ကလေးငယ်တွေရဲ့ အပျက်သဘောဆောင်တဲ့ အပြုအမူတွေကို ပြောင်းလဲပစ်ဖို့ နည်းလမ်းများ

0
2723
- Advertisement -

သူတို့လိုချင်တာကို မရရင် ဝုန်းဒိုင်းကြဲတတ်တဲ့ ကလေးငယ်တွေ၊ အော်ဟစ်ဆူပူ ငိုကြွေးတတ်တဲ့ ကလေးငယ်တွေရဲ့ အကျင့်တွေကြောင့် မိဘတွေ ခေါင်းခဲရလေ့ရှိပါတယ်။ အဲဒီလိုမကောင်းတဲ့ အကျင့်စရိုက်တွေကို ပြောင်းလဲပစ်နိုင်ဖို့အတွက် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဂရုမစိုက်ပါနဲ့

မိဘတွေလုပ်တတ်တဲ့ အမှားကတော့ ကလေးငယ်တွေဂျစ်တိုက်တဲ့ အခါမျိုးမှာ ခဏတာ နားအေးရင်ပြီးရောဆိုပြီး ချော့မြူနှစ်သိမ့်တတ်ကြပါတယ်။ သူတို့လိုချင်တာကို ဖြည့်ဆည်းပေးတတ်ကြပါတယ်။ ဒီလိုအပြုအမူမျိုးဟာ ကလေးငယ်တွေရဲ့ စိတ်သဘောသဘာဝကို ပိုပြီးဆိုးစေနိုင်တဲ့အတွက် ရှောင်ကြဉ်ပေးဖို့လိုအပ်ပါတယ်။ အလိုမလိုက်သင့်တဲ့ နေရာမှာ အလိုမလိုက်ဘဲ ဘယ်လောက်ဘဲ ဆူပူငိုကြွေးနေပါစေ သူတို့စိတ်ကြိုက်ငိုကြွေးခွင့်ရအောင် ပစ်ထားလိုက်တာက အကောင်းဆုံးနည်းလမ်းပါဘဲ။

- Advertisement -

အကောင်းမြင်ပေးပါ

ကလေးငယ်တွေ ပြဿနာလုပ်မိတဲ့အခါမျိုးမှာ ရိုက်နှက်ပြီးအပြစ်ပေးတာမျိုးထက် အခြားသောနည်းလမ်းနဲ့ ဖြေရှင်းတာက မိဘနဲ့ ကလေးဆက်ဆံရေးကို ပိုပြီးအကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။ မိဘတွေအနေနဲ့ ကလေးငယ်တွေကို “တံဆိပ်” မကပ်မိဖို့အရေးကြီးပါတယ်။ ဆိုးရွားတဲ့ စကားလုံးတွေနဲ့ ပစ်တင်ကြိမ်းမောင်းတာမျိုးထက် အကျိုးသင့်အကြောင်းသင့် သိနားလည်အောင် ရှင်းလင်းပြောဆိုတာမျိုးက သူတို့ရဲ့ အပြုအမူကို ပြောင်းလဲပေးနိုင်ဖို့အတွက် ပိုပြီးသင့်တော်တဲ့နည်းလမ်းဘဲဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့ ခံစားချက်ကို အသိအမှတ်ပြုပေးပါ

ကလေးငယ်တွေဟာ မိဘတွေရဲ့ အသိအမှတ်ပြုမှု၊ ဂရုစိုက်မှုကို ပိုမိုလိုချင်ကြတဲ့အတွက် ဆိုးနွဲ့တဲ့အပြုအမူတွေကို ပြုလုပ်တတ်ကြပါတယ်။ အဲဒီအခါမျိုးမှာ မိဘတွေက သူတို့ရဲ့ခံစားချက်တွေကို သိရှိနားလည်ပေးဖို့လိုပါတယ်။ ဒီလို ဆိုးနွဲ့တဲ့ အပြုအမူတွေကို မပြုလုပ်ဘဲနဲ့လည်း မိဘတွေက သူတို့အပေါ် ဂရုစိုက်မှုရှိကြောင်း၊ သူတို့ကို ချစ်တဲ့အကြောင်းဆိုတာမျိုး
ကို ပြောပြပေးပြီး သူတို့ရဲ့ စိတ်နေစိတ်ထားနဲ့ အပြုအမူတွေကို ပြောင်းလဲပေးသင့်ပါတယ်။

စည်းမျဉ်းများနဲ့ ကိုက်ညီမှုရှိပါစေ

ကလေးငယ်တွေကို အပြစ်ပေးတဲ့အခါမျိုးမှာ ဘယ်လိုအကြောင်းမျိုးကြောင့် သူတို့ကို အပြစ်ပေးရတယ်ဆိုတာနဲ့ အပြစ်ပေးမယ်လို့ ပြောဆိုထားတဲ့အတိုင်းအတိအကျအပြစ်ပေးနိုင်ဖို့လိုပါတယ်။ ဒါမှသာ အပြစ်နဲ့ အကျိုးကို သေချာသိရှိနားလည်ပြီး နောင်ကြီးပြင်းအရွယ်ရောက်လာချိန်မှာ နိုင်ငံသားတိုင်းစောင့်ထိန်းလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းဥပဒေတွေကို လိုက်နာစောင့်ထိန်းနိုင်မှာဘဲဖြစ်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref-womansday

LEAVE A REPLY

Please enter your comment!
Please enter your name here