ကလေးတွေဟာ များသောအားဖြင့် အသက် ၁၀လမှ ၁၅လအရွယ်တွင် သူတို့ရဲ့ပထမဆုံးစကားလုံးတွေကို ပြောဆိုလေ့ရှိကြပါတယ်။ ပြီးတော့ သင့်ကလေးရဲ့ စကားပြောပုံက သူတို့ကို ပတ်ဝန်းကျင်လောကအကြောင်းသိဖို့ ကူညီပေးရုံသာမက သူတို့ရဲ့ အနာဂတ်စွမ်းရည်တွေကိုပါ လွှမ်းမိုးနိုင်ပါတယ်။ သင့်ကလေးကို ပိုမိုကောင်းမွန်သော ရလဒ်များရစေဖို့ ဘယ်ဒီဂရီ (သို့) အထူးဗဟုသုတမှ မလိုအပ်ပါဘူး။ စကားပြောပေးရုံပါပဲ။
၂၀၀၆ခုနှစ်က ပထမအဆင့် လေ့လာမှုမှာ ၂လမှ ၄၈လအထိ ကလေးတွေရှိတဲ့ မိသားစုတွေဟာ တစ်လလျှင် ၁၂နာရီ အသံသွင်းတာတွေကို နှစ်တစ်ဝက်လောက် ပြုလုပ်ခဲ့ပါတယ်။ ထို့နောက် special system က လူကြီးတွေပြောတဲ့ စကားလုံး အရေအတွက်၊ အရွယ်ရောက်ပြီးသူနှင့် ကလေးအကြား အပြန်အလှန်တုံ့ပြန်မှု အရေအတွက်နှင့် ကလေးရဲ့ အသံထွက်မှု အကြိမ်အရေအတွက်ကို အလိုအလျောက်တွက်ချက်ခဲ့ပါတယ်။

ဒီကလေးတွေ အသက် ၉နှစ်မှ ၁၄နှစ်အရွယ် ရောက်သွားတဲ့အချိန်မှာ ဒုတိယအဆင့် လေ့လာမှုကို ပြုလုပ်ခဲ့ပါတယ်။ သူတို့ဟာ သိမြင်မှုနှင့် ဘာသာစကား စမ်းသပ်မှုနှစ်ခုစလုံးကို အောင်မြင်ခဲ့ပြီး ရလဒ်တွေအရ အသက် ၁၈နှစ်မှ၂၄လအကြား အရွယ်ရောက်ပြီးသူတွေနဲ့ အပြန်အလှန် စကားစမြည် ပြောဆိုမှုအရေအတွက်က သိမြင်မှုနှင့် ဘာသာစကားရလဒ်များကို ကြိုတင်ခန့်မှန်းနိုင်ကြောင်း ပြသခဲ့ပါတယ်။
အရေအတွက်နှင့်အတူ communication အရည်အသွေးဟာ ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးတိုးတတ်မှုကိုလည်း သက်ရောက်ပါတယ်။ နောက်ထပ်လေ့လာမှု တစ်ခုအရ မိခင်တွေနှင့်အတူ ၈လကျော်ကလေးတွေရဲ့ communication ကိုစောင့်ကြည့်ခဲ့ပါတယ်။ မိခင်နှင့်အတူ အပြန်အလှန်တုံ့ပြန်တဲ့ ကလေးတွေဟာ မိခင်နှင့်အတူ တိုက်ရိုက်စကားပြောဆိုခြင်းနှင့် အမူအရာ၊ စကားလုံးတွေကို ပိုမိုထုတ်လုပ်နိုင်တာကိုလည်း တွေ့ရှိခဲ့ပါတယ်။

နောက်ထပ် လေ့လာမှုတစ်ခုမှာ လူကြီးတွေဆီကနေ သူတို့ရဲ့မေးခွန်းတွေအတွက် အသေးစိတ်ကျပြီး ပိုမိုရှည်လျားတဲ့ အဖြေကို ရရှိတဲ့ကလေးတွေဟာ ပိုမိုလေ့လာသင်ယူကြပါတယ်။ ဒီပြောဆိုဆက်ဆံနည်းဟာ ကလေးတွေအား အယူအဆကို ဆက်လက်ထားရှိစေပြီး လုပ်ငန်းသစ်တွေ လုပ်ဆောင်ရာမှာ အသုံးပြုခွင့်ရစေပါတယ်။
ကလေးတစ်ယောက်ကို ဘယ်လိုကူညီနိုင်မလဲ
သင့်ကလေး စကားပြောဆိုဖို့အတွက် သူတို့နှင့်စကားပြောတဲ့အခါ သင့်လက်ချောင်းတွေကို အသုံးပြုနိုင်ပါတယ်။ သင်ပြောနေတဲ့ အရာဝတ္တုတွေကို လက်ချောင်းဖြင့်သာ ညွှန်ပြပါ။ ဒါက ကလေးကို နားလည်ဖို့ လွယ်ကူစေပြီး စကားလုံးအသစ်ကို မြန်မြန်သင်ယူနိုင်ပါလိမ့်မယ်။ အရာဝတ္တုရဲ့ နာမည်ကို လက်ညိုးညွှန်ပြပြီး မေးနိုင်ပါတယ်။

Chit_MayMay
LM_Nandar
Source-brightside