ကလေးငယ်တိုင်းကို သင်ကြားပေးသင့်တဲ့ ဘဝကို လွယ်ကူစွာဖြတ်သန်းစေဖို့ အရိုးရှင်းဆုံး ဘဝနေနည်း (၇) ချက်

0
55
- Advertisement -

မိဘတိုင်းဟာ သားသမီးတွေကို အကောင်းဆုံးဆိုတာတွေပဲ ပေးချင်ကြပါတယ်။ သူတို့တွေကြီးလာတဲ့အခါ ဘဝကိုခက်ခက်ခဲခဲ မရုန်းကန်ရစေဖို့အတွက် ငယ်စဉ်ကတည်းက ပညာတွေသင်ပေးခြင်း၊ ဆုံးမစကားတွေပြောခြင်းနဲ့ သူတို့တွေအတုယူနိုင်အောင် မိဘတွေက အကောင်းဆုံးစံပြအဖြစ် နေထိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ပညာတွေတတ်ယုံတစ်ခုတည်းနဲ့ ဘဝကိုရုန်းကန်ရင်ဆိုင်ဖို့ မလွယ်ကူဖူးဆိုတာကို အချို့မိဘတွေက မေ့နေတတ်ကြပါတယ်။ ဒါကြောင့် သူတို့ငယ်စဉ်ကနေ အသက်ဘယ်လောက်ကြီးကြီး မပြောင်းလဲသွားသင့်တဲ့ ဘဝနေနည်း (၇) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အာရုံစိုက်မှုနဲ့ ကိုယ့်ကိုကိုယ်ထိန်းချုပ်မှု
အာရုံပျံ့လွင့်မှုတွေ၊ သတင်းအမှားတွေနဲ့ ရှုပ်ထွေးပွေလှတဲ့ ဒီကမ္ဘာကြီးမှာ သင့်ကလေးရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ဖြောင့်ဖြောင့်ရောက်ရှိနိုင်ဖို့အတွက် ဒီအချက်က အကူအညီပေးနိုင်ပါတယ်။ အရာရာတိုင်းကို အဆင်ပြေပြေနဲ့ လိုက်လျောညီထွေတွေးတောနိုင်မှုနဲ့၊ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်မှုကို ငယ်စဉ်ကတည်းက အလေ့အကျင့်လုပ်ပေးခြင်းဟာ သူတို့ရဲ့အနာဂတ်အတွက် ကြီးမားတဲ့သက်ရောက်မှုတွေပေးနိုင်ပါတယ်။

၂။ ပကတိအမြင်
ဒီအချက်ဟာ အခြားသူတွေရဲ့ အတွေးနဲ့ ခံစားချက်ကို တုံ့ပြန်ဖို့အတွက် အရေးကြီးပြီး တစ်ခါတစ်လေမှာ စာနာသနားမှုထက် ကျော်လွန်နေတတ်ပါတယ်။ ဒီလိုအရည်အချင်းတွေဟာ သူတို့ရဲ့ဆရာတွေ၊ မိဘတွေရဲ့ နေထိုင်မှုတွေကနေတဆင့် သဘောပေါက်နားလည်တတ်ကြပြီး အခြားသူတွေရဲ့အမြင်တွေကို သိရှိခြင်းကြောင့် ပဋိပက္ခတွေကြုံတွေရမှုကို များစွာလျော့နည်းစေပါတယ်။

- Advertisement -

၃။ ပေါင်းသင်းဆက်ဆံရေး
ပေါင်းသင်းဆက်ဆံရေးကျွမ်းကျင်မှု communication skill ဟာ သာမာန်အပြော၊ အဖတ်၊ အရေး ကျွမ်းကျင်မှုတွေထက် အများကြီးပိုပါတယ်။ ဆက်ဆံရေးပြေပြစ်မှုဆိုသည်မှာ မည်သည့်လူမျိုးကိုမဆို ဘယ်လိုဆက်ဆံပြောဆိုလျှင် အဆင်ပြေနိုင်မည်ကို ကြိုတင်နားလည်နေသော ကျွမ်းကျင်မှုတစ်ခုဖြစ်ပြီး နယ်ပယ်ပေါင်းစုံမှာ အသုံးအဝင်ဆုံး အရည်အချင်းတစ်ရပ် ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ဒီလို Skill တွေကို ဆရာ၊ ဆရာမတွေနဲ့ အလုပ်ရှင်တွေမှာ အဓိကပျောက်ဆုံးနေကြောင့် မြင်တွေ့နိုင်ပါတယ်။

၄။ ဆက်သွယ်မှုပြုလုပ်ခြင်း
ဒီအရာဟာ သင်ယူနိုင်မှုရဲ့အဓိကကျတဲ့ အချက်တစ်ခုဖြစ်ပြီးတော့ ဘယ်အရာတွေကတူပြီး၊ ဘယ်အရာတွေက ခြားနားတယ်ဆိုတာကို သိရှိစေခြင်းဖြစ်ပါတယ်။ ဒီလိုစွမ်းရည်ဟာ သာမာန်မဟုတ်တဲ့ ဖန်တီးမှုတွေအတွက် အဓိကကျတဲ့ ဆက်သွယ်မှုဖြစ်ပြီး ကမ္ဘာကြီးထဲက ဘယ်လိုသတင်အချက်အလက်တွေကို သုံးစွဲနိုင်မယ်ဆိုတာကို ကောင်းကောင်းသိတာနဲ့ အောင်မြင်မှုတွေကို ရရှိနိုင်ပါတယ်။ အောင်မြင်ကြတဲ့လူတိုင်းဟာ ကမ္ဘာကြီးထဲက ဆက်သွယ်မှုတွေကို နညားလည်သဘောပေါက်ကြပါတယ်။

၅။ ဝေဖန်စဉ်းစားတွေးခေါ်နိုင်ခြင်း
ဒါဟာ ဘဝတစ်လျှောက်လုံး ယုံကြည်ချက်တွေကို အတည်ပြုခြင်း၊ ဆုံးဖြတ်ချက်တွေကို ခိုင်မြဲစေခြင်း၊ အသိပညာတွေရဲ့ မှန်ကန်မှုကို တွေးခေါ်နိုင်ခြင်း၊ နဲ့ ရှာဖွေမှုတွေအတွက် များစွာအကျိုးရှိတဲ့ မရှိမဖြစ်စွမ်းရည်ဖြစ်ပါတယ်။

၆။ စိန်ခေါ်မှုတွေကို လက်ခံခြင်း
ဘဝဟာ ဖိစီးမှုတွေနဲ့ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကလေးတစ်ယောက်ဟာ စိန်ခေါ်တတ်ပြီး ၊ အခြားစိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲတဲ့သတ္တိရှိပါက နောင်တချိန်မှာ အောင်မြင်သူတစ်ယောက်ဖြစ်လာမှာမလွဲပါပဲ။

၇။ ကိုယ်တိုင်ညွှန်ကြားခြင်း
သင်ယူချင်စိတ်ဟာ တနည်းအားဖြင့် ကိုယ့်ကိုကိုယ်ညွှန်ကြားနိုင်မှုဖြစ်ပါတယ်။ ဒီလိုစွမ်းရည်ဟာ အမြဲမပြတ်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ အသစ်အသစ်တွေကို သင်ယူနိုင်ဖို့ များစွာအထောက်အပံ့ ဖြစ်ပါလိမ့်မယ်။
ဒီလို စွမ်းရည်တွေကို ရရှိဖို့အတွက် ကလေးတွေရဲ့ နေ့စဉ်ဘ၀ လုပ်ငန်းဆောင်တာတွေ၊ ပျော်စရာတွေကနေတဆင့် ထည့်သွင်းသင်ကြားပေးနိုင်ပြီး အလေ့အကျင့် ပြုလုပ်ပေးခြင်းဖြင့် ဘဝကိုကောင်းကောင်းရင်ဆိုင်နိုင်သူတွေ
ဖြစ်လာကြမှာ အသေအချာပါပဲ။

LM_Naung_Naung

Chit_MayMay

Ref-workandfamilylife.com

Zawgyi Font

ကေလးငယ္တုိင္းကို သင္ၾကားေပးသင့္တဲ့ ဘ၀ကို လြယ္ကူစြာျဖတ္သန္းေစဖို႔ အ႐ိုးရွင္းဆံုး ဘ၀ေနနည္း (၇) ခ်က္

မိဘတိုင္းဟာ သားသမီးေတြကို အေကာင္းဆံုးဆိုတာေတြပဲ ေပးခ်င္ၾကပါတယ္။ သူတို႔ေတြႀကီးလာတဲ့အခါ ဘ၀ကိုခက္ခက္ခဲခဲ မ႐ုန္းကန္ရေစဖို႔အတြက္ ငယ္စဥ္ကတည္းက ပညာေတြသင္ေပးျခင္း၊ ဆံုးမစကားေတြေျပာျခင္းနဲ႔ သူတို႔ေတြအတုယူႏုိင္ေအာင္ မိဘေတြက အေကာင္းဆံုးစံျပအျဖစ္ ေနထိုင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ပညာေတြတတ္ယံုတစ္ခုတည္းနဲ႔ ဘ၀ကို႐ုန္းကန္ရင္ဆိုင္ဖို႔ မလြယ္ကူဖူးဆိုတာကို အခ်ိဳ႕မိဘေတြက ေမ႔ေနတတ္ၾကပါတယ္။ ဒါေၾကာင့္ သူတို႔ငယ္စဥ္ကေန အသက္ဘယ္ေလာက္ႀကီးႀကီး မေျပာင္းလဲသြားသင့္တဲ့ ဘ၀ေနနည္း (၇) ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အာ႐ံုစိုက္မႈနဲ႔ ကိုယ့္ကိုကိုယ္ထိန္းခ်ဳပ္မႈ
အာ႐ံုပ်ံ႕လြင့္မႈေတြ၊ သတင္းအမွားေတြနဲ႔ ႐ႈပ္ေထြးေပြလွတဲ့ ဒီကမၻာႀကီးမွာ သင့္ကေလးရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ကို ေျဖာင့္ေျဖာင့္ေရာက္ရွိႏိုင္ဖို႔အတြက္ ဒီအခ်က္က အကူအညီေပးႏိုင္ပါတယ္။ အရာရာတိုင္းကို အဆင္ေျပေျပနဲ႔ လိုက္ေလ်ာညီေထြေတြးေတာႏိုင္မႈနဲ႔၊ ကိုယ့္ကိုကိုယ္ထိန္းခ်ဳပ္ႏိုင္မႈကို ငယ္စဥ္ကတည္းက အေလ့အက်င့္လုပ္ေပးျခင္းဟာ သူတို႔ရဲ႕အနာဂတ္အတြက္ ႀကီးမားတဲ့သက္ေရာက္မႈေတြေပးႏိုင္ပါတယ္။

၂။ ပကတိအျမင္
ဒီအခ်က္ဟာ အျခားသူေတြရဲ႕ အေတြးနဲ႔ ခံစားခ်က္ကို တံု႕ျပန္ဖို႔အတြက္ အေရးႀကီးၿပီး တစ္ခါတစ္ေလမွာ စာနာသနားမႈထက္ ေက်ာ္လြန္ေနတတ္ပါတယ္။ ဒီလိုအရည္အခ်င္းေတြဟာ သူတို႔ရဲ႕ဆရာေတြ၊ မိဘေတြရဲ႕ ေနထိုင္မႈေတြကေနတဆင့္ သေဘာေပါက္နားလည္တတ္ၾကၿပီး အျခားသူေတြရဲ႕အျမင္ေတြကို သိရွိျခင္းေၾကာင့္ ပဋိပကၡေတြၾကံဳေတြရမႈကို မ်ားစြာေလ်ာ့နည္းေစပါတယ္။

၃။ ေပါင္းသင္းဆက္ဆံေရး
ေပါင္းသင္းဆက္ဆံေရးကၽြမ္းက်င္မႈ communication skill ဟာ သာမာန္အေျပာ၊ အဖတ္၊ အေရး ကၽြမ္းက်င္မႈေတြထက္ အမ်ားႀကီးပိုပါတယ္။ ဆက္ဆံေရးေျပျပစ္မႈဆိုသည္မွာ မည္သည့္လူမ်ိဳးကိုမဆို ဘယ္လိုဆက္ဆံေျပာဆိုလွ်င္ အဆင္ေျပႏိုင္မည္ကို ႀကိဳတင္နားလည္ေနေသာ ကၽြမ္းက်င္မႈတစ္ခုျဖစ္ၿပီး နယ္ပယ္ေပါင္းစံုမွာ အသံုးအ၀င္ဆံုး အရည္အခ်င္းတစ္ရပ္ ျဖစ္ပါတယ္။ ယေန႔ေခတ္မွာ ဒီလို Skill ေတြကို ဆရာ၊ ဆရာမေတြနဲ႔ အလုပ္ရွင္ေတြမွာ အဓိကေပ်ာက္ဆံုးေနေၾကာင့္ ျမင္ေတြ႔ႏိုင္ပါတယ္။

၄။ ဆက္သြယ္မႈျပဳလုပ္ျခင္း
ဒီအရာဟာ သင္ယူႏိုင္မႈရဲ႕အဓိကက်တဲ့ အခ်က္တစ္ခုျဖစ္ၿပီးေတာ့ ဘယ္အရာေတြကတူၿပီး၊ ဘယ္အရာေတြက ျခားနားတယ္ဆိုတာကုိ သိရွိေစျခင္းျဖစ္ပါတယ္။ ဒီလိုစြမ္းရည္ဟာ သာမာန္မဟုတ္တဲ့ ဖန္တီးမႈေတြအတြက္ အဓိကက်တဲ့ ဆက္သြယ္မႈျဖစ္ၿပီး ကမာၻႀကီးထဲက ဘယ္လိုသတင္အခ်က္အလက္ေတြကို သံုးစြဲႏိုင္မယ္ဆိုတာကို ေကာင္းေကာင္းသိတာနဲ႔ ေအာင္ျမင္မႈေတြကို ရရွိႏိုင္ပါတယ္။ ေအာင္ျမင္ၾကတဲ့လူတိုင္းဟာ ကမၻာႀကီးထဲက ဆက္သြယ္မႈေတြကို နညားလည္သေဘာေပါက္ၾကပါတယ္။

၅။ ေ၀ဖန္စဥ္းစားေတြးေခၚႏိုင္ျခင္း
ဒါဟာ ဘ၀တစ္ေလွ်ာက္လံုး ယံုၾကည္ခ်က္ေတြကို အတည္ျပဳျခင္း၊ ဆံုးျဖတ္ခ်က္ေတြကို ခိုင္ျမဲေစျခင္း၊ အသိပညာေတြရဲ႕ မွန္ကန္မႈကို ေတြးေခၚႏိုင္ျခင္း၊ နဲ႔ ရွာေဖြမႈေတြအတြက္ မ်ားစြာအက်ိဳးရွိတဲ့ မရွိမျဖစ္စြမ္းရည္ျဖစ္ပါတယ္။

၆။ စိန္ေခၚမႈေတြကို လက္ခံျခင္း
ဘ၀ဟာ ဖိစီးမႈေတြနဲ႔ စိန္ေခၚမႈေတြ ျပည့္ႏွက္ေနတဲ့ အရာတစ္ခုျဖစ္ပါတယ္။ ကေလးတစ္ေယာက္ဟာ စိန္ေခၚတတ္ၿပီး ၊ အျခားစိန္ေခၚမႈေတြကို ရင္ဆိုင္ရဲတဲ့သတၱိရွိပါက ေနာင္တခ်ိန္မွာ ေအာင္ျမင္သူတစ္ေယာက္ျဖစ္လာမွာမလြဲပါပဲ။

၇။ ကိုယ္တိုင္ညႊန္ၾကားျခင္း
သင္ယူခ်င္စိတ္ဟာ တနည္းအားျဖင့္ ကိုယ့္ကိုကိုယ္ညႊန္ၾကားႏိုင္မႈျဖစ္ပါတယ္။ ဒီလိုစြမ္းရည္ဟာ အျမဲမျပတ္ေျပာင္းလဲေနတဲ့ ကမာၻႀကီးမွာ အသစ္အသစ္ေတြကို သင္ယူႏိုင္ဖို႔ မ်ားစြာအေထာက္အပံ့ ျဖစ္ပါလိမ့္မယ္။
ဒီလို စြမ္းရည္ေတြကို ရရွိဖို႔အတြက္ ကေလးေတြရဲ႕ ေန႔စဥ္ဘ၀ လုပ္ငန္းေဆာင္တာေတြ၊ ေပ်ာ္စရာေတြကေနတဆင့္ ထည့္သြင္းသင္ၾကားေပးႏိုင္ၿပီး အေလ့အက်င့္ ျပဳလုပ္ေပးျခင္းျဖင့္ ဘ၀ကိုေကာင္းေကာင္းရင္ဆိုင္ႏိုင္သူေတြ
ျဖစ္လာၾကမွာ အေသအခ်ာပါပဲ။

LM_Naung_Naung

Chit_MayMay

Ref-workandfamilylife.com

LEAVE A REPLY

Please enter your comment!
Please enter your name here