တကယ်လို့ သင်ကကလေးတစ်ဦးအနေနဲ့ စိတ်လှုပ်ရှားမှုတွေကို လျစ်လျူရှုထားမယ်ဆိုရင် ဘဝတစ်လျှောက်လုံးဗလာသက်သက်ခံစားချက်တွေနဲ့ ရှင်သန်နေရပါလိမ့်မယ်။ ကျွန်တော်တို့အများစုက ကလေးဘဝတုန်းက အချိန်တွေအများကြီးပိုင်ဆိုင်ခဲ့တယ်။ ဒါပေမယ့် ကံကောင်းသူတွေသာ သူတို့ရဲ့ ကလေးဘဝမှာ ပျော်မွေ့နိုင်ကြတယ်။
ကျွန်တော်တို့ထဲက တစ်ချို့ဟာ ကလေးဘဝမှာ နာကျင်မှု၊ အထီးကျန်မှု၊ ဝမ်းနည်းမှုတွေ၊ ဆိုးရွားတဲ့မိဘတွေနှင့် မကောင်းတဲ့အရာတွေအများကြီး ပိုင်ဆိုင်လာခဲ့ကြတယ်။ တစ်ချို့ကျပြန်တော့ ငယ်စဥ်ကလေးဘဝတစ်လျှောက်မှာ ကလေးဘဝအတွေ့အကြုံတွေဟာ လူကြီးဘဝတွေအထိလည်း သက်ရောက်မှုတွေရှိနေပါတယ်။ သင့်မှာ ကလေးဘဝမကောင်းတဲ့အတွေ့အကြုံတွေရှိနေခဲ့ရင် သင့်ဘဝတစ်လျှောက်လုံးမှာ သင့်နဲ့အတူ လိုက်ပါနေမယ်လို့ ဆိုလိုပါတယ်။

၁။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ဖို့ ခက်ခဲနေခြင်း
သင်က သင့်ရဲ့ ကလေးဘဝမှာ စိတ်ပိုင်းဆိုင်ရာလျစ်လျူရှုမှုတွေကို ခံနေရတယ်ဆိုရင် မိမိကိုယ်ကိုယ်ကိုယ်ယုံကြည်ဖို့ အလွန်ခက်ခဲပါလိမ့်မယ်။ သင့်အတွက် အဆိုးဆုံးအရာတွေသာ ဖြစ်ပျက်နေလိမ့်လို့ အမြဲတမ်းထင်နေပြီးတော့ သင့်ဘဝမှာ ဘာမှလုပ်လို့မရနိုင်ဘူးလို့ စွဲမြဲနေပါလိမ့်မယ်။ အကြောင်းရင်းက သင့်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေက သင့်ကို ကြီးမားတဲ့အရာတွေလုပ်ဖို့ (သို့) အရေးကြီးတာတွေလုပ်လို့မရနိုင်ဘူးလို့ ခံစားရစေလို့ပါပဲ။ သို့ပေမယ့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချပြီးမှသာ ဘဝမှာ အောင်မြင်နေမှုတွေ ရရှိနိုင်မယ်ဆိုတာ သင်တွေ့ရပါလိမ့်မယ်။
ကလေးတွေကို ကိုယ်ပိုင်နယ်နိမိတ်သတ်မှတ်ချက်တွေကို မသင်မဖြစ် သင်ပေးပါ
ကလေးတစ်ဦးဘဝမှာ စိတ်ခံစားချက်တွေကို လျစ်လျူရှုခံရခြင်းရဲ့ အကျိုးဆက်တွေကို ပိုသိချင်ပါသလား။ မိဘတွေဖြစ်နေမယ်ဆိုရင် ကလေးရဲ့ ဘဝတစ်လျှောက်လုံးစိတ်ခံစားချက်တွေကို လျစ်လျူရှုခြင်းရဲ့ အကျိုးဆက်တွေကို လေ့လာကြည့်ပါ။

၂။ ဘဝ ဗလာဖြစ်နေတယ်လို့ ခံစားနေရလား
တစ်ခါတရံမှာ ကလေးဘဝမှာကတည်းက စိတ်ပိုင်းဆိုင်ရာ လျစ်လျူရှုခံခဲ့ရတဲ့ လူတစ်ယောက်အတွက် ဘဝကြီးက ဗလာကြီးဖြစ်နေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချိန်လုံး သင့်ကိုယ်သင် ”အထီးကျန်” နေသူတစ်ယောက်အဖြစ် အမြဲမြင်နေလို့ပါပဲ။
၃။ သီးခြားလွတ်လပ်မှုတွေကို နှစ်သက်တယ်
စိတ်လှုပ်ရှားမှုဆိုင်ရာ လျစ်လျူရှုမှုတွေက သင့်ကို ရင့်ကျက်လာအောင် အတင်းအကျပ်စေခိုင်းနေခြင်းပါ။ ဆိုလိုတာက သင့်ကလေးဘဝဟာ တာဝန်ဝတ္တရားတွေအများကြီးနဲ့ ရှင်သန်ကြီးပြင်းခဲ့ရတယ်။ နောက်မှသိလိုက်တာက ကလေးဘဝမှာ ရင့်ကျက်ဟန်ဆောင်တာက လုံးဝမကောင်းဘူးဆိုတာပါပဲ။ အမှန်တကယ် သင်ရဲ့ကိုယ်ပိုင်လွတ်လပ်မှုအတွက် ဂုဏ်ယူပြီးအခြားအရာတွေအားလုံးအတွက် အရှုံးမပေးပါနဲ့။ ဒါဟာ ဖြစ်သင့်ပါတယ်။ ဘယ်သူကမှ သင်လွတ်လပ်သလို မလွတ်လပ်ကြဘူး။

၄။ တစ်ယောက်တည်းနေရတာကို ချစ်လား
တစ်ခါတလေ အဖွဲ့တစ်ဖွဲ့နဲ့ အုပ်စုဖွဲ့နေချင်နေမယ်။ ဒါမှမဟုတ် သင့်ကို ချစ်တဲ့လူတွေနဲ့ ဝန်းရံချင်ဝန်းရံမယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ သင်တစ်ယောက်တည်းနေရတဲ့အချိန်လောက် ဘယ်အရာမှ တန်ဖိုးမရှိဘူး။ သင့်တစ်ယောက်တည်းနေရတဲ့အချိန်တွေက သင့်ကို နုပျိုစေလို့ပါ။ ဆိုလိုတာက သင့်ကိုယ်သင်ကုစားဖို့ တစ်ယောက်တည်းနေဖို့လိုတယ်။ ဒါကြောင့် တစ်ယောက်တည်း အချိန်တွေကို သင်ချစ်ဖို့လိုတယ်။

၅။ စိတ်အပြောင်းအလဲဖြစ်ခြင်း
စိတ်ခံစားမှုဆိုင်ရာလျစ်လျူရှုခံရသူတွေဟာ တစ်ခါတစ်ရံ ကိုယ်တိုင်ဘာဖြစ်လို့ ဖြစ်နေမှန်းမသိတာပါပဲ။ ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိ၊ ဘာဖြစ်နေလို့ ဖြစ်နေမှန်းမသိတာတွေ မကြာခဏကြုံရလေ့ရှိပါတယ်။ ချက်ချင်းပျော်ချင် ပျော်လိုက်ပေမယ့် သိပ်မကြာခင် ဝမ်းနည်းသွားတတ်ပါတယ်။ စိတ်အပြောင်းအလဲတွေကို ကိုင်တွယ်ရတာ အရမ်းခက်ပါတယ်။ ပတ်ဝန်းကျင်က လူနည်းနည်းလောက်ကသာ သူတို့ကိုနားလည်ကြလို့ပါ။ နားမလည်နိုင်တဲ့ တစ်ချို့လူတွေက Judge လုပ်ဖို့သာ စိတ်ကူးကြပါတယ်။

၆။ သင့်ကိုယ်သင် အလွန်အမင်းဝေဖန်လွန်းတယ်လို့ ထင်နေသလား
စိတ်ခံစားမှုဆိုင်ရာ လျစ်လျူရှုခံရသူတွေအများစုဖြစ်တတ်တဲ့နောက်တစ်ချက်က ကိုယ့်ကိုယ်ကိုယ်ဝေဖန်အပြစ်တင်လွန်းတာပါ။ သင်က ပြီးပြည်စုံဖို့လိုအပ်တယ်လို့ ကိုယ့်ကိုယ်ကိုယ်အမြဲခံစားရတယ်။ တစ်ခါတရံ သင်ကိုယ်တိုင်ရဲ့ ရည်ရွယ်ချက်၊ ပန်းတိုင်ကိုတောင်မှ ယုံကြည်မှုတွေပျောက်ဆုံးသွားနိုင်ပြီး သင့်ကိုယ်သင်အပြစ်ရှာမိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဒီလိုမလုပ်ပါနဲ့။

၇။ လူတွေထက် တိရစ္ဆာန်တွေ၊ သဘာဝတရားတွေကို ပိုချစ်မြတ်နိုးပါသလား
စိတ်ခံစားမှုတွေကို လျစ်လျူရှုခံခဲ့ရတဲ့ ကလေးတစ်ဦးဟာ သူတို့ရဲ့ ပတ်ဝန်းကျင်ပတ်ပတ်လည်မှာ လူတွေနဲ့ အံဝင်ခွင်ကျဖြစ်မနေတတ်ပါဘူး။ စိတ်မပူပါနဲ့။ ဒါဟာ ပုံမှန်ပါပဲ။ သင်က အဲ့ဒီ့လောက်အထိ သဘာဝတရားနဲ့ ဆက်စပ်နေပါလိမ့်မယ်။ သင်က တစ်ခြားလူတွေ စဥ်းတောင်မစဥ်းစားဖူးတဲ့ စိတ်ကူးမျိုးနဲ့ သဘာဝတရားကို တန်ဖိုးထားနိုင်သူပါ။
တိရိစ္ဆာန်တွေနှင့်အတူ ဆော့ကစားနေတဲ့အချိန် သင့်ရဲ့ တောက်ပတဲ့အပြုံးတွေကို တွေ့ရပါလိမ့်မယ်။ သင်က သဘာဝရားတွေ၊ တိရစ္ဆာန်တွေနဲ့အတူ နေထိုင်ခြင်းကလည်းသင့်အတွက် အမှန်တကယ်အရေးပါတဲ့ ကုထုံးဖြစ်ပါတယ်။ ဒါက လုံးဝပြည့်စုံပြီး အဆင်ပြေစေပါလိမ့်မယ်။

၈။ သင့်ကိုယ်သင်မပိုင်သလို ခံစားရပါလိမ့်မယ်
သင့်ကို ဘယ်သူမှ နားမလည်နိုင်ဘူး။ ဘယ်သူမှ သင့်ကို ဂရုမစိုက်သလို ဘယ်သူ့ကိုမှ သင်လည်းဂရုစိုက်စရာမလိုဘူးလို့ ခံစားရနိုင်ပါတယ်။ ဒါကလည်း သင့်ရဲ့ ဘဝမှာ မကြာခဏဖြစ်ပျက်နိုင်ပါတယ်။ စိတ်မပူပါနဲ့ တစ်နေ့နေ့မှာ သင်ကျန်းမာလာမယ်၊ သင်ဟာ သင်ကိုယ်တိုင်အတွက်ပဲဆိုတာ ပြန်လည်ခံစားမိလာနိုင်မယ်။
Chit_May_May
Nyein_Thu
Ref- Themindjournal