို ေရတိုက္ေကၽြးမိရင္အႏၲရာယ္ရွိတဲ့ ေရာဂါပိုးမႊားေတြ ဝင္ေရာက္ကာ ဝမ္းပ်က္ဝမ္းေလွ်ာနဲ႔ အဖ်ားဝင္ဖို႔အတြက္ အခြင့္အလမ္း ပိုမ်ားႏိုင္ပါတယ္။ ေနာက္ၿပီး တစ္ဆက္တည္းမွာပဲ ကေလးငယ္ကို လ်င္လ်င္ျမန္ျမန္ ဗိုက္ျပည့္ သြားေစၿပီး မိခင္ႏို႔ေကာင္းေကာင္းတိုက္ေကၽြးႏိုင္ဖို႔အဟန္႔အတား ျဖစ္ေစမွာ ျဖစ္ပါတယ္။

လြဲမွားေနသည့္ အယူအဆ ၃ – မိခင္ႏို႔တိုက္ေကၽြးျခင္းအားျဖင့္ ကေလးငယ္အတြက္ လိုအပ္သည့္ အာဟာရကို ျဖည္ဆည္းေပးဖို႔အတြက္ အခ်ိန္ရွည္ၾကာလြန္းသည္။
မိခင္ႏို႔တိုက္ေကၽြးေနစဥ္မွာ မိခင္ႏို႔ကေန ႏို႔ရည္ကို အဆက္အျပတ္ ထုတ္လုပ္ေပးပါတယ္။ ၿပီးေတာ့လည္း ကေလးငယ္ကို မိခင္ႏို႔ အခ်ိန္မွန္တိုက္ေကၽြးျခင္းအေလ့အထက မိခင္ႏို႔ ပိုမိုထုတ္လုပ္ ႏိုင္ဖို႔အတြက္ အေထာက္အကူျဖစ္ေစပါတယ္။ ဒီအေလ့အက်င့္က မိခင္ႏို႔တိုက္ေကၽြးဖို႔အတြက္ မိခင္ႏို႔ရည္ျပန္လည္ျပည့္တင္းခ်ိန္ အခ်ိန္အပိုင္းအျခားတစ္ခုရယ္လို႔ ေစာင့္ဆိုင္းေနစရာ မလိုအပ္ ေၾကာင္းကို ျပေနပါတယ္။ မၾကာခင္က ေတြ႔ဆံုျဖစ္ခဲ့တဲ့ အေမျဖစ္သူ မေအးေအးေဇာ္ က သူ႔ရဲ႕ သမီးကေလးအတြက္မိခင္ႏို႔ကိုအႀကိမ္ေရမ်ားမ်ား တိုက္ေကၽြးျဖစ္ၿပီး တစ္ရက္ကို၆၀၀ စီစီကေန ၇၀၀ စီစီ ထြက္ပါတယ္လို႔ ေျပာျပပါတယ္။ ဒါကမ်ားျပားတဲ့ပမာဏတစ္ခုပါပဲ။ မွန္ကန္တဲ့
မိခင္ႏို႔တိုက္ေကၽြးနည္းလမ္းကို ေကာင္းေကာင္းမြန္မြန္ သိရွိနားလည္ထားၿပီး၊ အဘက္ဘက္ကေန ကူညီပံ့ပိုးေပးတဲ့ လူမႈအသိုင္းအဝိုင္းနဲ႔ ယံုၾကည္စိတ္ခ်ရတဲ့ သတင္းအခ်က္အလက္ေတြ ရွိထားမယ္ဆိုရင္ မိခင္တစ္ေယာက္အတြက္ စိတ္ဖိစီးမႈကင္းေဝးေစၿပီး မိခင္ႏို႔တစ္မ်ိဳးတည္း တိုက္ေကၽြးျခင္းကိုေကာင္းေကာင္းလုပ္ႏိုင္မွာ ျဖစ္ပါတယ္။

လြဲမွားေနသည့္ အယူအဆ ၄ – မိခင္ႏို႔ မၾကာခဏ တိုက္ေကၽြးျခင္းႏွင့္ ကေလးငယ္ကို အလြန္အကၽြံခ်ီပိုးျခင္းသည္ ၎ကို မီွခိုတတ္ေသာသူျဖစ္ေစသည္။ ေမြးကင္းစကေန ၆ လအထိ မၾကာခဏ မိခင္ႏုိ႔တိုက္ေကၽြးခံရၿပီး ခ်ီပိုးခံရတဲ့ကေလးငယ္ေတြဟာ သူတို႔အတြက္လိုအပ္တဲ့ အေကာင္းဆံုးအာဟာရကို ရရွိၾကရံုသာမက စိတ္လံုၿခံဳမႈရရွိတတ္ၾကေၾကာင္း ေလ့လာဆန္းစစ္ခ်က္ေတြအရသိရွိရပါတယ္။ အဲ့ဒီလိုကေလးငယ္ေတြဟာ မိခင္ေတြနဲ႔ ပိုမိုေကာင္းမြန္တဲ့ ရင္းနီးမႈတစ္ခုဖန္တီးႏိုင္တာေၾကာင့္ သူတို႔ဘဝရဲ႕ အနာဂတ္အတြက္ေကာင္းမြန္တဲ့ လူမႈဆက္ဆံေရးပံုစံေတြကိုပါ တည္ေဆာက္သြားႏိုင္ေစပါတယ္။ ဒီလိုမ်ိဳး ပိုမိုေကာင္းမြန္တဲ့ ရင္းနီးမႈတစ္ခုကို ဖန္တီးႏိုင္ျခင္းဟာ မိခင္ေတြအတြက္မိခင္ႏို႔တုိက္ေကၽြးရာမွာ ပိုမိုလြယ္ကူေစသလို ကေလးရဲ႕ လုိအပ္ခ်က္ေတြကိုလည္း ပိုၿပီးအလြယ္တကူ နားလည္ႏိုင္ေစမွာျဖစ္ပါတယ္။
မိခင္ႏို႔တိုက္ေကၽြးျခင္းဟာ မိခင္နဲ႔ေမြးကင္းစကေလးငယ္တို႔အၾကား ပထမဦးဆံုးနဲ႔ အားအေကာင္းဆံုး ရင္းႏွီးမႈတစ္ခုကို တည္ေဆာက္ႏိုင္ေစပါတယ္။ ေသခ်ာစဥ္းစားၾကည့္ရင္ အလြန္႔အလြန္ကို ပီတိျဖစ္စရာပါပဲ။

လြဲမွားေနသည့္ အယူအဆ ၅ – ႏို႔တိုက္မိခင္မ်ားသည္ အစားအစာ အလြန္ေရြးခ်ယ္စားသံုးရမည္။ မိခင္ေတြဟာ မိခင္ႏို႔တိုက္ေကၽြးေနခ်ိန္မွာ အသား၊ ငါး၊ ၾကက္သား၊ အသီးအႏွံ၊ ဆန္အပါအဝင္ သင့္တင့္မွ်တတဲ့အစားအေသာက္ပံုစံနဲ႔စားေသာက္ဖို႔လိုအပ္ပါတယ္။ အဲ့ဒီလိုအခ်ိန္မ်ိဳးမွာ လူႏွစ္ဦးစာ စားရတာျဖစ္တာေၾကာင့္ အစားအေသာက္ပမာဏ သို႔မဟုတ္ အစားအေသာက္အုပ္စုေတြကို ကန္႔သတ္ထားျခင္းက မိခင္ႏို႔ထြက္နည္းေစႏိုင္ပါတယ္။ အဲဒီလိုကန္႔သတ္ထားတာက မိခင္ႏို႔ တိုက္ေကၽြးေနခ်ိန္မွာ မိခင္အေနနဲ႔ အားအင္ျပန္လည္ျဖည့္ဆည္းႏိုင္စြမ္းကိုလည္း ထိခိုက္ေစပါတယ္။ ကၽြန္မ ေဆြးေႏြးေပးေနတဲ့ မိခင္တစ္ဦးျဖစ္တဲ့ မဇင္မာထြန္းဆိုရင္သိပ္ကိုအားကိုးရတဲ့ အမ်ိဳးသားကို ပိုင္ဆိုင္ထားပါတယ္။ မိခင္ႏို႔ထြက္ဖို႔အတြက္ သူအခက္အခဲရွိေနတယ္ဆိုရင္ သူ႔ခင္ပြန္းက ႏို႔ထြက္ေကာင္းေစမယ့္ အစားအေသာက္ေတြအေၾကာင္း ရွာေဖြဖတ္ရႈၿပီး ခ်က္ျပဳတ္ေကၽြးတတ္တယ္။ သိပ္ကို ခ်စ္ဖုိ႔ေကာင္းပါတယ္။ သူ႔ခင္ပြန္းကိုယ္တုိင္ ေစ်းကိုသြား၊ က်န္းမာေရးနဲ႔ညီညြတ္မယ့္ ခ်က္ျပဳတ္စရာေတြကိုဝယ္ၿပီး ခ်က္ေပးတတ္ပါတယ္။ ဖခင္ေတြအေနနဲ႔လည္း ကူညီေပးလို႔ရပါတယ္။

အန္တီ သဲလ္မာထြန္းသိန္း အေၾကာင္း
အန္တီသဲလ္မာသည္ ျပည္တြင္းျပည္ပမွ အစိုးရမဟုတ္သည့္အဖြဲ႔အစည္းမ်ားႏွင့္ ေဆးရံုမ်ားတြင္ မိခင္မ်ား၏ အာဟာရသိပၸံပညာပါရဂူ/အာဟာရေဗဒပညာရွင္ႏွင့္ မိခင္ႏို႔တိုက္ေကၽြးျခင္းဆိုင္ရာ ႏုိင္ငံတကာအသိအမွတ္ျပဳ အႀကံေပးပညာရွင္အျဖစ္ ႏွစ္ေပါင္း ၄၀ ေက်ာ္ၾကာ တက္ၾကြစြာ ေဆာင္ရြက္ခဲ့သူျဖစ္ပါသည္။ သူမသည္ မိခင္ႏွင့္ ဖခင္တို႔အတြက္ အေထာက္အကူျပဳမည့္

မိခင္ႏို႔တိုက္ေကၽြးျခင္းႏွင့္ ေမြးကင္းစ ကေလးငယ္အာဟာရဆိုင္ရာ အေၾကာင္းအရာမ်ားကို တင္ဆက္လ်က္ရွိသည့္ Maymay မိုလ္ဘုိင္းအက္ပလီေကးရွင္းတြင္ အႀကံေပးခ်က္မ်ားႏွင့္ ေဆာင္းပါးမ်ား ေန႔စဥ္ေရးသားေပးလ်က္ ရွိသည္။ အန္တီသဲလ္မာသည္ မၾကာမီက မိတ္ဆက္ေပးခဲ့သည့္ “မိခင္ႏို႔မွတစ္ပါးအျခားမလို” ဆိုသည့္ မိခင္ႏို႔တိုက္ေကၽြးေရးအတြက္ အားေပးကူညီပံ့ပိုးရန္ရည္ရြယ္သည့္ လူထုအသိပညာေပး လႈံ႔ေဆာ္မႈအစီအစဥ္တြင္ တစ္ဖက္တစ္လမ္းမွ ပါဝင္အားျဖည့္ထားပါသည္။ အဆိုပါ လႈံ႔ေဆာ္မႈ အစီအစဥ္အား Save the Children ၊ UNICEF ၊ Alive & Thrive ၊ GIZ ၊ 3MDG ႏွင့္ LIFT တို႔မွ ပူးေပါင္းအေကာင္အထည္ေဖာ္ စီစဥ္ခဲ့ပါသည္။

သားသားမီးမီးေတြကို စကားေျပာျမွင့္တင္ေပးဖို႔ ေမေမတို႔ လုပ္ေဆာင္ေပးရမယ့္ ေလ့က်င့္ခန္း (၅)ခု

Chit_May_May

LEAVE A REPLY

Please enter your comment!
Please enter your name here