ကလေးငယ်တွေကို အောင်မြင်သူတွေဖြစ်လာစေနိုင်တဲ့ စွမ်းရည်(၃)ချက်

0
55
- Advertisement -

သားသမီးတွေကို အကောင်းဆုံးဘဝပိုင်ဆိုင်စေချင်ကြတာ မိဘတိုင်းရဲ့ စေတနာတွေပါဘဲ။ ကောင်းသထက်ကောင်းအောင်ပြုစုပျိုးထောင်ကြတယ်၊ သင်ယူလေ့လာစေတယ်၊ လမ်းညွှန်ပြသကြတယ်။ ဒါပေမယ့်ထင်သလို ဖြစ်မလာတွေ ရှိလာကြတဲ့အခါ ဘာကြောင့်လဲလို့ စဉ်းစားလာကြပါတယ်။

လူမှုဆက်ဆံရေးကောင်းမွန်ခြင်း

Penn State နဲ့ Duke University ကလေ့လာသူများဟာ ကလေးငယ် ၇၀၀ရဲ့ ငယ်ဘဝကနေ အသက် ၂၅နှစ်အရွယ်ထိ စောင့်ကြည့်ခဲ့ကြတဲ့အခါ လူမှုဆက်ဆံရေးကောင်းတဲ့ ကလေးတွေက သာမာန်ရွယ်တူများထက် ပိုပြီးအောင်မြင်ကြတာတွေ့ရှိခဲ့ပါတယ်။ သူတို့ဟာ အခြားသူများထက်စာရင် အလွယ်တကူပြောဆိုဆက်ဆံနိုင်ခြင်း၊ ပြသနာများကို ရှောင်ရှားနိုင်ခြင်း၊ အခြားသူများရဲ့ ခံစားချက်ကို လေးစားခြင်းတို့ကြောင့် ဖြစ်တယ်လို့ သိရှိရခဲ့ပါတယ်။ IQ ပိုင်းဆိုင်ရာမှာ အမြင့်ဆုံးရှိမနေပေမယ့်လည်း သူတို့ဟာ မြင့်မားတဲ့ ရာထူးများနဲ့ တက်ကြွတဲ့ ခေါင်းဆောင်ကောင်းတွေဖြစ်နေတတ်ပါတယ်။ ဒါဟာ သိပ္ပံပညာရှင်တွေ အဖြေထုတ်ဖို့ ခက်ခဲတဲ့ပုစ္ဆာတစ်ပုဒ်လည်း ဖြစ်ပါတယ်။ အောင်မြင်မှုဆိုတာကို ရှင်းချက်ထုတ်ရာမှာတော့ အလုပ်တစ်ခုထဲကိုဘဲ မကြည့်မိဖို့အရေးကြီးပါတယ်။ သူတို့လုပ်တဲ့အလုပ်မှာ ပျော်ရွင်နေတဲ့အခါ၊ ပညာရှင်ဖြစ်လာတဲ့အခါ၊ မိသားစုဘဝကို ကောင်းမွန်စွာထူထောင်တဲ့ အခါမျိုးတွေကိုလည်းထည့်တွက်ရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့အကျိုးစီးပွားနဲ့ ခံစားချက်တွေကို ဝေမျှပေးနိုင်တဲ့ သူငယ်ချင်းအပေါင်းအသင်းကောင်းတွေသာမရှိရင် ဒီလိုအခြေအနေမျိုးကို ရောက်နိုင်ဖို့ ခဲယဉ်းနိုင်ပါတယ်။

- Advertisement -

စိတ်အားထက်သန်မှုနဲ့ ဇွဲရှိခြင်း

ဘဝအောင်မြင်ရေးအတွက် အရေးကြီးတဲ့အချက်က ဉာဏ်ရည်ထက်မြတ်မှုနဲ့ လှပတင့်တယ်ခြင်းမဟုတ်ဘဲ မဆုတ်မနစ်တဲ့ဇွဲရှိခြင်း၊ ရည်မှန်းချက်ကို ပျောက်ပျက်မခံခြင်းတို့ဖြစ်တယ်လို့ ထင်ရှားတဲ့ အမေရိကန်စိတ်ပညာရှင် စာရေးဆရာ Angela Duckworth ကပြောပါတယ်။ သူမဟာ Duckworth သည်စစ်အကယ်ဒမီကျောင်းမှ ဗိုလ်လောင်းများ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲဝင်ပြိုင်သူများ၊ ဆရာများနဲ့ အရောင်းမန်နေဂျာများကို နှစ်ပေါင်းများစွာ စောင့်ကြည့်ပြီးတဲ့အခါမှာတော့ ရည်မှန်းချက်ခိုင်ခိုင်မာမာရှိတဲ့သူတွေဟာ ဉာဏ်ရည်မြင့်မားပြီးစနစ်တကျမရှိတဲ့သူတွေထက် ဘဝအောင်မြင်ဖို့ရာ စိတ်အားထက်သန်မှု၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်မှုတွေ ပိုမိုကောင်းမွန်ကြောင်းတွေ့ရှိခဲ့ပါတယ်။

ဖြတ်ထိုးဉာဏ်ကောင်းခြင်း/ ဖန်တီးနိုင်မှုစွမ်းရည်ကောင်းမွန်ခြင်း

အနာဂတ်မှာ ဘာဖြစ်လာနိုင်တာဘယ်သူမှမသိနိုင်ကြပါဘူး။ သေချာတာကတော့ ငယ်ဘဝနဲ့ မတူညီနိုင်တဲ့အတွက်ဖြတ်ထိုးဉာဏ်ကောင်းခြင်း/ ဖန်တီးနိုင်မှုစွမ်းရည်ကောင်းမွန်ခြင်းဟာ နောင်တစ်ချိန်မှာကြုံတွေ့လာရမယ့် အကြပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့အကောင်းဆုံးနည်းလမ်းတွေဘဲဖြစ်ပါတယ်။ ဒါဟာ သူတို့ရဲ့ မှန်ကန်တဲ့လမ်းစဉ်ကို ရှာဖွေနိုင်ဖို့အတွက် အထောက်အကူကောင်းတွေဖြစ်ပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေပါ ဖြစ်လာစေနိုင်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- parents

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here