ကလေးငယ်တွေကို သူတို့အသက်အရွယ်ပေါ် မူတည်ပြီး ဆုံးမဖို့ အသုံးပြုနိုင်တဲ့ အကြံပြုချက်များ

0
202
- Advertisement -

ကလေးတစ်ယောက်ကို ဆုံးမပဲ့ပြင်တာဟာ သူတို့ကို အပြစ်ပေးဖို့ မဟုတ်ပါဘူး။ သူတို့ရဲ့ အပြုအမှုကို တိုးတတ်အောင်ပြုလုပ်ခြင်း ဖြစ်ပါတယ်။ သို့မှသာ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးရာ တည်ငြိမ်သော အရွယ်ရောက်သူတွေ ဖြစ်လာနိုင်မှာပါ။၂နှစ်အရွယ်မှာ ဆုံးမသွင်သင်တဲ့ နည်းဗျူဟာက ၁၀နှစ်အရွယ် ကလေးအတွက်တော့ အလုပ်ဖြစ်မှ ာမဟုတ်ပါဘူး။ မိဘအများစုက ကလေးတွေကို ဘယ်အသက်အရွယ်ပဲရောက်ရောက် အပြစ်ဒဏ်ပေးတဲ့ နည်းလမ်းသာ လက်ကိုင်ထားကြပါတယ်။ ကလေးတွေကို ဆုံးမသွန်သင်ဖို့ ကလေးပါရဂူတွေ အကြံပြုထားတဲ့ ထိရောက်သော နည်းဗျူဟာတွေရှိပါတယ်။ ဒါ့ကြောင့် မေမေတို့ရဲ့ ကလေးတွေကို သူတို့ရဲ့ အသက်အရွယ်အလိုက် ဆုံးမဖို့ အဆင့်အချို့ကို အကျဉ်းချုံးဖော်ပြပေးလိုက်ပါတယ်။

၁။ ၁ နှစ်မှ ၂နှစ်အရွယ်

အသက် ၁နှစ်မှ ၂နှစ်အရွယ် ကလေးတွေဟာ early toddler အဆင့်ဖြစ်ပါတယ်။ သူတို့က သူတို့ရဲ့ ကမ္ဘာကို စူးစမ်းလေ့လာချင်ကြပါတယ်။ ကလေးကို တစ်ယောက်တည်း မထားခဲ့ပါနဲ့။ သူတို့ကိုယ်တိုင်နဲ့ အခြားသူတွေကို မထိခိုက်စေအောင် သူတို့ကို သေချာကြီးကြပ်ဖို့ လိုပါတယ်။

- Advertisement -

ရှောင်ရမယ့်အရာ

အခန်းထဲမှာ ထိုင်ခိုင်းထားခြင်း- ကလေးငယ်တွေဟာ စွန့်ပစ်ခံမှာကို အရမ်းကြောက်ကြပါတယ်။ ဒီအပြစ်ပေးနည်းက အရမ်း sensitive ဖြစ်ပါတယ်။
အော်ခြင်း – သူတို့ကို မချစ်ဘူးဆိုတဲ့ အဓိပ္ပာယ် မခံစားစေသင့်ပါဘူး။
တားမြစ်ချက်များနဲ့ ရှည်လျားတဲ့ ရှင်းပြချက်များ -သူတို့ရဲ့ ဘာသာစကားဟာ ဖွံ့ဖြိုးဆဲဖြစ်ပြီး ၊ ၎င်းတို့ကို ဘယ်လိုအဓိပ္ပာယ်ကောက်ရမယ်၊ ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာ သိသေးတဲ့ အရွယ်မဟုတ်သေးပါဘူး။

ကြိုးစားကြည့်ရမယ့်အရာ

အန္တရာယ်ဖြစ်စေတဲ့ အရာတစ်ခုခုကို ကလေးက ကိုင်မယ်၊ ရွေ့မယ်ဆိုရင် “NO”(မလုပ်ရဘူး)လို့ မှာထားပါ။ “မကိုင်ရဘူး၊ ဒါကပူတယ်”ဆိုတဲ့ ရှင်းလင်းသော ရှင်းပြချက်ဖြင့် ပြောနိုင်ပါတယ်။
အခြားအရာဝတ္တု (သို့) မြင်ကွင်းမှ ကလေးရဲ့ အာရုံကို လွှဲလိုက်ခြင်း။
ကလေးနှင့် နီးကပ်စွာနေခြင်းဟာ အကာအကွယ်မဲ့ပြီး မချစ်ဘူးဆိုတဲ့ ခံစားချက်ကို မတွေ့ကြုံစေသလို ဘာထိခိုက်နစ်နာမှုမဆို ရှောင်ရှားမိစေပါတယ်။

၂။ ၂နှစ်မှ ၃နှစ်အရွယ်

အသက် ၂နှစ်မှ ၃နှစ်အကြားကလေးဖြစ်တဲ့ Late toddler ဟာ အကန့်အသတ်ရှိတယ်ဆိုတာ သင်ယူနေရင်း ကိုယ်ဆန္ဒအမြင်ကို ထုတ်ဖော်ဖို့ ဝန်မလေးတတ်ကြသလို လုပ်ပိုင်ခွင့်ရဖို့ ကြိုးပမ်းအားထုတ်တတ်ကြပါတယ်။

ရှောင်ရမယ့်အရာ

အမှုအရာတွေကို တားမြစ်ခြင်း

ကလေးကို လျစ်လျူရှုထားခြင်း၊ သူတို့ဘာသာသူတို့ ပြန်လည်ထိန်းချုပ် လိမ့်မယ်လို့ ယူဆခြင်း၊ အဲ့ဒီလိုဖြစ်မှာ မဟုတ်ပါဘူး။

အမြဲတမ်း လက်ဝါးနဲ့ ရိုက်ဆုံးမခြင်း

ကြိုးစားကြည့်ရမယ့်အရာ

ကလေးတွေ စိတ်အလိုမကျလို့၊ ကိုယ်လိုချင်တာမရလို့ ဂဂျီဂဂျောင်လုပ်တာ၊ ဝုန်းဒိုင်းကြဲတာက ဒေါသထွက်လို့ မဟုတ်ပါဘူး။ သင်ဟာ စိတ်ပျက်စရာကောင်းတယ်ဆိုတဲ့ အမူအရာကို ပြသလို့မရတာကြောင့် ကလေးကို စာနာပေးဖို့ ကြိုးစားပါ။

ကလေးကို အာရုံလွှဲခြင်း။

ငြိမ်သွားအောင် သူတို့လက်တွေကို ကိုင်ထားပေးပြီး ဒီလိုဘာ့ကြောင့် လုပ်ရသလဲဆိုတာ မေးပါ။
အခြေအနေကို အေးဆေးတည်ငြိမ်စွာနဲ့ ရှင်းရှင်းလင်းလင်း ပြောပြပါ။ သူတို့ကို နှစ်သိမ့်ပေးပြီး သင့်လျော်တဲ့ အပြုအမှု ဥပမာတစ်ခုပေးပါ။

၃။ ၃နှစ်မှ ၅နှစ်အရွယ်

မူကြိုနဲ့ သူငယ်တန်းတတ်နေတဲ့ ဒီအသက်အရွယ်လေးတွေဟာ အမှန်တရားနှင့် ကန့်သတ်ချက်တွေကို အသိအမှတ်ပြုဖို့ သင်ယူခဲ့ကြသော်လည်း တချို့ စည်းမျဉ်းစည်းကမ်းတွေကို သိဖို့ လိုအပ်နေပါသေးတယ်။

ရှောင်ရမယ့်အရာ

သြဝါဒပေးခြင်းနှင့် စကားအရှည်ကြီးပြောခြင်း- ဒီနည်းလမ်းက ကလေးရဲ့ အပြုအမှုပေါ်မှာ သက်ရောက်မှု ရှိမှာမဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အကျိုးတောင် ရနိုင်ပါတယ်။

ကလေးကို ခြိမ်းခြောက်ခြင်း – ဒါဒီနည်းလမ်းက စည်းမျဉ်းစည်းကမ်းတွေဟာ ဘာအဓိပ္ပာယ်မှမရှိဘူးလို့ သူတို့ကို သင်ပေးသလိုဖြစ်စေပါတယ်။

ကြိုးစားကြည့်ရမယ့်အရာ

စည်းမျဉ်းတွေ ချမှတ်ခြင်း၊ တသမတ်တည်း ပြဌာန်းခြင်း။ သူတို့နားလည်ပြီး လိုက်နာနိုင်ပါတယ်။

သင့်လျော်တဲ့ အပြုအမှုတွေကို ပြသဖို့ ကလေးအား ညွှန်ကြားချက်အချို့ပေးခြင်း။

ကလေးဟာ ထိန်းချုပ်လို့မရလျှင် အခန်းထဲမှာ ထိုင်ခိုင်းထားတဲ့ နည်းလမ်းကို အသုံးပြုခြင်း။
မိနစ်အရေအတွက်က ကလေးရဲ့ အသက်အရွယ်နှင့် တူညီသင့်ပါတယ်။ အများဆုံး ၅မိနစ်သာ ဖြစ်သင့်ပါတယ်။

ကောင်းတဲ့ အပြုအမူကို ချီးမွမ်းခြင်းဖြင့် မလိုလားအပ်တဲ့ အပြုအမှုတွေကို တားဆီးခြင်း။ ကလေးတွေဟာ တခြားသူတွေရဲ့ ခွင့်ပြုချက်ကို ရလိုတာကြောင့် ဒီနည်းလမ်းက ဒီအသက်အရွယ်ဝန်းကျင် ကလေးတွေကို အားတတ်စေပါတယ်။

၄။ ၆နှစ်မှ ၁၂နှစ်အရွယ်

၆နှစ်အရွယ်မှ စတင်ပြီး ကလေးတွေဟာ ကိုယ်တိုင် လုပ်ပိုင်ခွင့်ကို ပိုလိုလားလာကြပါတယ်။ မိဘတွေရှေ့မှာ အတည်ပြုချက်ရချင်ပါလိမ့်မယ်၊ မိဘတွေ ခွင့်မပြုရင် ပဋိပက္ခတွေ စတင်ကောင်း စတင်ပါလိမ့်မယ်။ သူတို့ဟာ သူငယ်ချင်းတွေနှင့် သူ့အကျိုးစီးပွားကို ရွေးချယ်နိုင်ပါတယ်။ သို့သော် အသက် ၆နှစ်မှ ၁၂ကြားကလေးတွေဟာ လူကြီးတွေလို သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို အမြဲတမ်း စေ့စေ့စပ်စပ် ဆန်းစစ်လေ့မရှိတာကြောင့် မိဘတွေဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

ရှောင်ရမယ့်အရာ

မကောင်းတဲ့ အပြုအမှုတွေအတွက် လက်တွေ့မကျသော အပြစ်ပေးခြင်း။
အခြားသူတွေရဲ့ ရှေ့မှောက်မှာ သူတို့ရဲ့ လက်မခံနိုင်တဲ့ အပြုအမှုအတွက် ကလေးအား အရှက်ရစေခြင်း။

ကြိုးစားကြည့်ရမယ့်အရာ

သူတပါးကို ဝေဖန်ခြင်းမရှိတဲ့ မျှတသော စကားကိုပြောပါ။

age-appropriate အပြုအမှုကို နားလည်ပေးခြင်း။ ၆နှစ်အရွယ်မိန်းကလေးဟာ ထိုင်နေစဉ်မှာ သူမခြေထောက်တွေကို လွှဲနေမယ်ဆိုရင် သူမဟာ ၆နှစ်အသက်အရွယ်ပဲ ရှိသေးလို့ပါ။

အိမ်စည်းမျဉ်းတွေကို ချမှတ်ခြင်းနှင့် လိုက်နာခြင်း။ ဒါက သင့်အမိန့်အာဏာကို confirm ဖြစ်ပါလိမ့်မယ်။

ကစားစရာနှင့် မုန့်စတဲ့ အခွင့်ထူးတွေကို ဖယ်ရှားခြင်း (သို့) အချိန်ဆွဲခြင်း။ ဒီနည်းလမ်းကိုသုံးရင် လက်တွေ့ကျကျ ဖြစ်သင့်တယ်ဆိုတာကို သတိရပါ။

သူတို့ရဲ့ မကောင်းတဲ့ အပြုအမှု၏ ယုတ္တိတန်သော အကျိုးဆက်တွေကို ခွင့်ပြုခြင်းဟာ သူတို့ကို အကျိုးသက်ရောက်စေပါတယ်။

၅။ ၁၃ နှစ်မှ ၁၈နှစ်အရွယ်

ဆယ်ကျော်သက်တွေဟာ မိဘတွေရဲ့ စံနှုန်းနှင့် စည်းမျဉ်းတွေကို ငြင်းဆန်လေ့ရှိကြပါတယ်။ သူတို့ဟာ ကိုယ့်အမြင်ကိုသာ ရှာဖွေဖို့ နှင့် သူတို့ရဲ့ အမြင်ကို ရဲရဲတင်းတင်းပြောဆိုဖို့ ကြိုးစားကြပါတယ်။ စိတ်လိုက်မာန်ပါ ပြုမှုလေ့ရှိကြပါတယ်။ ဒါ့ကြောင့် မိဘနှင့် ဆယ်ကျော်သက် သားသမီးကြားမှာ ခက်ခဲတဲ့ ပဋိပက္ခတွေ စတင်လာနိုင်ပါတယ်။

ရှောင်ရမယ့်အချက်

အထူးသဖြင့် သူစိမ်းတွေနဲ့ သူငယ်ချင်းတွေရှေ့မှာ အပြစ်ဆိုခြင်း

သြဝါဒခြွေခြင်း- ပွင့်လင်း၊ တိကျပြီး သင်ပြောလိုတဲ့ စကားကို တိုက်ရိုက်ပြောပါ။
ကြိုးစားကြည့်ပါ။

အပြစ်မရှာတဲ့ ပြုမှုပြောဆိုပုံနဲ့ စည်းမျဉ်းစည်းကမ်းကို သူတို့အသက်အရွယ်အလိုက် ခွဲခြားသက်မှတ်ပါ။

ဆယ်ကျော်သက်ကလေးနှင့်အတူ ပေါ့ပေါ့ပါးပါး အကြောင်းအရာတွေကို ညှိနှိုင်းဆွေးနွေးခြင်း- ဒါက သူတို့ကို လွတ်လပ်မှုနှင့် ဆုံးဖြတ်ချက်တွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခြင်းကို ခံစားစေပါတယ်။

ချဉ်းကပ်ခြင်း- ဆယ်ကျော်သက်အများစုဟာ မိဘရဲ့ လမ်းညွှန်မှုနှင့် သူတို့ရဲ့ အပြုအမှုကို လမ်းညွှန်ဖို့ ခွင့်ပြုချက် ရလို၊ ရှာဖွေလိုကြပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here