ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့အချက်အလက်များ

0
124
- Advertisement -

ကလေးငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်တွေဟာ မွေးကင်းစအခြေအနေကနေစပြီး ဆယ်ကျော်သက်အရွယ်ထိကို ဂရုတစိုက်စောင့်ရှောက်မှုပေးဖို့လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်တွေကို ထိခိုက်စေတဲ့ အချက်အလက်တွေကို ဖော်ပြပေးသွားပါ့မယ်။

ပတ်ဝန်းကျင်ကောင်းမရှိခြင်း၊ လုံခြုံစိတ်ချရမှုမရှိခြင်း

ပတ်ဝန်းကျင်နဲ့ လုံခြုံစိတ်ချရမှုမရှိတဲ့ ဖြစ်စဉ်တွေဟာ မွေးကင်းစကလေးတွေကိုပါ ဆိုးကျိုးသက်ရောက်မှုရှိစေပါတယ်။ မိခင်ဝမ်းထဲ နေထိုင်နေရတဲ့ သန္ဓေသားဘဝနဲ့ မွေးဖွားပြီးကာစ အစောပိုင်းကြုံတွေ့ရတဲ့ ဆိုးဝါးတဲ့အတွေ့အကြုံတွေဟာ ဦးနှောက်နဲ့ ချိတ်ဆက်ထားတဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုဖြစ်စဉ်တွေကို ပြတ်တောက်မှုဖြစ်ပေါ်စေပြီး အဲဒီလိုကြုံတွေ့ရတဲ့ အကျိုးဆက်အဖြစ် ဦးနှောက်ရဲ့မှတ်ဉာဏ်သိုလှောင်ခန်းထဲမှာ တသက်တာလုံးတည်တံ့ခိုင်မြဲစေပါတယ်။ ဒီလိုအဖြစ်မျိုးရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ကိုယ်တွင်းအင်္ဂါစနစ်တွေကိုပါ အကျိုးသက်ရောက်မှုဖြစ်ပေါ်စေပြီး သင်ယူမှုစွမ်းရည်နဲ့ အပြုအမူပိုင်းဆိုင်ရာအားနည်းချက်များကိုပါ ဖြစ်ပေါ်စေရုံသာမက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးရလဒ်တွေကိုပါ ချို့ယွင့်မှုတွေမြင့်တက်လာစေနိုင်ပါတယ်။

- Advertisement -

မျိုးရိုးဗီဇဆိုင်ရာများနဲ့ ပတ်သတ်ပြီး

ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်တွေဟာ အပြန်အလှန်အကျိုးသက်ရောက်မှုရှိတဲ့ လုပ်ငန်းစဉ်တခုဖြစ်ပြီး မျိုးရိုးဗီဇဆိုင်ရာတခုတည်းတွင်သာ မှီခိုနေခြင်းမဟုတ်ပါဘူး။ မျိုးရိုးဗီဇဆိုင်ရာအချက်အလက်တွေဟာ လူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဖြစ်စဉ်တွေကို ဩဇာသက်ရောက်မှုများစွာရှိပေမယ့် ပတ်ဝန်းကျင်ဆိုင်ရာအချက်အလက်တွေကတော့ မျိုးရိုးဗီဇဆိုင်ရာအချက်အလက်တွေကို ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ ဥပမာအားဖြင့် ကလေးငယ်တွေသည် လှုံ့ဆော်မှုများကို ထိန်းချုပ်ရန်၊ အာရုံစူးစိုက်ရန်နဲ့ သတင်းအချက်အလက်များကို မှတ်ဉာဏ်တွင်သိမ်းဆည်းရန် အစရှိတာတွေဟာ မွေးဖွားလာကတည်းက ပါရှိလာခဲ့တဲ့ စွမ်းရည်တွေဖြစ်ပေမယ့် သူတို့ရဲ့ အစောပိုင်းဖွံ့ဖြိုးတိုးတက်မှုကာလတွေမှာ တွေ့ကြုံရတဲ့ အတွေ့အကြုံတွေကတော့ သူတို့ရဲ့ စွမ်းရည်တွေကို ပိုမိုတိုးတက်လာဖို့အတွက် အခြေခံအုတ်မြစ်ဖြစ်စေပါတယ်။

နွေးထွေးကြင်နာမှုရှိသော ဆက်ဆံရေးအပေါ်မူတည်ပြီး

ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုဖြစ်စဉ်တွေဟာ အဓိကအားဖြင့် မိဘတွေနဲ့သာ တိုက်ရိုက်သက်ဆိုင်မှုရှိတယ်ဆိုပေမယ့် မိသားစုပြင်ပရှိ အခြားသောလူကြီးများနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတွေအပေါ်မူတည်ပြီးတော့လည်း လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးလို့ရပါတယ်။ နွေးထွေးမှုမရှိတဲ့ပတ်ဝန်းကျင်၊ လုံခြုံစိတ်ချရမှုမရှိတဲ့ပတ်ဝန်းကျင်အနေအထားတွေကလည်း ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုစွမ်းရည်တွေကို အားနည်းမှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ဦးနှောက်ဖွံ့ဖြိုးမှုဖြစ်စဉ်ရဲ့ အစောဆုံးအနေအထား

ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဖြစ်စဉ်တွေဟာ မွေးဖွားပြီးကာစကနေစပြီး အစောပိုင်းသုံးနှစ်တာကာလမှာ စတင်ဖွံ့ဖြိုးလာပါတယ်။ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေဖြစ်တဲ့ အခြေခံရှုထောင့်များကို ထိရောက်စွာသိမြင်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေဟာ အချို့သောအစောပိုင်းအတွေ့အကြုံများရဲ့ရှုထောင့်များအပေါ် များစွာမူတည်ပါတယ်။ အလွန်အမင်း ရုပ်ပိုင်းဆိုင်ရာရက်စက်စွာပြုမှုဆက်ဆံခံရသော ကလေးများနဲ့ ကာလကြာမြင့်စွာ လျစ်လျူရှုခြင်းခံရသောကလေးငယ်များကို နှိုင်းယှဉ်မှုများအရ လျစ်လျူရှုခံရတဲ့ကလေးငယ်တွေဟာ သိမြင်မှုဆိုင်ရာချို့ယွင်းချက်များ၊ အာရုံစူးစိုက်မှုပြဿနာများ၊ ဘာသာစကားအခက်အခဲများ၊ ပညာရေးဆိုင်ရာအခက်အခဲများ အစရှိတာတွေမှာ ပိုပြီး ချို့ယွင်းမှုတွေဖြစ်ပေါ်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်မို့ ရုပ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုများထက် စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုတွေက ပိုပြီးဆိုးကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေနိုင်တာမို့ စိတ်ပိုင်းဆိုင်ရာလျစ်လျူရှုမှုတွေမဖြစ်ပေါ်ရအောင်လည်း ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- developingchild

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here