Home Parenting Child Teaching ကလေးငယ်တွေရဲ့ ကိုယ်ပိုင်အရည်အချင်းကို ဖော်ထုတ်ခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်စေခြင်း

ကလေးငယ်တွေရဲ့ ကိုယ်ပိုင်အရည်အချင်းကို ဖော်ထုတ်ခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်စေခြင်း

0
140

လူတိုင်းလူတိုင်းမှာ ထူးချွန်တဲ့အရည်အချင်းတွေရှိကြပါတယ်။ ဒါပေမယ့် ဘယ်နေရာမှာ ထူးချွန်ကြသလဲဆိုတာကိုတော့ သိဖို့ခက်ခဲတတ်ကြပါတယ်။ ဒီလို ကိုယ့်ရဲ့ ထူးချွန်တဲ့အရည်အချင်းတွေကို မသိတတ်တဲ့၊ ဝေခွဲမရတဲ့လူတွေဟာ အောင်မြင်မှုကို ရရှိနိုင်ဖို့အတွက် ပိုပြီးရုန်းကန်ရလေ့ရှိပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေရဲ့ အားသာချက်တွေကို ငယ်ရွယ်စဉ်ကတည်းက ဖော်ထုတ်ပေးပြီး ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ရမလည်းဆိုတာကို သိနိုင်ဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် ထူးချွန်တဲ့ အရည်အချင်းဆိုတာတွေကလည်း တကယ့်ကို ဝေခွဲရခက်စေပြီး သိနိုင်ဖို့က ခက်ခဲလေ့ရှိကြတာမို့ မိဘတွေအနေနဲ့ မိမိရဲ့ကလေးငယ်တွေဟာ ဘယ်လိုအရာမျိုးမှာ ထူးချွန်ကြသလဲဆိုတာကို သိရှိနိုင်ဖို့အတွက် အချက်အလက်အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

လေ့လာမှုများအရ လူတွေရဲ့ ကိုယ်ပိုင်အရည်အချင်းတွေဟာ ဒီအချက်အလက်တွေကို အခြေခံပြီး ဖွံဖြိုးတိုးတက်လာတယ်လို့ဆိုကြပါတယ်။

စကားပြောဆိုမှုဆိုင်ရာနဲ့ ဘာသာစကားစွမ်းရည်။ ။ ဒီစွမ်းရည်ကို ပိုင်ဆိုင်တဲ့သူတွေဟာ စကားလုံးတွေနဲ့ ဘာသာစကားတွေကို အလွယ်တကူနားလည်နိုင်ပြီး စာဖတ်ခြင်း၊ စာရေးခြင်းနဲ့ ပြောဆိုခြင်းများ၊ အချက်အလက်ဆိုင်ရာတွေကို ရက်စွဲနဲ့တကွ မှတ်မိခြင်း အစရှိတဲ့အရာတွေကို ထူးချွန်ကြပါတယ်။

သိမြင်မှုဆိုင်ရာစွမ်းရည်။ ။ ဒီစွမ်းရည်ကို ပိုင်ဆိုင်တဲ့သူတွေဟာ ဘယ်လိုအရာမျိုးကိုမဆို တခါလောက်တွေ့ဘူးယုံနဲ့ မှတ်မိနေခြင်း၊ ခွဲခြားသိမြင်ခြင်းဆိုင်ရာများမှာ အထူးကျွမ်းကျင်ကြတာကို တွေ့ရှိရပါတယ်။

ဂီတပိုင်းဆိုင်ရာစွမ်းရည်။ ။ တေးဂီတပိုင်းဆိုင်ရာများကို အထူးတလည်လေ့လာလိုက်စားမှုမပြုရဘဲ တတ်သိနေခြင်း၊ တတ်ကျွမ်းနေခြင်းတို့အပြင် ကိုယ်တိုင်ရေးသားတီထွင်နိုင်တဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်တာကိုတွေ့ရှိကြရပါတယ်။

ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုစွမ်းရည်။ ။ ဒီစွမ်းရည်ကို ပိုင်ဆိုင်တဲ့သူတွေကတော့ သာမာန်လူတွေထက် ကြံ့ခိုင်သန်စွမ်းကြတာကို တွေ့ရှိရပါတယ်။

ကျိုးကြောင်းဆင်ခြင်စဉ်းစားနိုင်ခြင်းစွမ်းရည်။ ။ ယုတ္တိဗေဒကို အသုံးချပြီး ပြဿနာများကို ခွဲခြားစိတ်ဖြာခြင်း၊ အဖြေရှာခြင်းနဲ့ သိပ္ပံနည်းကျသုတေသနပြုခြင်း စတာတွေမှာထူးချွန်ကြပါတယ်။

သဘာဝဆိုင်ရာစွမ်းရည်။ ။ ဒြပ်စင်များ( အရာဝတ္ထု၊ တိရိစ္ဆာန်များ၊ အပင်များနဲ့ ဓါတ်သတ္တုများ) ကို လွယ်ကူစွာ သိနားလည်တာကို တွေ့ရှိရပါတယ်။

ကိုယ်ရည်ကိုယ်သွေးဆိုင်ရာစွမ်းရည်။ ။ မိမိကိုယ်ကိုနားလည်ခြင်း၊ မိမိရဲ့ အလိုဆန္ဒများ၊ ကြောက်ရွံ့မှုများနဲ့ အားသာချက်များကို သိရှိရန်လွယ်ကူခြင်း၊ စည်မျဉ်းစည်းကမ်းတွေကို ကောင်းမွန်ထိရောက်စွာအသုံးချနိုင်ခြင်း စတာတွေကိုတွေ့ရှိရပါတယ်။

ပေါင်းသင်းဆက်ဆံရေးစွမ်းရည်။ ။ အခြားသောသူတွေရဲ့ လိုအင်ဆန္ဒတွေကို နားလည်နိုင်စွမ်းမြင့်မားခြင်း၊ ရည်ရွယ်ချက်များ၊ တွန်းအားများနဲ့ စိတ်ထားတွေကို အလွယ်တကူသိမြင်နိုင်ခြင်း အစရှိတဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ကြတာကိုတွေ့ရှိရပါတယ်။

ကလေးငယ်တွေဟာ မျိုးရိုးဗီဇဆိုင်ရာများ၊ မိသားစု၊ ပတ်ဝန်းကျင်နဲ့ လူမှုဆက်ဆံရေးအတွေ့အကြုံများ၊ စိတ်ဝင်စားမှုများနဲ့ လှုံ့ဆော်မှုများ၊ သင်ယူမှုပုံစံများ စတာတွေကိုပေါင်းစပ်ပြီး သူတို့ရဲ့ စွမ်းရည်တွေဟာ ဖွံ့ဖြိုးတိုးတက်လာတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်မို့ မိဘများနဲ့ ဆရာများအနေဖြင့် ကလေးငယ်တွေရဲ့ အရည်အချင်းကို သေချာသိရှိနိုင်ဖို့အတွက် လေ့လာစောင့်ကြည့်ဖို့လိုအပ်ပြီး သူတို့ပြသလေ့ရှိတဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ စွမ်းရည်တွေကို သတိထားဖို့လိုအပ်ပါတယ်။ သူတို့ရဲ့ စွမ်းရည်တွေကို အသိအမှတ်ပြုပြီး နားလည်ရန်နဲ့ သူတို့ရဲ့ စွမ်းရည်တွေကို လွတ်လပ်စွာအသုံးချနိုင်စေဖို့၊ ဖွံ့ဖြိုးတိုးတက်စေဖို့ အားပေးထောက်ပံ့ကူညီမှုတွေလည်း ပြုလုပ်ပေးဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref- youaremom

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here