ကလေးငယ်တွေကို နို့ချိုတိုက်ကျွေးနေရချိန်မျိုးမှာ ငှက်ပျောသီးစားသုံးပါက ရရှိနိုင်တဲ့အကျိုးကျေးဇူးများ

0
118
- Advertisement -

မွေးကင်းစခလေးငယ်တွေကို မိခင်နို့တိုက်ကျွေးပေးဖို့က အရေးကြီးပါတယ်။ ကလေးငယ်တွေကို နို့ချို့တိုက်ကျွေးနေရ
ချိန်မျိုးမှာ မိခင်ဖြစ်သူရဲ့ စားသောက်နေထိုင်မှုများသည် ကလေးငယ်ရဲ့ကျန်းမာရေးအပေါ်တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ ဒါကြောင့်မို့ မိခင်ဖြစ်သူတွေသည် အစားအသောက်၊အနေအထိုင် အစရှိတာတွေကို ဂရုတစိုက်ရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့ နို့ချိုတိုက်ကျွေးနေရချိန်မျိုးမှာ ငှက်ပျောသီးစားသုံးပေးပါက ရရှိနိုင်တဲ့အကျိုးရလဒ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်တဲ့စွမ်းအင်ပမာဏကိုပြည့်ဝစေပါတယ်

ကလေးငယ်များသည် မိခင်နို့ရည်စတင်သောက်သုံးချိန်မှစပြီး ပထမခြောက်လအထိ တနေ့လျှင် မိခင်နို့ရည် ၆၄၀ ကီလိုဂရမ်လိုအပ်ပါတယ်။ ငှက်ပျောသီးသည် မိခင်ဖြစ်သူအတွက် လိုအပ်တဲ့စွမ်းအင်ပမာဏကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိပါတယ်။ ပုံမှန်အရွယ်အစားရှိတဲ့ ငှက်ပျောသီးတလုံးမှာ ခန့်မန်းခြေအားဖြင့် ကယ်လိုရီ ၁၀၉ ကီလိုဂရမ်ပါရှိပါတယ်။ ဒါကြောင့်မို့ ငှက်ပျောသီးကို မနက်စာစားသုံးရာတွင်လည်းကောင်း၊ နေ့လည်အစာပြေအဖြစ်လည်းကောင်း ပုံမှန်စားသုံးပေးပါက မိခင်ဖြစ်သူနဲ့ ကလေးငယ်အတွက်ပါ ကောင်းမွန်တဲ့အကျိုးရလဒ်တွေဖြစ်ပေါ်လာစေနိုင်ပါတယ်။

- Advertisement -

အဟာရဖြည့်ဆည်းပေးပါတယ်

ငှက်ပျောသီးသည် အဟာရသိပ်သည်းမှုရှိတဲ့အသီးဖြစ်ပြီး ပိုတက်ဆီယမ်၊ ဗီတာမင် B6 ၊ ကော့ပါး၊ မန်းဂနိစ်နဲ့ အမျှင်ဓာတ်များစွာပါရှိပါတယ်။ ဒါကြောင့်မို့ ငှက်ပျောသီးကို ပုံမှန်စားသုံးပေးတာက ကျန်းမာရေးကို ထိန်းသိမ်းပြီးသားဖြစ်စေသလို မီးဖွားစဉ်မှာရရှိခဲ့တာ နာကျင်မှုဝေဒနာတွေကိုလည်း လျှင်မြန်စွာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် ငှက်ပျောသီးသည် အစာအိမ်မှ
အစာချေဖျက်မှုကို ခံနိုင်ရည်ရှိတဲ့ အမျှင်ဓါတ်များစွာကြွယ်ဝတာကြောင့် အစာစားသုံးခြင်းကို ထိန်းညှိပေးပြီး မကြာခဏဆာလောင်မွတ်သိပ်မှုတွေကိုလည်း ပြေပျောက်စေပါတယ်။ ဒါဟာ ကလေးမွေးဖွားပြီးနောက် ဖြစ်လာတတ်တဲ့ ခန္ဓာကိုယ်အဝလွန်လာမှုကိုလည်း ကာကွယ်ပေးပြီးသားဖြစ်စေပါတယ်။

အူအတွင်းမှာရှိတဲ့ အကျိုးပြုအဏုဇီဝပိုးအရေအတွက်ကို ထိန်းညှိပေးပါတယ်

ငှက်ပျောသီးမှည့်တွင် prebiotic ဂုဏ်သတ္တိများရှိသော FODMAP (Fermentable Oligo, Di, Mono-saccharides နှင့် Polyols) များစွာပါဝင်သည်။ Prebiotics သည်အူမကြီးအတွင်းရှိ probiotic အဆင့်ကိုတိုးတက်စေပြီး အာဟာရဓာတ်များကို ကောင်းစွာစုပ်ယူနိုင်ရန်ကူညီပေးပါတယ်။ ဒါ့အပြင် အစာခြေဖျက်နိုင်စွမ်းကို မြှင့်တင်ပေးသလို၊ အစာအိမ်အတွင်း အက်ဆစ်ဓါတ်မြင့်မားမှုကြောင့် အချဉ်ဓါတ်မြင့်တက်ခြင်းကိုလည်း ထိန်းညှိပေးပါတယ်။

ကိုယ်ခံစွမ်းအားကို ထောက်ပံ့ပေးပါတယ်

ငှက်ပျောသီးတွင်ပါဝင်တဲ့ ဗီတာမင်စီ၊ B6 ၊ phenols နဲ့ phytosterols ကဲ့သို့သောဇီဝဗေဒဆိုင်ရာဒြပ်ပေါင်းများသည် antioxidant ကိုမြှင့်တင်ပေးပြီး ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးတဲ့အကျိုးသက်ရောက်မှုများအပြင် ကိုယ်ခံစွမ်းအားကိုပါ မြင့်တက်စေအောင်ကူညီပေးပါတယ်။ ဒါ့အပြင် ငှက်ပျောသီးတွင် tryptophan လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ပါဝင်တာကြောင့် ကလေးမွေးဖွားပြီးနောက်ပိုင်းတွင် ဖြစ်ပေါ်လာတတ်သော စိတ်ကျရောဂါကို တိုက်ဖျက်ရာတွင် အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် စိတ်ခံစားချက်များကိုလည်း ပိုမိုကောင်းမွန်လာစေတဲ့အတွက် ငှက်ပျောသီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- momjunction

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here