မိဘတော်တော်များများက သူတို့ရဲ့ ကလေးငယ်တွေ အရပ်အမောင်းမြင့်မားမှုမရှိမှာ၊ ကြီးထွားဖွံ့ဖြိုးမှုမရှိဘဲ သေးညှက်သွားမှာကိုစိုးရိမ်တတ်ကြပါတယ်။ သူတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို သေချာစောင့်ကြည့်ပြီး အစားအစာတွေကို မျှတအောင် ကျွေးမွေးပြုစုပေမယ့် ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေမှုများရှိလိမ့်မယ်လို့ ထင်မြင်တတ်ကြပါတယ်။ အမှန်တော့ အဲဒီလိုထင်မြင်နေမှုဟာ မှန်ကန်မှုမရှိဘဲ မျိုးရိုးဗီဇအပါအဝင် လူသိနည်းပါးတဲ့ပတ်ဝန်းကျင်အခြေအနေများက ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်ကို လွှမ်းမိုးမှုရှိတာကို ဖော်ပြပေးလိုက်ပါတယ်။
၁။ မျိုးရိုးဗီဇ

ဒီအချက်အလက်ကတော့ မိဘအများစုသိတဲ့ အချက်ဘဲဖြစ်ပါတယ်။ မျိုးရိုးဗီဇအချက်အလက်များက ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို တိုက်ရိုက်ဩဇာသက်ရောက်မှုရှိပါတယ်။ မိသားစုအတွင်းရှိ မိသားစုဝင်များအရပ်မြင့်မားပါက ကလေးငယ်များလည်း အရပ်အမောင်းမြင့်မားနိုင်ခြေ ပိုမိုများပြားပါတယ်။
၂။ လိင်ကွဲပြားမှု

ယေဘုယျအားဖြင့် မိန်းကလေးတွေဟာ ယောက်ျားလေးများနဲ့ ယှဉ်ကြည့်ပါက အရပ်အနည်းငယ်တိုတာကို တွေ့ရှိရပါတယ်။
ယောက်ျားလေးများသည် မိန်းကလေးများထက် အနည်းငယ်ကြီးများတဲ့ ဦးခေါင်းရှိပြီး အသံအိုးကလည်း ပိုပြီးကြီးမားပါတယ်။ ဒါပေမယ့် မျိုးရိုးဗီဇသက်ရောက်မှုအပေါ်မူတည်ပြီး မိန်းကလေးတွေဟာလည်း သက်ရောက်မှုကွဲပြားနိုင်တာကို တွေ့ရှိရပါတယ်။
၃။ ပတ်ဝန်းကျင် အခြေအနေများ

ကျနော်တို့ရဲ့ နေထိုင်ရာပတ်ဝန်းကျင်ရှိ အခြေအနေများကလည်း ကျနော်တို့ရဲ့ အရပ်အမောင်းကိုလွှမ်းမိုးမှုရှိပါတယ်။ ဥပမာအားဖြင့် ကုန်းမြင့်ဒေသရှိလူများသည် အရပ်အမောင်းတိုတောင်းကြပေမယ့် စကင်ဒီနေးဗီးယန်းလူမျိုးတော်တော်များများကတော့ အရပ်အမောင်းမြင့်မားကြတာကို တွေ့ရှိရပါတယ်။
၄။ ကောင်းမွန်တဲ့ နေထိုင်စားသောက်မှု

အရပ်အမောင်းကို လွှမ်းမိုးမှုရှိတဲ့ လူသိများတဲ့ အချက်တချက်ကတော့ စားသောက်နေထိုင်မှုဘဲဖြစ်ပါတယ်။ အမိဝမ်းထဲရှိနေချိန်မှစပြီး အရွယ်ရောက်သည်အထိ ကောင်းမွန်တဲ့စားသောက်နေထိုင်မှုများသည် ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ ကိုယ်ဝန်ရှိစကတည်းက အဟာရပြည့်ဝတဲ့ စားသောက်နေထိုင်မှုပုံစံများကို ဂရုတစိုက်စားသောက်ပေးပါက ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေနိုင်ပါလိမ့်မယ်။
၅။ အိပ်စက်ခြင်း

အိပ်စက်ခြင်းသည် လူသားများအတွက် မယုံနိုင်လောက်အောင်အရေးကြီးပြီး ကလေးငယ်များအတွက်ဆို ပိုလို့တောင်အရေးကြီးပါသေးတယ်။ GH သို့မဟုတ် somatotropin ဟုလူသိများတဲ့ ကြီးထွားမှုဟော်မုန်းသည် ညအချိန်တွင် ပိုမို တက်ကြွမှုရှိပြီး တနေ့တာအတွင်း ၃နာရီ ဒါမှမဟုတ် ၅နာရီ တကြိမ်ကျ ထုတ်လွှတ်ပေးပါတယ်။
၆။ အားကစား

ကာယလေ့ကျင့်ခန်းများပြုလုပ်ခြင်းသည် အရိုးဆဲလ်များထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး ကျန်းမာသန်စွမ်းတဲ့ အရိုးများအဖြစ်ကြီးထွားဖွံ့ဖြိုးစေပါတယ်။ ဘတ်စကတ်ဘော၊ ရေကူးခြင်း ကဲ့သို့သော အားကစားများသည် ကလေးများရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် ပိုပြီး သင့်တော်တဲ့ အားကစားများဘဲဖြစ်ပါတယ်။
ဒါကြောင့်မို့ မိဘတွေအနေနဲ့ ကလေးငယ်တွေကို ကျန်းမာရေးနဲ့သင့်တော်တဲ့ အစားအစာများကို ဂရုတစိုက်ကျွေးမွေးဖို့လိုအပ်ပြီး ကိုယ်လက်လှုပ်ရှားအားကစားများကိုလည်း သင့်တော်သလိုပြုလုပ်ပေးဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
#Chit_May_May
#Dmo_aung
#Ref- youaremon