မိခင်ကောင်း၊ မိဘကောင်းဖြစ်နိုင်ဖို့ဆိုတာကို ဘယ်လိုလူတွေကမှ မသိနိုင်ကြပါဘူး။ ဒါဟာ စိန်ခေါ်မှုတရပ်လည်းဖြစ်ပါတယ်။
မိဘတွေဟာ အတတ်နိုင်ဆုံးအကောင်းမွန်ဆုံးဖြစ်နိုင်ဖို့အတွက် နည်းလမ်းတွေကို ရှာဖွေပြီး မိမိရဲ့ သားသမီးတွေကို ညွှန်ကြားပြသဖို့ ကြိုးစားကြရပါတယ်။ မိခင်တယောက်ဖြစ်ရတဲ့ဘဝမှာ ကောင်းတဲ့အရာတွေကို သင်ကြားပေးဖို့ လိုအပ်သလို မကောင်းတဲ့အရာတွေကို ရှောင်ကြဉ်ဖို့လည်းလိုပါတယ်။ ဒီတော့ ကလေးတွေကို ဘယ်သောအခါမှမလုပ်သင့်တဲ့ အချက်(၅)ချက်ကို ဖော်ပြပေးသွားပါ့မယ်။
၁။ ၁၈လ မပြည့်မချင်းခွဲ၍ မနေစေခြင်း

မိခင်တို့ရဲ့ ရင်ခွင်ဟာ ကလေးငယ်တွေအတွက် အကောင်းဆုံးခိုလှုံရာဘဲဖြစ်ပါတယ်။ ကလေးငယ်တွေဟာ မိခင်ရဲ့ဝမ်းထဲမှာ ကိုးလလောက် လုံခြုံနွေးထွေးစွာနေထိုင်ခဲ့ပါတယ်။ မိခင်ရဲ့ ကြင်နာမှုနဲ့ နွေးထွေးမှုတွေဟာ မိခင်နဲ့ ကလေးအတွက် အကောင်းဆုံးချစ်ခင်မှုနှောင်ကြိုးတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေ အသက် ၁၈ လမပြည့်မချင်း မိခင်နဲ့ကလေး ခွဲခွာပြီးမနေသင့်ပါဘူး။
၂။ ဘယ်တော့မှလျစ်လျူမရှုပါနဲ့

မွေးကင်းစကလေးငယ်တွေနဲ့ သိပ်ပြီးမသိတတ်သေးတဲ့ ကလေးငယ်တွေအတွက် ငိုယိုခြင်းဟာ သူတို့အတွက် တခုတည်းသောဆက်သွယ်ရေးနည်းလမ်းဘဲဖြစ်ပါတယ်။ အကယ်၍ သူတို့ကို လျစ်လျူရှုထားပါက သူတို့သည် အလွန်စိတ်သောကရောက်ခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။ သူတို့ဟာ မိဘတွေအပေါ်လုံးဝမှီခိုပြီးနေနေရတဲ့အချက်ကို မိဘတွေအနေနဲ့ အထူးဂရုပြုဖို့လိုအပ်ပြီး ချစ်ခင်ကြင်နာနွေးထွေးမှုတွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။
၃။ တယောက်ထဲမထားခဲ့ပါနဲ့

ကလေးငယ်တွေကို တယောက်ထဲထားခဲ့ပါက မလိုလားအပ်တဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့လာရနိုင်ပါတယ်။ ကလေးငယ်တွေကို
ကိုယ်ထူကိုယ်ထ အမှီအခိုကင်းအောင်သင်ကြားပေးသင့်တယ်ဆိုပေမယ့် လက်လွတ်စံပယ်ပစ်ထားတာမျိုးက ကလေးငယ်တွေကိုပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာဒဏ်ရာများကို ခံစားရစေနိုင်ပြီး တကိုယ်ကောင်းဆန်အတ္တကြီးတဲ့ လူတယောက်ဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် သူတို့ဟာ ဘဝတလျောက်လုံး မလုံခြုံမှုနဲ့ မိမိကိုယ်ကိုလေးစားမှုနိမ့်ကျတဲ့ အပြုအမူတွေကို ပြုလုပ်လာနိုင်ပါတယ်။
၄။ ကလေးတွေကို ဘယ်သောအခါမှ မရိုက်ပါနဲ့

ကလေးငယ်တွေကို ရိုက်နှက်ခြင်းသည် ဖြေရှင်းနည်း(သို့) သင်ကြားခြင်းနဲ့ စည်းကမ်းလိုက်နာစေခြင်း စတဲ့နည်းလမ်းတခုမှ မဟုတ်ပါဘူး။ မိဘတွေအနေနဲ့ ကလေးငယ်တွေကို မေတ္တာနဲ့သာ လမ်းပြခြင်း၊ ကာကွယ်ခြင်း၊ သင်ကြားခြင်း အစရှိတဲ့ကြီးမားတဲ့တာဝန်တွေကို လုပ်ဆောင်သင့်ပါတယ်။ ကမ္ဘာမြေဟာ ကလေးငယ်များအတွက် အံ့ဩစရာတွေပြည့်နှက်နေပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေရဲ့ မေးမြန်းစူးစမ်းမှုတွေကို စိတ်ရှည်ရှည်ထားပြီး နားလည်သဘောပေါက်အောင်ဖြေရှင်းပေးဖို့လည်း လိုအပ်ပါတယ်။
၅။ အိပ်စက်ခြင်းနဲ့ ပတ်သတ်၍

များသောအားဖြင့် ကလေးငယ်တွေဟာ အိပ်ရာနိုးချိန်မျိုးမှာ အကာအကွယ်မဲ့သလိုခံစားကြရလေ့ရှိပါတယ်။ သူတို့သည် ဆင်းရဲဒုက္ခနဲ့ ကြောက်ရွံ့မှုကိုဖော်ပြရန်အတွက် ငိုယိုတတ်ကြပါတယ်။ အဲဒီလို အချိန်မျိုးမှာ ကလေးငယ်တွေကို အကြောင်းမဲ့ငိုယိုတယ်လို့ ဆူပူကြိမ်းမောင်းပစ်တင်တာမျိုးကို မလုပ်သင့်ပါဘူး။ ကလေးငယ်ကို ထွေးပွေ့ပြီး ချိုသာသောအသံဖြင့် ပြောဆိုဆက်ဆံ နွေးထွေးကြင်နာမှုပေးခြင်းဟာ အကောင်းဆုံးသောနည်းလမ်းဘဲဖြစ်ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေကို ငိုယိုမောပန်းပြီး အိပ်ပျော်စေတာမျိုးကိုလည်း ဘယ်သောအခါမှ မလုပ်သင့်ပါဘူး။ အဲဒါဟာ သူတို့ကို စိတ်ပိုင်းဆိုင်ရာယုံကြည်မှုချို့တဲ့စေပြီး သူတို့ရဲ့ စိတ်ခံစားမှုတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာမျိုးကိုလည်း အကျိုးသက်ရောက်မှုမဖြစ်ပေါ်စေတဲ့အတွက် မိဘတွေအနေနဲ့ ရှောင်ကြဉ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
#Chit_May_May
#Dmo_aung
#Ref- youaremon