ကလေးငယ်တကိုယ်ရေသန့်ရှင်းအတွက် မိဘတွေမှားယွင်းစွာပြုလုပ်မိတဲ့ အချက်များ

0
1073
- Advertisement -

ကလေးမွေးပြီးပြီးချင်းမှာ တစ်ကိုယ်ရည်သန့်ရှင်းပေးဖို့လုပ်တတ်ကြပါတယ်

ကလေးငယ်မွေးပြီးပြီးချင်းမှာ ကလေးငယ်မှာ ကပ်ပါလာတဲ့ ဖယောင်းလွှာကို ဆေးကြောသန့်ရှင်းပေးဖို့လုပ်တတ်ကြပါတယ်။ ကလေးတွေကိုယ်မှာ ကပ်ပါလာတဲ့ ဖယောင်းလွှာတွေဟာ ကလေးငယ်တွေရဲ့ အသားအရေကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဖယောင်းလွှာတွေဟာ ကလေးငယ်ရဲ့ အရေပြားကို ပိုးမွှားများကပ်မငြိစေရန် နာရီအနည်းငယ်အထိ ကာကွယ်ပေးထားတာမို့ မွေးပြီးပြီးချင်း သန့်ရှင်းပေးဖို့မလိုဘဲ အနည်းဆုံး ၆ နာရီလောက်စောင့်ဆိုင်းပေးပြီးမှသာ သန့်ရှင်းရေးလုပ်ပေးသင့်တယ်လို့ဆိုပါတယ်။

ကလေးငယ်ကို နေ့တိုင်းရေချိုးပေးဖို့မလိုပါဘူး

မွေးဖွားပြီး ရက်သတ္တပတ်အကြာလောက်ထိကို ကလေးငယ်ရဲ့ ခန္ဓာကိုယ်အရေပြားကနေ vernix(ဖယောင်း) တွေထွက်နေဦးမှာပါ။ ဒါဟာ ကလေးငယ်ရဲ့ နုနယ်တဲ့ အရေပြားကို ဘတ်တီးရီးယားများကူးစက်ခြင်းမှ ကာကွယ်တားဆီးရန်အတွက်ဘဲဖြစ်ပါတယ်။ ဒါကို စိုးရိမ်လွန်ပြီး နေ့တိုင်းရေချိုးပေးတာမျိုးက ကလေးငယ်ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တာမို့ ရှောင်ရှားသင့်ပါတယ်။ နောက်တစ်ခုက ကလေးငယ် ချက်ကြွေပြီးမှ ရေချိုးပေးပါ။ ကလေးငယ်ရဲ့ ချက်ထဲကို 7.1% Chlorhexidine digiuconate ဆေးရည်ကလွဲရင် မည်သည့်အရာမှ မထည့်မိအောင်သတိထားပေးပါ။

ကလေးငယ်တွေအတွက်ထုတ်လုပ်ထားတဲ့ ရေချိုးခန်းသုံးပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်း

ကလေးငယ်တွေအတွက် ထုတ်လုပ်ထားတဲ့ ရေချိုးခန်းသုံးပစ္စည်းများကို အလွန်အကျွံသုံးစွဲတာမျိုးကို ရှောင်ကြဉ်ပေးပါ။ ကလေးငယ်ရဲ့ အသားအရဟာ နုနယ်သေးတာမို့ ဓါတ်မတည့်တာမျိုးတွေမဖြစ်ရအောင် ရေမြုပ်၊ ဆပ်ပြာ စတဲ့ သန့်ရှင်းစေတဲ့အရာတွေကိုသာအသုံးပြုတာ အကောင်းဆုံးပါဘဲ။ ချိုးရေကို မပူလွန်း၊ မအေးလွန်းတဲ့ အနေအထားမှာ ရှိပါစေ။ အေးလွန်းတဲ့အခါမျိုးမှာဆို ကလေးငယ်က အအေးမိတတ်ပြီး အရမ်းပူလွန်းသွားရင်လည်း ကလေးငယ်ရဲ့ နုနယ်တဲ့ အရေပြားတွေကို အပူလောင်စေတာမျိုးဖြစ်သွားစေနိုင်တာမို့ ကလေးငယ်ကို ရေချိုးပေးမယ်ဆိုရင် ချိုးရေရဲ့ အပူချိန်ကို စစ်ဆေးဖို့ မမေ့ပါနဲ့။

ကလေးငယ်ရဲ့ ချက်ကနေသွေးထွက်တာမျိုး၊ ချက်တိုင်ငုတ်နီမြန်းနေတာမျိုး ဒါမှမဟုတ် ချက်ကပြည်ထွက်နေတာမျိုးဖြစ်နေရင် အန္တရာယ်ရှိတာမို့ ဆေးရုံဆေးခန်းကို အချိန်မဆိုင်းဘဲ ပြသင့်ပါတယ်လို့ နောက်ဆုံးအချက်တစ်ချက်အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref-parents

LEAVE A REPLY

Please enter your comment!
Please enter your name here