ကလေးငယ်တွေကို ထိခိုက်မှုဖြစ်စေနိုင်တဲ့ နည်းပညာရဲ့ဆိုးကျိုးများ

0
113
- Advertisement -

ကလေးငယ်တွေကို နည်းပညာနဲ့ ထိတွေ့ခွင့်မပေးမှီ နည်းပညာရဲ့ ဆိုးကျိုးတွေကို သိရှိနားလည်ထားတာက ကလေးငယ်တွေအတွက် ကောင်းမွန်ပါလိမ့်မယ်။ ပြဿနာတွေကို မကြုံတွေ့ရအောင် ကြိုတင်ရှောင်ရှားတာနဲ့ ကာကွယ်ထားတာက အသင့်တော်ဆုံးသောနည်းလမ်းဘဲဖြစ်ပါတယ်။

ယနေ့ခေတ်မှာ smart devices များသည် ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်များရဲ့ နေ့စဉ်ဘဝအစိတ်အပိုင်းလိုဖြစ်နေပါတယ်။ ဒါကြောင့်မို့ မိဘများအနေနဲ့ နည်းပညာရဲ့ ဆိုးကျိုးများကိုပိုပြီး စိုးရိမ်သင့်ပါတယ်။ နည်းပညာရဲ့ ကောင်းကျိုးတွေများစွာရှိပေမယ့် ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကာလအတွင်း ရှုပ်ထွေးမှုတွေကို ရှောင်ရှားဖို့အတွက် သိထားသင့်တဲ့အချက်အလက်တွေကို ဖော်ပြပေးပါ့မယ်။

၁။ ဆိုးရွားတဲ့ ခြိမ်းခြောက်မှုများ

- Advertisement -

အင်တာနက်ကိုအသုံးပြုပြီး အနိုင်ကျင့်တတ်သောသူများက အခြားသောသူများရဲ့ စိတ်ခံစားမှုများကို အလွဲသုံးစားပြုတတ်ကြပါတယ်။ အဲဒီလို လုပ်တတ်သူတွေဟာ ကလေးငယ်တွေကိုလည်း ပစ်မှတ်ထားလေ့ရှိတာမို့ ဆိုးကျိုးတွေဟာ ကလေးငယ်တွေအပေါ်လည်း သက်ရောက်မှုများရှိပါတယ်။

၂။ သီးသန့်တည်ရှိမှုများ ပျောက်ကွယ်ခြင်း

လူမှုကွန်ယက်များကို အသုံးပြုတဲ့အခါမှာ ကျနော်တို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စအချို့ကို လူအများသိစေဖို့အတွက် တင်ထားကြရပါတယ်။ ဒါဟာ မသမာမှုကို ပြုလုပ်ဖို့အတွက် ကြိုးပမ်းသူများကို လွယ်ကူစေတဲ့ အချက်အလက်တွေဖြစ်သွားစေတတ်ပြီး ကလေးငယ်များသာမက အချို့သော လူကြီးများပါ အဲဒါရဲ့ ဆိုးကျိုးများကို ခံစားကြရလေ့ရှိတာမို့ ဂရုတစိုက်ရှိဖို့လိုအပ်ပါတယ်။

၃။ လူမှုဆက်ဆံရေးများ လျော့နည်းလာခြင်း

လက်ရှိတွင် နည်းပညာဆိုင်ရာအထောက်အကူများမှတဆင့် တည်ဆောက်ထားတဲ့ ဆက်ဆံရေးတွေဟာအရေးပါလာပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာဆက်သွယ်မှုတွေကတော့ တဖြည်းဖြည်းလျော့နည်းလာပါတယ်။ ဒါဟာလည်း နည်းပညာရဲ့ ဆိုးကျိုးတွေလို့ သတ်မှတ်ရမှာဘဲဖြစ်ပါတယ်။ နည်းပညာဆိုင်ရာတွေနဲ့ လူမှုကွန်ယက်တွေဟာ စွဲလမ်းစေတဲ့သဘောရှိတာမို့ နည်းပညာဆိုင်ရာတွေနဲ့ဘဲ အချိန်ကုန်ပြီး ပြင်ပလူမှုပေါင်းသင်းဆက်ဆံရေးတွေနဲ့ ပိုပိုပြီးဝေးကွာသွားစေပါတယ်။

၄။ အစစ်အမှန်လောကနဲ့ ဝေးကွာလာခြင်း

စိတ်လှုပ်ရှားမှုနဲ့ ရုပ်ပိုင်းဆိုင်ရာလုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မရရှိတော့တဲ့အခါ ကလေးငယ်တွေဟာ အင်တာနက်ဆက်သွယ်မှုဧရိယာတွေဆီကို ရောက်သွားကြပါတော့တယ်။ အင်တာနက်ဆက်သွယ်မှုဧရိယာထဲမှာ သူတို့ကြိုက်နှစ်သက်တဲ့ ဘဝကို စိတ်ကူးနိုင်ပြီး သူတို့ရဲ့ ကိုယ်ပိုင်အစစ်အမှန်ဘဝပုံစံမျိုးကို တည်ဆောက်တတ်ကြတာကြောင့် ပြင်ပတကယ့်လက်ရှိဘဝတွေနဲ့ ဝေးကွာလာပါတော့တယ်။ နည်းပညာကို အသုံးချပြီး အချိန်ပြည့်ပျော်မွေ့နေတတ်တာကြောင့် ပြင်ပလက်ရှိဘဝမှာ အံဝင်ခွင်ကျမှုမရှိတော့ဘဲ အထီးကျန်စိတ်ရောဂါမျိုးကို ခံစားလာရနိုင်ပါတယ်။

၅။ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ခြင်း

ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတွေဟာ မပြည့်စုံသေးတာကြောင့် နည်းပညာနဲ့ အလွန်အကျွံထိတွေ့ခြင်းဟာ ဦးနှောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါတယ်။ ဒါဟာလည်း နည်းပညာရဲ့ အန္တရာယ်ရှိတဲ့ ဆိုးကျိုးတခုဘဲဖြစ်ပါတယ်။ တီဗွီကို အချိန်အကြာကြီးကြည့်တာဟာ ဘာသာစကားနဲ့ တီထွင်ဖန်တီးမှုကို ဖွံ့ဖြိုးစေနိုင်ပေမယ့် စာဖတ်တာလောက်တော့ ကောင်းမွန်တဲ့ သက်ရောက်မှုမျိုးကို မရရှိစေပါဘူး။ ဗီဒီယိုဂိမ်းများ၊ ရုပ်မြင်သံကြားစက်များနဲ့ အချိန်များစွာကုန်လွန်တဲ့ ကလေးငယ်တွေဟာ အဝလွန်ခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ အထိုင်များတဲ့ လူနေမှုပုံစံရဲ့ အခြားသောဆိုးကျိုးတွေကတော့ အိပ်စက်ခြင်းဆိုင်ရာပြဿနာများနဲ့ အစာချေဖျက်မှုဆိုင်ရာရောဂါတွေကို ဖြစ်ပွားစေတဲ့အတွက် မိဘများအနေနဲ့ နည်းပညာရဲ့ဆိုးကျိုးတွေကို ထိန်းချုပ်နိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- youaremom

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here