Home Parenting Child Teaching ကလေးငယ်တစ်ယောက်ကို ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်အောင် သင်ပေးဖို့ နည်းလမ်း (၅)ခု

ကလေးငယ်တစ်ယောက်ကို ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်အောင် သင်ပေးဖို့ နည်းလမ်း (၅)ခု

0
ကလေးငယ်တစ်ယောက်ကို ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်အောင် သင်ပေးဖို့ နည်းလမ်း (၅)ခု

ကိုယ့်ကိုယ်ကို နှစ်သိမ့်တယ်၊ self-soothe လုပ်တယ်ဆိုတာက ကလေးတစ်ယောက်ဟာ သူ့ဘာသာအိပ်ပျော်ဖို့ ကြိုးစားတာ (သို့) မိဘ၊ ပြုစုစောင့်ရှောက်သူတွေ မချော့ရဘဲ သူ့ဘာသာ အငိုတိတ်တာကို ဆိုလိုတာပါ။ သုံးနှစ်သားဖြစ်ရတာ ခက်နိုင်ပေမယ့် ၁၃နှစ်သားမှာ သူ့စိတ်ခံစားချက်တွေကို မထိန်းနိုင်ရင် ပိုခက်ပါလိမ့်မယ်။ ဒါကတော့ လမ်းလျှောက်တတ်စ ကလေးအား ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်အောင် သင်ပေးရမယ့် နည်းလမ်း ၅ခုပါ။ ဒါမှ ကလေးဟာ အခက်အခဲကြုံလာတဲ့အခါ ကောင်းစွာ ဖြေရှင်းလာနိုင်မှာပါ။

၁။ အေးဆေးတည်ငြိမ်တဲ့ အပြုအမှုကို နမူနာပြပါ

တစ်ခုခုမှားသွားတဲ့အခါ သင်ဘယ်လိုတုံ့ပြန်သလဲ? အသံကျယ်ကျယ်နဲ့ ပျာယာခတ်လှုပ်ရှားနေသလား? ငိုနေသလား (သို့) အော်နေသလား? ဖြစ်နိုင်ရင် အေးဆေးစွာ စကားပြောနိုင်အောင် ကြိုးစားပါ။ “အိုး..လိမ္မော်ဖျော်ရည်တွေ စားပွဲပေါ်မှာ ဖိတ်ကုန်ပြီပဲ၊ တစ်ခါတလေ ဖြစ်တတ်ပါတယ်၊ ငါသန့်ရှင်းရေး လုပ်ရလိမ့်မယ်”

၂။ အမှီအခိုကင်းတဲ့ ကစားခြင်းကို အားပေးပါ

“မေမေ ညစာစားနေတုန်း ပုံတစ်ပုံလောက် ဆွဲပေးထားနိုင်မလား,,,ချစ်ဆုံးလေး”။ သူ့ဘာသာ ကစားခြင်းဖြင့် ကလေးဟာ သူ့ကိုယ်သူ အားကိုးမှုနဲ့ ပြဿနာ ဖြေရှင်းနည်းကို သင်ယူနေပါတယ်။ Pathways.org ရဲ့အဆိုအရ မိမိကိုယ်ကို နှစ်သိမ့်မှုပေးခြင်းက စိတ်ခံစားချက်တွေကို စီမံခန့်ခွဲရာမှာသာမက အိပ်စက်ခြင်းနဲ့ ကျန်းမာသော ပေါင်းသင်းဆက်ဆံရေး တည်ဆောက်ခြင်းတို့အတွက်ပါ ကူညီပေးနိုင်ပါတယ်။ စောစောစီးစီး စတင်လေ့လာဖို့ ကောင်းမွန်တဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။။

၃။ အနားယူချိန်၊ တစ်ရေးတစ်မောအိပ်ချိန်နှင့်အတူ တက်ကြွတဲ့အချိန်ကို ဟန်ချက်ညီစေပါတယ်

အနားရတဲ့ကလေးဟာ စိတ်ခံစားချက်တွေ ထိန်းညှိနိုင်စွမ်းမှာ ပိုကောင်းပါတယ်။ ဒါ့ကြောင့် ကလေးတွေကို အပြင်မှာ ပြေးခွင့်ပေးပါ (ဒါမှမဟုတ်) ကစားကွင်းကို ခေါ်သွားပါ။ ပြီးရင် တစ်ရေးတစ်မော အိပ်ပါစေ။ တစ်ခါတရံ ကလေးက အိပ်မပျော်ဘူးဆိုရင် audiobook ဖွင့်ပေးပြီး သူ့အိပ်ရာထဲမှာ အနားယူပါစေ။ တစ်နေ့တာအတွက် ဟန်ချက်ညီအောင် ပံ့ပိုးပေးခြင်းက ကလေးတိုင်းကို ခက်ခဲလာတဲ့အခါ ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်အောင် ကူညီပေးပါတယ်။

၄။ ကျန်းမာစွာ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းကို လေ့ကျင့်ပေးပါ

သင့်ကလေးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့ ရင်ဆိုင်ဖြေရှင်းနိုင်မှု စွမ်းရည်ကောင်းကို လေ့လာခြင်းက ကလေးငယ်တွေကို self-soothe ဖြစ်စေဖို့ သင်ကြားပေးရာမှာ အလွန်အထောက်အကူဖြစ်စေပါတယ်။ ပွေ့ဖက်ပြီး ကူညီပေးလား? သက်ပြင်းရှိုက်သလား? ကျွန်မဆို ကိုယ့်ကလေး ပင်ပန်းနေတာကိုမြင်ရင် အပြင်ကို ခေါ်သွားပါမယ်။ သဘာဝမြင်ကွင်းလေးတွေ လိုက်ပြမယ်၊ ငှက်လေးတွေကို ကြည့်ပြီး မျက်နှာပေါ်ကျနေတဲ့ နေရောင်ကို ခံစားလိုက်တာက နှစ်ယောက်စလုံးကို ချက်ချင်းငြိမ်သက်သွားစေပါမယ်။ အပြုသဘောဆောင်တဲ့ ဘာသာစကားကို သေချာအသုံးပြုပြီး ကလေးပြောချင်တဲ့ အကြောင်းအရာကို ထုတ်ပြောခွင့်ပြုရပါမယ်။

၅။ အနားပေးပါ

ဖြစ်နိုင်ချေရှိတဲ့ အခြေအနေမျိုးမှာဆိုရင် သင့်ကလေးအတွက် တစ်ယောက်တည်းနေခွင့်ပေးတာက အကောင်းဆုံးဖြစ်နိုင်ပါတယ်။ တစ်ခါတရံမှာ ကလေးတွေဟာ စိတ်တည်ငြိမ်ဖို့ သူတို့ပတ်ဝန်းကျင်က လှုပ်ရှားမှုကနေ အနားယူဖို့ပဲလိုပါတယ်။ ကလေးက ငိုဖို့အချိန်နည်းနည်းယူရရင်တောင် အခြေအနေအရပ်ရပ်ကို ခပ်လှမ်းလှမ်းမှာ စောင့်ကြည့်ရုံနဲ့ လုံလောက်ပါလိမ့်မယ်။ ကျွန်မတို့ကလေးတွေကို သူ့ဘာသာ ခဏလေးထားလိုက်တာက အထူးသဖြင့် ကျွန်မတို့ ချက်ချင်းမကူညီပေးနိုင်တဲ့အခါ ထိုပြင်းထန်တဲ့ စိတ်ခံစားချက်တွေကို စီမံခန့်ခွဲ့ဖို့ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ကလေးတိုင်းက မတူကြပါဘူး။ သုံးနှစ်သားကလေးအား ကိုယ့်ဘာသာ နှစ်သိမ့်တတ်အောင် သင်ကြားပေးပုံက သူ့ရဲ့ ပင်ကိုယ်စရိုက်အပေါ် မူတည်ပါလိမ့်မယ်။ မေမေတို့ရော ဘာတွေကြိုးစားပြီးပြီလဲ?

Chit_MayMay

Nandar

ref-imom

LEAVE A REPLY

Please enter your comment!
Please enter your name here