ကလေးငယ်တွေမှာ တွေ့ရတတ်တဲ့ စိတ်ဓာတ်ကျ၊ စိတ်အားငယ်ခြင်း လက္ခဏာရပ်များ

0
251
- Advertisement -

အရွယ်ရောက်ပြီးသား လူကြီးတွေနည်းတူပဲ ကလေးငယ်လေးတွေဟာလည်း စိတ်ဓာတ်ကျ၊ စိတ်အားငယ်တတ်ကြပါတယ်။ တစ်ခါတစ်လေဆိုရင် ဘဝဆိုင်ရာ ပြဿနာကြီးကြီးမားမားမရှိတဲ့ သာမန်ကလေးတွေတောင်မှ စိတ်ဓာတ်ကျနိုင်ပါတယ်။ ဦးနှောက်အတွင်းက ဓာတုမညီမျှမှုရဲ့ ရလဒ်ကြောင့် စိတ်ပိုင်းဆိုင်ရာကျဆင်းမှုကို ဖြစ်ပေါ်ရတာဖြစ်ပြီး ကလေးတွေစိတ်ဓာတ်ကျပြီဆိုရင် လူကြီးတွေသတိထားမိလောက်တဲ့ လက္ခဏာရပ်တွေက သူ့ဟာနဲ့သူ ပေါ်လာတတ်ပါတယ်။ မိဘတွေက ဒီလက္ခဏာရပ်တွေကို သတိထားမိမယ်ဆိုရင်တော့ သူတို့လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ကုသမှုတွေ၊ အကူအညီပေးတာတွေ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ကလေးတွေစိတ်ဓာတ်ကျ၊ စိတ်အားငယ်တဲ့လက္ခဏာများ

• နှစ်ပတ် သို့မဟုတ် နှစ်ပတ်ထက်ပိုပြီးတော့ အရမ်းဝမ်းနည်းနေတာ သို့မဟုတ် စိတ်အားငယ်နေ
တဲ့အခါ ဝမ်းနည်းစိတ်ကို စိတ်ဆိုးမာန်ဆိုးနဲ့ ပြောဆိုဆက်ဆံတတ်ခြင်း
• ကိစ္စဝိစ္စတွေမှာ စိတ်ပါဝင်စားမှုမရှိတော့ခြင်း
• သိသိသာသာ ဝိတ်ကျသွားခြင်း၊ အစားစားချင်စိတ်မရှိတော့ခြင်း
• အိပ်လို့မပျော်ခြင်း
• ပင်ပန်းနွမ်းလျပြီး အားအင်ကုန်ခမ်းခြင်း
• နေ့စဥ်နေ့တိုင်း ကိုယ့်ကိုယ်ကို အပြစ်မရှိ၊ တန်ဖိုးမရှိသလို ခံစားစိတ်ပြင်းထန်ခြင်း
• တွေးခေါ်ရ၊ ဆုံးဖြတ်ချက်ချရ၊ အာရုံစူးစိုက်ရခက်ခဲခြင်း
• ကိုယ့်ကိုယ်ကိုသတ်သေချင်တဲ့ အတွေးတွေထဲ နစ်မျောနေခြင်း

- Advertisement -

မိဘအနေနဲ့ ကလေးကိုဘယ်လိုကူညီရမလဲ

စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်းနဲ့ပတ်သက်လို့ ပေါ့ပေါ့သေးသေး တွေးထင်လို့မရပါဘူး။ အထူးသဖြင့် ကိုယ့်ကိုယ်ကို သတ်သေတဲ့စိတ်ကူးအတွေးတွေ ပေါ်ပေါက်လာချိန်ဆိုရင် ပိုဆိုးပါတယ်။ ကလေးတွေရဲ့ ခံစားချက်တွေ၊ စိတ်ခံစားမှုတွေက ဖြူစင်စစ်မှန်ပြီးတော့ လေးလေးနက်နက်ကို တွေးယူရပါမယ်။ National Institute of Mental Health (NIMH) အရ အသက် ၁၀ နှစ်နှင့် ၃၄ နှစ်အတွင်း သေဆုံးမှုဖြစ်ရဆုံး အကြောင်းအရင်းနံပါတ်နှစ်ကတော့ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခြင်းပါပဲ။

ဒါကြောင့် ကိုယ့်ကလေးက အခုလို စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းကို ခံစားရပြီလို့ ထင်ရတယ်ဆိုရင် အကူအညီပေးအပ်သင့်နေပါပြီ။ ကလေးအထူးကုဆရာဝန်ဆီခေါ်သွားပြီးတော့ ဆွေးနွေးမှုတွေကို ပြုလုပ်ပေးလိုက်ပါ။ ဆရာဝန်အရ ဆေးဝါးတိုက်သင့်တယ်ဆိုရင် ဆေးဝါးတိုက်ပေးလိုက်ပါ။

#Chit_May_May

#Thinzar

Ref- lifehack

LEAVE A REPLY

Please enter your comment!
Please enter your name here