ကလေးငယ်တွေရဲ့ ဉာဏ်ရည်နဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ အချက် ၆ ချက်

0
840
- Advertisement -

ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေဟာ တဦးနဲ့တဦး မတူညီကြပါဘူး။ ကလေးငယ်တွေ ကြီးထွားဖွံ့ဖြိုးမှုနှောင့်နှေးတဲ့အခါ မိဘတွေက စိုးရိမ်သောက ဖြစ်တတ်ကြပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်နဲ့ ရှုထောင့်အချို့ကို သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ဒါပေမယ့် ဒီအချက်အလက်တွေက လုံးဝမှန်ကန်ပါတယ်လို့ တရားသေမမှတ်ယူဖို့တော့ လိုအပ်ပါလိမ့်မယ်။

ဆိုးရွားတဲ့ စိတ်ဖိစီးမှုတွေဟာ ကလေးငယ်တွေကိုပါ အကျိုးသက်ရောက်မှုရှိပါတယ်

ကိုယ်ဝန်ဆောင်ကာလမှာ ဆိုးရွားတဲ့ စိတ်ဖိစီးမှုတွေကို ခံစားရပါက မျိုးရိုးဗီဇပိုင်းဆိုင်ရာပြောင်းလဲမှုများသည် ကိုယ်တွင်းအင်္ဂါစနစ်ကို အကျိုးသက်ရောက်မှုရှိပြီး လေ့လာသင်ယူနိုင်မှုစွမ်းရည်နဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးရလဒ်တွေကိုပါ ဆိုးကျိုးများဖြစ်ပေါ်စေနိုင်ပါတယ်။

- Advertisement -

ဖွံ့ဖြိုးမှုဖြစ်စဉ်တွေဟာ အပြန်အလှန်အကျိုးသက်ရောက်မှုရှိပါတယ်

မျိုးရိုးဗီဇဆိုင်ရာအချက်အလက်များသည် ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်သက်ရောက်မှုရှိပေမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအချက်အလက်တွေက အဲဒီအချက်တွေကို ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ ဘယ်လောက်ဘဲ ဉာဏ်ရည်ထက်မြက်နေပါစေ လက်တွေ့အသုံးချခွင့်မရှိတဲ့ နေရာမျိုးမှာဆိုရင်တော့ အလဟသ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်မို့
ကလေးငယ်အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်နဲ့ လက်တွေ့အသုံးချခွင့်ရှိနေဖို့ကလည်း အရေးကြီးပါတယ်။

မိဘနဲ့သားသမီးဆက်ဆံရေးက အဓိကကျပေမယ့် ပြင်ပဆက်ဆံရေးတွေကလည်း အရေးကြီးပါတယ်

ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်အတွက် မိဘနဲ့သားသမီးဆက်ဆံရေးက အဓိကကျတယ်ဆိုပေမယ့် ပြင်ပလူမှုဆက်ဆံရေးနယ်ပယ်ကလည်း အရေးကြီးပါတယ်။ ပြင်ပလူမှုဆက်ဆံရေးကောင်းမွန်မှသာ သူတို့ရဲ့ စိတ်ကူးဉာဏ်တွေကို ဖြန့်ကျက်တွေးခေါ်နိုင်စွမ်းမြင့်မားလာမှာဘဲဖြစ်ပါတယ်။ ဒါ့အပြင် အဖွဲ့အစည်းစိတ်ဓါတ်နဲ့ တကိုယ်ကောင်းစိတ်တွေကို လျော့ချပေးနိုင်မှာဘဲဖြစ်ပါတယ်။

ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခွင့်ပေးပါ

နေရာတကာမိဘလွှမ်းမိုးမှုအောက်ရှိနေတဲ့ ကလေးငယ်တွေဟာ သူတို့ကိုယ်သူတို့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းနဲ့ ယုံကြည်မှုတွေလျော့နည်း ပျောက်ဆုံးသွားတတ်ပါတယ်။ ဒါ့အပြင်တာဝန်ယူမှု၊ တာဝန်ခံမှု သဘောတရားတွေကိုပါ နားလည်နိုင်မှုဆုံးရှုံးသွားနိုင်တဲ့အတွက် တချို့သောအန္တရာယ်ရှိတဲ့ ကိစ္စရပ်တွေကလွဲရင် ကလေးငယ်တွေကိုလည်း ကိုယ်တိုင်ကိုယ်ကျပူပေါင်းပါဝင်လုပ်ဆောင်စေဖို့ လိုအပ်ပါတယ်။

နွေးထွေးကြင်နာမှုပေးဖို့ လိုအပ်ပါတယ်

လျစ်လျူရှုခြင်းခံရတဲ့ ကလေးတယောက်ဟာ အမြဲတမ်းရိုက်နှက်အပစ်ပေးခြင်းခံရတဲ့ကလေးတယောက်လို ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကြီးကြီးမားမားထိခိုက်စေနိုင်ပါတယ်။ လျစ်လျူရှုခြင်းခံရသောကလေးတယောက်ဟာ လေးနက်တဲ့အသိအမြင်အားနည်းခြင်းများ၊ အာရုံစူးစိုက်မှုပြဿနာများ၊ ဘာသာစကားအခက်အခဲများ၊ ပညာရေးဆိုင်ရာအခက်များ
အစရှိတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများထက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများက ဦးနှောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို ပိုပြီးထိခိုက်စေပါတယ်။

ရုပ်ပိုင်းဆိုင်ရာထိခိုက်နစ်နာစေမှုများ

ကလေးငယ်တွေကို ကြမ်းတမ်းစွာပြောဆိုဆက်ဆံတာမျိုးက စိတ်ပိုင်းဆိုင်ရာရောဂါများကို ဖြစ်ပေါ်စေသလို ကြီးပြင်းလာတဲ့အခါမှာလည်း အကြမ်းဖက်တတ်တဲ့ လူတွေဖြစ်လာတတ်ပါတယ်။ ကလေးဘဝတလျောက်လုံး ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံခံခဲ့ရတာကြောင့် သူတို့ကြီးပြင်းလာတဲ့အခါမှာလည်း ကြင်နာတတ်တဲ့ စိတ်ခံစားမှုများ လျော့ကျကာ ရန်လိုအကြမ်းဖက်လာတတ်ကြပါတယ်။ ဒါ့အပြင် ကလေးငယ်တွေကို ကြမ်းတမ်းစွာဆက်ဆံတာမျိုးနဲ့ ရိုက်နှက်အပြစ်ပေးတာမျိုးက ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာတွေကိုပါထိခိုက်စေတဲ့အတွက် ရှောင်ကြဉ်ဖို့ သတိပေးပြောကြားလိုပါတယ်။

#Chit_may_may

#Dmo_aung

#Ref-developingchild

LEAVE A REPLY

Please enter your comment!
Please enter your name here