ကလေးငယ်တွေရဲ့ အပြုအမှုကို ပြုပြင်မွမ်းမံခြင်း နည်းစနစ် (၅)ခု

0
247
- Advertisement -

ကလေးတွေအတွက် အပြုအမှု ပြုပြင်မွမ်းမံခြင်း နည်းစနစ်တွေက လိမ်ညာခြင်း၊ မနာခံခြင်း၊ ရန်လိုခြင်း၊ သူတစ်ပါးကို စော်ကားခြင်းစတဲ့ မကောင်းတဲ့ အပြုအမှုတွေကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်တဲ့ နည်းလမ်းများဖြစ်ပါတယ်။ ဒီနည်းစနစ်တွေက အပြုအမှုတွေ တိုးတတ်အောင် ကူညီပေးနိုင်ပါတယ်။

ကလေးတွေကို ဆုံးမတဲ့အခါ အကြမ်းဖက်မှု မသုံးဖို့ အရေးကြီးပါတယ်။ အကြမ်းဖက်မှုက မသင့်လျော်တဲ့ အပြုအမှုတွေကို ပြောင်းလဲစေသော ထိရောက်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ အကြမ်းဖက်မှု သုံးတာက သူတို့ရဲ့ ဖွံ့ဖြိုးတိုးတတ်မှုကို အမှန်တကယ် ပျက်စီးစေပါတယ်။ အပြုအမှုပြောင်းလဲပေးခြင်းက ကလေးတွေအနေနဲ့ သူတို့ဘာလုပ်နိုင်တယ်၊ ဘာမလုပ်နိုင်ဘူးဆိုတာကို နားလည်စေဖို့ ကူညီတဲ့ နည်းစနစ်ဖြစ်ပါတယ်။

မေမေတို့ ကလေးရဲ့ အပြုအမှုတွေကို တိုးတတ်စေဖို့ ဘယ်နည်းစနစ်တွေ သုံးနိုင်သလဲဆိုတာ သိချင်ပါသလား? ဆက်ဖတ်ကြည့်ပါနော်။

- Advertisement -

ကလေးတွေအတွက် အပြုအမှုကို ပြုပြင်ခြင်းနည်းစနစ်များ

၁။ Time out ကို အသုံးပြုခြင်း

ဒီနည်းစနစ်ဟာ မကောင်းတဲ့ အပြုအမှုတွေကို ပြုပြင်ဖို့အတွက် အရမ်းလွယ်ကူပါတယ်။ ဥပမာ- ကစားစရာတွေနဲ့ အာရုံပျံ့လွင်စရာတွေနဲ့ ဝေးကွာတဲ့နေရာတစ်နေရာမှာ ကလေးကို ထားပါ။ ထိုနေရာဟာ သူတို့ထိုင်ဖို့အတွက် ပျင်းစရာနေရာတစ်ခု ဖြစ်ပါတယ်။

ကလေးအား time out ထားချိန်က သူ့အသက်အရွယ်နဲ့ အညီဖြစ်သင့်ပါတယ်။ ဥပမာအားဖြင့် သူတို့အသက်အရွယ်ပေါ်မှုတည်ပြီး ၁မိနစ်ထားနိုင်ပါတယ်။ time out အချိန်က အရမ်းကြာလွန်းရင် အကျိုးမရှိပါဘူး။ မကောင်းတဲ့ အပြုအမှုကို ကလေး လုပ်ပြီးပြီးချင်းမှာ ဒီနည်းစနစ်ကို အသုံးချဖို့ လိုအပ်ပါတယ်။

၂။ လျစ်လျူရှုထားတဲ့ နည်းစနစ်

ဒီနည်းစနစ်မှာ ကလေးရဲ့ မလိုလားအပ်တဲ့အပြုအမှုတွေကို အားဖြည့်ပေးသော အရာအားလုံးကို တားဆီးခြင်း ပါဝင်ပါတယ်။ ကလေးတစ်ယောက်ဟာ ကောင်းတဲ့ အပြုအမှုပဲဖြစ်ဖြစ်၊ မကောင်းတဲ့အပြုအမှုပဲဖြစ်ဖြစ် သူတို့လုပ်နေချိန်မှာ တစ်ယောက်ယောက်ဂရုပြုဖို့ မျှော်လင့်တတ်ကြပါတယ်။ ကလေးတစ်ယောက်ရဲ့ အပြုအမှုက အပျက်သဘောဆောင်တဲ့အခါ မိဘတွေက သူတို့ကို အော်တာတို့၊ သူတို့ကို အာရုံသွားစိုက်တာတို့ လုပ်လေ့ရှိပါတယ်။ သူ့ကို လုံးဝလျစ်လျူရှုထားမယ်ဆိုရင် ဆက်လုပ်တော့မှာ မဟုတ်ပါဘူး။

ဒီနည်းစနစ်ကို အသုံးပြုတဲ့အခါ negative attention ကို positive attention နဲ့ အစားထိုးဖို့ အရေးကြီးပါတယ်။ ဒီနည်းစနစ်ကို အန္တရာယ်ရှိသော အပြုအမှုတွေ လုပ်တဲ့အခါ အသုံးမပြုသင့်ပါဘူး။

၃။ “Token economy”- လူသိများတဲ့ အမှုအကျင့်ကို ပြုပြင်ခြင်း နည်းစနစ်တစ်ခု

ဒါက ကလေးတွေရဲ့ အပြုအမှုကို ပြုပြင်တဲ့နေရာမှာ အသုံးအများဆုံး နည်းစနစ် ဖြစ်ပါတယ်။ ထို့အပြင် ကလေးတွေနဲ့ မိဘအတွက် အရမ်းပျော်စရာကောင်းပါတယ်။

ဒီနည်းစနစ်မှာ ဆုချတဲ့စနစ် ပါဝင်ပါတယ်။ ကလေးက စားပွဲခင်းတာတို့၊ အရုပ်ကောက်သိမ်းတာတို့ ၊ အိမ်စာလုပ်တာတို့ ၊ သွားတိုက်တာတို့ စတဲ့ အပြုအမှုတွေ ပြုလုပ်ပါက ဆုရရှိပါတယ်။ သူတို့လုပ်ချင်တဲ့ အလုပ်တွေက ဘာတွေလဲဆိုတာကို အရင်သတ်မှတ်ထားသင့်ပါတယ်။ ဒီဆုလက်ဆောင်က ပစ္စည်းဖြစ်ဖို့ မလိုပါဘူး၊ ဥပမာအားဖြင့် ဆုတွေက ပျော်ပွဲစားသွားတာမျိုး၊ ရုပ်ရှင်သွားကြည့်တာမျိုး ဖြစ်နိုင်ပါတယ်။

ဒီနည်းကို ဘယ်လိုသုံးမလဲ?

ဒီလိုပြုလုပ်ဖို့ နည်းတစ်နည်းက ကတ်ထူပြားတစ်ချပ်ပေါ်မှာ လိုချင်တဲ့ အပြုအမှုတွေအားလုံးကို ချရေးပါ။ ပြီးနောက် point စနစ်တစ်ခုကို တည်ထောင်နို်ငပါတယ်။ အပြုအမှုတွေ လုပ်ခြင်းအတွက် အစိမ်းရောင် စတစ်ကာ၊ မလုပ်ခြင်းအတွက် အနီရောင်စတစ်ကာ ဖြစ်နိုင်ပါတယ်။ ကလေးဟာ ရမှတ်များများ ရရှိတာနဲ့ သူတို့ ဆုရပါလိမ့်မယ်။

၄။ စိုးရိမ်စိတ်ကို လျှော့ချဖို့ အပန်းဖြေနည်းစနစ်

တကယ်လို့ ကလေးဟာ ဒေါသတွေထွက်နေတယ်၊ စိတ်တွေတိုနေတယ်၊ စိုးရိမ်ပူပန်မှုတွေ ဖြစ်နေတယ်ဆိုရင် အပန်းဖြေနည်းစနစ်ကို သုံးနိုင်ပါတယ်။ ဒါက ကလေးအား သူတို့ခံစားနေရတဲ့အရာကို ဆန့်ကျင်ဘက်လှုံ့ဆော်မှု ပေးနိုင်ပါတယ်။ အပန်းဖြေနည်းတစ်ခုမှာ အပန်းပြေတဲ့ ခံစားချက်ကို ဖန်တီးဖို့ ခန္ဓာကိုယ်အတွင်းရှိ ကြွက်သားအားလုံးကို စုစည်းပြီး လျှော့ချခြင်းတို့ ပါဝင်ပါတယ်။

၅။ စာချုပ်ချုပ်တဲ့ နည်းစနစ်

ဒီနည်းစနစ်မှာ ကလေးနဲ့ မိဘအကြား ညှိနှိုင်းမှုအပြီးမှာ စာချုပ်တစ်ခု ဖန်တီးနိုင်ပါတယ်။ စာချုပ်မှာ ကလေးရဲ့ အပြုအမှုနှင့် အကျိုးဆက်တွေကို ဖော်ပြသင့်ပါတယ်။ ဒီစာချုပ်မှာ ကလေးက သဘောတူတဲ့ အပြုအမှုတွေနဲ့ အပြုအမှုတွေကို မလုပ်ဆောင်ခြင်းရဲ့ အကျိုးဆက်များ ထည့်သွင်းပါ။ ကလေးကို စိတ်ဓါတ်မကျစေဖို့ ဒီအကျိုးဆက်တွေက နူးညံ့သိမ်မွေ့သင့်ပြီး အမြဲတမ်း တသတ်မတ်တည်း ဖြစ်သင့်ပါတယ်။

ကလေးတွေရဲ့ အပြုအမှုကို ပြုပြင်မွမ်းမံခြင်း နည်းစနစ်များ

ဒီအပြုအမှု ပြုပြင်မွမ်းမံနည်းတွေက negative အပြုအမှုကို တိုးတတ်စေနိုင်ပါတယ်။ ရလဒ်အနေနဲ့ သူတို့ရဲ့ ကောင်းကျိုးချမ်းသာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ကြွယ်ဝစေနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-youaremom

Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here