Home Parenting Child Care ကလေးငယ်တွေမှာ တွေ့ရအများဆုံး ဆိုးရွားတဲ့အမူအကျင့် (၇) ချက်

ကလေးငယ်တွေမှာ တွေ့ရအများဆုံး ဆိုးရွားတဲ့အမူအကျင့် (၇) ချက်

0
ကလေးငယ်တွေမှာ တွေ့ရအများဆုံး ဆိုးရွားတဲ့အမူအကျင့် (၇) ချက်

ကလေးငယ်တွေမှာ ဆိုးရွားတဲ့ အမူအကျင့်တွေရှိနေခြင်းက ဘဝမှာ ပြင်းထန်တဲ့ပြဿနာတွေကို ဦးတည်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးငယ်မှာ မကောင်းတဲ့အမူအကျင့်တွေရှိလာတဲ့အခါ သတိထားဖို့လိုအပ်ပါတယ်။ ကလေးငယ်တွေရဲ့ အကျင့်ဆိုးတွေကို ဘယ်လိုပြုပြင်ရမလဲလို့ စဥ်းစားတဲ့အခါ ကလေးတွေဟာ ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့ အပြုအမူတွေကို တုပတတ်တယ်ဆိုတာ သတိရပါ။

အကျင့်ဆိုးတွေဟာ ဘယ်လိုဖြစ်ပေါ်လာသလဲ

အကျင့်ဆိုးတွေဆိုတာ ကျွန်မတို့မသိမသာလေးလုပ်လိုက်မိတဲ့ အပြုအမူတွေဟာ နောက်ပိုင်းမှာ သတိမထားမိဘဲ အကြိမ်ကြိမ်ပြုလုပ်တတ်တာကြောင့် အကျင့်ဆိုးတွေအဖြစ် ဖြစ်ပေါ်လာတာပါ။ ကလေးငယ်တွေရဲ့ အမူအကျင့်ဆိုးတွေကတော့ ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကလေးငယ်တွေမှာ မကောင်းတဲ့အကျင့်အချို့က ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။ အခြားလူတွေမှာတော့ ဆက်ဆံရေးနှင့် မိသားစုဘဝအပေါ် အကျိုးသက်ရောက်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ ဆိုးကျိုးဖြစ်စေနိုင်တဲ့အလေ့အထတွေကို စောစောစီးစီးပြင်ဆင်ဖို့ အရေးကြီးပါတယ်။

၁။ မကျန်းမာတဲ့ အစားအသောက်တွေကို စားခြင်း

Junk food တွေကို စားခြင်းက ယနေ့ခေတ်မှာ အလွန်ဆိုးရွားတဲ့ အကျင့်ဆိုးဖြစ်ပါတယ်။ တစ်ချို့ကလေးတွေဟာ လုံးဝအစာမစားချင်တာမျိုးတွေအထိ ဖြစ်ကြပါတယ်။ ဒီအလေ့အထရဲ့ အကျိုးဆက်က အဝလွန်ခြင်းနှင့် သွေးပေါင်ချိန်လွန်ကဲခြင်း တို့ဖြစ်ကြပါတယ်။ ဒါ့ကြောင့် ကလေးတွေကို ဒီအကျင့်ဆိုးကနေ လွတ်မြောက်စေဖို့ အစားအစာအမျိုးမျိုးနှင့် ကလေးတွေကို အမြင်အာရုံဆွဲဆောင်နိုင်တဲ့ ချက်ပြုတ်နည်းတွေကို ပြင်ဆင်ပါ။ သူတို့မကြိုက်တဲ့ သတ်သတ်မှတ်မှတ်အစားအစာတစ်ခုရှိတယ်ဆိုရင် အစားအစာအုပ်စုအတွင်းမှာရှိတဲ့ အခြားအရာတစ်ခုနဲ့ လဲလှယ်ပါ။ သင်အစားအသောက်ပြင်ဆင်တဲ့အခါ သင့်ကလေးတွေကိုပါ ပါဝင်စေပါ။ သူတို့ကိုယ်တိုင်ပြင်ဆင်ထားတဲ့ အစားအသောက်တွေကို သူတို့ပိုစားချင်ပါလိမ့်မယ်။

၂။ TV ရှေ့ အစာစားခြင်း

လေ့လာမှုတွေအရ ရုပ်မြင်သံကြားရှေ့မှာ အစာစားခြင်းက ကိုယ်အလေးချိန်တိုးစေနိုင်တယ်လို့ ဆိုကြပါတယ်။ သူတို့ရဲ့ အကြိုက်ဆုံး တီဗီရှိုးတွေအပေါ် အာရုံစိုက်နေတဲ့ ကလေးရဲ့ ဦးနှောက်က အလွန်အကျွံစားခြင်းကို ဦးတည်နေပါတယ်။ ဒါ့အပြင် နေ့လည်အချိန်တွေမှာ မိသားစုအတွက် အတူတကွစကားပြောရမယ့်အချိန်ဖြစ်သင့်ပါတယ်။ ကလေးတွေဟာ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေရဲ့ အပြုအမူတွေကို တုပကြပါတယ်။ ဒါကြောင့် ကလေးတွေမှာ အကျင့်ဆိုးတွေရှိနေမယ်ဆိုရင် သူတို့ရဲ့ အချိန်တော်တော်များများကို အတူတူအချိန်ဖြုန်းပေးမယ်ဆိုရင် အကျင့်ဆိုးတွေ တဖြည်းဖြည်းပျောက်ကွယ်လာပါလိမ့်မယ်။

၃။ ရိုင်းစိုင်းကြမ်းတမ်းသော ဘာသာစကား

ကျွန်မအထက်မှာ ဖော်ပြခဲ့သလိုပဲ ကလေးတွေဟာ သူတို့မြင်တဲ့အတိုင်းတုပကြပါတယ်။ အိမ်ထဲက အရွယ်ရောက်ပြီးသူတွေဟာ တစ်ဦးကို တစ်ဦးရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်း (သို့) မကောင်းတဲ့စကားလုံးတွေကို သုံးမယ်ဆိုရင် ကလေးတွေဟာလည်း လိုက်လုပ်ပါလိမ့်မယ်။ သူတို့အိမ်ပြင်ဘက်ရောက်တဲ့အခါ ကလေးတွေဟာ သူတို့ရဲ့ ဆရာတွေနှင့် အခြားလူကြီးတွေရှေ့မှာ ဆဲဆို၊ ရိုင်းစိုင်းတဲ့စကားတွေထပ်ခါတလဲလဲပြောပါလိမ့်မယ်။ ဒါကို ပြုပြင်ဖို့ကောင်းတဲ့ မိဘကိုယ်တိုင်ရှေ့ဆောင်ဥပမာဖြစ်စေပြီး ဒီအလေ့အကျင့်ကို အိမ်မှာပဲ ပြင်ဆင်သင့်ပါတယ်။

၄။ ကွန်ပျူတာ၊ TV Game နှင့် ဗီဒီယိုများ

နည်းပညာတွေ ဖုန်းတွေကို အချိန်ပေးလွန်းတာက ဝါသနာတစ်ခုကနေ စွဲလမ်းခြင်းအဖြစ်သို့ ပြောင်းသွားနိုင်ပါတယ်။ အမှန်တကယ်မှာတော့ ၎င်းက ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကလေးတွေဟာ အိမ်မှာ ကွန်ပျူတာ (သို့) စမတ်ဖုန်းရှေ့မှာ ထိုင်နေတာကြောင့် အပြင်ထွက်ပြီး မကစားချင်ကြပါဘူး။ Screen Time များခြင်းက ကောင်းကောင်းအိပ်မပျော်နိုင်ခြင်းနှင့် ကလေးသူငယ်တွေရဲ့ လူမှုဆက်သွယ်ရေးဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။

အွန်လိုင်း၊ ဂိမ်းတွေမှာ အချိန်ကုန်ခြင်းအားဖြင့် ကလေးတွေဟာ အိမ်စာလုပ်ချိန်နောက်ကျနိုင်ပါတယ်။ ကလေးငယ်တွေအတွက် ဒီအကျင့်ဆိုးတွေကို ကာကွယ်ဖို့ (သို့) ပြင်ဆင်ဖို့ အချိန်ဇယားတစ်ခုကို သတ်မှတ်ပြီး Screen Time ကို တစ်ချိန်တည်း ၂ နာရီမကျော်အောင် သတိထားပါ။

နည်းပညာစွဲနေတဲ့ ကလေးတွေဟာ သူတို့ရဲ့ ပြဿနာတွေကိုတော့ ဖုံးကွယ်နိုင်ပါတယ်။ လုံခြုံမှုမရှိခြင်း (သို့) စိုးရိမ်ပူပန်ခြင်းတွေ ခံစားနေရတဲ့ ကလေးတွေဟာ စိုးရိမ်ပူပန်မှုတွေကနေ လွတ်မြောက်စေဖို့ နည်းပညာကို အားကိုးနေရတယ်။ ပိုလေးနက်တဲ့ လက္ခဏာတွေကို သတိပြုမိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

၅။ လက်မ စုပ်ခြင်း (သို့) နှာခေါင်းထဲ နှိုက်ခြင်း

တစ်ခါတရံကလေးငယ်တွေက pacifier အစား သူတိုရဲ့ လက်မကို စို့နေကြတယ်။ ၎င်းတို့က အစောပိုင်းပေါ်ပေါက်လာတဲ့ မကောင်းတဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ တကယ်လို့ လက်စုပ်တတ်တယ်ဆိုရင် အာခေါင်ပြဿနာတွေကို မဖြစ်ပေါ်စေဖို့ အထူးကျွမ်းကျင်သူနှင့် ဆွေးနွေးပါ။

နှာခေါင်းပေါက်ထဲ လက်နှိုက်ခြင်းကလည်း မနှစ်မြို့ဖွယ်အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ကလေးငယ်တွေဟာ သတိမေ့တတ်ကြတယ်။ ကလေးဟာ သူတို့ရဲ့နှာခေါင်းပေါ်ကို လက်ချောင်းတင်တိုင်း သူတို့ဘာလုပ်နေတယ်ဆိုတာ သတိထားမိအောင် လုပ်ပါ။

၆။ အိပ်ချိန်နောက်ကျခြင်း

ကလေးငယ်တွေဟာ တစ်ညမှာ ၁၁ နာရီကနေ ၁၃ နာရီအထိအိပ်ကြပါတယ်။ ကလေးတွေမှာ လုံလောက်တဲ့အနားယူမှုတွေမရှိဘူးဆိုရင် သူတို့ဟာ စိတ်တိုလွယ်တယ်၊ အာရုံပျံ့လွှင့်နိုင်တယ်။ ပြီးတော့ မှတ်ဉာဏ်ချို့တဲ့ခြင်းနှင့် စဥ်းစားတွေးခေါ်မှုတွေကို နှေးကွေးစေနိုင်ပါတယ်။

အိပ်ရေးမဝတာနှင့် ဟော်မုန်းမညီမျှမှုကို ဖြစ်စေပါတယ်။ သင့်တင့်လျောက်ပတ်တဲ့ အိပ်ချိန်ကို သတ်မှတ်ခြင်းနှင့် ပုံမှန်လုပ်ရိုးလုပ်စဥ်တွေကို ခြွင်းချက်မရှိထိန်းသိမ်းခြင်းက ဒီအလေ့အထကို ပြောင်းလဲစေနိုင်ပါတယ်။ ဥပမာအနေနဲ့ ကလေးတွေညစာစားဖို့ စောစောစီးစီးလုပ်ပေးခြင်း၊ သူတို့ကို ပုံပြင်တစ်ပုဒ်ဖတ်ပြပြီး အိပ်စက်ခြင်းကို ကူညီနိုင်မယ့် အလေ့အကျင့်အသစ်တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။

၇။ တစ်ကိုယ်ရေသန့်ရှင်းရေးကင်းမဲ့ခြင်း

တစ်ကိုယ်ရေသန့်ရှင်းရေးဟာ ကျန်းမာရေးနှင့် ပုံမှန်လူနေမှုဘဝတို့မှာ အရေးကြီးတဲ့အခြေခံအချက်တစ်ခုဖြစ်ပါတယ်။ ကလေးတော်တော်များများဟာ ရေချိုးဖို့ကြောက်ရွှံ့ကြတယ်။ ဒါ့အပြင် အစာစားပြီးနောက်မှာ သူတို့သွားတွေကို မတိုက်ချင်ကြဘူး။ မိသားစုတစ်စုလုံးဟာ သူတို့ရဲ့လက်တွေကို မကြာခဏဆေးကြောခြင်း၊ နေ့စဥ်ရေချိုးခြင်းနှင့် သွားတွေကို မှန်မှန်တိုက်ခြင်း စတဲ့ အလေ့အထကောင်းတွေကို ပြုလုပ်ပေးပါ။ ကလေးတွေ လိုက်လုပ်လာပါလိမ့်မယ်။

Chit_May_May

Nyein_Thu

Ref – youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here