ကလေးငယ်တွေကို ဒေါသတကြီးအော်ဟစ်မငေါက်ငမ်းသင့်တဲ့အကြောင်းရင်းများ

0
276
- Advertisement -

ကလေးငယ်တွေကို ရိုက်နှက်ဆုံးမဖို့မသင့်တော်ဘူးဆိုတဲ့အကြောင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်ကတည်းက အကျယ်တဝင့်သိလာကြပါတယ်။ ဒါပေမယ့် မိဘတော်တော်များများသည် ရိုက်နှက်မယ့်အစား အော်ဟစ်ငေါက်ငမ်းတဲ့နည်းလမ်းကို အသုံးပြုလာကြပါတယ်။ ဒေါသတကြီးအော်ဟစ်ပြောဆိုတာမျိုးသည် ကလေးတွေကို ဆိုဆုံးမရာမရောက်သလို မိဘတွေရဲ့ ပုံရိပ်ကိုလည်း ကျဆင်းစေပါတယ်။

ဒေါသတကြီး အော်ဟစ်ပြောဆိုတတ်တဲ့အိမ်ထောင်စုက ကလေးငယ်တွေဟာ မိမိကိုယ်ကိုလေးစားမှုနိမ့်ကျပြီး စိတ်ဓါတ်ကျမှုနှုန်းမြင့်မားတာကို တွေ့ရှိရပါတယ်။ ၂၀၁၄ ခုနှစ်တွင် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးဂျာနယ်မှ လေ့လာမှုတခုကိုပြုလုပ်ခဲ့ရာ ကလေးငယ်တွေကို ဒေါသတကြီးအော်ဟစ်ကြိမ်းမောင်းတာမျိုးဟာ ရိုက်နှက်အပြစ်ပေးခြင်းနဲ့အလားတူ စိတ်ဖိစီးမှုများလာခြင်း၊ စိတ်ဓါတ်ကျခြင်းနဲ့ အမူအကျင့်ဆိုင်ရာ ပြဿနာတွေပိုပြီးများပြားလာတာကို တွေ့ရှိရပါတယ်။

ကလေးငယ်တွေကို အော်ဟစ်ပြောဆိုတာမျိုးထက် နည်းလမ်းတကျပြောဆိုပြီး မိဘတွေဖြစ်စေချင်တဲ့အတိုင်း လိုက်နာစေတာက အပြုသဘောဆန်တဲ့ရလာဒ်ကောင်းတွေကို ပိုပြီးရရှိလာစေနိုင်ပါတယ်။ ကောင်းမွန်သင့်တော်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောပြထားပေးပြီး သိနားလည်ထားစေတာက ကလေးငယ်တွေအမှားမလုပ်မိစေဖို့အတွက် အကောင်းဆုံးသောနည်းလမ်းဘဲဖြစ်ပါတယ်။

- Advertisement -

လူတွေရဲ့ ဗီဇအရ ဒေါသထွက်လာတဲ့အခါ၊ စိတ်ရှုပ်ထွေးလာတဲ့အခါ အော်ဟစ်ပြောဆိုတာမျိုးကို ထိန်းချုပ်နိုင်ဖို့က တော်တော်ခက်ခဲတဲ့အလုပ်တခုဘဲဖြစ်ပါတယ်။ တခါတရံမျိုးမှာ ထိန်းချုပ်ထားတဲ့ကြားက စိတ်လွတ်ထွက်သွားပြီး အော်ဟစ်ငေါက်ငမ်းမိသွားနိုင်ပါတယ်။ ဒါပေမယ့် စိတ်တည်ငြိမ်လာတဲ့အခါ ကလေးငယ်တွေကို အော်ဟစ်မိသွားတာနဲ့ ပတ်သတ်ပြီး ဝမ်းနည်းစကားပြောဆိုတာမျိုး၊ စိတ်ပြေပျောက်အောင် ဖြေဖျောက်ပေးတာမျိုးကို ပြန်လည်လုပ်ဆောင်ပေးသင့်ပါတယ်။ ဒါမှသာ ကလေးငယ်တွေသည် စိတ်ပိုင်းဆိုင်ရာဒဏ်ရာမျိုးတွေနဲ့ ကင်းဝေးပြီး ကောင်းမွန်မှန်ကန်တဲ့ အမူအကျင့်တွေကို အတုယူနိုင်မှာဘဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- nytime

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here