ကလေးငယ်ငယ်လေးတွေကို ဘာလို့ ပျားရည်လုံးဝ မကျွေးသင့်ဘူးလဲ

0
36

ကိုယ့်ရဲ့ရင်သွေးငယ်လေး ကြီးထွားဖွံ့ဖြိုးဖို့ရန်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ ဗီတာမင်တွေမှန်သမျှကို လုံလုံလောက်လောက် ရရှိစေဖို့အတွက် မိဘတိုင်းကတော့ ဆန္ဒရှိကြတာချည်းပါပဲ။ ဒါကြောင့်လည်း ကောင်းတာမှန်သမျှကို သားသမိးတို့ကို ကျွေးချင်ကြတာ မိဘစေတနာတွေပါ။ သို့သော်လည်း ကလေးတစ်နှစ်မပြည့်ခင်မှာ လုံးဝမကျွေးမိအောင်လို့ ရှောင်ရှားသင့်တဲ့ အစားအသောက်တစ်မျိုးကတော့ ပျားရည်ပဲဖြစ်ပါတယ်။

ဘာလို့ပျားရည်မကျွေးသင့်ဘူးလဲ

ပျားရည်က အာဟာရဖြစ်စေပြီး ကျန်းမာရေးနဲ့ညီညွတ်တာကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့်လည်း သဘာဝအတိုင်း အချိုဓာတ်ရှိတဲ့ ပျားရည်ကို ကလေးငယ်တွေအား ကျွေးမိပါက ဖောရောင်ခြင်းကို ကြုံတွေ့ရစေနိုင်ပါတယ်။ ပျားရည်ထဲမှာ clostridium botulinum လို့ခေါ်တဲ့ ဘက်တီးရီးယားပိုး မျိုးမှုန်ပါဝင်နေပြီး ကလေးငယ်တွေခန္ဓာကိုယ်ထဲရောက်သွားသည့်အခါ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေပါတယ်။ ပျားရည်ကျွေးပြီးပြီးချင်း ချက်ချင်းတော့ ဖောရောင်ခြင်းလက္ခဏာကို မမြင်တွေ့နိုင်ပါဘူး။ စားပြီးလို့ ၈ နာရီမှ ၃၆ နာရီအတွင်းမှသာ လက္ခဏာပေါ်လာနိုင်ပါတယ်။ နောက်တစ်ချက်က ပျားရည် သို့မဟုတ် သကြားတို့လို အချိုဓာတ်ကို ကလေးငယ်အားတိုက်ကျွေးခြင်းက ကလေးရဲ့ပေါက်နေဆဲ သွားလေးတွေကို ပျက်စီးသွားစေနိုင်ပါတယ်။

ဘယ်အချိန်မှာဆရာဝန်ပြရမလဲ

အကယ်လို့ ကိုယ့်ကလေးငယ်က မတော်တဆ ပျားရည်ကိုစားသုံးလိုက်မိလို့ ဝမ်းချုပ်ခြင်း၊ ပင်ပန်းနွမ်းလျခြင်း သို့မဟုတ် အစာမစားခြင်းတို့လို လက္ခဏာတွေပြနေပြီဆိုရင် ဆရာဝန်နဲ့ချက်ချင်းပြသလိုက်ပါ။

ပျားရည်ကျွေးသင့်တဲ့အရွယ်

ကလေး ၁ နှစ်မပြည့်ခင်အထိ ပျားရည်တိုက်ကျွေးခြင်းကို ရှောင်ကြဥ်ပါ။ ပျားရည်အတွင်းရှိ မျိုးမှုန်တွေက လူကြီးတွေနဲ့ အသက် ၁ နှစ်ကျော် ကလေးတွေအတွက်တော့ အန္တရာယ်မဖြစ်စေနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်ုပ်တို့ရဲ့ အူအတွင်းရှိ microorganisms က ထိုမျိုးမှုန်တွေ ကြီးထွားခြင်းမရှိအောင် ဟန့်တားပေးသည့်အတွက်ပဲဖြစ်ပါတယ်။

#Chit_May_May

#Thinzar

Ref- timesofindia

LEAVE A REPLY

Please enter your comment!
Please enter your name here