အခုတင်ပြမယ့်ဆောင်းပါးက စိတ်ဝင်စားစရာကောင်းပါတယ်။ လူသားတစ်ဦးခံစားရတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာအားလုံးနီးပါးဟာ ဖခင်တွေကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းပါပဲ။ ကျွန်တော်တို့အားလုံးရဲ့ဘဝမှာ အဖေတွေဟာ တော်တော်လေးလွှမ်းမိုးမှုရှိခဲ့တာကိုတွေ့ရပါတယ်။
ကလေးဘဝကိုပြန်ကြည့်ရင်လည်း ဖခင်ရဲ့အုပ်ချုပ်ပုံနဲ့စိတ်နေစိတ်ထား အပြုအမူတွေပေါ်မူတည်ပြီး ကြီးပြင်းရင့်ကျက်လာတဲ့အရွယ်ပေါ်သက်ရောက်မှုတွေရှိနေပါတယ်။ လူငယ်လေးတစ်ယောက်ရဲ့ငယ်ဘဝက သူ့အဖေပေးခဲ့တဲ့ဒဏ်ရာဟာ သူလူကြီးတစ်ယောက်ဖြစ်ဖို့သွားတဲ့ခရီးကြမ်းရှည်တစ်လျောက် အသည်းမှာစွဲတဲ့မြှားချက်လိုအဲ့ဒီ ဒဏ်ရာကိုသယ်ဆောင်သွားတတ်ပါတယ်။
ဒီတော့ သင့်အဖေဟာ ကြင်နာတတ်တဲ့အဖေဖြစ်ပါစေဦး ကျွန်တော်တို့ဘဝတွေကို လွှမ်းမိုးနိုင်တဲ့ ဖခင်အမျိုးအစား၅မျိုးအ ကြောင်းကိုဆွေးနွေးရင်း သင်ဟာဘယ်လိုအဖေမျိုးနဲ့ကြုံခဲ့တယ်? ဘာတွေခံစားခဲ့ရတယ်? ဒီနေ့အချိန်ထိ ဘယ်လိုသက်ရောက်မှုတွေရှိနေလဲဆိုတဲ့အကြောင်းဆွေးနွေးကြည့်ရအောင်…
စိတ်ကြမ်းလူကြမ်းအဖေ

သင့်အဖေက စစ်အတွင်းမှာရဲစွမ်းသတ္တိရှိတဲ့စစ်သား ဒါမှမမဟုတ်စစ်ထွက် ရဲထွက် စတဲ့အဖွဲ့အစည်းတွေထဲအပေါ်သံယောဇဥ်ကြီးတဲ့အဖေမျိုးဆို သူ့ရဲ့စိတ်ကသူ့သားသမီးတွေရဲ့ ပစ္စုပန်ဘဝအတွက်ရှိတယ်။ သူကမိသားစုအတွက််ရှေ့ကရှိပေမယ့် စိတ် ကြမ်းလူကြမ်းမို့လို့ သူ့ကိုမိသားစုက ကြောက်နေရတာမျိုးပါ။
နောက်သူတို့က အပြုသဘောဆောင်တဲ့ဆွေးနွေးညှိုနှိုင်းမှုတွေမလုပ်တတ်ကြပါဘူး။ ပီးတော့သူတို့က တစ်ခုခုဆို ဒေါသလည်းကြီးတတ်ကြပါတယ်။ သူ့ကလေးတွေကို သူဆက်ဆံတာက အမြဲလိုလို ဒေါသထွက်နေတယ့် ပုံပေါက်နေပြီး သူ့စကားလုံးတွေ အပြုအမူတွေက တခြားလူတွေကိုနာကျင်စေနိုင်ပါတယ်။ သူ့မိသားစုက သူ့ရဲ့စိတ်အခြေအနေကိုကြည့်ပီးနေကြရပါတယ်။
အဲ့ဒီလိုအဖေမျိုးရဲ့ အုပ်ထိန်းမှုအောက်မှာနေခဲ့ရတဲ့ကလေးတွေက လူမှုဆက်ဆံရေးသိပ်မကောင်းတတ်သလို ကြောက်နေတတ်ကြပါတယ်။ ဆိုရရင် လူတောသိပ်မတိုးချင်ပဲ ကိုယ်ပိုင်ယုံကြည်ချက်မရှိသလို မပြောရဲမဆိုရဲဖြစ်တတ်ပါတယ်။
ကလေးမွေးရုံကူညီပေးခဲ့တဲ့အဖေ

ပြောရရင်တော့ သားသမီးတွေလုပ်ဆောင်ပေးစရာရှိတာတွေဘာတစ်ခုမှမလုပ်ပေးနိုင်တဲ့ တာဝန်မကျေတဲ့အဖေမျိုးကိုဆိုလိုတာပါ။ ဒီလိုအဖေမျိုးတွေက သားသမီးတွေအတွက်မပြောနဲ့ သူ့ဘာသာတောင်သူ ဘာတွေဖြစ်ပြီး ဘယ်တွေရောက်နေလဲ မသိတဲ့အဖေအမျိုးအစားတွေပါ။
သူ့ကလေးတွေဘယ်သူလဲ ဘာတွေလုပ်နေကြလဲဆိုတာလည်း သူတို့စိတ်မဝင်စားကြပါဘူး။ သူ့ကလေးတွေကလည်း သူတို့အဖေဘာတွေလုပ်နေလဲ ဘယ်ရောက်နေလဲမသိလောက်အောင်ဖြစ်ကြရပါတယ်။
နောက်ဆုံးမှာ အဲ့ဒီလိုအဖေမျိုးက သူတို့ကလေးတွေနဲ့မျက်နာချင်းဆိုင်ရမှာရှက်ပီး အဝေးကိုထွက်သွားတတ်ပါတယ်။ ပြောရရင်ကလေးတွေကို လူ့ဘဝထဲရောက်လာဖို့ကူညီခဲ့ဖူးရုံသက်သက်လောက်သာဖြစ်နေပြီး ကျန်တာသူနဲ့ဘာမှမပက်သက်ဘူးဆိုတဲ့ပုံစံမျိုးပေါ့။ ဒီလိုအဖေမျိုးရတဲ့ကလေးတွေကတော့ စိတ်ပိုင်းဆိုင်ရာမှာ ဝမ်းနည်းအားငယ်မှုတွေခံစားရနိုင်ပြီး စိတ်ထဲမှာနာကြည်းမှုတွေရှိနေတတ်ကြပါတယ်။
စကားပြောခွင့်မရှိတဲ့အဖေ

ဒီလိုအဖေအမျိုးအစားကတော့ မကောင်းတဲ့အဖေထဲမှာတော့မပါပါဘူး။ သူတို့က ကိုယ်ကတော့ အိမ်မှာရှိနေတယ် စိတ်က အိ မ်မှာမရှိတဲ့သူတွေပါ။ ဆိုလိုတာက သူအလုပ်ကပြန်လာတယ်။ ကလေးတွေကလည်းသူ့ကိုတွေ့တယ် ဒါပေမယ့် သူ့ကိုစ ကားပြောဖို့အခွင့်အရေးမရှိပါဘူး။
သူက မိသားစုနဲ့သူ့ကိုယ်သူခွဲထုတ်လိုက်တာမျိုးပါ။ သူကသင်တို့ခံစားနေရသလိုစိတ်မကောင်းဖြစ်မိချင်မိမှာဖြစ်ပေမယ့် သူ့ရုန် းကန်မှုတွေ သူ့ပျက်ကွက်မှုတွေအတွက် သူ့ဘာသာတစ်ကိုယ်တည်းတိတ်ဆိတ်စွာရုန်းကန်နေရတာပါ။ ဒီကလေးတွေမှာလည်းဖခင်ရဲ့နွေးထွေးတဲ့မေတ္တာကိုမခံစားရတဲ့အတွက်စိတ်ပိုင်းဆိုင်ရာ အားနည်းမှုတွေရှိတတ်ပါတယ်။
အချိန်ပိုင်းအဖေ(Sunday အဖေ)

ဒီအဖေမျိုးက အချိန်ပိုင်းလောက်ပဲသားသမီးတွေအတွက် အချိန်ပေးနိုင်တာမျိုးပါ။ သူ့ကလေးတွေနဲ့ အကျွမ်းတဝင်ရှိနိုင်ပေမယ့် သူ့အတွက်အဆင်ပြေဆုံးဖြစ်တဲ့ Sunday လိုနေ့မျိုးတွေမှာပဲဖြစ်ပါလိမ့်မယ်။ သူ့မှာကောင်းတဲ့ရည်ရွယ်ချက်ရှိပေမယ့် ကလေး တွေက သူပေးနိုင်တဲ့အချိန်ထက်ပိုပီးလိုချင်ကြတာပါ။ ဆိုလိုတာက သားသမီးတွေက အချိန်ပြည့်အဖေလုပ်စေချင်ပေမယ့် သူကတော့ Sunday လိုနေ့မျိုးရဲ့အချိန်ပိုင်းအဖေပဲ လုပ်လို့ရတာမျိုးပါ။
တက်ကြွတဲ့အဖေ

တက်ကြွတဲ့အဖေဟာ ပြီးပြည့်စုံတဲ့အဖေမဟုတ်ပါဘူး။ ဒါပေမယ့် သူကတစ်သမတ်တည်းနဲ့ စိတ်ပိုင်းဆိုင်ရာအရ လက်တွေ့ကျတဲ့အဖေမျိုးပါပဲ။ သူကသားသမီးတွေအတွက်စေ့စပ် အာရုံစိုက်တယ် လိုနေချင်တိုင်းရှိပေးတယ် သူ့ကလေးတွေအတွက် အမြဲလက်ကမ်းလင့်ပေးထားပါတယ်။

သူ့အလုပ်တွေအတွက် ရုန်းကန်နေရတာတောင် သူ့ကလေးတွေရဲ့နှလုံးသားကိုနားလည်နိုင်ဖို့ သူ့ကိုချစ်ခင်လေးမြတ်လာစေဖို့ကြိုးစားတတ်ကြပါတယ်။ ကလေးတွေရဲ့ကာယရေး စိတ်ပိုင်းဆိုင်ရာနဲ့ လိုအပ်ချက်တွေကို ချစ်မြတ်နိုးတယ် ကာကွယ်ပေးတ တ်ကြပါတယ်။
သူကသူ့ကလေးများအပေါ်သူ့ရဲ့မေတ္တာကိုပြဖို့မကြောက်သလို ကလေးတွေက သူ့ရှေ့ရောက်လာတဲ့အခါမှာလည်း စိတ်ရောကို ယ်ရောလုံခြုံနေတတ်ကြပါတယ်။ ကဲChit May Mayပရိတ်သတ်ကြီးရေ သင်တို့ရဲ့ အဖေတွေက ဘယ်လိုအဖေအမျိုးအစားတွေများလဲ? သင်တို့ကလေးတွေအတွက် ဆိုးကျိုးတွေဖြစ်စေနိင်တဲ့အဖေတွေရှိရင်လည်း. ဘယ်လိုပြုပြင်ပြီးလမ်းကြောင်းမှန်ပေါ်ပြန်တည့်နိုင်မလဲကြိုးစားကြည့်ပါနော်…
#Chit_May_May
#Mg_Htet
REF_Allprodad.com