ကလေးတွေကိုစိတ်ဒဏ်ရာရအောင် ကျွန်တော်တို့ သိသည်ဖြစ်စေ၊ မသိပဲဖြစ်စေလုပ်တတ်ကြပါတယ်။ ဒါတွေက သူ့ကိုဘာတွေဖြစ်လာစေနိုင်လဲ? စိတ်ဒဏ်ရာခံစားခဲ့ရတ့ကလေးတွေဟာ သူ့ကိုကူညီမဘ့်သူမရှိသလိုမလုံခြုမှုကိုခံစားနေရတတ်ပါတယ်။ သူတို့ဘာကြောင့်စိတ်ဒဏ်ရာရနိုင်လဲဆိုတာလေ့လာကြည့်ရင် ငယ်ဘ၀မှာလိင်ပိုင်းဆိုင်ရာစော်ကားခံရမှု၊ စကားလုံးတွေနဲ့ထိုးနှက်တိုက်ခိုက်ခံရမှု၊ အိမ်တွင်းအကြမ်းဖက်ခံရမှု၊ မလုံခြုံတဲ့ပတ်၀န်းကျင်နေခဲ့ရမှု၊ မိဘတွေကွဲကွာမှု၊ ဂရုစိုက်မခံရမှု၊ အနိုင်ကျင့်ခံရမှု၊ အပြင်းအထန်ဖျားနာမှု၊ ဆေးကုသမှုမှားယွင်းမှုစတဲ့အခြေအနေတွေကြောင့်ပဲဖြစ်တယ်လို့Casa Palmera ကုသရေးဌာနကဖော်ပြထားပါတယ်။
ကြီးမားတဲ့ထိခိုက်မှု

ဒီစကားလုံးတစ်လုံးက ကလေးဘ၀စိတ်ဒဏ်ရာတဲ့အကျိုးသက်ရောက်မှုတွေကိုအတိအကျဖော်ပြနေပါတယ်။ အလွဲသုံးစားမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ မိဘခွဲနေခြင်း၊ အနိုင်ကျင့်ခြင်း၊ လျစ်လျူရှုခြင်း၊ ဖျားနာမှုသို့မဟုတ်အခြားအရာတစ်ခုခုကြောင့်ရရှိသောစိတ်ဒဏ်ရာသည်လူငယ်တစ် ဦး ၏မိမိကိုယ်ကို၏ခံစားချက်နှင့်သူသို့မဟုတ်သူမရဲ့ပတ် ၀ န်းကျင်အပေါ်မည်သို့အကျိုးသက်ရောက်နိုင်သည်ကိုမြင်ယောင်ကြည့်ပါ။
စိတ်ဒဏ်ရာနှင့်လူကြီး

တစ်စုံတစ် ဦး ကလူကြီးဖြစ်လာတာနဲ့တစ်ပြိုင်နက်စိတ်ဒဏ်ရာကို ရပ်တန့်ပစ်အောင်လုပ်လိုက်လို့မရပါဘူး။ လူ့ ဦးနှောက်ဟာ ၀ က ၆ နှစ်အကြားအမြန်ဆုံးကြီးထွားလာတာပါ၊ မကြာခဏဆိုသလို စိတ်ဒဏ်ရာက လူတစ်ဦးရဲ့စိတ်ထဲကို ရှုပ်ထွေးတဲ့၀ါယာတွေရစ်ပတ်သလို ၀င်ရောက်လာတတ်ပါတယ်။
ငယ်စဉ်ကလေးဘဝတုန်းကစိတ်ဒဏ်ရာခံစားနေရသူတစ်ဦး ဟာ သူတို့ရဲ့ဘ၀အပေါ်မည်သို့ အကျိုးသက်ရောက်မည်ကို သတိမထားမိကြပါ။ စိတ်ကုထုံးသင်ခန်းစာတစ်ခုမှာစိတ်ဒဏ်ရာတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရတွေကိုတွေ့ကြုံခံစားခဲ့ရသောလူနာများစွာ၏အဖြစ်အပျက်များကိုဖော်ပြထားပြီးဒါဟာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အတွက်အရေးကြီးတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ စိတ်ဒဏ်ရာကိုပြန်ကောင်းအောင်လုပ်ဖို့က တော်တော်ခက်ခဲနိုင်ပါတယ်။
နာတာရှည်

ခန္ဓာကိုယ်ပြင်ပကဖြစ်ပေါ်တဲ့စိတ်ဒဏ်ရာ (ဥပမာ၊ အလွဲသုံးစားမှု၊ ချေမှုန်းခြင်း၊ စိတ်ဖိစီးမှု) တွေက တိုက်ခိုက်ဖို့ သို့မဟုတ် ရှေ ာင်ပြေးစေတတ်မှုတို့ကိုလုပ်ဖို့ ဦးနှောက်ကိုတိုက်တွန်းပါတယ်။ cortisol နှင့် norepinephrine စတဲ့ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေက ကိုယ်ခန္ဓာက အလွန်ထွက်လာတတ်ပါတယ်။ အဲ့ဒီလိုအချိန်တွေဆို ကျွန်တော်တို့ ကိုယ်ခန္ဓာဟာ အလို အလျောက်တင်းမာနေတတ်ပါတယ်။
ပြဿနာတစ်ခုရဲ့ ခြိမ်းခြောက်မှုကို ဖယ်ရှားဖို့ သို့မဟုတ် ဖယ်ရှားပီးသွားတဲ့အခါမှာတောင် စိတ်ဖိစီးမှုက လုံး၀ပျောက်ကွယ်သွားမှာတော့မဟုတ်ပါဘူး။ ဦးနှောက်ရဲ့အာရုံကြောကွန်ယက်ကို ခြိမ်းခြောက်မှုရှိနေဆဲဖြစ်ပြီး အပြုအမူတွေကိုပါ ပြောင်းလဲသွားစေပါတယ်။
လူမှုရေးကရှောင်ဖယ်ခြင်း

သုတေသနပြုချက်တွေအရ ကလေးဘ၀က စိတ်ဒဏ်ရာရခဲ့သူတွေဟာ လူမှုဆက်ဆံရေးမှာ စိုးရိမ်ပူပန်မှုတွေ သို့မဟုတ် ၀မ်းနည်းမှုတွေကို ဖြစ်စေပါတယ်။ မိဘတွေရဲ့အလွဲသုံးစားမှု (ဥပမာ၊ ပြစ်မှုကျူးလွန်ခြင်း၊ စော်ကားခြင်း၊ ကျိန်ဆိုခြင်း၊ နှုတ်ဖြင့်ကျူးကျော်ခြင်း) နှင့်စိတ်ပိုင်းဆိုင်ရာလျစ်လျူရှုခြင်း စတာတွေဟာ လူမှုဆက်ဆံရေးထဲ၀င်ဖို့ကြောက်ရွံမှုတွေ စတင်ခြင်းနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။
လူမှုဆက်ဆံရေးနယ်ပယ်က ရှောင်ခွာနေသူတွေဟာ များသောအားဖြင့် ကလေးဘ၀ကရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် စိုးရိမ်ပူပန်မှုနဲ့ကြောက်ရွံမှုတွေကြောင့် ဒီလိုပြုမူနေကြတယ်လို့ဆိုပါတယ်။ ဒါကSeasonal affective disorder (SAD) လို့ခေါ်တဲ့စိတ်ကျရောဂါတစ်မျိုးလည်းဖြစ်ပီးတော့ အခြားသူတွေရဲ့ပြင်းပြင်းထန်ထန် အကဲဖြတ်ခြင်းကို အရမ်းကြောက်ရွံတတ်ကြပါတယ်။ဒါကြောင့် သူတို့က လူတွေနဲ့၀ေး၀ေးနေပြီး သူတို့ကိုသူတို့ သီးသန့်ခွဲခြားထားတာပါ။
တစ်ခုခုဆိုအလွန်အမင်းကြောက်ရွံ

စိုးရိမ်ပူပတ်မှုမရှိတဲ့သူတွေက အစည်းအ၀ေးတစ်ခုကိုတက်ရောက်ဖို့ ဘာခြိမ်းခြောက်မှုမှမရှိပဲ အေးအေးဆေးဆေး တက်ရေ ာက်နိုင်ပါတယ်။ သူတို့က အလယ်အလတ်လမ်းစဉ်ကိုကျင့်တော့ စိတ်သက်သာပါတယ်။ ဒါပေမယ့်စိုးရိမ်ပူပန်တတ်သူက တော့ မကောင်းတဲ့သုံးသပ်ချက်ကို ရလိမ့်မလားဆိုပီး အလွန်အမင်းကြောက်ရွံနေတတ်ပါတယ်။ ပိုဆိုးတာက သူတို့ရဲ့ဦးနှောက်က အစည်းအ၀ေးအပြင် တခြားအရာတွေမှာလည်း အာရုံမစိုက်နိုင်လောက်အောင်ခ အလွန်အမင်းစိုးရိမ်နေကြတာပါပဲ။ ပြောရရင် အမြဲလိုလိုကို တစ်ခုခုကို စိုးရိမ်နေကြတာပါ။
ကြောက်တာတွေကိုရှောင်

ကျွန်တော်တို့ ကြောက်ရွံတဲ့အရာတွေကို ရှောင်ရှားတာက လူ့သဘာ၀တစ်ခုလို့ပြောလို့ရပေမယ့် ကလေးဘ၀မှာစိတ်ဒဏ်ရာရခဲ့သူတွေကတော့ ဒီလိုရှောင်ရှားမှုကို အစွန်းရောက်တဲ့အထိလုပ်တတ်ကြပါတယ်။
သင်သွားဆရာ၀န်ဆီသွားဖို့ကြောက်ရွံတာမှန်ပေမယ့် သင်သွားမှာပါ၊ ဘာလို့လဲဆိုတော့ အဲ့ဒီကိုသွားမှ သင့်ရောဂါသက်သာမယ်ဆိုတဲ့စိတ်ကြောင့်ပါ၊ ငယ်ငယ်က စိတ်ရောဂါရခဲ့သူတွေကတော့ ၀ေဒနာခံစားပီးတော့ကို လုံး၀သွားမှာမဟုတ်ပါဘူး။
မကြာခနဆိုသလို စိတ်ဒဏ်ရာသမိုင်းရှိခဲ့တဲ့ လူကြီးတွေက ကြောက်ရွံခြင်းကို သူတို့လုပ်ရပ်တွေကတစ်ဆင့်ဖော်ပြနေပါတယ်။လိုအပ်လောက်တဲ့ကြောက်ရွံမှုထက်ပိုပြီးဘ၀မှာနေထိုင်တတ်ကြပါတယ်။ ခြိမ်းခြောက်တယ်လို့ထင်ရတဲ့အရာတွေကို၀ေး၀ေးကရှောင်တတ်ကြပါတယ်။ ဒါတွေက သူတို့ရဲ့ရည်ရွယ်ချက်နဲ့ဘ၀အရည်အသွေးကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောငါ့ကလေးတွေကို စိတ်ဒါဏ်ရာမပေးကြပါနဲ့နော်
#Chit_May_May
#Mg_Htet
REF_heathline.com