ကလေးငယ်တွေရဲ့ သင်ယူခြင်းကို ထိန်းညှိပေးနေသော စိတ်ခံစားမှုနယ်ပယ် (၅) ချက်

0
355
- Advertisement -

စိတ်ခံစားမှုနယ်ပယ်ဆိုတာ ကျွန်မတို့အတွက် အမှန်တကယ်အရေးကြီးပါတယ်။ ဒါ့အပြင် ကလေးငယ်တွေအတွက် သင်ယူမှုကို မြှင့်တင်ပေးနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ချိုရှိပါတယ်။

ကလေးငယ်တွေအတွက် စိတ်လှုပ်ရှားမှုဆိုတာ သင်ယူမှုဖြစ်စဉ်မှာ အရေးကြီးသောအခန်းကဏ္ဍကနေပါဝင်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ဟာ သူတို့ရဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်ဖို့သင်ကြားပေးမယ်ဆိုရင် သူတို့ရဲ့ ကျောင်းစွမ်းဆောင်ရည်ကို တိုးတက်စေဖို့ သူတို့ကို ကူညီပါလိမ့်မယ်။ ဒီကနေ့မှာ ကလေးငယ်တွေရဲ့ သင်ယူမှုကို တိုးမြှင့်ပေးနိုင်သော စိတ်ခံစားမှုဆိုင်ရာအချက် (၅) ချက်အကြောင်းကို မျှဝေပါမယ်။

၁။ ပျော်ရွှင်မှု

- Advertisement -

ကလေးတွေသာမက လူကြီးတွေမှာပါ သူတို့ရဲ့ စိတ်ထဲမှာ အပြုသဘောအတွေးတွေရှိနေမယ်ဆိုရင် အချက်အလက်တွေကို ပိုမှတ်မိနိုင်ပါတယ်။ ပျော်ရွှင်မှုဆိုတာ ကလေးတွေအတွက် သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေကို ပိုပြီးသတိထားစေရုံသာမက လက်ခံစေပါတယ်။ ဒါ့ကြောင့် သူတို့ဟာ အသစ်အသစ်သောအရာတွေကို သင်ယူဖို့ ပိုပြီးလိုလိုလားလားရှိပါလိမ့်မယ်။ ဆန့်ကျင်ဘက်အနေနဲ့ ကြောက်ရွံ့ခြင်းနှင့် ဝမ်းနည်းခြင်းက ၎င်းတို့ကို စိတ်တက်ကြွမှုလျော့ကျစေပြီး သင်ကြားရေးလုပ်ငန်းစဉ်ကို ပိုမိုခက်ခဲစေတဲ့ စိတ်ပိုင်ဆိုင်ရာအခြေအနေဖြစ်ပါတယ်။

၂။ သိချင်စိတ်ပြင်းပြခြင်း

မိဘတွေအနေနဲ့ မိမိတို့ကလေးတွေရဲ့ သိလိုစိတ်ကို အမြဲမြှင့်တင်ပေးပါတယ်။ ၎င်းတို့စူးစမ်းလိုတဲ့ အကြောင်းအရာတွေကို သိလိုစိတ်ရဲ့ အဓိကသော့ချက်အဖြစ် ဖန်တီးနိုင်ပါတယ်။ အကြောင်းရင်းကတော့ သိလိုစိတ်ဆိုတာ သင်ယူခြင်းရဲ့ တွန်းအားဖြစ်ပါတယ်။ အကယ်၍ ကလေးတွေဟာ ဘယ်အရာကိုမှ သိလိုစိတ်မရှိဘူးဆိုရင် ဘာကိုမှ လေ့လာမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် မိဘတွေအနေနဲ့ သူတို့ရဲ့ လေ့လာလိုစိတ်ကို လှုံ့ဆော်ပေးဖို့ လိုအပ်ပါတယ်။

၃။ အံ့ဩစရာများ

သင်ဟာ တစ်စုံတစ်ခုနဲ့ပတ်သက်ပြီး Surprise ဖြစ်ဖူးမယ်ဆိုရင် ၎င်းအတွေ့အကြုံကို သင်မေ့ဦးမှာမဟုတ်ပါဘူး။ မမျှော်လင့်ဘဲကြုံတွေ့ရသော အံ့ဩစရာကိစ္စတွေဟာ ကလေးငယ်တွေကို သင်ကြားရေးလုပ်ငန်းစဉ်တွေမှာ လှုံ့ဆော်ပေးပါတယ်။ သူတို့ကို အံ့အားသင့်စေခြင်းမှာ သူတို့ကို နိုးနိုးကြားကြားရှိစေပါတယ်။ ဒီလိုနည်းဖြင့် သူတို့ရရှိသော သတင်းအချက်အလက်အားလုံးဟာ သူတို့ရဲ့ မှတ်ဉာဏ်တွေကို ပိုမိုထိရောက်စေပါလိမ့်မယ်။

၄။ ပျင်းရိခြင်း

ပျင်းနေတဲ့ကလေးတစ်ယောက်ဟာ အသစ်အသစ်သောအရာတွေကို သင်ယူဖို့ စိတ်မဝင်စားနိုင်ပါဘူး။ သင်တို့ပြောတဲ့စကားတွေကို သူတို့အာရုံမစိုက်နိုင်လောက်အောင် ပျင်းနေပါလိမ့်မယ်။ ဒါ့ကြောင့် ပျင်းရိခြင်းက သင်ယူမှုဖြစ်စဉ်အတွင်းမှာ သူတို့ကို ကူညီမှာမဟုတ်ပါဘူး။

၅။ စိတ်ပျက်စရာအခြေအနေများ

စိတ်ပျက်စရာကောင်းသောအခြေအနေတွေဟာ ကလေးတွေကို သင်ယူမှုဖြစ်စဉ်အတွင်းမှာ ပျင်းလာပြီး လည်ထွက်သွားပါတော့တယ်။ ဒီကိစ္စမှာ သူတို့ကိုနားလည်ဖို့နှင့် အထောက်အကူဖြစ်စေဖို့ ကြိုးစားသင့်ပါတယ်။ သင်သာ ဒီလိုမကူညီပေးဘူးဆိုရင် သူတို့ကို ထပ်ကြိုးစားချင်စိတ်တောင်ရှိတော့မှာ မဟုတ်ပါဘူး။

Chit_May_May

Nyein_Thu

Ref_youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here